#World_News
Published 10 September 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်း အိမ်ဖြူတော် အကြံပေးများက အီရန်နဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ၂၀၂၉ ခုနှစ် ဇန်နဝါရီလအထိ ကြန့်ကြာသွားနိုင်ကြောင်း ထရမ့်ကို အထူးသတိပေးခဲ့ပါတယ်။
■ ယခုသုံးသပ်ချက်ဟာ ကြားဖြတ်ရွေးကောက်ပွဲအပြီး စစ်ပွဲချက်ချင်းပြီးဆုံးမယ်လို့ ထရမ့် လူသိရှင်ကြား ပြောဆိုထားချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
■ အီရန်အစိုးရက အမေရိကန်ရဲ့ ဖိအားပေးမှုများကို ထင်မှတ်ထားတာထက် ပိုမိုကြာရှည်စွာ တုံ့ပြန်နိုင်စွမ်းရှိကြောင်း အကြံပေးများက အစည်းအဝေးများအတွင်း ထရမ့်ကို ပြောကြားခဲ့ပါတယ်။
■ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဂ်ဆက်သ်က ရေရှည် ပဋိပက္ခဖြစ်ပွားမှုအတွက် ပြင်ဆင်တဲ့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ စစ်အင်အား တပ်ဖြန့်ထားမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။
■ အမေရိကန် အစိုးရက ကုန်းကြောင်းစစ်ပွဲ ဆင်နွှဲမယ့်အစား ရေကြောင်းပိတ်ဆို့မှုနဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို အဓိကအားကိုး အသုံးပြုနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လတ်တလော တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ပျက်စီးခြင်း၊ စစ်ဘက်ဆိုင်ရာ စခန်းများ ထိမှန်ခြင်းနဲ့ အဓိက ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ရခြင်းတို့ ကြုံတွေ့နေရပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံစီးဆင်းမှုများ အလွန်အမင်း ထိခိုက်ကျဆင်းသွားခဲ့ပြီး ရေနံစိမ်းစျေးနှုန်းများမှာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်သို့ ထပ်မံမြင့်တက်သွားခဲ့ပါတယ်။
■ ယခုကဲ့သို့ ရေကြောင်းပိတ်ဆို့တဲ့ မဟာဗျူဟာက ပဋိပက္ခကို မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ပြီးဆုံးသွားစေရန် မစွမ်းဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများနဲ့ အစိုးရတာဝန်ရှိသူများက သတိပေးထားကြပါတယ်။
Source: Reuters
#World_Health
Published 10 September 2026
■ အမေရိကန် FDA က Bristol Myers Squibb ကုမ္ပဏီရဲ့ သွေးကင်ဆာဆေးဖြစ်တဲ့ Zenbexus (iberdomide)ကို အသိအမှတ်ပြုပေးလိုက်ပါတယ်။
■ Zenbexus ဟာ ပထမဆုံးအတည်ပြုချက်ရရှိတဲ့ CELMoD ဆေးအမျိုးအစားဖြစ်ပြီး ဆေးဝါးလောကမှာ ပထမဆုံး ဆေးအမျိုးအစားသစ် ဖြစ်လာခဲ့ပါတယ်။
■ ယခင်က အနည်းဆုံး ကုသမှုတစ်မျိုး ခံယူဖူးပေမယ့် ပြန်လည်ဖြစ်ပွားလာတဲ့ လူနာများ၊ ကုသရန်ခက်ခဲတဲ့ ရိုးတွင်းခြင်ဆီကင်ဆာ လူနာများအတွက် အတည်ပြုပေးထားခြင်း ဖြစ်ပါတယ်။
