#World_Health
Published 01 June 2026
■ ယနေ့ခေတ် ရုံးကိုရောက်တဲ့အချိန်ကစပြီး ရုံးဆင်းချိန်အထိ တစ်ချိန်လုံး ကွန်ပျူတာအသုံးပြုနေရခြင်းဟာ ဦးနှောက်ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်တွေထဲကတစ်ခု ဖြစ်လာပါတယ်။
■ တောင်ကိုရီးယားရဲ့ ဒီမန်ရှာရောဂါ ခံစားရသူဦးရေဟာ ၂၀၂၆ မှာ ၁ သန်းအထိ ရှိလာပြီး ၂၀၄၄ မှာ ၂ သန်းရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
■ ဦးနှောက်အသိဉာဏ် ယိုယွင်းမှုခံစားရသူဦးရေက ၂၀၃၃ မှာ ၄ သန်းကျော်လာနိုင်ပြီး အသက် ၆၅ နှစ်အထက် လူကြီးတွေရဲ့ ၂၈ ရာခိုင်နှုန်းကျော်မှာ လက်ရှိသက်ရောက်နေပါတယ်။
■ နေ့စဉ် ၈ နာရီကျော် အထိုင်များခြင်းကြောင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို ၂၇ ရာခိုင်နှုန်း မြင့်မားစေကြောင်း ကနေဒါ ယော့ခ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
■ အထိုင်များခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို လေ့ကျင့်ခန်းတွေလုပ်ပြီး ဖုံးကွယ်လို့ မရဘူးလို့ သုတေသီတွေ ဆိုပါတယ်။
■ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေတောင်မှ နေ့စဉ် ၆ နာရီကျော်အောင် အထိုင်များခြင်းက စောစီးစွာဆုံးပါးခြင်းအတွက် အကြောင်းအရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
■ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ဇီဝကမ္မဖြစ်စဉ် နှေးစေပြီး ထရိုင်ဂလစ်ဆရိုက်တွေ များလာစေကာ ကိုယ်လက်လှုပ်ရှားမှုရဲ့ အကျိုးကျေးဇူးတွေကို ထိခိုက်စေနိုင်ပါတယ်။
■ ဇီဝကမ္မဖြစ်စဉ်အပြင် ဆီးချို၊ ဒီမန်ရှာ၊ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
■ ရေရှည်ကျန်းမာရေး ရှေးရှုတဲ့အနေနဲ့ အဆက်မပြတ်ထိုင်ခြင်း မပြုလုပ်ဘဲ မိနစ် ၃၀ ကြာပြီးတိုင်း ၂ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းညှိစေမှာဖြစ်ပါတယ်။
■ အကောင်းဆုံး အလေ့အကျင့်ကတော့ နာရီဝက်ကြာတိုင်း ခဏတဖြုတ် လှုပ်ရှားပေးသင့်ပါတယ်။
Source: Seoul Economic Daily
#World_Health
Published 31 May 2026
■ ကြက်ဥပုံမှန် စားသုံးခြင်းက သက်ကြီးရွယ်အိုတွေမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
■ လူပေါင်း ၄ သောင်းနီးပါးကို ၁၅ နှစ်ကျော် စောင့်ကြည့်ခဲ့ကြပြီး အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
■ လေ့လာချက်ကာလအတွင်း ၂,၈၀၀ ခန့်ဟာ အယ်ဇိုင်းမားရောဂါ ဖြစ်ခဲ့ပါတယ်။
■ ကြက်ဥစားသုံးတဲ့သူတွေက မစားတဲ့သူတွေထက်စာရင် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ပိုနည်းတာ တွေ့ခဲ့ကြပါတယ်။
■ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ၊ အခြားအလေ့အကျင့်များကို ထည့်သွင်းစဉ်းစားပြီးနောက် တစ်ပတ်ကို ကြက်ဥ ၂ ကြိမ်ကနေ ၄ ကြိမ်စားသုံးသူတွေဟာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုနည်းပြီး ၅ ကြိမ်နဲ့အထက် စားသုံးသူတွေကတော့ ၂၇ ရာခိုင်နှုန်း ပိုနည်းတာ တွေ့ရပါတယ်။
