#World_Science
Published 20 June 2025
▪️ ကမ္ဘာ့အပေါ်ဆုံးလွှာများ ပွတ်တိုက်ခြင်းကနေ ဖြစ်လာတဲ့ မြေငလျင်တွေဟာ မျက်နှာပြင်ကို ထိခိုက်စေရုံမက အာကာသထဲမှာလည်း ထိခိုက်စေပါတယ်။
▪️ ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက GNSS ဂြိုဟ်တုစနစ်ပေါင်း ၄,၅၀၀ ကျော်ရှိတဲ့ ကွန်ရက်ကြီးကို အသုံးပြုကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ပြင်းအားအဆင့် ၇.၅ ရှိတဲ့ နိုတိုပင်နီဆူလာငလျင်ကြောင့် ဖြစ်လာတဲ့ လေထုနှောင့်ယှက်မှုများကို သုံးဖက်မြင် 3D ဖြင့် ပထမဆုံးရုပ်လုံးဖော်ခဲ့ကြပါတယ်။
▪️ ငလျင်လှိုင်းလှုပ်ရှားမှုများက သီးခြားအိုင်းယွန်းအဏုမြူလေထုထဲမှာ ရှုပ်ထွေးအသံလှိုင်းတွေ ထုတ်လုပ်ပုံ၊ ဂြိုဟ်တုချိတ်ဆက်မှုများကို နှောင့်ယှက်ပုံ၊ သိပ္ပံနည်းကျပုံစံတွေကို ထိခိုက်စေပုံတို့ကို ဖော်ထုတ်ခဲ့ကြပါတယ်။
▪️ ငလျင်ကဖြစ်တဲ့ အထက်သို့တက်သွားရာ အသံလှိုင်းကြောင့် အီလက်ထရွန်သိပ်သည်းဆ ပြောင်းလဲပုံတွေကို တွက်ချက်ခဲ့ကြပါတယ်။
▪️ သီးခြားအိုင်းယွန်းအဏုမြူလေထု နှောင့်ယှက်မှုတွေက GPS တိကျမှုနဲ့ ဂြိုဟ်တုချိတ်ဆက်မှုတို့ကို စွမ်းရည်ကျဆင်းသွားစေပြီး ဒီလိုဖြစ်ပေါ်မှုတွေကို နားလည်ခြင်းဖြင့် ငလျင်အတွင်း နည်းပညာထိခိုက်နိုင်မှုများကို လျှော့ချစေနိုင်မယ်လို့ ပရော်ဖက်ဆာ ယူအီချီအိုဆူကာက ပြောသွားပါတယ်။
▪️ ဒါ့အပြင် မြေပြင်အာရုံခံကိရိယာများတလျှောက် လေထုလှိုင်းများကို ခြေရာခံစောင့်ကြည့်ပြီးတော့ ငလျင်အစောပိုင်းသတိပေးစနစ်များ တိုးတက်စေနိုင်ဖို့လည်း ဖြစ်လာနိုင်ပါတယ်။
▪️ မီးတောင်ပေါက်ကွဲခြင်းများ၊ ဆူနာမီရိုက်ခတ်ခြင်းများ၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် သီးခြားအိုင်းယွန်းအဏုမြူလေထုအပေါ် သက်ရောက်ပုံကိုလည်း လေ့လာဖို့ စီစဉ်ထားပါတယ်။
#Source: India Today