#World_Science
Published 17 October 2025
■ နာဆာ(NASA)က လူသားမျိုးဆက် ရေရှည်ရှင်သန်ဖို့ အခြေအနေများ ဖန်တီးရန်အတွက် လပေါ်မှာ ရွာတည်သွားဖို့ အစီအစဉ်များ ထုတ်ဖော်လိုက်ပါတယ်။
■ တနင်္လာနေ့က ဩစတြေးလျ ဆစ်ဒနီမှာပြုလုပ်တဲ့ နိုင်ငံတကာအာကာသကွန်ဂရက် (IAC)မှာ အုပ်ချုပ်ရေးမှူး ရှောင်ဒပ်ဖီက ဆယ်စုနှစ်အတွင်း အခြေချနိုင်ဖို့ ဖွဲ့စည်းသွားနိုင်တယ်လို့ ကြေညာသွားပါတယ်။
■ အခြားလူတွေရဲ့ နယ်မြေကို သိမ်းယူတာမဟုတ်ဘဲ လူသားတွေ ရေရှည်ရှင်သန်နိုင်ဖို့ လပေါ်မှာ ရွာတည်မှာဖြစ်ကြောင်း ပြောပါတယ်။
■ ဒီရွာကို နျူကလီးယားဓာတ်အားပေးသွားမှာ ဖြစ်ပြီး ၂၀၃၀ အရောက်မှာ လပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုကို နာဆာက ဆောက်လုပ်သွားဖို့ စီစဉ်မှာဖြစ်ကြောင်း မစ္စတာဒပ်ဖီက ဆိုပါတယ်။
■ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်အပါအဝင် နိုင်ငံတွေဟာ လူသားများ အမြဲတမ်း အခြေချနေထိုင်နိုင်ရန် လကမ္ဘာပေါ်မှာ အပြိုင်အဆိုင် စူးစမ်းလေ့လာနေကြပါတယ်။
■ ဒီမတိုင်ခင်ကလည်း နာဆာဟာ ဒုံးပျံဖြင့် လပေါ်ကို အာကာသယာဉ်မှူးများ စေလွှတ်မယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။
■ ဒီလိုသာဖြစ်လာရင် နှစ် ၅၀ အတွင်း လကမ္ဘာခရီးစဉ်ကို ပထမဆုံးသွားနိုင်တဲ့ နိုင်ငံဖြစ်လာပြီး မားစ်ဂြိုဟ်ကို သွားနိုင်ဖို့အတွက်လည်း ခြေလှမ်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
■ Artemis II အာကာသခရီးစဉ်မှာဆိုရင် အာကာသယာဉ်မှူး ၄ ဦးဖြင့် လကမ္ဘာမျက်နှာပြင်နဲ့ မားစ်ခရီးစဉ်များအတွက် ပြင်ဆင်မှုတွေအကြောင်း ပညာရှင်တွေ ဆွေးနွေးနေကြတယ်လို့ အမေရိကန်အာကာသအေဂျင်စီက ဖော်ပြထားပါတယ်။
■ အာကာသယာဉ်မှူးတွေကို တင်ဆောင်မယ့် ဒုံးပျံကို ဆောက်လုပ်ထားပြီး Space Launch System က အတော်လေးခရီးရောက်နေပြီလို့ Artemis Launch ညွှန်ကြားရေးမှူး ချာလီဘလက်ဝဲလ်က ပြောသွားပါတယ်။
Source: Mirror