#World_Health
Published 21 June 2025
▪️ နှလုံးအားနည်းရောဂါဖြစ်နိုင်ခြေ ခန့်မှန်းတဲ့နေရာမှာ ခါးနဲ့အရပ်အချိုးအစားက ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)ထက်ပိုပြီး တိကျနိုင်တယ်လို့ သုတေသနအသစ်မှာ ဖော်ပြခဲ့ပါတယ်။
▪️ ဆွီဒင်ရှိ လန်းတက္ကသိုလ်နဲ့ မယ်လ်မိုတက္ကသိုလ်ဆေးရုံတို့မှ သုတေသီတွေက ၁၂ နှစ်ခွဲကာလအတွင်း လူပေါင်း ၁,၇၉၂ ဦးကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ခါးနဲ့အရပ်အချိုးအစားမြင့်မားသူတွေက နှလုံးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများတာ တွေ့ခဲ့ကြပါတယ်။
▪️ BMI ဆိုတာက အဝလွန်ခြင်းပမာဏကို တိုင်းတာတာဖြစ်ပေမယ့် ခန္ဓာကိုယ်မှာ အဆီဘယ်လောက်ပျံ့နှံ့နေလဲဆိုတာ မသိနိုင်ပါဘူး။
▪️ ဒါ့အပြင် ကျား/မ၊ လူမျိုးတို့နဲ့လည်း သက်ဆိုင်နေပါတယ်။
▪️ ခါးနဲ့တင်ပါးအချိုးအစားကတော့ အတွင်းအင်္ဂါနားတဝိုက်မှ အန္တရာယ်ရှိနိုင်တဲ့အဆီများကို တိုင်းတာတာဖြစ်တယ်လို့ ဒေါက်တာ အမ်ရာဂျူဂျစ်က ပြောပါတယ်။
▪️ စောင့်ကြည့်ခဲ့တဲ့ကာလအတွင်း နှလုံးအားနည်းရောဂါဖြစ်ပွားသူ ၁၃၂ ဦးရှိခဲ့ပါတယ်။
▪️ ပုံမှန်စံနှုန်းကနေ ခါးနဲ့တင်ပါးအချိုးအစား မြင့်တက်လာတာနဲ့အမျှ နှလုံးအားနည်းနိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရပါတယ်။
▪️ ဒီအချိုးအစားအများဆုံးသူတွေဟာဆိုရင် သာမန်လူတွေထက် နှလုံးအားနည်းဖြစ်နိုင်ခြေ ၃ ဆနီးပါးပိုများတာ တွေ့ရပါတယ်။
▪️ ခါးနဲ့အရပ်အချိုးအစား အတိုင်းအတာဖြင့် ဆီးချို၊ သွေးတိုးလိုမျိုး ကျန်းမာရေးပြဿနာတွေကိုလည်း ခန့်မှန်းနိုင်ဖို့ နောက်ထပ်လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဂျွန်မိုဗင်က ပြောပါတယ်။
▪️ ဒီလိုဆိုရင် ဆရာဝန်တွေအနေနဲ့ နှလုံးအားနည်းဖြစ်နိုင်ခြေရှိသူတွေကို ရှာဖွေကုသစေနိုင်မှာ ဖြစ်ပါတယ်။
#Source: India Today