#World_News
Published 30 September 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူတို့ကို တနင်္လာနေ့က အိမ်ဖြူတော်မှာ အတူတကွ ‌မြင်ခဲ့ရပြီး ကျန်ရှိနေတဲ့ ဓားစာခံများ လွတ်မြောက်ရေးနဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေး ခိုင်မာစေမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို ထောက်ခံမှုပြုခဲ့ကြပါတယ်။

▪️ ဒီအခြေအနေကိုရောက်ရှိရန် အလွန်နီးစပ်နေပြီလို့ ထရမ့်က သတင်းရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

▪️ အိမ်ဖြူတော်က ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အချက် ၂၀ ပါ အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး၊ ဂါဇာကို ကူညီထောက်ပံ့ရေး၊ ၄၈ နာရီအတွင်း ဟားမတ်စ်ဘက်ကနေ ဓားစာခံများ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။

▪️ ဘေးမှာရှိနေတဲ့ နေတန်ယာဟူက ထရမ့်ရဲ့ အစီအစဉ်တွေကို ထောက်ခံကာ စစ်ပွဲရဲ့ ဦးတည်ချက်ကို ဖြစ်မြောက်စေမယ်လို့ ပြောပါတယ်။

▪️ ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးလမ်းခင်းရရှိရေးအတွက် အရေးပါတဲ့ခြေလှမ်းဆီ ဦးတည်နေပြီလို့ ပြောပါတယ်။

▪️ ဟားမတ်စ်တို့ကတော့ အဆိုပြချက်ကို လက်မခံသေးဘဲ အချို့သော အကြောင်းအရာများကို ငြင်း‌ဆန်ထားပါတယ်။

▪️ ထရမ့်က နေတန်ယာဟူကို အမာခံထောက်ခံသူဖြစ်ပေမယ့် စစ်ပွဲကြာရှည်နေပြီး အသက်တွေဆုံးရှုံးမှုများလာတဲ့အပေါ် စိတ်ပျက်နေတာပါ။

▪️ ဟားမတ်စ်တို့သာ ငြင်းဆန်ပါက ဟားမတ်စ်ကို လုံးဝဖျက်ဆီးမယ့် အစ္စရေးလ်တို့ကို အပြည့်အဝထောက်ပံ့သွားမယ်လို့ ထရမ့်က ပြောသွပါတယ်။

Source: NPR