ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမြိုမှာ Pet Fair Asia 2026 ကျင်းပခဲ့ရာ တရုတ်တိုရဲ့ AI စနစ်သုံး အိမ်မွေးတိရိစ္ဆာန် စောင့်ရှောက်ရေး ပြောင်းလဲတိုးတက်လာမှုကို မြင်တွေ့ရပါတယ်။
#Asia_Event
Published 08 September 2026
#Pet_Fair_Asia_2026
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 September 2026
■ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ပထမဆုံး ကုန်းလမ်းတံတားကို တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး တူမန်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားကာ နှစ်ဖက်စလုံးက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်ကျောက်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
■ ဖွင့်ပွဲအခမ်းအနားမှာ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်နဲ့ မြောက်ကိုရီးယားဝန်ကြီးချုပ် ပက်ထယ်ဆောင်တို့ ဗီဒီယိုစနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။
■ ၁ ကီလိုမီတာခန့် ရှည်လျားပြီး လမ်း ၂ လိုင်းပါတဲ့ တံတားဟာ ရုရှားအဝေးရှေ့ဖျားဒေသရှိ ခါဆန်မြို့နဲ့ မြောက်ကိုရီးယားရှိ ရာဆွန်မြို့တို့ကို တိုက်ရိုက်ဆက်သွယ်ပေးထားပါတယ်။
■ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းဟာ တစ်နေ့ကို ယာဉ်စီးရေ ၃၀၀ နဲ့ ခရီးသွား ၂ ကျော်ကို လက်ခံသွားလာနိုင်ရန် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
■ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ်မှာ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံးအန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၂၅ ဧပြီလမှာ စတင်ခဲ့ပါတယ်။
■ အဆိုပါ တံတားကို ၁၉၄၆ ခုနှစ်က ကင်အီဆန်ကို ဗုံးပေါက်ကွဲမှုကနေ ကယ်တင်ခဲ့တယ်လို့ အသိအမှတ်ပြုခံရတဲ့ ဆိုဗီယက်အရာရှိ ယာကော့ဗ်နိုဗီချန်းကို အစွဲပြုကာ အမည်ပေးထားတာ ဖြစ်ပါတယ်။
■ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်အတွက် အဓိကအထောက်အကူပြုမယ့် အခြေခံအဆောက်အအုံအဖြစ် နှစ်နိုင်ငံစလုံး ရှုမြင်ကြပါတယ်။
■ အနောက်နိုင်ငံများနဲ့ ဒေသတွင်း လေ့လာသူများကတော့ အဆိုပါ လမ်းကြောင်းသစ်ဟာ ယူကရိန်းစစ်ပွဲကြား နက်ရှိုင်းလာတဲ့ မဟာဗျူဟာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေကြောင်း ထောက်ပြကြပါတယ်။
Source: Reuters
#World_Science
Published 08 September 2026
■ သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တုစနစ်(AI)ကို အသုံးပြုပြီး ကမ္ဘာပေါ်မှာ မရှိသေးတဲ့ ဗိုင်းရပ်စ်တွေကို ပထမဆုံးအနေဖြင့် ပြုလုပ်ခဲ့ကြပါတယ်။
■ ရည်ရွယ်ချက်က ဆေးပညာပိုင်း ဖန်တီးအောင်မြင်မှုရဖို့ မျှော်လင့်ကြတာဖြစ်ပေမယ့် ဘေးအန္တရာယ်ရှိ ရောဂါပိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။
