#World_Health
Published 02 September 2026

■ လူသုံးများနေတဲ့ ဆေးဝါး ၃ မျိုးကို WHO ရဲ့ ကင်ဆာသုတေသနအေဂျင်စီ(IARC)က ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စု-၁ အဖြစ် သတ်မှတ်လိုက်ပါတယ်။

■ အဆိုပါ ဆေးဝါးများမှာ ဟိုက်ဒရိုကလိုရိုသိုင်ယာဇိုက် (သွေးတိုးရောဂါကုသဆေး)၊ ဗိုရီကိုနာဇော (မှိုရောဂါကုသဆေး)၊ တက်ခရိုလီမတ်စ် (အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုမှာ ခုခံအားထိန်းဆေး) တို့ ဖြစ်ကြပါတယ်။

■ ဟိုက်ဒရိုကလိုရိုသိုင်ယာဇိုက်နဲ့ ဗိုရီကိုနာဇောတို့ဟာ ခရမ်းလွန်ရောင်ခြည် UV ခံနိုင်ရည် လျော့နည်းစေသဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ပါက အရေပြားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

■ တက်ခရိုလီမတ်စ်မှာ ကိုယ်ခံအားကို ဖိနှိမ်ထားတဲ့ သဘာဝကြောင့် Non-Hodgkin Lymphoma ကင်ဆာနဲ့ အင်္ဂါအစားထိုးပြီးနောက် ဖြစ်ပွားတတ်တဲ့ ပြန်ရည်ကြောစနစ်ဆိုင်ရာ မူမမှန်ရောဂါများ ဖြစ်စေနိုင်ပါတယ်။

■ ဒီဆေးဝါး ၃ မျိုးစလုံးဟာ WHO ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံဆေးဝါးများစာရင်းမှာ ပါဝင်ပြီး ကမ္ဘာတဝှမ်းရှိ သန်းပေါင်းများစွာသော လူနာများ သုံးစွဲနေကြပါတယ်။

■ ကျွမ်းကျင်သူများက ယင်းဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လင့်တကူ ရောင်းချသုံးစွဲခြင်းကို သတိပေးထားပြီး နေရောင်ခြည်ဒဏ် မခံနိုင်တဲ့ဆေးဝါးများ သောက်သုံးနေရသူများအနေဖြင့် နေရောင်ခြည်ကာကွယ်ရေး အစီအမံများ ဂရုစိုက်ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။

■ ဒါပေမဲ့ ပြင်းထန်တဲ့ ရောဂါများအတွက် ဆေးဝါးများရဲ့ ကုသမှုအကျိုးကျေးဇူးတွေက စွန့်စားရမှုများထက် ပိုမိုကြီးမားတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးသောက်ခြင်းကို ရပ်ဆိုင်းခြင်း ပြောင်းလဲခြင်းတို့ မပြုလုပ်ကြရန် ဆရာဝန်များ အကြံပြုထားပါတယ်။

Source: The Hindu