#World_News
Published 29 August 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ကြား သမိုင်းဝင် ရေနံသဘောတူညီချက်တစ်ခု ကြေညာခဲ့ပါတယ်။
■ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေနံသိုလှောင်စည်ပေါင်း ၆၅ ဘီလီယံရဲ့ အများစုဖြစ်တဲ့ ၅၅ ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန်အခွန်ထမ်းများရဲ့ ကုန်ကျစရိတ် မရှိဘဲ နှစ် ၁၀၀ သက်တမ်းရှိ လုပ်ပိုင်ခွင့်များပါဝင်တဲ့ ပုဂ္ဂလိကစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် လည်ပတ်မှာ ဖြစ်ပါတယ်။
■ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်နဲ့ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်စီရိုဒရီဂွက်ဇ်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ဒီသဘောတူညီချက်က အမေရိကန် ရေနံသိုလှောင်ပမာဏကို နှစ်ဆတိုးစေပြီး ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ လျှော့ချရန်နဲ့ ရေနံအရန်စတော့များ ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ပါတယ်။
■ ဗင်နီဇွဲလားရဲ့ စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာဘီလီယံ ၁၀၀ နီးပါးရှိတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို လမ်းကြောင်းပေးမယ်လို့ ရူဘီယိုက ပြောပါတယ်။
■ ယခုနှစ်အစောပိုင်း သမ္မတဟောင်း နီကိုလတ်စ်မဒူရိုကို အမေရိကန်က ရာထူးမှဖယ်ရှားပြီးနောက် အခုလို သဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။
■ ဗင်နီဇွဲလား အတိုက်အခံ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဒီသဘောတူညီချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ နယ်မြေသိမ်းပိုက်မှုအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 29 August 2026
■ အာဟာရပြည့်ဝတဲ့ အစားအစာတွေကနေ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်တာကြောင့် ဖြည့်စွက်အားဆေးတွေကို အများအားဖြင့် မလိုအပ်ပါဘူး။
■ ဖြည့်စွက်အာဟာရအားဆေးတွေကတော့ သူတို့ရဲ့ အကျိုးပြုပုံတွေကို လွန်ကဲစွာ ကြော်ငြာထားကြပါတယ်။
■ ခန္ဓာကိုယ်ရဲ့ ကြွက်သားစွမ်းအင်ကို သဘာဝအတိုင်း ထောက်ပံ့ပေးတဲ့ ခရီယေတင်ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ရာမှာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးပါတယ်။
■ ကော်လာဂျင်ဆိုရင် အရေပြား ရေဓာတ်ပြည့်ဝမှု၊ တင်းရင်းမှု၊ အဆစ်အမြစ် ပြန်လည်ကောင်းမွန်မှုတို့မှာ သာမန်မျှ တိုးတက်စေနိုင်ပေမယ့် နေ့စဉ်လုံလောက်တဲ့ ပရိုတိန်းဓာတ် စားသုံးမှုက ပိုပြီးအဓိကကျပါတယ်။
■ နေရောင်ခြည်သိပ်မရတဲ့ ဒေသများမှ လူတွေကတော့ ဗိုက်တာမင်-ဒီ ကို နေ့စဉ် ၁၀ မိုက်ခရိုဂရမ် သုံးစွဲဖို့ အကြံပြုထားပြီး လွန်ကဲစွာ အသုံးပြုရင်တော့ ခန္ဓာကိုယ်ထဲ စုပြုံလာကာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။
