#World_Health
Published 06 July 2026
■ သွေးပေါင်ချိန် တိုင်းတာတဲ့နေရာမှာ နေ့စဉ်ပြုမူနေထိုင်ပုံတွေနဲ့ ခန္ဓာကိုယ်အနေအထားတို့က သိသိသာသာ သက်ရောက်စေပါတယ်။
■ မှန်ကန်တဲ့ပုံစံဖြင့် သွေးပေါင်ချိန်တိုင်းခြင်းက တိကျတဲ့ရလဒ် ရရှိစေမယ်လို့ WHO က ဖော်ပြထားပါတယ်။
■ ဒါကြောင့် သွေးပေါင်ချိန်တိုင်းတဲ့အခါ ကျောထောက်နောက်ခံထားပြီး ထိုင်ခြင်း၊ ခြေထောက်တွေ အတည့်ထားကာ ကြမ်းပြင်ပေါ် ခြေဖဝါးချထားခြင်း၊ သွေးပေါင်ချိန်အပတ် ဝတ်တဲ့လက်ကို နှလုံးနဲ့တစ်တန်းတည်းထားခြင်း၊ မတိုင်းတာခင် အနည်းဆုံး ၅ မိနစ် အနားယူခြင်း၊ တိုင်းတာနေစဉ် စကားမပြောခြင်း၊ မတိုင်းတာခင် အနည်းဆုံး မိနစ်အလိုမှာ လေ့ကျင့်ခန်း၊ ကော်ဖီ လက်ဖက်ရည်၊ ဆေးလိပ်ရှောင်ရှားခြင်းတို့ကို အကြံပြုထားပါတယ်။
■ သွေးဖိအားများခြင်းကို မသိရှိဘဲနေပါက အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်စေတာကြောင့် တိကျမှန်ကန်စွာ တိုင်းတာသိရှိဖို့ လိုအပ်ပါတယ်။
■ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိစေကာ ဂလူးကို့စ်တွေ ပိုထွက်စေပြီး သွေးတွင်းသကြားဓာတ် ယာယီမြင့်တက်စေနိုင်ပါတယ်။
■ ဥပမာ လက်ဖက်ရည် ကော်ဖီသောက်ပြီးမှ အလျင်စလို တိုင်းတာမယ်ဆိုရင် ယာယီသွေးပေါင်ချိန် မြင့်တက်စေနိုင်ပြီး ရောဂါအမှားတွေ တွေ့ရှိစေနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန် သွေးပေါင်ချိန် တိုင်းတာပေးဖို့ အကြံပြုထားပြီး ဒါမှသာ အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 06 July 2026
■ ကြက်သွန်နီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ချက်ပြုတ်တဲ့နည်းလမ်းအပေါ် မူတည်ကာ ကွဲပြားခြားနားတဲ့ အရသာတွေ ပေးစွမ်းနိုင်ပါတယ်။
■ ပါဝင်တဲ့ အာဟာရတန်ဖိုးများအပြင် စနစ်တကျ သိုလှောင်သိမ်းဆည်းခြင်းကလည်း အလွန်အရေးကြီးပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တဲ့ ကြက်သွန်နီက အအေးမိခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ကို ထိရောက်စွာ ကာကွယ်တားဆီးပေးပြီး ကြက်သွန်နီနဲ့ ပျားရည်အသုံးပြုတဲ့ ကုထုံးတွေဆိုရင် အာနိသင်ထိရောက်စေပါတယ်။
■ ကြက်သွန်နီရဲ့ အကျိုးပြုအာနိသင်တွေထဲမှာ ဘက်တီးရီးယား၊ မှို၊ ပိုးမွှားများ ဆန့်ကျင်ပေးနိုင်ခြင်း၊ ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ပိုးမွှားဆန့်ကျင်ခြင်း အာနိသင်များပေးစွမ်းတဲ့ ကွာဆီတင်ပစ္စည်း ပါဝင်ခြင်း၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမျိုးနွယ်တွေ စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း၊ ကွာဆီတင်နဲ့ အန်သိုဆိုင်ယာနင်တို့က ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တို့ကို ဖျက်ဆီးနိုင်ခြင်း၊ ကြက်သွန်နီအရည်ကို ဆီးချိုကုသဆေး မက်ဖော်မင်နဲ့ တွဲသုံးပါက ပိုမိုထိရောက်စေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ကြက်သွန်နီကို ကြော်လိုက်တဲ့အခါ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်အဖြစ် ဖြိုခွဲပေးပြီး အရသာကောင်းမွန်တဲ့ ရွှေအိုရောင်အဖြစ် ပြောင်းလဲသွားပါတယ်။
