စင်္ကာပူနဲ့ အာဆီယံနိုင်ငံများသို ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာမယ့် တရုတ်တောင်ပိုင်း ကွမ်ရှီးကျွန်းဒေသရှိ ပင်လုတူးမြောင်းတည်ဆောက်ရေးဟာ ယခုနှစ်နောင်းပိုင်းမှာ စတင်ဖွင့်လှစ်ရန် စီစဉ်ထားတဲ့အတိုင်း တူးမြောင်းအတွင်းသို့ ရေစတင်ဖြည့်သွင်းရန် ဗုဒ္ဓဟူးနေ့မှာ အဓိကရေထိန်းဂိတ်နှစ်ခုကနေ စမ်းသပ်ရေလွှတ်ခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး နောက်ထပ်မှတ်တိုင်တစ်ခု ထူနိုင်ခဲ့ပါတယ်။
#Asia_Development
Published 06 June 2026
#ပင်လုတူးမြောင်း #တရုတ်တောင်ပိုင်း
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 06 June 2026
■ ဟော်မုဇ်ရေလက်ကြားဆီ ဦးတည်နေတဲ့ အီရန်ဒရုန်းတွေကို ပစ်ချပြီးနောက် အမေရိကန်တပ်တွေဟာ စနေနေ့မှာ အီရန်ကမ်းရိုးတန်းရေဒါနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
■ အီရန်ဒရုန်း ၄ စင်းက ရေလက်ကြားမှ သင်္ဘောသွားလာမှုတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်က ယူဆခဲ့ပြီး ဂိုရပ်နဲ့ ခါရှမ်ကျွန်းမှ အီရန်ရဲ့ ကင်းစောင့်နေရာများကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က X မှာ ဖော်ပြထားပါတယ်။
■ အမေရိကန်နဲ့ အီရန်တို့ဟာ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးညှိနှိုင်းမှုကြီးများ ပြုလုပ်နေကြပြီး အီရန်နျူကလီးယားကိစ္စလည်း ပါဝင်ပါတယ်။
■ အီရန်က ရေနံအကျိုးအမြတ် ဒေါ်လာဘီလီယံချီ ရရှိရေး၊ ရေနံစိမ်းတင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချရေး၊ ဆိပ်ကမ်းတွေမှာ အမေရိကန်ပိတ်ဆို့မှုများ ဖယ်ရှားရေး၊ ရေလက်ကြား ထိန်းချုပ်ရေးတို့ အလိုရှိနေပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်ထနယ်ထရမ့်ကတော့ စစ်ပွဲအကျိုးဆက်ကနေ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာကြောင့် နိုင်ငံရေးဖိအား မြင့်တက်နေပါတယ်။
■ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်း အများစုကို ဖျက်ဆီးထားပေမယ့် ၅ ပုံ ၁ ပုံလောက်တော့ အသုံးပြုနိုင်ဆဲဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးလ်တပ်များကြား ဖြစ်ပွားနေပါတယ်။
■ အီရန်က ဟစ်ဇ်ဘိုလာကို ထောက်ခံနေပြီး လက်ဘနွန်ကနေ အစ္စရေးလ်ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
Source: Reuters
#World_Science
Published 06 June 2026
■ ခြင်တွေကြောင့် နှစ်စဉ်လူပေါင်း ၇၆၀,၀၀၀ ခန့် သေဆုံးကြရကြောင်း Our World in Data သုတေသနမှာ ဖော်ပြထားပါတယ်။
■ ကူးစက်ရောဂါအားလုံးရဲ့ ၁၇ ရာခိုင်နှုန်းလောက်က ခြင်တွေကြောင့် ဖြစ်ပါတယ်။
■ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ခြင်တွေက ပိုမိုဖြန့်ကျက်လာကြကာ ကျန်းမာရေးပြဿနာတွေ စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ဒါပေမဲ့ ခြင်အားလုံးကို သတ်ပစ်စရာမလိုပါဘူး။
■ ခြင်မျိုးစိတ်ပေါင်း ၃,၅၀၀ ခန့်ရှိတဲ့ထဲကမှ ၁၀၀ လောက်ကပဲ လူတွေကို ကိုက်ကြပါတယ်။
■ ဒီထဲကမှ လူသားတွေ ရောဂါကူးစက်မှုရဲ့ ၉၅ ရာခိုင်နှုန်းခန့်က မျိုးစိတ် ၅ ခုပဲ ရှိပါတယ်။
■ ခြင်မျိုးတုံးအောင်ရှင်းလင်းခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်များနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြကာ ခြင်တွေက အာဟာရဓာတ် ကူးပြောင်းပေးခြင်း၊ ဝတ်မှုန်ကူးပေးခြင်း၊ အခြားမျိုးစိတ်များအတွက် အစာဖြစ်စေခြင်း စတဲ့အခန်းကဏ္ဍတွေမှာပါဝင်နေကြောင်း ပညာရှင်တွေ ထောက်ပြကြပါတယ်။
■ ဒါပေမဲ့ ဂေဟစနစ်အချို့က အခြေအနေပေါ် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
■ မျိုးဗီဇနည်းပညာနဲ့ ဘက်တီးရီးယား ကူးစက်နည်းလမ်းများက အန္တရာယ်ရှိတဲ့ခြင်တွေ ထိန်းချုပ်ရန် ဒါမှမဟုတ် မျိုးတုံးပျောက်ကွယ်ရန် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
■ ခြင်တွေကို မျိုးတုံးအောင် ရှင်းလင်းမယ့်အစား ဘေးအန္တရာယ်မရှိအောင် ပြုလုပ်ခြင်းက အောင်မြင်မှုများ ရနိုင်ပြီး ဥပမာအားဖြင့် ဘရာဇီးလ်မှာ ဘက်တီးရီးယား ကူးစက်ထားတဲ့ခြင်တွေကို အသုံးပြုပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။
■ ခြင်မှတဆင့် ကူးစက်ရောဂါများ တိုက်ဖျက်ရန် နည်းလမ်းများနဲ့အတူ ကုသခွင့်များ၊ နေထိုင်မှုစနစ်နဲ့ ကာကွယ်ဆေးတို့ အပါအဝင် ဘက်စုံပါဝင်တဲ့ ဖြေရှင်းနည်းများလိုအပ်ပါတယ်။
Source: Phys
#World_Health
Published 06 June 2026
■ နေ့စဉ် အသီးအနှံစားသုံးပြီး ကော်ဖီတစ်ခွက် သောက်သုံးပါက ဆဲလ်များ ကျန်းမာရေးမညီညွတ်စွာ အိုမင်းရင့်ရော်နိုင်ခြေကို တဝက်ခန့်လျှော့ချနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
■ ဘယ်ရီသီး၊ ပန်းသီး၊ ကော်ဖီ၊ ကိုကိုး၊ လက်ဖက်တို့လို စားစရာတွေမှာ ပိုလီဖီနောကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်တို့ ရှိပါတယ်။
■ DNA ထိပ်ပိုင်းဖြစ်တဲ့ တယ်လိုမီယာတွေ တိုတောင်းတဲ့အခါ ဆဲလ်သေခြင်းနဲ့ ကျန်းမာရေးမညီညွတ်စွာ အိုမင်းရင့်ရော်ခြင်းတို့ ဖြစ်နိုင်ခြေများစေကာ ဒီလိုစားစရာတွေကတော့ တယ်လိုမီယာတိုတောင်းနိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။