■ အဆီများတဲ့ ငါး၊ ရေညှိဖြည့်စွက်ဆေးများဟာ အရေးပါတဲ့ EPA/DHA ဓာတ်များ ပေးစွမ်းနိုင်ပြီး အီလက်ထရိုလိုက်များကိုတော့ ချွေးအလွန်ထွက်ခြင်း၊ အားကစားပြင်းထန်စွာ ပြုလုပ်ခြင်းတို့ကလွဲပြီး ပုံမှန်သောက်သုံးဖို့ မလိုအပ်ပါဘူး။
■ Ashwagandha က စိတ်ဖိစီးမှုနဲ့ ကော်တီစောဟော်မုန်းကို လျှော့ချပေးနိုင်ကာ အမျှင်ဓာတ်က အစာချေဖျက်မှုကို ကူညီပေးပါတယ်။
■ သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် မရှိမဖြစ် လိုအပ်ပေမယ့် သံဓာတ်လွန်ကဲရင် အစာအိမ်ပြဿနာ ဖြစ်စေနိုင်သဖြင့် သွေးစစ်ဆေးပြီး လိုအပ်ချက်ရှိမှသာ သောက်သုံးသင့်ပါတယ်။
■ ပရိုတိန်း၊ ရောင်စုံသီးနှံများ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးညီညွတ်တဲ့ အဆီဓာတ်များ ပါဝင်တဲ့ စားစရာများက ဗိုက်တာမင်ဆေးပြားများထက် ပိုမိုကောင်းမွန်တဲ့ အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါတယ်။
Source: The Guardian
#World_Health
Published 29 August 2026
■ အယ်ကိုဟောကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါဟာ အရက်သောက်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခေတ်သစ်လူနေမှုဘဝ ပုံစံများကြောင့် အဖြစ်များလာပါတယ်။
■ (၁) မကောင်းတဲ့ အဆီတွေ၊ ဆားနဲ့ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များပါဝင်တဲ့ ပြုပြင်ဖန်တီးစားစရာများ စားသုံးခြင်းကအသည်းမှာအဆီစုပြုံခြင်းဖြစ်စေပါတယ်။
■ (၂) သကြားဓာတ်များတဲ့ အချိုရည်များ နေ့စဉ်သောက်သုံးခြင်းက အသည်းမှပိုလျှံနေတဲ့ သကြားများကို အဆီအဖြစ် ပြောင်းလဲပေးရန် တွန်းအားပေးပါတယ်။
■ (၃) ပြုပြင်ထားတဲ့ စားစရာတွေမှာ ပါဝင်တဲ့ High-Fructose Corn Syrup မှ ဖရပ်တို့စ်သကြားဓာတ် အလွန်အမင်းရရှိခြင်းက အသည်းလုပ်ဆောင်ချက်ကို ဝန်ပိစေပြီး အဆီသိုလှောင်မှုကို တိုးပွားစေပါတယ်။
■ (၄) အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ လူနေမှုဘဝပုံစံဟာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး အသည်းအဆီများကို ချေဖျက်နိုင်စွမ်း နှောင့်ယှက်စေပါတယ်။
■ (၅) နာတာရှည် အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ် အစာချက်လုပ်မှု၊ ဟော်မုန်းမျှခြေနဲ့ အင်ဆူလင်ထိန်းညှိမှု ပျက်စီးစေပြီး အသည်းရောဂါဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
■ (၆) အမြဲတမ်း စိတ်ဖိစီးမှုခံစားရခြင်းက ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေပြီး ဟော်မုန်းမျှခြေကို ပြောင်းလဲစေကာ အသည်းကို သွယ်ဝိုက်စွာ ထိခိုက်စေပါတယ်။
■ (၇) ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသုံးစွဲခြင်းတို့က အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး ဝန်ပိစေနိုင်ပါတယ်။
