#World_News
Published 08 September 2026
■ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ပထမဆုံး ကုန်းလမ်းတံတားကို တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး တူမန်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားကာ နှစ်ဖက်စလုံးက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်ကျောက်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
■ ဖွင့်ပွဲအခမ်းအနားမှာ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်နဲ့ မြောက်ကိုရီးယားဝန်ကြီးချုပ် ပက်ထယ်ဆောင်တို့ ဗီဒီယိုစနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။
■ ၁ ကီလိုမီတာခန့် ရှည်လျားပြီး လမ်း ၂ လိုင်းပါတဲ့ တံတားဟာ ရုရှားအဝေးရှေ့ဖျားဒေသရှိ ခါဆန်မြို့နဲ့ မြောက်ကိုရီးယားရှိ ရာဆွန်မြို့တို့ကို တိုက်ရိုက်ဆက်သွယ်ပေးထားပါတယ်။
■ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းဟာ တစ်နေ့ကို ယာဉ်စီးရေ ၃၀၀ နဲ့ ခရီးသွား ၂ ကျော်ကို လက်ခံသွားလာနိုင်ရန် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
■ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်မှာ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံးအန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၂၅ ဧပြီလမှာ စတင်ခဲ့ပါတယ်။
■ အဆိုပါ တံတားကို ၁၉၄၆ ခုနှစ်က ကင်အီဆန်ကို ဗုံးပေါက်ကွဲမှုကနေ ကယ်တင်ခဲ့တယ်လို့ အသိအမှတ်ပြုခံရတဲ့ ဆိုဗီယက်အရာရှိ ယာကော့ဗ်နိုဗီချန်းကို အစွဲပြုကာ အမည်ပေးထားတာ ဖြစ်ပါတယ်။
■ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်အတွက် အဓိကအထောက်အကူပြုမယ့် အခြေခံအဆောက်အအုံအဖြစ် နှစ်နိုင်ငံစလုံး ရှုမြင်ကြပါတယ်။
■ အနောက်နိုင်ငံများနဲ့ ဒေသတွင်း လေ့လာသူများကတော့ အဆိုပါ လမ်းကြောင်းသစ်ဟာ ယူကရိန်းစစ်ပွဲကြား နက်ရှိုင်းလာတဲ့ မဟာဗျူဟာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေကြောင်း ထောက်ပြကြပါတယ်။
Source: Reuters