■ AI မှ ဖန်တီးလိုက်တဲ့ ဗိုင်းရပ်စ်တွေဟာ ဘက်တီးရီးယားများကိုသာ သီးသန့်ပစ်မှတ်ထားကူးစက်တဲ့ Bacteriopages များဖြစ်ပြီး လူနဲ့တိရိစ္ဆာန်ဆဲလ်များကို ကူးစက်ခြင်းမရှိပါဘူး။
■ သုတေသီတွေက အပင်၊ လူ၊ တိရိစ္ဆာန်များကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်များရဲ့ မျိုးရိုးဗီဇဆိုင်ရာ သင်္ကေတများကို လေ့ကျင့်ရေးအချက်အလက်များမှ ဖယ်ထုတ်ခဲ့ကြပါတယ်။
■ AI ဖြင့် ဒီဇိုင်းထုတ်ထားတဲ့ မျိုးရိုးဗီဇရာပေါင်းများစွာအနက် ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်လိုက်တဲ့အခါ Bacteriophages ၁၆ မျိုး အောင်မြင်စွာ သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။
■ အသစ်ဖန်တီးလိုက်တဲ့ ဉာဏ်ရည်တုပိုးများကို ပေါင်းစပ်အသုံးပြုလိုက်တဲ့အခါ ပဋိဇီဝဆေးယဉ်ပါးတဲ့ E.coli ဘက်တီးရီးယားပိုးမွှားများကို ထိရောက်စွာ သုတ်သင်နိုင်ခဲ့ပါတယ်။
■ ဒီနည်းပညာဟာ Phage ကုသနည်းကို ပြောင်းလဲပေးနိုင်ပြီး ဇီဝနည်းပညာ ကိရိယာများကို တိုးချဲ့ပေးကာ ဆေးယဉ်ပါး စူပါဘက်တီးရီးယားများကို အနိုင်ယူနိုင်လိမ့်မယ်လို့ သုတေသီများ မျှော်လင့်ထားကြပါတယ်။
■ အင်တာနက်အသုံးပြုသူတွေနဲ့ ဝေဖန်ရေးများကတော့ ဓာတ်ခွဲခန်းမှ ယိုစိမ့်မှုများ၊ ဇီဝလက်နက်အဖြစ် အသုံးပြုခြင်း၊ ကပ်ဘေးသင့်ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အွန်လိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။
Source: WION
#World_Health
Published 08 September 2026
■ လူငယ်တွေမှာ ဆံပင်စောစီးစွာ ဖြူခြင်းဟာ မျိုးရိုးဗီဇ၊ အာဟာရ မပြည့်ဝခြင်းနဲ့ သိုင်းရွိုက်ပြဿနာစတဲ့ အချက်တွေကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။
■ ခန္ဓာကိုယ် အသက်အရွယ် ရလာတာနဲ့အမျှ melanocytes ဆဲလ်များ ဆုံးရှုံးပြီး မယ်လနင်ရောင်ခြယ်ထုတ်လုပ်မှု လျော့နည်းသွားတာကြောင့် ဆံပင်ဖြူလာရတာ ဖြစ်ပါတယ်။
■ အသက်အရွယ်ရလို့ သဘာဝအတိုင်း ဆံပင်ဖြူတာကိုတော့ မူလအနက်ရောင်ပြောင်းအောင် ပြန်လုပ်လို့ မရပါဘူး။
■ အသက်အရွယ်ကြောင့် မဟုတ်ဘဲ ကုသပျောက်ကင်းနိုင်တဲ့ အကြောင်းအရင်းတွေကြောင့် ဆံပင်ဖြူမှသာ ပြန်လည်မည်းနက်လာဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။
■ ဗိုက်တာမင်-ဘီ၁၂၊ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗိုက်တာမင်-ဒီနဲ့ ကြေးနီဓာတ်ချို့တဲ့မှုတွေကို ဖြည့်စွက်ပြုပြင်ခြင်းဖြင့် ဆံပင်ရောင်ခြယ်ဓာတ် ပြန်လည်ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
■ သိုင်းရွိုက်ဝေဒနာများ ဒါမှမဟုတ် စိတ်ဖိစီးမှုလိုမျိုး နောက်ခံကျန်းမာရေးပြဿနာများကို ကုသထိန်းချုပ်ခြင်းကလည်း ဆံပင်ပုံမှန်ပြန်မည်းလာစေနိုင်ပါတယ်။