■ စပိန်နိုင်ငံ နာဗာရာတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၁,၇၀၀ ကျော်ရဲ့ တယ်လိုမီယာ အတိုင်းအတာကို နှိုင်းယှဉ်ကြည့်ခဲ့ရာ ပိုလီဖီနောအနည်းဆုံး စားသုံးသူတွေက တယ်လိုမီယာ တိုတောင်းနိုင်ခြေ ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကော်ဖီတစ်ခွက် နေ့စဉ်သောက်သုံးသူတွေကတော့ တယ်လိုမီယာ တိုတောင်းနိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့နည်းကာ အသီးစားသုံးသူတွေက ၂၉ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါတယ်။
■ တယ်လိုမီယာတိုတောင်းတဲ့အခါ နှလုံးသွေးကြောရောဂါ၊ ဆီးချို၊ ကင်ဆာအချို့အပါအဝင် အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်ပါတယ်။
■ အိုမင်းဆန့်ကျင်ပေးနိုင်တဲ့ စားစရာတစ်ခုတည်းအပေါ် မှီခိုမယ့်အစား ပိုလီဖီနောကြွယ်ဝတဲ့ စားစရာတွေစားပြီး ဆဲလ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ သုတေသီတွေ အလေးပေးပြောနေကြပါတယ်။
■ အပင်အခြေပြု စားစရာတွေမှာ ပိုလီဖီနောကြွယ်ဝတယ်ဆိုပေမယ့် ပိုလီဖီနောကြောင့်လား ကျန်းမာရေးညီညွတ်စွာ စားခြင်းကြောင့်လားဆိုတာ ခွဲခြားဖို့ ခက်ခဲနေပါတယ်။
Source: The Guardian
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပီရူးမှာ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ စတစ်ကာများ စုဆောင်းခြင်းနဲ့ လဲလှယ်ခြင်းတို့ကို ပန်းခြံတွေလမ်းမတွေမှာ အစုလိုက်အပြုံလိုက် ပြုလုပ်နေကြပါတယ်။
#World_Event
Published 05 June 2026
#ကမ္ဘာ့ဖလား #ပီရူး
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 05 June 2026
■ နှလုံးခုန်နှုန်းဆိုတာက အနည်းနဲ့အများ အပြောင်းအလဲ ရှိနိုင်ပြီး အလွန်အမင်း ပုံမှန်မဟုတ်ရင်တော့ နှလုံးခုန်မမှန်ခြင်းလက္ခဏာ ဖြစ်ကာ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
■ နှလုံးခုန်နှုန်းအပြောင်းအလဲ(HRV)ဟာ နှလုံးခုန်နှုန်း တစ်ခုနဲ့တစ်ခုကြား ကြာမြင့်ချိန်ရဲ့ အသေးစိတ် အတက်အကျများကို တိုင်းတာခြင်းဖြစ်ပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေး၊ စိတ်ဖိစီးမှု အခြေအနေများ၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် ခန္ဓာကိုယ်ပြန်လည်ကုစားမှု၊ အသက်အရွယ် အိုမင်းရင့်ရော်မှုတို့အပေါ်မှာပါ အကဲဖြတ်သုံးသပ်နိုင်စွမ်း ရှိပါတယ်။
■ HRV မြင့်မားခြင်းက ယေဘုယျအားဖြင့် ပိုမိုကျန်းမာတယ်လို့ သတ်မှတ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိတ်အပန်းဖြေမှု အခြေအနေနှစ်ခုကြား ထိရောက်စွာ ကူးပြောင်းပေးနိုင်တဲ့ လိုက်လျောညီထွေ အာရုံကြောစနစ်ကို ပြသနေတာ ဖြစ်ပါတယ်။
■ HRV နိမ့်တဲ့အခြေအနေကတော့ ရေရှည်စိတ်ဖိစီးမှု၊ သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အခြားသော စိတ်ကျန်းမာရေး အခြေအနေများနဲ့ ဆက်စပ်လေ့ရှိပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းနဲ့ အသက်အရွယ် အိုမင်းမှုဆိုင်ရာ ရောဂါများကဲ့သို့ ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအန္တရာယ်များနဲ့လည်း ဆက်စပ်နေပါတယ်။