■ ကြက်ဥမစားတဲ့သူတွေကတော့ ဖြစ်နိုင်ခြေ ပိုမြင့်မားကြောင်းလည်း တွေ့ရပါတယ်။
■ ကိုလင်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-ဘီ၁၂ အပါအဝင် ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ် အများအပြားဟာ ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်နေပြီး မှတ်ဉာဏ် အသိဉာဏ်လုပ်ဆောင်ချက်တို့ကို အထောက်အကူ ပြုနိုင်ပါတယ်။
■ ဒါပေမဲ့ ကြက်ဥစားခြင်းဟာ အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်တယ်လို့တော့ သက်သေမပြထားပါဘူး။
■ အယ်ဇိုင်းမားနဲ့ ပတ်သက်လာရင် နေထိုင်စားသောက်မှုပုံစံတွေရဲ့ လွှမ်းမိုးမှုတွေကို ရှာဖွေဖို့ကလည်း အရေးကြီးပါတယ်။
■ ရေရှည်ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်ပုံတွေကို လေ့လာဖို့ကတော့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
Source: Fox17
#World_Science
Published 31 May 2026
■ ပန်ကရိယကင်ဆာ ရှိနေကြောင်း ဆရာဝန်တွေ တွေ့ရှိတဲ့အခါ ကုသဖို့ နောက်ကျနေပြီဖြစ်ပါတယ်။
■ လေ့လာချက်အသစ်မှာတော့ ကင်ဆာအကျိတ်တွေ မပေါ်ခင်မှာ AI နည်းပညာဖြင့် ရောဂါလက္ခဏာတွေ တွေ့ရှိနိုင်ဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။
■ မင်းန်ဆိုတာရှိ Mayo Clinic မှထုတ်လုပ်တဲ့ AI စနစ်တစ်ခုဟာ လူနာတွေ ပန်ကရိယကင်ဆာ ရှာမတွေ့ခင် ၃ နှစ်လောက်အလိုမှာ ပုံမှန်မဟုတ်တာတွေကို ရှာတွေ့ခဲ့ပါတယ်။
■ ပန်ကရိယကင်ဆာဟာ ရောဂါလက္ခဏာ မပြသလို စောစီးစွာတွေ့ရှိစေမယ့် ရောဂါစစ်ဆေးနည်းလမ်းလည်း မရှိတာကြောင့် နောက်ကျသွားမှ သိရှိတတ်ကြပါတယ်။
■ ကင်ဆာကို ခုခံအားစနစ်မတွေ့နိုင်အောင် ကာကွယ်ထားပြီး ရှာဖွေရန်ခက်ခဲစေတဲ့ ပန်ကရိယထဲမှ အကျိတ်ဆဲလ်များကို AI စနစ်က ရှာဖွေဖော်ထုတ်မှာ ဖြစ်ပါတယ်။
■ မိသားစုမျိုးရိုးလိုက်သူတွေ ဆီးချိုရှိသူတွေလိုမျိုး ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူတွေအတွက် အကျိုးရှိစေမှာဖြစ်ပြီး ရောဂါလက္ခဏာတွေ မပေါ်ခင် စမ်းသပ်စစ်ဆေးခြင်းဖြင့် တွေ့နိုင်မှာ ဖြစ်ပါတယ်။
■ ပန်ကရိယကင်ဆာသုတေသနကဏ္ဍ တိုးတက်လာတဲ့အထဲမှာ mRNA ကာကွယ်ဆေးများ၊ daraxonrasib တို့လို စမ်းသပ်ဆေးဝါးများ၊ အဆင့်မြင့် သွေးစစ်ဆေးချက်များ ပါဝင်ပါတယ်။
■ AI က ရောဂါရှာဖွေရေးနည်းလမ်းတွေထဲမှာ အရေးပါလာကြောင်း မြင်တွေ့လာရပြီး ဆေးဘက်ဆိုင်ရာ အခြေအနေအရပ်ရပ်မှာ လူသားဆရာဝန်တွေနဲ့ ယှဉ်ပြိုင်လာနိုင်တာ တွေ့ရပါတယ်။
■ Mayo Clinic မှ AI စနစ်ဟာ အပြင်မှာ လက်တွေ့မရနိုင်ခင် စမ်းသပ်မှုပြီးမြောက်ဖို့ အချိန် ၃-၅ နှစ်ခန့် ကြာမြင့်နိုင်ပါတယ်။
Source: NBC News.
