#World_News
Published 17 October 2026
■ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Katie Zacharia ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူအဖြစ် စတင်တာဝန်ယူပြီး တစ်ပတ်တောင် မပြည့်သေးခင် ရာထူးကနေ ဖြုတ်ချခံလိုက်ရတယ်လို့ သောကြာနေ့မှာ အမေရိကန် အရာရှိနှစ်ဦးကပြောပါတယ်။
■ အရာရှိတွေရဲ့ အဆိုအရ Katie Zachariaဟာ ရာထူးကနေ "ဖယ်ရှားခံခဲ့ရတာ" ဖြစ်ပြီး လက်ရှိမှာ အကူးအပြောင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူမဟာ ရာထူးယူပြီး သတင်းစာရှင်းလင်းပွဲနဲ့ အင်တာဗျူးတွေမှာ စွမ်းဆောင်ရည် ညံ့ဖျင်းမှုအပြင် သူမရဲ့ ဥပဒေရေးရာ လုပ်ကိုင်ခွင့် အရည်အချင်းနဲ့ပတ်သက်လို့ရက်အတော်ကြာ သံသယမေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
■ ဒီလို ထွက်ခွာသွားရတာကြောင့် လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ် နှစ်ပတ်အလိုမှာ ထရမ့်အတွက် အရေးပါတဲ့ အများပြည်သူဆက်ဆံရေး ပြောရေးဆိုခွင့်ရှိသူ နေရာလစ်ဟာသွားခဲ့ရပါတယ်။
■ ဒါဟာ အစိုးရရဲ့ အောင်မြင်မှုတွေကို ထုတ်ဖော်ပြသပြီး ရီပတ်ဘလစ်ကန်ပါတီဝင်တွေ ကွန်ဂရက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကူညီပေးရမယ့် အလွန်အရေးကြီးတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။
■ ထရမ့်ကတော့ ပထမဆုံးရက်တွေမှာတင် သတင်းမီဒီယာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ Katie Zachariaကို ဒီရာထူးမှာ ဆက်လုပ်၊ မလုပ် ပြန်စဉ်းစားဖို့ သူကိုယ်တိုင် အကြံပေးခဲ့တယ်လို့ သောကြာနေ့စောစောပိုင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
■ Katie Zachariaဟာ တနင်္လာနေ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂါနေ့မှာ ပထမဆုံး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာပါ။
■ သူမဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အလုပ်အတွက် ဖုန်းဆက်ခံရပြီး လွန်ခဲ့တဲ့ တစ်ပတ်ကမှ Karoline Leavitt ရဲ့ နေရာမှာ ဆက်ခံဖို့ ရာထူးကမ်းလှမ်းခံခဲ့ရတာလို့ ပြောပါတယ်။
Source_Reuters