#World_News
Published 20 June 2025
▪️ အစ္စရေးလ်တို့က ကြာသပတေးနေ့မှာ အီရန်ရှိ နျူကလီးယားပစ်မှတ်နေရာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အီရန်ကတော့ ညတွင်းချင်းပဲ အစ္စရေးလ်ဆေးရုံတစ်ခုကို ပစ်ခတ်ခဲ့ပြီးနောက် ဒုံးကျည်တွေ ဒရုန်းတွေနဲ့လည်း ပစ်ခတ်ခဲ့ရာ ရက်သတ္တပတ်တစ်ပတ်ကြာလာတဲ့ စစ်ပွဲတင်းမာမှုမြင့်တက်လာပြီး တစ်ဖက်ဖက်မှ နောက်ဆုတ်မယ့်အရိပ်အယောင် မတွေ့ရသေးပါဘူး။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးလ်ဘက်ကနေ ပါဝင်လာမလားဆိုတာကို လာမယ့်နှစ်ပတ်အတွင်း ဆုံးဖြတ်ချက်ချသွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
▪️ ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ခီတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်နောက်ပိုင်း အကြိမ်ကြိမ်ဖုန်းပြောဆိုထားပါတယ်။
▪️ အီရန်တို့ နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းမှ ကာကွယ်ရန်ဆိုပြီး အစ္စရေးလ်တို့က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်နေခဲ့ပါတယ်။
▪️ အီရန်က ဒီလိုလက်နက်မျိုးတွေ ထုတ်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ဆိုထားကာ အစ္စရေးလ်ဘက်ကို လက်တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။
▪️ အစ္စရေးလ်တောင်ပိုင်းမြို့ ဘီယာရှီဘာရှိ ဆိုရိုကာဆေးရုံကို ထိမှန်ခဲ့တဲ့အတွက် အီရန်အနေနဲ့ သေချာပေါက်ပေးဆပ်ရမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ပြောထားပါတယ်။
▪️ အစ္စရေးလ်စစ်ရေးဆိုင်ရာ ပြောဆိုရေးခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒက်ဖရင်က အီရန်ဟာ ဆေးရုံတိုက်ခိုက်မှုမှာ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားစေတဲ့ ဒုံးကျည်ဖြင့် အရပ်သားတွေကို တမင်တကာပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
▪️ ဒါဟာ နိုင်ငံအဆင့် အကြမ်းဖက်မှုနဲ့ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲလို့ ပြောပါတယ်။
▪️ နေတန်ညာဟူက အီရန်အနေနဲ့ နျူကလီးယားထုတ်လုပ်ရေး၊ ပဲ့ထိန်းဒုံးကျည်အစီအစဉ်များနဲ့ ဒေသတလျှောက် စစ်သွေးကြွအဖွဲ့များအား ထောက်ပံ့နေခြင်းတို့ကို အပြီးတိုင်စွန့်လွှတ်စေချင်တာ ဖြစ်ပါတယ်။
#Source: Reuters