#World_Health
Published 23 October 2026
■ ကိုယ်အလေးချိန်လျှော့ချဖို့ အသုံးပြုနိုင်မယ့် ဆေးသစ်တစ်မျိုးဖြစ်တဲ့ Retatrutide ဟာ ကိုယ်အလေးချိန်ကို လေးပုံတစ်ပုံအထိ လျှော့ချပေးနိုင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့နဲ့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချဖို့ပါ အထောက်အကူပြုနိုင်တယ်လို့ လေ့လာမှုကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ဒါကြောင့် ဒီဆေးကို ကိုယ်အလေးချိန်လျှော့ဆေးတွေထဲက “Godzilla” လို့ တင်စားခေါ်ဆိုထားကြတာပါ။
■ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီဆေးကို ဘယ်နိုင်ငံရဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ကမှ တရားဝင်အသုံးပြုခွင့် မပေးရသေးပါဘူး။
■ Retatrutide ဆေးက ဘယ်လိုအလုပ်လုပ်သလဲ။
■ ဒီဆေးဟာ ခန္ဓာကိုယ်ထဲမှာ အစာစားချင်စိတ်၊ သွေးတွင်းသကြားဓာတ်နဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းသုံးမျိုးရဲ့ လုပ်ဆောင်ချက်ကို အတုယူပြီး အလုပ်လုပ်တာပါ။
■ အဲဒီဟော်မုန်းတွေကတော့ -
■ GLP-1 – အစာစားချင်စိတ်ကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ကူညီပေးတယ်။
■ GIP – သွေးတွင်းသကြားဓာတ် ထိန်းညှိမှုနဲ့ အစာစားပြီးနောက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေမှာ ပါဝင်တယ်။
■ Glucagon – ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှုနဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းညှိရာမှာ ပါဝင်တယ်။
■ ဥပမာအားဖြင့် Wegovy ဆေးဟာ အဓိကအားဖြင့် GLP-1 လမ်းကြောင်းကို ပစ်မှတ်ထားပြီး Mounjaro ဆေးကတော့ GLP-1 နဲ့ GIP လမ်းကြောင်းနှစ်ခုကို သက်ရောက်စေပါတယ်။
■ Retatrutide ကတော့ ဒီနှစ်မျိုးအပြင် Glucagon receptor ကိုပါ သက်ရောက်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှုကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။
■ လူပေါင်း ၂,၀၄၇ ဦး ပါဝင်တဲ့ လေ့လာမှုမှာ ဘာတွေတွေ့ရှိခဲ့လဲ။
■ ဒီလေ့လာမှုကို အဝလွန်ခြင်းနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယ၊ မက္ကဆီကို၊ ရိုမေးနီးယား၊ စပိန်နဲ့ အမေရိကန်နိုင်ငံတို့က လူကြီး ၂,၀၄၇ ဦး ပါဝင်ခဲ့ပါတယ်။
■ ပါဝင်သူတွေရဲ့ ပျမ်းမျှအသက်က ၅၅ နှစ်ဖြစ်ပြီး အမျိုးသမီး ၄၈ ရာခိုင်နှုန်းနဲ့ အမျိုးသား ၅၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။
■ လေ့လာမှုကို ၈၀ ပတ်ကြာ ပြုလုပ်ခဲ့ပြီး ပါဝင်သူတွေကို Retatrutide ဆေးပမာဏအမျိုးမျိုး ဒါမှမဟုတ် ဆေးအာနိသင်မရှိတဲ့ Placebo ကို တစ်ပတ်တစ်ကြိမ် ထိုးပေးခဲ့ပါတယ်။
■ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ အကြံဉာဏ်တွေလည်း ပေးခဲ့ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကရော ဘယ်လိုရှိလဲ။
■ လေ့လာမှုမှာ အများဆုံးတွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။
■ ဝမ်းလျှောခြင်း – Retatrutide သုံးသူတွေမှာ ၂၇ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းအထိ တွေ့ရပြီး Placebo အုပ်စုမှာ ၁၃ ရာခိုင်နှုန်းရှိပါတယ်။
■ ပျို့အန်ချင်ခြင်း – Retatrutide သုံးသူတွေမှာ ၁၄ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ တွေ့ရပြီး Placebo အုပ်စုမှာ ၈ ရာခိုင်နှုန်းရှိပါတယ်။
Source- The Guardian