#World_Science
Published 30 September 2025

▪️ အိုင်ဘေးရီးယားပုရွက်ဆိတ်ဘုရင်မတွေ ဥလိုက်တဲ့ ဥတချို့ထဲမှာ အခြားမျိုးစိတ်တစ်ခုရဲ့ အထီးတွေပါဝင်ပြီး အသိုက်အဖွဲ့ထဲက လုပ်သားပုရွက်ဆိတ်တွေအားလုံးရဲ့ အဖေတွေ ဖြစ်နေပါတယ်။

▪️ ဒီလိုအံ့ဩဖွယ်ဖြစ်ရပ်ကို ပြင်သစ်မောင့်ပယ်လီယာတက္ကသိုလ်မှ ဂျိုနသန်ရိုမီဂူယာက တွေ့ရှိတာ ဖြစ်ပါတယ်။

▪️ အိုင်ဘေးရီးယား ပုရွက်ဆိတ်တွေဖြစ်တဲ့ M. ibericus မျိုးစိတ်အသိုက်ထဲက လုပ်သားအားလုံးဟာ မျိုးစပ်တွေဖြစ်နေကြပြီး DNA တဝက်လောက်က M. structor နဲ့ ကိုက်ညီနေပါတယ်။

▪️ ဒါဟာ M. ibericus ဘုရင်မတွေက M. structor အထီးတွေနဲ့ မိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။

▪️ လုပ်သားများ အသက်ရှင်ဖို့အတွက် အခြားမျိုးစိတ်တွေနဲ့ မိတ်လိုက်ပေါက်ဖွားဖို့ လိုအပ်တာဖြစ်နိုင်ပါတယ်။

▪️ ရိုမီဂူယာတို့အဖွဲ့က ဓာတ်ခွဲခန်းထဲမှာ M. ibericus အသိုက်အမြုံဒါဇင်ခန့်ကို ယူဆောင်လာကာ အထီးတစ်ကောင်မှမပါဘဲ မွေးဖွားတာကို ၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ကြပါတယ်။

▪️ M. structor အထီးသုံးကောင်ကို ဓာတ်ခွဲခန်းထဲမှာ မွေးခဲ့ရာမှာတော့ M. ibericus ဘုရင်မတွေက မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။

▪️ ဒါဟာ ဘုရင်မတွေမွေးတဲ့ သမီးတွေအနေနဲ့ ဘုရင်မဖြစ်လာပြီးနောက် မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေနဲ့ မိတ်လိုက်နိုင်အောင် လုပ်ပေးပါတယ်။

▪️ M. ibericus ဘုရင်မတွေဟာ သူတို့ဆီကနေ အထီးမွေးဖို့လိုပြီး ဒီလိုမဟုတ်ရင် လုပ်သားတွေ မရရှိနိုင်ပါဘူး။

▪️ ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းကနေ ဆင့်ကဲပြောင်းလဲလာကြပြီး M. structor အသိုက်အမြုံတွေ မရှင်သန်နိုင်တဲ့ မက်ဒီတာရေးနီးယန်းဒေသတလျှောက်မှာ ပျံ့နှံ့တည်ရှိနေပြီ ဖြစ်ပါတယ်။

Source: NewsScientist