■ ဒီသောက်ဆေးကို J&J ကုမ္ပဏီရဲ့ Darzalex ၊ Dexamethasone ဆေးတို့နဲ့ တွဲဖက်သောက်သုံးရမှာ ဖြစ်ပါတယ်။
■ တတိယအဆင့် EXCALIBER-RRMM စမ်းသပ်မှုမှာ တွဲဖက်ကုသမှုက ပုံမှန်ကုသမှုရဲ့ ၂၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ပါက MRD-negative ပျောက်ကင်းနှုန်း ၄၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။
■ ဒီဆေးမှာ သန္ဓေသားထိခိုက်စေနိုင်မှုနဲ့ ပြင်းထန်တဲ့ သွေးခဲမှုများ ဖြစ်ပွားနိုင်တဲ့ အထူးသတိပေးချက် ပါဝင်ပါတယ်။
■ ဘေးထွက်ဆိုးကျိုး အန္တရာယ်များကြောင့် ဆေးဝါးကို စည်းကမ်းချက်များဖြင့် ထိန်းချုပ်ထားတဲ့ ကန့်သတ်ဖြန့်ဖြူးရေး အစီအစဉ်အတိုင်းသာ ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။
■ Bristol Myers Squibb ဟာ Zenbexus ရဲ့ ဈေးနှုန်းကို ၂၈ ရက်စာ သောက်သုံးမှု ကုသမှုတစ်ကြိမ်ကို ဒေါ်လာ ၁၉,၅၀၀ သတ်မှတ်ထားပါတယ်။
Source: Reuters
#World_Health
Published 10 September 2026
■ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို ထောပတ်ထဲ ထည့်ကြိတ်ထောင်းခြင်းက အာဟာရတန်ဖိုး အားလုံးနီးပါးကို ထိန်းသိမ်းနိုင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ အစေ့အဆန်အလိုက် ဖြိုခွဲလိုက်ပြီး အဆီတွေ ပရိုတိန်းတွေ သတ္တုဓာတ်တွေကို စုပ်ယူရလွယ်ကူစေပါတယ်။
■ အခွံမာသီးတွေ အစေ့အဆန်တွေဟာ နှလုံးကျန်းမာရေး ညီညွတ်စေတဲ့ မပြည့်ဝဆီများ၊ မရှိမဖြစ် အပင်ပရိုတိန်းများ၊ အမျှင်ဓာတ်များ ထောက်ပံ့ပေးပါတယ်။
■ သူတို့မှာ ဗိုက်တာမင်များ၊ မဂ္ဂနီဆီယံ၊ ကယ်စီယံ၊ သံဓာတ်၊ ဇင့်၊ ဗိုက်တာမင်-အီးတို့လို သတ္တုဓာတ်များ ပါဝင်ပါတယ်။
■ ကြိတ်ချေလိုက်တဲ့အခါ လေနဲ့ပိုမိုထိတွေ့စေပြီး အခွံမာသီးထောပတ်အနေနဲ့ အောက်ဆီဒေးရှင်း၊ ရန်ဆစ်ဒတီဖြစ်စဉ်များ ပိုမိုဖြစ်စေပါတယ်။
■ ဒါပေမဲ့ အဆိုပါထောပတ်မျိုးဟာ ကယ်လိုရီသိပ်သည်းဆများပြီး အလွန်အကျွံ စားမိနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ပိုင်းခြားစားသုံးဖို့ အရေးကြီးပါတယ်။
■ အိမ်မှာပြုလုပ်တဲ့ အခွံမာသီးထောပတ်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ်များတဲ့ သကြား၊ ဟိုက်ဒရိုဂျင်နိတ်အဆီများ၊ မလိုလားအပ်တဲ့ တာရှည်ခံဆေးများ မထည့်မိပါဘူး။
■ ဘယ်လိုထောပတ်ပဲဖြစ်ဖြစ် အလုံပိတ်ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထိန်းသိမ်းထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: The Jerusalem Post
