နည်းပညာပိုင်း တိုးတက်မှုများ၊ ပို့ကုန်တိုးမြှင့်လာမှုများနဲ့ အသုံးပြုမှုကဏ္ဍများ ပိုမိုကျယ်ပြန့်လာမှုတို့ကြောင့် တရုတ်နိုင်ငံရဲ့ 3D ပရင့်ထုတ်ကဏ္ဍ လျင်မြန်စွာဖွံဖြိုးတိုးတက်တဲ့ အဆင့်သစ်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါတယ်။
#Asia_Industry
Published 29 May 2026
#တရုတ်3Dပရင့်
#YMG #Yangon_Times #Yangon_Media_Group
မေ ၂၉၊နယူးဒေလီ(WION) - အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် သောကြာနေ့က မော်စကိုမြို့၌ ကျင်းပသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်၏ ပြင်ပ သီးသန့်တွေ့ဆုံမှုအဖြစ်တွင် မြန်မာအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဦးတင်အောင်စန်းနှင့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။
လုံခြုံရေးဆိုင်ရာ အကြီးအကဲနှစ်ဦးသည် လုံခြုံရေး၊ ကာကွယ်ရေး၊ ဆက်သွယ်မှုနှင့် အခြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မကြာ သေးမီက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအခြေအနေဆိုင်ရာ စိန်ခေါ်မှုများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုမို ကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ကို နှစ်နိုင်ငံစလုံးက အလေးထားကြောင်း မီးမောင်းထိုးပြလျက် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးတင်အောင်စန်းသည် (၅) ကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးအကြံပေးများ အစည်းအဝေး အတွက် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသည်။
ယခု မော်စကိုတွေ့ဆုံမှုသည် မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ အဆင့်မြင့် အိန္ဒိယနိုင်ငံခရီးစဉ်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။
မေ ၂၉၊၂၀၂၆- နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မကြာမီစတင်မည့် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း စီးပွားရေးစီမံကိန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်စပ်စီမံခန့်ခွဲရေးကိစ္စများ ပါဝင်ဖွယ်ရှိနေ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအခြေစိုက် Wion သတင်းဌာန၏ ယနေ့ မေ၂၉ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အပါအဝင် ဆက်သွယ်ရေး စီမံကိန်းများ၊ စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုမိုကောင်းမွန်သော နယ်စပ်စီမံခန့်ခွဲရေးကိစ္စရပ်များမှာ ခရီးစဉ်အတွင်း ထင်ရှားစွာ ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားခြင်းဖြစ်သည်။
ကုန်သွယ်ရေး၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နယ်စပ် တစ်လျှောက် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် ပြည်နယ်များကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်ပေးနိုင်မည့် ဆက်သွယ်ရေးစင်္ကြံများကိစ္စသည်လည်း ဆွေးနွေးပွဲ အစီအစဉ်တွင် လွှမ်းမိုးထားဖွယ်ရှိနေကြောင်းလည်း သတင်းကဆိုသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင် ခေါင်းဆောင်များ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇွန်လ (၁) ရက်နေ့တွင် နယူးဒေလီမြို့၌ ဝန်ကြီးချုပ် မိုဒီနှင့် တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံအကြား “သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ” ကို ပိုမို ခိုင်မာအားကောင်းစေရေး အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ခရီးစဉ်အတွင်း သီးသန့် စီးပွားရေးဖိုရမ်တစ်ခုကိုလည်း ကျင်းပသွားမည် ဖြစ်သည်။
ဇွန်လ (၂) ရက်နေ့တွင် အိန္ဒိယ စက်မှုလုပ်ငန်းရှင် ခေါင်းဆောင်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုများနှင့် လုပ်ငန်းခွင်လေ့လာရေးများအတွက် မွမ်ဘိုင်းမြို့သို့ ခရီးမထွက်ခွာခင် သမ္မတ ဦးမင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသော ဘာသာရေး အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ မေ၃၀ရက်တွင် သွားရောက်မည်ဖြစ်သည်။
"မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းပထမ (Neighbourhood First)၊ အရှေ့မျှော်(Act East)မူဝါဒ နှင့် မဟာဆာဂါ (MAHASAGAR- လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်နှင့် ဘက်စုံတိုးတက်ရေး)) မူဝါဒများ ဆုံစည်းရာတွင် တည်ရှိနေသည်" ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန် ချက်တွင် မှတ်ချက်ပြုထားပြီး၊ နယူးဒေလီအစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် မည်မျှ မဟာ ဗျူဟာမြောက် အလေးထားကြောင်းကို မီးမောင်းထိုးပြထားကြောင်း အဆိုပါသတင်းကရေးသားသည်။
ယခုခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင်၏ လက်ရှိရာထူးတာဝန်ဖြင့် ပထမဆုံးအကြိမ် ပြည်ပသို့ သွားရောက်သော ခရီးစဉ်လည်းဖြစ်သည်။
#World_News
Published 29 May 2026
■ အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်နဲ့ ဟော်မုဇ်ရေလက်ကြား ရေကြောင်းကုန်သွယ်ရေး ဖြတ်သန်းသွားလာမှု ကန့်သတ်ချက်များ ရုပ်သိမ်းရန် ကြာသပတေးနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
■ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းသဘောတူညီချက်ကို အတည်ပြုရန် ကျန်ရှိနေသေးသလို အပြီးမသတ်ရသေးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။
■ သဘောတူညီချက်အရ အပစ်ရပ်စဲရေးဟာ နောက်ထပ်ရက် ၆၀ ကြာတဲ့အထိ တိုးချဲ့လိုက်ပြီး ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပါတယ်။
■ အမေရိကန်နဲ့ အီရန်ခေါင်းဆောင်ပိုင်းတွေကသာ အတည်ပြုပါက ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးခြေလှမ်း ဖြစ်လာနိုင်ပါတယ်။
■ ထရမ့်က သဘောတူညီချက်အကြောင်း အတည်မပြုရသေးသလို အီရန်ဘက်ကလည်း သဘောတူညီချက်အကြောင်း မပြောထားပါဘူး။
■ အတိုက်အခိုက် အဆုံးသတ်ရေး သဘောတူညီမှုရရန် နီးစပ်နေပြီလို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်ပြောထားပါတယ်။
■ သဘောတူညီချက်ထဲမှာ ရေလက်ကြား ဖြတ်သန်းရေး၊ အီရန်ဆိပ်ကမ်းများ ပိတ်ဆို့ထားမှုနဲ့ အီရန်ရေနံရောင်းချမှု ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့တွေ ပါလာနိုင်ပါတယ်။
■ ရေလက်ကြား ပြန်ဖွင့်လာနိုင်ခြေ မျှော်လင့်ချက်ဖြင့် ရေနံဈေးနှုန်း ကျဆင်းလာနိုင်ပါတယ်။
Source: Reuters
#World_Health
Published 29 May 2026
■ လှေကားတက်တယ်ဆိုတာ ဘာမှခက်ခဲတဲ့အလုပ်မဟုတ်ပေမယ့် လူအများစုဟာ လှေကားတက်တဲ့အချိန် ဒူးနာကြပြီး လမ်းလျှောက်ရင်တော့ သာမန်ပဲ ခံစားကြပါတယ်။
■ ဒါဟာ ဒူးဆစ်တွေက ဖိအားကို ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာကို ညွှန်ပြနေပါတယ်။
■ မတူညီတဲ့ လှုပ်ရှားမှုတွေကြားမှာ အဆစ်တွေက ဘယ်လိုလုပ်ဆောင်လဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ Zen Multispeciality ဆေးရုံမှ ဒူးခွဲစိတ်အထူးကု ဒေါက်တာ ရာကက်ရှ်နဲက ပြောပါတယ်။
■ လှေကားတက်တယ်ဆိုတာက ဒူးအနေနဲ့ ကိုယ်အလေးချိန်ကို ညီတူမျှတူ ခံနိုင်ရည်ရှိအောင် ပိုမိုကွေးပေးရပြီး သာမန်လမ်းလျှောက်တာထက် လိုအပ်ချက်ပိုများစေပါတယ်။
■ လှေကားတက်စဉ် ဒူးနာတယ်ဆိုတာဟာ ဒူးဆစ်အပေါ် ဖိအားများတာကြောင့်ဖြစ်ပြီး မြေပြန့်မှာ လမ်းလျှောက်ရင်တော့ သာမန်ပဲ ခံစားရပါတယ်။
■ ဒီလိုခံစားရတာဟာ Patellofemoral Pain Syndrome ခေါ် ဒူးဆစ်ဖိစီးခြင်းရောဂါရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နိုင်ပါတယ်။
■ ဒီရောဂါက ဒူးဖုံးနဲ့ ပတ်ပတ်လည် အစိတ်အပိုင်းတွေကို သက်ရောက်နေနိုင်ပြီး အစောပိုင်းအဆင့် အဆစ်အမြစ်ရောင်ခြင်း၊ အရိုးနုပျက်ယွင်းလာခြင်းတို့ ပါဝင်နိုင်ပါတယ်။
■ ပေါင်ကြွက်သားများ အားနည်းခြင်း၊ ဒူးဆစ်ပုံမမှန်ခြင်းတို့ကလည်း ဒီလိုဖြစ်စေနိုင်ပါတယ်။
■ တစ်ခုရှိတာက အနည်းငယ်မျှ အပြောင်းအလဲလုပ်ရုံဖြင့် ဒူးဖိအားကို သက်သာစေနိုင်ပြီး ပတ်ပတ်လည်ကြွက်သားများ သန်မာအောင်ပြုလုပ်ခြင်း၊ သတိထားသွားလာမှု ပြုလုပ်ခြင်းတို့ဖြင့် ကွဲပြားမှုခံစားရစေမှာ ဖြစ်ပါတယ်။
Source: Indian Express.