■ (၈) အဝလွန်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ ကိုလက်စထရောလ် မြင့်မားခြင်းတို့လို ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများကို လစ်လျူရှုခြင်းက အသည်းအဆီစုပြုံမှုကို ပိုမြန်စေပါတယ်။
■ (၉) ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ မပြုလုပ်ခြင်းက ရောဂါရှာဖွေတွေ့ရှိမှုကို ကြန့်ကြာစေပြီး အသည်းပျက်စီးမှုကို ပျောက်ကင်းအောင် ကုသနိုင်မယ့် အခွင့်အရေး ဆုံးရှုံးစေပါတယ်။
Source: India Today
#World_Business
Published 28 August 2026
#တရုတ် #အီသီယိုးပီးယား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 August 2026
■ ဟိမဝန္တာဒေသမှာ ရေဘေးအန္တရာယ်ကြီးမားစွာ ကျရောက်ခဲ့ပြီးနောက် နီပေါနဲ့ တရုတ်နိုင်ငံတို့က ရေကြီးရေလျှံမှု သတိပေးချက်အသစ်များကို ထုတ်ပြန်လိုက်ပါတယ်။
■ ရေခဲမြစ်ပြိုကျမှုကြောင့် ရွှံ့နွံပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၆၀ ကျော် သေဆုံးကာ ၁ ထောင်နီးပါး ပျောက်ဆုံးလျက်ရှိပါတယ်။
■ အပျက်အစီးများကြောင့် နယ်စပ်နှစ်ဖက်စလုံးရှိ မြစ်ကြောင်းများ ပိတ်ဆို့သွားကာ ရေပြင်ပမာဏ အရှိန်အဟုန်ဖြင့် မြင့်တက်နေတဲ့ ရေကန်ကြီးနှစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
■ စက်တင်ဘာ ၁ ရက်နေ့ မရောက်ခင်အတွင်း ၃ ကုဗမီတာပမာဏရှိတဲ့ ရေထုကြီးကြောင့် သဘာဝရေကန်ကြီး ကျိုးပေါက်နိုင်ကြောင်း တရုတ်က သတိပေးထားပါတယ်။
■ ပိတ်ဆို့သွားတဲ့ ရေကန်အတွင်း ရေပြင်ပမာဏ ရုတ်တရက် မြင့်တက်လာပြီး အချိန်မရွေး ကျိုးပေါက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း နီပေါ ဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့က အတည်ပြုခဲ့ပါတယ်။
■ ရှေ့လာမယ့် သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် အန္တရာယ် ပိုမိုကြီးမားလာဖွယ် ရှိနေပါတယ်။
■ အာဏာပိုင်များက မြစ်ကမ်းပါး အနိမ့်ပိုင်းမှာ နေထိုင်ကြသူများ၊ ခရီးသွားများနဲ့ ကယ်ဆယ်ရေးအဖွဲ့များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
■ ကယ်ဆယ်ရေးအဖွဲ့များ ဘေးကင်းရာ ကုန်းမြင့်ပိုင်းသို့ ဆုတ်ခွာနေရသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှုများ အကြီးအကျယ် အဟန့်အတားဖြစ်ပေါ်စေပါတယ်။
Source: Reuters
#World_Health
Published 28 August 2026
■ သွေးပေါင်ချိန် ပိုမိုထိန်းသိမ်းနိုင်ဖို့အတွက် ညနေခင်းပိုင်း ကျင့်ကြံနေထိုင်သင့်တဲ့ နည်းလမ်းတွေ ဖော်ပြသွားပါမယ်။
■ အိပ်ရာမဝင်မီ ၂ နာရီ - ၃ နာရီအလိုမှာ ညစာအပြီးစားခြင်းက အစာကြေလွယ်စေပြီး အိပ်စက်မှု အနှောင့်အယှက်မဖြစ်စေရန် ကူညီပေးပါတယ်။
■ သဘာဝအပင်ထွက် အစားအစာများနဲ့ ဆိုဒီယံလျှော့ထားတဲ့ အစားအစာများ ဦးစားပေး စားသုံးသင့်တဲ့အပြင် ပိုတက်စီယံနဲ့ မဂ္ဂနီစီယံဓာတ် ကြွယ်ဝတဲ့ ဟင်းရွက်များ၊ ကောက်နှံများ၊ အဆီနည်းတဲ့ ပရိုတိန်းများလည်း အဓိကထားသင့်ပါတယ်။