တနင်္လာနေ့ကပြီးဆုံးခဲ့တဲ့ ပေကျင်းမှ ၂၀၂၆ ကမ္ဘာ့လူသားပုံသဏ္ဍာန်စက်ရုပ်ပြိုင်ပွဲရဲ့ စက်ရုပ်အထုပ်ဖြည်ပွဲမှာ အနုစိတ်သိမ်မွေ့တဲ့ ကိုင်တွယ်ထိန်းချုပ်မှုစွမ်းရည်များ စိန်ခေါ်စမ်းသပ်ခဲ့ကြပါတယ်။
#Asia_Event
Published 09 September 2026
#ပေကျင်း #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 September 2026
■ အမေရိကန်ရေတပ် စစ်ရေယာဉ်တစ်စင်းကို ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)နဲ့ ဆက်နွယ်နေတဲ့ အီရန်ရေနံတင်သင်္ဘော အမြောက်အများကို အမေရိကန်တပ်ဖွဲ့များ အင်္ဂါနေ့က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောပါတယ်။
■ အီရန်ရေနံတင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းအတွက် အရေးပါတဲ့ဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
■ အခြားရေနံတင်သင်္ဘောတစ်စင်းမှဦလည်း ဂျက်စ်ဆိပ်ကမ်း ယက်ဘာနီကမ်းရိုးတန်းအနီး ထိမှန်ခဲ့ပြီး သင်္ဘောနှစ်စင်းစလုံးမှ ဝန်ထမ်းများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
■ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ IRGC က ကူဝိတ်နဲ့ ဘာရိန်းရှိ ရေနံတင်သင်္ဘောသားများကို သင်္ဘောများမှ ချက်ချင်းစွန့်ခွာကြရန် သတိပေးခဲ့ပါတယ်။
■ အီရန်က အိမ်နီးချင်းများဟာ အမေရိကန်တပ်ဖွဲ့တွေကို လက်ခံထားပြီး စစ်ဆင်နွှဲမှုတွေကို ကူညီနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
■ အမေရိကန်က စနေနေ့ကလည်း အီရန်သင်္ဘော ၃ စင်းကို တိုက်ခိုက်ခဲ့ပြီး လိုအပ်ပါက အီရန်ရဲ့ ရေနံတင်သင်္ဘောအုပ်စုကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
■ ဒါ့အပြင် အီရန်က ဟော်မုဇ်ရေလက်ကြားမှ အမေရိကန် ပင်လယ်ရေအောက် ဒရုန်းတစ်စင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောထားပါတယ်။
Source: WION
#World_Health
Published 09 September 2026
■ အိပ်ခါနီး ၃ နာရီအတွင်း နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းများ၊ အလေးမခြင်းများ ပြုလုပ်ပါက ခန္ဓာကိုယ်အပူချိန် မြင့်တက်လာပြီး အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို နှောင့်နှေးစေပါတယ်။
■ အကြောလျှော့ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းများ မလုပ်ဘဲ ကျော်သွားပါက အာရုံကြောစနစ်ကို ဆက်လက်လှုံ့ဆော်ပေးသလို ဖြစ်နေပြီး အိပ်ပျော်ရန် ခက်ခဲစေပါတယ်။
■ နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မမှန်ဘဲ ပြောင်းလဲနေပါက ခန္ဓာကိုယ် နေ့ညလည်ပတ်စက်ဝန်း ပျက်ယွင်းစေပြီး နှစ်ခြိုက်စွာအိပ်ပျော်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