■ ဆီးဖြူသီး ဒါမှမဟုတ် ပျဉ်းတော်သိမ်ရွက်တို့လို သဘာဝကုထုံးတွေက ဆံကေသာထိန်းသိမ်းမှုကို အထောက်အကူပြုပေမယ့် ဆံပင်ဖြူတာကို ပြန်မည်းမလာစေနိုင်ပါဘူး။
■ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါက ကုသလို့ရနိုင်တဲ့ ဆံပင်ဖြူခြင်းနဲ့ အသက်အရွယ်ကြောင့် အမြဲတမ်းဆံပင်ဖြူခြင်းတို့ကို ခွဲခြားသိရှိစေနိုင်မှာ ဖြစ်ပါတယ်။
Source: NDTV
#World_News
Published 07 September 2026
■ Amazon Prime Air ကုန်တင်လေယာဉ်တစ်စီးဟာ စက်တင်ဘာ ၆ ရက်နေ့ တနင်္ဂနွေနေ့က မိုင်ယာမီ နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းကျော်လွန်ကာ ပျက်ကျခဲ့တာကြောင့် အနည်းဆုံးလူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ ပြောကြားခဲ့ပါတယ်။
■ 21 Air လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် 7598 ဖြစ်ပြီး ပွာတိုရီကို ဆန်ဟွာရှိ လူးဝစ်မူနော့ဇ်မာရင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်ပါတယ်။
■ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီခန့် ဆင်းသက်စဉ် လေယာဉ်မှာ သတ်မှတ်ထားတဲ့ လေဆိပ်နယ်နိမိတ်အတွင်း မရပ်တန့်နိုင်ခဲ့ပါဘူး။
■ လေယာဉ်ဟာ လေဆိပ်စည်းရိုးကို ထိုးဖောက်ကာ အနီးအနားလမ်းပေါ်သို့ ရောက်ရှိသွားပြီး မော်တော်ယာဉ်များနဲ့ ဝင်တိုက်ခဲ့ပါတယ်။
■ ထိုကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကောင်းကင်သို့ မီးခိုးလုံးကြီးများ လွင့်ပျံသွားခဲ့ပါတယ်။
■ မီးငြှိမ်းသတ်ရန်နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Miami-Dade မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၆၀ ကျော် လာရောက်ခဲ့ကြပါတယ်။
■ အခင်းဖြစ်ပွားရာနေရာမှာ ထိခိုက်ဒဏ်ရာရရှိသူများနဲ့ သေဆုံးသူများရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားကို အနီးရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
■ အမေရိကန် ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ အမျိုးသားပို့ဆောင်ဆက်သွယ်ရေး လုံခြုံရေးဘုတ်အဖွဲ့တို့က မတော်တဆဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ချက်ချင်းစုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်စဉ်ကြောင့် မိုင်ယာမီလေဆိပ် လေယာဉ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။
Source: Reuters
#World_Science
Published 07 September 2026
■ အချိုစားချင်တဲ့စိတ်က လူသားဦးနှောက် ဆင့်ကဲပြောင်းလဲခြင်းအတွက် အခြေအနေဖန်တီးပေးခဲ့ဖွယ် ရှိပါတယ်။
■ လူသားတို့ရဲ့ ဦးနှောက်အရွယ်အစားဟာ နှစ်ပေါင်း ၄ သန်းကျော်အတွင်း ဆင့်ကဲပြောင်းလဲခဲ့ရာမှာ ၃၀၀ ဂရမ်ကနေ ၁,၅၀၀ ဂရမ်အထိ ကြီးထွားလာခဲ့ပါတယ်။
■ ဒီလိုကြီးထွားလာရခြင်းမှာ အသားစားသုံးမှုကြောင့်လို့ အရင်ကယူဆခဲ့ကြပေမယ့် အချိုတွေကလည်း အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့ပါတယ်။