■ ပုံမှန်အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထများ ပြုလုပ်ခြင်းဖြင့် HRV မြှင့်တင်နိုင်ပြီး စိတ်ကျန်းမာရေး လက္ခဏာများ သက်သာစေရန်နဲ့ တကိုယ်ရည်ကျန်းမာချမ်းသာမှု မြှင့်တင်ရန်အတွက်လည်း အထောက်အကူ ပြုနိုင်ပါတယ်။
■ HRV တိုင်းတာစောင့်ကြည့်ခြင်းဟ ကျန်းမာရေးအသိရှိသူများအတွက် အဖိုးတန်အချက်အလက်များ ပေးစွမ်းနိုင်ပေမယ့် ယေဘုယျကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုအတွက်တော့ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ ကိုလက်စထရောပမာဏကဲ့သို့ ပိုမိုလွယ်ကူစွာ တိုင်းတာနိုင်တဲ့ ညွှန်းကိန်းများကိုသာ အဓိကထားဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
Source: BBC
#World_Health
Published 05 June 2026
■ အချို့လူတွေ ခြင်ကိုက်မခံရဘဲနေကြပေမယ့် အချို့ကတော့ အတော်လေးခြင်ကိုက်ခံရတတ်ပါတယ်။
■ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ထုတ်လွှတ်တိုက်တဲ့ အပူတွေကြောင့် ခြင်တွေရဲ့ ပစ်မှတ်ဖြစ်လာတယ်လို့ ယူဆခဲ့ကြပါတယ်။
■ ဒါပေမဲ့ လေ့လာချက်အသစ်တွေအရတော့ အရေပြားအခြေအနေနဲ့လည်း သက်ဆိုင်နေပါတယ်။
■ အရေပြားဘက်တီးရီးယားတွေက သဘာဝအဆီတွေကို အနံ့တွေအဖြစ်သို့ ပြောင်းလဲပေးခြင်းက အချက်တစ်ချက် ဖြစ်နေပါတယ်။
■ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အနံ့လက္ခဏာတွေဟာ မျိုးရိုးဗီဇ၊ အရေပြားပေါ်ရှိ အခြေခံအဆီဓာတ်များနဲ့ အဏုဇီဝပိုးမွှားများ စုဖွဲ့တည်ရှိမှုတို့အပေါ် တိုက်ရိုက်သက်ရောက်ပြီး အစားအသောက်၊ စိတ်ဖိစီးမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထများကြောင့် အနည်းငယ် သက်ရောက်မှုရှိပါတယ်။
■ သွေးအမျိုးအစားက ခြင်ကို ဆွဲဆောင်နိုင်မှုအပေါ် သက်ရောက်မှုရှိပေမယ့် အရေပြားဓာတုတွေနဲ့ နှိုင်းယှဉ်ရင်တော့ သက်ရောက်မှု ပိုမိုနည်းပါးပါတယ်။
■ အသိအမှတ်ပြုထားတဲ့ ခြင်ပြေးဆေးများ အသုံးပြုခြင်း၊ ပြင်းထန်တဲ့ ဆပ်ပြာများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရေပြား ခြောက်သွေ့အောင်ထားရှိခြင်း၊ ရေဝပ်တဲ့နေရာများကဲ့သို့ ခြင်ပေါက်ဖွားနိုင်တဲ့ ပတ်ဝန်းကျင်တွေ လျှော့ချခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
■ အနာဂတ်ဆန်းသစ်တီထွင်မှုများအနေဖြင့် အဏုဇီဝပိုးမွှားများ အခြေခံတဲ့ ခြင်ပြေးဆေးများ ဒါမှမဟုတ် အရေပြားဓာတုကို ပြောင်းလဲပေးကာ ခြင်မလာချင်အောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းများ ပါဝင်လာနိုင်ပါတယ်။
Source: Iowa Park Leader
Page 10 of 1180