မေ၃၀၊၂၀၂၆(နယူးဒေလီ)-
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာသို့ ရှေးဦးစွာ ရောက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်တွင် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီးထံသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မုစလိန္ဒအိုင်ရှိ ငါးများအား အစာကျွေးခြင်း၊ သုဇာတာစေတီတော်သို့ သွားရောက်ဖူးမြော်ခြင်းနှင့် ဗုဒ္ဓဂယာ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂါယာလေဆိပ်မှ နယူး ဒေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ Palam လေတပ်စခန်းသို့ ရောက်ရှိ ခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Minister of State for External Affairs Shri Kirti Vardhan Singh၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ခမ်းနားစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်. ဂျိုင်ရှန်ကာ (Dr. S. Jaishankar) က မေလ ၃၀ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ "ကာလရှည်ကြာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာနက်ရှိုင်းစေရေးအပေါ် သမ္မတဦးမင်းအောင်လှိုင်၏ အပြုသဘော ဆောင်သော သဘောထားကို ကျေးဇူးတင်ရှိပါကြောင်း" အိန္ဒိယပြည်ပရေးရာဝန်ကြီးက ၎င်း၏ လူမှုကွန်ရက် ‘X’ (ယခင် Twitter) တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် သမ္မတဦးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုကို မျှော်လင့်စောင့်စားလျက်ရှိကြောင်းလည်း ဒေါက်တာ ဂျိုင်ရှန်ကာက ဆက်လက်ရေးသားခဲ့သည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်တိုရဲ့ ဒုတိယမြောက်ပြည်တွင်းဖြစ် အပျော်စီးသင်္ဘောကြီး Adora Flora City ဟာ ၁၂ ရက်ကြာ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ရှန်ဟိုင်းဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ခဲ့ပြီး ဒါဟာအပျော်စီးသင်္ဘော အမြောက်အများထုတ်လုပ်မယ့် တရုတ်ကြိုးပမ်းအားထုတ်မှုတွေမှာ နောက်ထပ်မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Business
Published 30 May 2026
#တရုတ်ပြည် #အပျော်စီးသင်္ဘောကြီး
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 30 May 2026
■ လူ့အသက်ကြီးလာတဲ့အခါ အသုံးမဝင်တော့ဘူးလို့ ယူဆခဲ့ကြတဲ့ သိုင်းမတ်စ်ဂလင်းဟာ ယခုအခါ ဇီဝဆေးဘက်ဆိုင်ရာ သိပ္ပံပညာရပ်မှာ အရေးပါလာနိုင်ပြီး သိုင်းမတ်စ်ဂလင်း ဆုတ်ယုတ်လာခြင်းက ခုခံအားစနစ် အိုမင်းရင့်ရော်ခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ခြေတို့နဲ့ ဆက်စပ်နေတယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
■ အခုဆိုရင် ဒီလိုဆက်စပ်မှုတွေကနေ လူသားတွေမှာ အစောပိုင်းစမ်းသပ်မှုအဆင့်အထိ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
■ ကိုယ်ခံအားစနစ် အိုမင်းလာခြင်းကို ပြန်လည်နုပျိုစေဖို့ သိုင်းမတ်စ်ဂလင်း ပြန်လည်ဆန်းသစ်မှုဆိုင်ရာ အစောပိုင်း လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
■ သိုင်းမတ်စ်ဂလင်း ဆုတ်ယုတ်ခြင်းက ကိုယ်ခံအားစနစ် အားနည်းခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်မားခြင်းတို့နဲ့ ဆက်စပ်နေကြောင်း သုတေသနများ ဖော်ပြနေပါတယ်။
■ AI နည်းပညာဖြင့် ကိုယ်ခံအားအိုမင်းခြင်းဆိုင်ရာ အမှတ်အသားများ ရှာဖွေဖော်ထုတ်ရန်နဲ့ သိုင်းမတ်စ်ဂလင်းရဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်ခန့်မှန်းရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
■ စမ်းသပ်ဆဲ လေ့လာချက်တွေထဲမှာ ပင်မဆဲလ်မှ ဆင်းသက်လာတဲ့ သိုင်းမတ်စ်ဆဲလ်များနဲ့ အော်ဂန်နွိုက် အခြေပြုစနစ်များ ပါဝင်ပါတယ်။
■ သိုင်းမတ်စ်ဂလင်းရဲ့ ကျန်းမာရေးက ကင်ဆာကုထုံးအောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ကင်ဆာရောဂါဗေဒကို အကျိတ်နဲ့ ကိုယ်ခံအားစနစ် တည်ဆောက်ပုံ နှစ်ခုစလုံး ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍအဖြစ် အမြင်သစ်ဖြစ်လာစေပါတယ်။
■ ဒီစမ်းသပ်မှုက လူသားတွေမှာ ရေရှည်ခံနိုင်ရည်ရှိမှု၊ ဘေးကင်းစိတ်ချရမှု၊ ကုသနည်းထိရောက်မှုတို့နဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိလာဦးမှာပါ။
■ သိုင်းမတ်စ်ဂလင်း ပြန်လည်နုပျိုစေခြင်းဟာ ရှောင်လွှဲမရ အိုမင်းလာစေတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကနေ ဝင်ရောက်ပြုပြင်နိုင်တဲ့ ဖြစ်စဉ်အဖြစ် ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။
Source: The Eastern Herald.