■ ညနေပိုင်းမှာ အရက်၊ ကဖင်းဓာတ်၊ နီကိုတင်းတို့လို နှလုံးခုန်နှုန်းမြန်စေပြီး သွေးတိုးစေနိုင်တဲ့အရာများ မသောက်သုံးသင့်ပါဘူး။
■ ညစာစားပြီးနောက် ၁၅-၂၀ မိနစ်ခန့် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်းဖြင့် အစာကြေစေပြီး သွေးတွင်းသကြားဓာတ်နဲ့ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။
■ အိပ်ရာမဝင်မီ စာဖတ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ အသက်ပြင်းပြင်း ရှူထုတ်သွင်း လေ့ကျင့်ခန်းတို့လို စိတ်အေးငြိမ်းစေမယ့် အလေ့အထများ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှု လျော့ကျစေပါတယ်။
■ ဖုန်း၊ ကွန်ပျူတာဖန်သားပြင်မှ ထွက်လာတဲ့ အပြာရောင်အလင်းတန်း ထိတွေ့မှုကို လျှော့ချကာ အိပ်ရာမဝင်မီ အနည်းဆုံး ၁ နာရီအလိုမှာ အီလက်ထရွန်နစ်ပစ္စည်း အသုံးပြုမှု ရပ်နားသင့်ပါတယ်။
■ ခန္ဓာကိုယ်ရဲ့ သဘာဝအိပ်စက်မှုစက်ဝန်း မထိခိုက်စေရန် နေ့စဉ် အိပ်ချိန်ထချိန် ပုံမှန်သတ်မှတ်ထားရှိသင့်ပါတယ်။
■ သွေးထိန်းဆေး အသုံးပြုနေရပါက ဆရာဝန် ညွှန်ကြားထားတဲ့ အချိန်အတိုင်း တိကျစွာ သောက်သုံးရပါမယ်။
Source: EatingWell
#World_Science
Published 28 August 2026
■ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာတွေအတွက် အသုံးပြုလာကြတဲ့ Viagra ဆေးထဲမှ sildenafil ပါဝင်ပစ္စည်းဟာ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို နှေးကွေးစေနိုင်ကြောင်း Weizmann Institute of Science လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
■ Sildenafil ဟာ ကင်ဆာဆဲလ်များ အခြားနေရာသို့ ပျံ့နှံ့ခြင်းနဲ့ အကျိတ်အသစ်များ ဖြစ်ပေါ်ခြင်းအတွက် လိုအပ်တဲ့ ကိုလက်စထရောလ် သုံးစွဲမှုကို ပိတ်ပင်တားဆီးပေးပါတယ်။
■ ကိုလက်စထရောလ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးကာ ကင်ဆာကြောင့် ဆုံးပါးရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ကင်ဆာပျံ့နှံ့မှုကို ကန့်သတ်စေပါတယ်။
■ Sildenafil ကို ကိုလက်စထရောလ်ကျဆေး (statins)များနဲ့ တွဲဖက်သုံးစွဲပါက ပိုမိုအားကောင်းတဲ့ အာနိသင် ဖြစ်ပေါ်စေပါတယ်။
■ Sildenafil က ကင်ဆာဆဲလ်များ ကိုလက်စထရော ဖြစ်ပေါ်ခြင်းကို တားဆီးပေးချိန်မှာ statins ဆေးက ခန္ဓာကိုယ်ရဲ့ ကိုလက်စထရောလ် ထုတ်လုပ်မှုကို ဖြတ်တောက်ပေးပါတယ်။
■ ကျန်းမာရေးမှတ်တမ်းများအရ Sildenafil သောက်သုံးတဲ့လူနာတွေမှာ အသက်ရှင်သန်နိုင်မှုနှုန်းထား ပိုမိုကောင်းမွန်ကြောင်း တွေ့ရပါတယ်။
■ ကင်ဆာရောဂါပျံ့ပွားမှုဟာ လူနာရဲ့ခန္ဓာကိုယ်အတွင်း ရုပ်ဝတ္ထုအပြောင်းအလဲဖြစ်စဉ်အပေါ် များစွာမူတည်နေကြောင်း သုတေသီများ မှတ်ချက်ပြုထားပါတယ်။
■ Viagra အနေဖြင့် တရားဝင် ကင်ဆာကုသဆေးမဟုတ်သေးဘဲ ဘေးကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် စမ်းသပ်မှုများ နောက်ထပ်လိုအပ်သေးကြောင်း သုတေသီများ ပြောထားပါတယ်။
Source: WION
Page 3 of 1217