#World_Health
Published 20 June 2025
▪️ အမေရိကန်မှာ စေးကပ်ဝါးစားလို့ရတဲ့ ဗိုက်တာမင်-ဘီ၁၂ ဖြည့်စွက်အားဆေးအချို့မှာ မြေပဲဓာတ်မတည့်ပစ္စည်း ပါဝင်တယ်ဆိုပြီး ဈေးကွက်ထဲကနေ ရုပ်သိမ်းလိုက်ပါတယ်။
▪️ Welby, Berkley Jensen နဲ့ VitaGlobe အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ဖြန့်ချိတဲ့ Vita Warehouse Corp., ထံကနေ FDA က သောကြာနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ Welby အမှတ်တံဆိပ်ပါတဲ့ ဗိုက်တာမင်-ဘီ၁၂ Energy Support 1000 mcg 140 ၊ Berkley Jensen ဗိုက်တာမင်-ဘီ၁၂ 1000 mcg 250 ၊ VitaGlobe ဗိုက်တာမင်-ဘီ၁၂ Extra Strength 60 တို့မှာ မြေပဲပါဝင်နိုင်ခြေ ရှိတယ်ဆိုပြီး ရုပ်သိမ်းလိုက်ပါတယ်။
▪️ မြေပဲနဲ့ ဓာတ်မတည့်သူတွေမှာ ဒီဆေးတွေစားမိရင် အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်လို့ Vita Warehouse က ဖော်ပြထားပါတယ်။
▪️ ဇွန်လ ၁၂ ရက်နေ့အထိတော့ ဓာတ်မတည့်မှုမျိုးတွေဖြစ်တဲ့အကြောင်း မကြားရသေးပါဘူး။
▪️ ဓာတ်မတည့်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုံမှန်စစ်ဆေးမှု ပြုလုပ်ပြီးနောက် အခုလို ရုပ်သိမ်းလာတာ ဖြစ်ပါတယ်။
▪️ တခြားထုတ်ကုန်တွေကတော့ ပြန်လည်ရုပ်သိမ်းတဲ့အထဲ မပါဘူးလို့ အတည်ပြုထားပါတယ်။
▪️ မြေပဲဓာတ်မတည့်ဘဲ ဖော်ပြထားတဲ့ပစ္စည်းတွေကို ဝယ်မိတဲ့သူတွေအနေနဲ့ ဝယ်တဲ့နေရာမှာ ပြန်အပ်ပြီး ပြန်အမ်းငွေရယူနိုင်သလို ဖျက်ဆီးလွှင့်ပစ်လိုက်လို့လည်း ရပါတယ်။
▪️ ဓာတ်မတည့်မှုဖြစ်တဲ့သူတွေအနေနဲ့လည်း ချက်ချင်း ဆေးကုသမှုခံယူသင့်တယ်လို့ ဖော်ပြထားပါတယ်။
▪️ သုံးစွဲသူတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းစိတ်ချမှုကို အဓိကထားပြီး FDA နဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ Vita Warehouse က ပြောသွားပါတယ်။
#Source: New York Post