■ လုံလောက်စွာ အနားမယူဘဲ ခန္ဓာကိုယ်ခံနိုင်ရည်ထက် ပိုလုပ်တဲ့အခါ ကော်တီဆောဟော်မုန်းများ မြင့်တက်လာပြီး ညဘက်ခဏခဏနိုးခြင်းနဲ့ ကဏှာမငြိမ်ဖြစ်ခြင်းတို့ ကြုံတွေ့ရစေပါတယ်။
■ နေ့လယ်ပိုင်း ညနေပိုင်းတို့မှာ စိတ်ကြွဆေး၊ ကဖင်းဓာတ်များ သောက်သုံးခြင်းဖြင့် ဦးနှောက်ရဲ့ သဘာဝအတိုင်း ပင်ပန်းနွမ်းနယ်မှုကို တားဆီးလိုက်သလို ဖြစ်စေပါတယ်။
■ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးနောက် သင့်လျော်တဲ့ အာဟာရဓာတ် မဖြည့်တင်းပါက သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး ညဘက်နိုးလာတတ်ပါတယ်။
■ ရေဓာတ်ခမ်းခြောက်ပါက ညဘက်အိပ်စက်ချိန်မှာ နှလုံးခုန်နှုန်း မြင့်တက်စေပြီး အိပ်ပျော်နေစဉ် နှလုံးပိုမိုအလုပ်လုပ်စေပါတယ်။
■ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများကို နံနက်ပိုင်း နေ့လယ်ပိုင်း ရွှေ့ဆိုင်းပြီး ညနေပိုင်းမှာ ယောဂလိုမျိုး ပေါ့ပါးလေ့ကျင့်ခန်းများကိုသာ ပြုလုပ်သင့်ပါတယ်။
Source: New York Post
#World_Health
Published 09 September 2026
■ သဘာဝအတိုင်း နံနက်ခင်းအစာခြေစနစ်များနဲ့ ကိုက်ညီဖို့အတွက်ဆိုရင် မနက်အိပ်ရာထပြီး ၁ နာရီမှ ၂ နာရီအတွင်း နံနက်စာ စားပေးသင့်ပါတယ်။
■ နံနက်ခင်းမှာ ကော်တီဆောဟော်မုန်း မြင့်တက်ပြီး အင်ဆူလင်တုံ့ပြန်မှုစွမ်းအား အမြင့်ဆုံးရှိနေတာကြောင့် ခန္ဓာကိုယ်မှ ဂလူးကို့စ်ကို ထိရောက်စွာချေဖျက်ပေးနိုင်ပါတယ်။
■ စောစောစားသုံးခြင်းက ခန္ဓာကိုယ်တွင်း ဇီဝနာရီကို ပုံမှန်ဖြစ်စေပြီး ပုံမှန်စွမ်းအင်ရရှိခြင်း၊ အိပ်စက်မှု အရည်အသွေးနဲ့ ကျန်းမာစွာ သက်ရှည်ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
■ အသက် ၅၀ ကျော်ပြီးနောက် သဘာဝအလျောက် လျော့နည်းလာတဲ့ ကြွက်သားထုထည်နဲ့ ကြွက်သားတည်ဆောက်မှုကို ထိန်းသိမ်းရန် နံနက်စာထဲမှာ ပရိုတိန်းလုံလောက်စွာ စားသုံးရပါမယ်။
■ ပရိုတိန်းကို အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများနဲ့ တွဲဖက်စားသုံးခြင်းက သွေးတွင်းသကြားဓာတ် တည်ငြိမ်စေပြီး မွန်းလွဲပိုင်း အားအင်ကုန်ခမ်းခြင်းမှ ကာကွယ်ပေးပြီး ကြာရှည်ဗိုက်ပြည့်စေပါတယ်။
ညဉ့်နက်မှ စားသုံးခြင်းထက် တစ်နေ့တာ ကယ်လိုရီပမာဏအများစုကို နံနက်ပိုင်းမှာ စောစောစားသုံးခြင်းက ပိုမိုကောင်းမွန်ကြောင်း သုတေသနများက ထောက်ခံထားပါတယ်။
■ အိပ်ရာထထချင်း မဆာသေးပါက မနက်စာကို အနည်းငယ် နောက်ဆုတ်စားသုံးပေးခြင်းက အဆင်ပြေပါတယ်။
■ တိကျလွန်းတဲ့ နာရီအချိန်တစ်ခုအပေါ် ပူပန်နေတာထက်စာရင် နေ့စဉ်ပုံမှန်အစားစားတဲ့ အလေ့အထရှိခြင်းက ပိုမိုအရေးကြီးပါတယ်။
Source: Eating Well
Page 6 of 1225