■ ကြက်သွန်နီကို လှီးတဲ့အခါ ထွက်လာတဲ့အင်ဇိုင်းဓာတ်ငွေ့က ဆာလ်ဖြူရစ်အက်ဆစ် ဖြစ်စေကာ မျက်ရည်ထွက်စေပါတယ်။
■ ဒီအတွက် ကြက်သွန်နီကို မိနစ် ၃၀ ကြာအောင် အေးအောင်ထားပြီး ရေမှာစိမ်ကာ လှီးဖြတ်သင့်ပါတယ်။
■ လှီးဖြတ်ထားတဲ့ ကြက်သွန်နီကို ဒီအတိုင်းထားခြင်းက ဘက်တီးရီးယားဝင်စေပြီး အဆိပ်အတောက် ဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမျိုး မရှိပါဘူး။
Source: The Jerusalem Post
#World_Health
Published 05 July 2026
■ အလျင်အမြန် ဝိတ်ချခြင်းက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားပေမယ့် အစားအသောက် အလွန်အမင်း လျှော့ချခြင်းကဲ့သို့ ရေရှည်စိတ်မချရတဲ့ နည်းလမ်းများ ပါဝင်နေပါတယ်။
■ ၂ လမှ ၃ လအတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်အထိ ကျဆင်းသွားခြင်းက ခန္ဓာကိုယ်နဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် ပြင်းထန်တဲ့ ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ကြံ့ခိုင်ရေးနည်းပြ ရာဂျ်ဂန်ပက်က သတိပေးထားပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝိတ်ချခြင်းကိုသာ ဦးစားပေးဖို့ မှာကြားပါတယ်။
■ ရက်ပေါင်း ၆၀ အတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျဆင်းရန် ကယ်လိုရီ ၇၇,၀၀၀ ခန့်အထိ လျှော့ချရန် လိုအပ်ပြီး တစ်ရက်ကို ပျမ်းမျှကယ်လိုရီ ၁,၃၀၀ ခန့် လျှော့ချရမယ့်သဘော ဖြစ်ပါတယ်။
■ ဒီလိုလျှော့ချမှုမျိုးက ရေရှည်ထိန်းသိမ်းရန် ခက်ခဲပြီး မောပန်းနွမ်းနယ်စေနိုင်ပါတယ်။
■ အလျင်အမြန် ဝိတ်ချခြင်းက ကြွက်သားထုကို သိသိသာသာ ဆုံးရှုံးစေပြီး ဇီဝကမ္မဖြစ်စဉ် နှေးစေခြင်း၊ ခွန်အားလျော့နည်းခြင်း၊ နောင်အချိန် ဝိတ်ချရန် ပိုမိုခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဝိတ်ချပြီးနောက် ကိုယ်အလေးချိန် ပြန်တက်လာတဲ့အခါ ကြွက်သားများထက် အဆီများသာ ပြန်တက်လာစေကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုမိုဆိုးရွားစေပါတယ်။
■ ကိုယ်အလေးချိန် ချတဲ့အခါ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် အလျင်အမြန် ဝိတ်ချခြင်းဟာ ကြွက်သားဆုံးရှုံးခြင်းနဲ့ ကိုယ်အလေးချိန် ပြန်တက်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးများ ပိုများနိုင်ပါတယ်။
■ ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ ရလဒ်များရရှိစေရန် ခန္ဓာကိုယ် လိုက်လျောညီထွေဖြစ်အောင် အချိန်လုံလောက်စွာပေးရန် လိုအပ်ပါတယ်။