■ ရှေးဦးလူသားမျိုးနွယ်တို့ မီးနဲ့ သစ်ဥသစ်ဖုများကို ချက်ပြုတ်စားသောက်ခြင်း မတတ်မြောက်မီ အချိန်တည်းက ဦးနှောက်အရွယ်အစား ကြီးထွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
■ အစားအစာ တွက်ချက်မှုများအရ မျောက်ဝံများနဲ့ ရှေးဦးလူသားများဟာ စွမ်းအင် ၃ ပုံ ၂ ပုံကျော်ကို သစ်သီးဝလံတွေကနေ ရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။
■ သစ်သီးများနဲ့ ပျားရည်မှရရှိတဲ့ ရိုးရိုးကာဗိုဟိုက်ဒရိတ်တွေဟာ ကြီးထွားလာတဲ့ ဦးနှောက်အတွက် လိုအပ်တဲ့ စွမ်းအင်များများကို မပြတ်ရရှိစေပါတယ်။
■ သစ်သီးများ ဘယ်နေရာ ဘယ်အချိန်မှာ မှည့်လဲဆိုတာကို မှတ်သားရခြင်းက မှတ်ဉာဏ်နဲ့ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီခဲ့ပုံ ရပါတယ်။
■ ရှေးဦးလူသားတို့ရဲ့ သွားရုပ်ကြွင်းတွေမှာ သွားဆွေးတဲ့ အထောက်အထားများ တွေ့ရခြင်းက အချိုဓာတ်များတဲ့ အစာများကို စားသုံးခဲ့ကြောင်း အတည်ပြုနေပါတယ်။
■ ဦးနှောက်ကြီးထွားလာခြင်းမှာ သကြားဓာတ်နဲ့ အသားစားသုံးမှု နှစ်ခုစလုံး ယှဉ်တွဲပါဝင်ခဲ့တဲ့ အဓိကအကြောင်းအရင်းများဖြစ်ကြောင်း သုတေသီများ ထောက်ပြထားကြပါတယ်။
Source: Science News
#World_Health
Published 07 September 2026
■ ခရမ်းချဉ်သီးက ဈေးချိုသာပြီး အာဟာရဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။
■ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အနီရင့်ရောင် ဖြစ်ပေါ်စေပြီး ဆဲလ်တွေကို ပျက်စီးစေတဲ့ ဓာတ်တိုးပစ္စည်းများရန်မှ ကာကွယ်ပေးပါတယ်။
■ လိုင်ကိုပင်း မှန်မှန်စားသုံးပေးခြင်းဖြင့် နှလုံးနဲ့ သွေးကြောကျန်းမာရေး ထောက်ပံ့ပေးကာ သွေးဖိအားလျော့ကျစေတဲ့အပြင် အသားအရေ ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။
■ ပိုမှည့်ပြီး အနီရောင်ပိုရင့်တဲ့ ခရမ်းချဉ်သီးတွေမှာ လိုင်ကိုပင်းပါဝင်မှု ပိုမိုမြင့်မားပါတယ်။
■ အပူပေးလိုက်ခြင်းက ခရမ်းချဉ်သီးရဲ့ ဆဲလ်နံရံများ ကျိုးပျက်စေပြီး ခန္ဓာကိုယ်ကနေ လိုင်ကိုပင်းဓာတ်ကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေပါတယ်။
■ ခရမ်းချဉ်သီးကို သံလွင်ဆီ ဒါမှမဟုတ် နှမ်းဖတ်ဆီတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများနဲ့ တွဲဖက်စားသုံးခြင်းက လိုင်ကိုပင်းစုပ်ယူမှုကို သိသိသာသာ တိုးတက်စေပါတယ်။
■ အစိမ်းအတိုင်း စားသုံးတဲ့ ခရမ်းချဉ်သီးများဟာလည်း ဗိုက်တာမင်-စီ၊ ပိုတက်စီယံ၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့အပါအဝင် အရေးပါတဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ဆဲ ဖြစ်ပါတယ်။
■ အာဟာရဖြည့်စွက်ဆေးများ မလိုအပ်ဘဲ ခရမ်းချဉ်သီးကို ဟင်းလျာတွေထဲကနေ ကျန်းမာရေးအကျိုးကျေးဇူးများ အပြည့်အဝ ရရှိနိုင်ပါတယ်။
Source: The Jerusalem Post
Page 7 of 1225