#World_Health
Published 29 May 2026
■ သခွားသီးစားခြင်းဖြင့် ရေဓာတ်ဖြည့်ပေးနိုင်တယ် ဆိုပေမယ့် ညဘက်စားရင်တော့ လေပွခြင်းနဲ့ အက်ဆစ်ဓာတ်များခြင်းတို့ ဖြစ်လာနိုင်ပြီး အစာခြေမှုနှောင့်နှေးစေနိုင်ပါတယ်။
■ အစာမကြေခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတို့ မဖြစ်စေရန် အစာအိမ်မကောင်းတဲ့သူတွေမှာ ညနောက်ကျမှ သခွားသီးစားခြင်း ရှောင်ရှားသင့်တယ်လို့ သုတေသနမှာ အကြံပြုထားပါတယ်။
■ သခွားသီးက ရေဓာတ်မြင့်မားစွာပါဝင်ပြီး အစာခြေဖို့လိုအပ်တဲ့ အစာခြေရည်တွေကို အာနိသင်လျော့ကျသွားစေတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ညဘက်မှာ အစာခြေဖို့ ခက်ခဲစေပါတယ်။
■ ခန္ဓာကိုယ် နေ့ညလည်ပတ်စက်ဝန်းအရ အစာခြေစနစ်က ညဘက်ဆိုရင် နှေးသွားပြီး ဇီဝကမ္မဖြစ်စဉ်နဲ့ အက်ဆစ်ထုတ်လွှတ်မှု ကျဆင်းသွားကာ အစာမကြေခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
■ အက်ဆစ်အချဉ်လျှံတက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ဝမ်းဗိုက်မကောင်းခြင်း စတာတွေ ခံစားရသူတွေအပြင် အသက်ကြီးသူတွေဟာ ညဘက် သခွားသီးစားပြီး အစာမကြေခြင်းကို ပိုမိုခံစားရနိုင်ခြေ များပါတယ်။
■ အစာမကြေခြင်း မဖြစ်စေဖို့ ထမင်းစားသုံးစဉ် နေ့ဘက်မှာ သခွားသီးကို အတန်အသင့်စားသင့်ပြီး အစာကြေစေဖို့အတွက်ဆိုရင် အခြားအစားအစာတွေနဲ့ တွဲဖက်သင့်ပါတယ်။
■ နေ့ဘက်မှာ အစာခြေအင်ဇိုင်းတွေ အမြင့်ဆုံးရှိတဲ့အချိန် စားပေးသင့်ပါတယ်။
■ တစ်ခါစားရင် ပမာဏအနည်းငယ်စားပေးပြီး အက်ဆစ်ဓာတ် လျော့ကျစေရန် ဟင်းခတ်အမွှေးအကြိုင် ထည့်နိုင်ပါတယ်။
■ လေပွခြင်း၊ အစာအိမ်အောင့်ခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့လို ညဘက်အစာမကြေ လက္ခဏာတွေ အမြဲဖြစ်နေရင်တော့ ဆေးကုသမှုခံယူသင့်ပါပြီ။
Source: NDTV
နိုင်ငံတကာအခြေအနေများ ဘယ်လိုပြောင်းလဲနေပါစေ တရုတ်အနေဖြင့် တရုတ်-ပါကစ္စတန်ဆက်ဆံရေး တိုးတက်မှုကို အမြဲဦးစားပေးလုပ်ဆောင်နေကြောင်း သမ္မတရှီကျင့်ဖျင်က တနင်္လာနေ့မှာ ပြောသွားပါတယ်။
#Asia_Politics
Published 28 May 2026
#ပါကစ္စတန်ဝန်ကြီးချုပ် #တရုတ်သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
Page 15 of 1180