■ ရေရှည်စိတ်ချရတဲ့ ကိုယ်အလေးချိန်ရလဒ်များ ရရှိရန်နဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန် ထိန်းသိမ်းနေထိုင်ရန်အတွက် နေထိုင်စားသောက်မှုပုံစံ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ကိုသာ ဦးစားပေးဖို့ အကြံပြုပါတယ်။
Source: Indian Express
#World_Health
Published 05 July 2026
■ ငါးတွေက ပရိုတိန်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ ကြွယ်ဝကာ လူတွေအတွက် အကောင်းဆုံး စားစရာတွေထဲက တစ်ခုအဖြစ် သိထားကြပါတယ်။
■ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေကလည်း ငါးကို ပုံမှန်စားသုံးပေးဖို့ တိုက်တွန်းနေကြပါတယ်။
■ ဒါပေမဲ့ ယနေ့ခေတ်မှာ သမုဒ္ဒရာ၊ မြစ်၊ ရေကန်တွေမှာ ညစ်ညမ်းမှုမြင့်မားလာပြီး မာကျူရီ၊ ခဲ၊ ကဒ်မီယံတို့အပြင် မိုက်ခရိုပလတ်စတစ်တွေ ကူးစက်လာပါပြီ။
■ အဆိပ်အတောက်တွေနဲ့ ထိတွေ့မှုလျော့ကျဖို့ ပင်လယ်စာတွေကို ဂရုတစိုက် ရွေးချယ်စားသုံးသင့်ကြောင်း အာဟာရပညာရှင် အန်ဂျလီမူကာဂျီက ပြောပါတယ်။
■ မာကျူရီလိုမျိုး သတ္တုပစ္စည်းတွေဆိုရင် မျိုးစိတ်အတော်များများမှာ ပါဝင်လာပြီး ကျန်းမာရေးအန္တရာယ်တွေ ပေးနေပါတယ်။
■ မွေးမြူရေးငါးတွေမှာတော့ ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပြီး သေချာဂရုတစိုက် ကိုင်တွယ်သန့်စင်ဖို့ လိုအပ်ပါတယ်။
■ ပင်လယ်ရေပတ်ဝန်းကျင်မှ မိုက်ခရိုပလတ်စတစ်တွေက အစာကွင်းဆက်ထဲ ဝင်ရောက်လာပြီး ရေရှည်ကျန်းမာရေးပြဿနာများ မြင့်တက်လာစေပါတယ်။
■ တီလားပီးယား၊ ကက္ကတစ်လို ငါးတွေကို အကောင်သေးစားခြင်းက မာကျူရီပမာဏ လျော့နည်းစွာ စားမိစေပြီး အကောင်ကြီးတွေကိုတော့ ကန့်သတ်စားသုံးသင့်ပါတယ်။
■ ပင်လယ်စာတွေကို ဘေးကင်းစိတ်ချစွာ စားသုံးနိုင်ဖို့ ယုံကြည်ရတဲ့ အရောင်းများထံမှ ဝယ်ယူခြင်း၊ သေချာစွာ ပြင်ဆင်ဆေးကြောချက်ပြုတ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: India Today
တရုတ်တောင်ပိုင်း ဂွမ်တုံပြည်နယ် မြို့တော်ကွမ်ကျိုးမှာ တနင်္လာနေ့ကလွှဲပြောင်းပေးအပ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ တတိယမြောက် မော်တော်ယာဉ်တင်သင်္ဘောကြီးဟာ ကားအစီးရေ ၁၀,၈၀၀ တင်ဆောင်နိုင်ကာ ပိုမိုစမတ်ကျတဲ့ ထိန်းချုပ်မှုစနစ်များပါဝင်လာပြီး ကားတင်သင်္ဘော အမြောက်အများ ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကို ပြသနေပါတယ်။
#Asia_Business
Published 04 July 2026
#တရုတ်တောင်ပိုင်းဂွမ်တုံပြည်နယ် #မော်တော်ယာဉ်တင်သင်္ဘောကြီး
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 July 2026
■ ပေါ့ပ်ဂီတစူပါစတား တေလာဆွစ်ဖ်နဲ့ အမေရိကန်ဘောလုံးသမား ထရာဗစ်ကဲလ်ဆ်တို့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။
