#World_Health
Published 30 September 2025

▪️ အများသုံးနေရာတွေမှ လက်အခြောက်ခံစက်တွေဟာ ထိုအခန်းထဲမှ လေတွေကိုပင် စုပ်ယူပြီး လေမှုတ်ထုတ်ပေးတာ ဖြစ်ပါတယ်။

▪️ ဒါကြောင့် ဒီလေထဲမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ အမှုန်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေ ပြည့်နေပါတယ်။

▪️ အက်စ်တာ CMI ဆေးရုံမှ ကူးစက်ရောဂါအတိုင်ပင်ခံ ဒေါက်တာ ဆဝါတီရာဂျာဂိုပယ်က အများသုံးသန့်စင်ခန်းမှ လက်အခြောက်ခံစက်တွေ အသုံးပြုခြင်းဖြင့် မကျန်းမမာဖြစ်နိုင်တယ်လို့ သဘောတူနေပါတယ်။

▪️ လက်အခြောက်ခံစက်တွေက သန့်စင်ခန်းထဲမှ လေကိုစုပ်ယူပြီး မှုတ်ထုတ်ပေးတာကြောင့် ဘက်တီးရီးဘားပိုးမွှားတွေ ပျံ့နှံ့စေတယ်လို့ ဆိုပါတယ်။

▪️ စက်ရဲ့ မျက်နှာပြင်ကို ထိတွေ့မိရင် အဓိကဆိုးရွားတာကြောင့် ထိမိခြင်း၊ နီးကပ်စွာအမှုတ်ခံခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။

▪️ မှုတ်ထုတ်လိုက်တဲ့လေက လက်အပြင် လက်နဲ့ထိတွေ့တဲ့ မျက်နှာ၊ အစားအစာတို့ကိုပါ ကူးစက်သွားနိုင်ပါတယ်။

▪️ စိတ်အချရဆုံးနည်းလမ်းက လက်ကိုဆပ်ပြာနဲ့ ဆေးပြီးနောက် တစ်ရှူးစက္ကူဖြင့် သုတ်သင်တာပဲ ဖြစ်ပါတယ်။

▪️ စက္ကူမရှိဘူးဆိုရင် လက်တွေကို သဘာဝအတိုင်း ခြောက်သွေ့စေခြင်းက လက်အခြောက်ခံစက်သုံးတာထက် ပိုမိုဘေးကင်းနိုင်ပါတယ်။

▪️ ဒါ့အပြင် ဘေးကင်းကျန်းမာဖို့အတွက် နောက်ထပ်အရေးကြီးဆုံးက လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့် ဆေးကြောရမှာ ဖြစ်ပါတယ်။

Source: Indian Express