#World_Health
Published 30 May 2026
■ အသက် ၆၀ ဝန်းကျင်လောက်ကစပြီး အာဟာရဓာတ် လိုအပ်ချက်တွေ ပြောင်းလဲလာကြပါတယ်။
■ အသက် ၆၀ နောက်ပိုင်းမှာ ဇီဝကမ္မဖြစ်စဉ် နှေးလာပြီး ကြွက်သားဆုံးရှုံးလာပါတယ်။
■ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ၊ ပရိုတိန်းတွေဖြင့် ကြွက်သားနဲ့ ခွန်အားဆုံးရှုံးမှုတွေ ထိန်းသိမ်းနိုင်ပါတယ်။
■ အာဟာရဓာတ် စုပ်ယူမှုလျော့နည်းလာတာကြောင့် အချို့သော အာဟာရဓာတ်တွေကို ဦးစားပေးဖို့ လိုအပ်လာပါတယ်။
■ (၁) ကယ်စီယံ
အသက်ကြီးလာတာနဲ့အမျှ ကယ်စီယံပိုစားဖို့ လိုလာပြီး အရိုးသန်မာမှုကို ကူညီပေးကာ အရိုးပွနိုင်ခြေ လျော့နည်းစေပါတယ်။
ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်အရွက်များ၊ နို့ထွက်ပစ္စည်းများ၊ လိမ္မော်ရည်၊ အပင်ထွက်နို့တို့လို ကယ်စီယံပါဝင်တဲ့ အစားအစာတွေမှာ ကယ်စီယံကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၂) ဗိုက်တာမင်-ဒီ
အရိုးသန်မာမှုကို ထောက်ပံ့ပေးကာ အဆီပါသောငါး၊ ကြက်ဥအနှစ်တို့မှာ ပါဝင်သလို နေရောင်ခြည်ထိတွေ့ခြင်းကလည်း ဗိုက်တာမင်-ဒီ ရရှိစေပါတယ်။
■ (၃) ဗိုက်တာမင်-ဘီ၁၂
အသက်ကြီးလာတဲ့အခါ အစာအိမ်အက်ဆစ် ထုတ်လုပ်မှု နည်းသွားတာကြောင့် ဗိုက်တာမင်-ဘီ၁၂ စုပ်ယူနိုင်ဖို့ ခက်လာပါတယ်။
ဒါကြောင့် အသား၊ ဥ၊ နို့ထွက်ပစ္စည်း၊ ငါးတို့ စားသုံးခြင်းဖြင့် ဘီ၁၂ ရရှိစေမှာ ဖြစ်ပါတယ်။
■ (၄) ပရိုတိန်း
အသက်ကြီးလာရင် ပရိုတိန်း ပိုလိုအပ်လာတာကြောင့် စားတဲ့အခါတိုင်းမှာ ပရိုတိန်းလုံလောက်အောင် စားသုံးသင့်ပြီး ကြက်သား၊ ငါး၊ ဥ၊ ဒိန်ချဉ်၊ တိုဖူးတို့မှာ ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၅) အမျှင်ဓာတ်
အစာခြေစနစ် ကောင်းမွန်နေစေဖို့ အမျှင်ဓာတ် ပိုစားရမှာဖြစ်ပြီး အပင်အခြေပြု စားစရာတွေဖြစ်တဲ့ ပဲ၊ ဟင်းရွက်၊ အသီးအနှံ၊ အခွံမာသီး၊ အစေ့အဆန်တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
Source: Very Well Health
Page 14 of 1180