■ ယင်းတို့ရဲ့ ၃ နှစ်တာ အချစ်ဇာတ်လမ်းကို နယူးယော့ခ်မြို့ မက်ဒီဆန်စကွဲဂါးဒင်းက အခမ်းအနားမှာ ကျင်းပခဲ့ပြီး နာမည်ကျော်အများအပြား တက်ရောက်ခဲ့ကြပါတယ်။
■ မန်ဟက်တန်အားကစားကွင်းကြီး အပြင်ဘက် ဧရာမဖန်သားပြင်တွေပေါ်မှာ JUST MARRIED ဆိုတဲ့ စာတန်းတွေ ဖွင့်ပြခဲ့ပါတယ်။
■ တေလာဆွစ်ဖ်လက်ထက်လိုက်တဲ့ ထရာဗစ်ကဲလ်ဆ်ဟာ ကန်းဆက်စီးတီးချိဖ်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ပါတယ်။
■ လူရွှင်တော် အဒမ်ဆန်ဒလာက မင်္ဂလာအခမ်းအနားမှာ ကြေညာသူအဖြစ် ဆောင်ရွက်ခဲ့ပြီး တေလာဆွစ်ဖ်ရဲ့ မောင်ဖြစ်သူ အော်စတင်ဆွစ်ဖ်နဲ့ ကဲလ်ဆ်ရဲ့ အစ်ကိုဖြစ်သူ ဂျေဆန်ကဲလ်ဆ်တို့က သတို့သားအရန်အဖြစ် ပါဝင်ခဲ့ကြပါတယ်။
■ ဒီပွဲသို့ ဂျနီဖာလိုပက်ဇ်နဲ့ အက်ဒ်ရှီရန်ကဲ့သို့သော အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး အပြင်ဘက်မှာလည်း ပရိသတ်များ စုရုံးခဲ့ကြပါတယ်။
■ ယင်းတို့စုံတွဲရဲ့ အချစ်ရေးဟာ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့ကာ ၂၀၂၅ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့ပါတယ်။
■ မင်္ဂလာပွဲနဲ့အတူ ပရဟိတအဖွဲ့အစည်းများသို့ ဒေါ်လာ ၂၆ သန်း လှူဒါန်းခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 04 July 2026
■ ကော်ဖီက သွားတွေကို စွန်းထင်းစေပြီး အက်ဆစ်ဓာတ်က သွားကြွေလွှာကို တိုက်ရိုက်တိုက်စားနိုင်ပါတယ်။
■ နံနက်ခင်းမှာ ကော်ဖီမသောက်ခင် သွားတိုက်သင့်လား၊ ကော်ဖီသောက်ပြီးမှ သွားတိုက်သင့်လားဆိုတာ သတိထားသင့်ပါတယ်။
■ ဆန်အန်တိုနီယို CommuniCare Health Centers မှ သွားဆရာဝန် ခရစ္စတီနာမိုင်နာစ်က ကော်ဖီမသောက်ခင် သွားတိုက်ခြင်းက သွားချိုးတွေကို ဖယ်ရှားစေပြီး အစွန်းအထင်းတွေ ကပ်ညိဖို့ခက်ခဲကြောင်း ပြောပါတယ်။
■ ကော်ဖီသောက်ပြီးမှ သွားတိုက်မယ်ဆိုရင်တော့ အက်ဆစ်ဓာတ်က သွားတွေကို အပြင်ကနေကာကွယ်ပေးတဲ့ ကြွေလွှာတွေကို အားနည်းစေပါတယ်။
■ ဒီအတွက် ဆရာဝန်ကတော့ နံနက်ခင်းမှာ အရင်ဆုံးသွားတိုက်ပြီးနောက် ကော်ဖီသောက်ကာ ရေဖြင့်အာလုတ်ကျင်းလိုက်ပါတယ်။
■ အက်ဆစ်ဓာတ်တွေကို သွားတိုက်လိုက်တဲ့အခါ ကြွေလွှာတွေ မြန်မြန်ပျက်စီးစေနိုင်တယ်လို့ နယူးယော့ခ်စီးတီးမှ သွားဆရာဝန် ဆွန်ညာခရာဆေလ်နီကော့ဗ်က ရှင်းပြပါတယ်။
■ တစ်ခါနှစ်ခါလောက် ဒီလိုသွားတိုက်မိတာက အနည်းအကျဉ်းမျှသာ ပွတ်တိုက်စေတာဖြစ်ပြီး ရေရှည်အလေ့အကျင့် ဖြစ်သွားမှသာ ကြွေလွှာတိုက်စားနိုင်တာ ဖြစ်တယ်လို့ ဘရွတ်ကလင်းအုတ်သွားဆေးခန်းမှ ဆီယာမာမူဟာမက်ကလည်း ပြောပါတယ်။
■ ကော်ဖီသောက်ပြီးလို့ နာရီဝက်လောက် ကြာတဲ့အခါ ပါးစပ်ထဲမှာ pH က မူလအခြေအနေအတိုင်း ပြန်ရောက်သွားပြီး သွားတိုက်လို့ စိတ်ချရပြီ ဖြစ်ပါတယ်။
■ ဒါမှမဟုတ် အချိုမပါတဲ့ ပီကေဝါးခြင်းကလည်း တံတွေးပိုထွက်စေပြီး အက်ဆစ်အခြေအနေကို ပြန်လည်ညီမျှစေမှာ ဖြစ်ပါတယ်။
Source: Huff Post
Page 4 of 1189