#Local_News
Published_ 09 November 2023
အစားအစာဘေးကင်းစေရေးအတွက် တရားမဝင်အသားများ ရောနှောရောင်းချမှုရှိမရှိ ရန်ကုန်မြို့ရှိ ဈေးများတွင် လိုက်လံစစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ၏ထုတ်ပြန်ချက်များ အရသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့နေ ပြည်သူများနေ့စဉ်စားသုံးသည့်အသား/ငါးများမှ တစ်ဆင့်ရောဂါမဖြစ်စေရေးနှင့်ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရုံများနှင့်စည်ပင်သာယာဈေးများအား ဝင်ရောက်စစ်ဆေးခဲ့နေခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ယင်းဌာနမှ ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဒေါက်တာနွယ်နီဝင်းဦးစီးအဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ အမှတ်(၈၈)ဈေး သို့သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များကြပ်မတ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၉ ရက်တွင်လည်း အဆိုပါအဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိကေတုမတီဈေးသို့ သွားရောက်၍ အသားများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ လိုင်စင်စီများမှ ဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်အသားများရောနှောရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေး၍ လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #တရားမဝင်အသား #ရောနှောရောင်းချမှုရှိမရှိ #လိုက်လံစစ်ဆေးကြပ်မတ်နေ
#tthl #Yangon_Times
'လောလောဆယ် တရုတ်မှာဈေးကောင်းနေတယ်၊ ဗန်းမော်၊ လွယ်ဂျယ်ဘက်တက်တာရှိတယ်၊ လမ်းကြောင်းနှစ်ကြောင်းကနေ သွားနေတယ်' ဟု ဖရဲပွဲရုံပိုင်ရှင် ဦးဇော်မင်း
#Local_News
Published_ 09 November 2023
#ရှမ်းမြောက်တိုက်ပွဲ #ဗန်းမော် #လွယ်ဂျယ်
#YMG/NN #Yangon_Times
‘ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အအေးမမိအောင်နေထိုင်ကြဖို့ လိုအပ်သလို ငှက်ဖျားအဖြစ်များတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသခံတွေရော၊ စစ်ဘေးရှောင်ပြည်သူတွေပါ ခြင်ကိုက်မခံရအောင် နေထိုင်ကြဖို့အရေးကြီးတယ်’ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 09 November 2023
#စစ်ဘေးရှောင် #ငှက်ဖျား #တုပ်ကွေးသတိပြုရန်လို
#tthl #Yangon_Times
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ်ထွက်ဂိတ်မှ တစ်ဆင့်တရုတ်နိုင်ငံရွှေလီထဲကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) နဲ့ ဝင်ရောက်တဲ့သူဦးရေရဲ့ တစ်ဝက်ခန့်သာ မြန်မာပြည်ဘက်ကို ပြန်လည်ဝင်ရောက်တယ်လို့ မူဆယ်ရှိ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Local_News
Published_ 09 November 2023
#မူဆယ်နယ်စပ်ထွက်ဂိတ် #မူဆယ်မှတရုတ်
#YMG/LW #Yangon_Times
#Local_News
Published 9 November 2023
ရှမ်းပြည်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများအရ မူဆယ် ၁၀၅ မိုင်နှင့်ချင်းရွှေဟော်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန်သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိြပီးသားပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲပို့ခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လတ်တလောလုံခြုံရေး အခြေအနေအနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့တင်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်းကုန်သွယ်မှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှုများေကြာင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်သည် ရာနှုန်းပြည့်ရပ်တန့်နေကြောင်း သိရသည်။
#Local_News #မူဆယ်၁၀၅မိုင် #အခြားဂိတ်များ #ပြောင်းလဲပို့ခွင့်ပြု #YMG/LW #Yangon_Times
#Local_News
Published_ 09 November 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် ဘာသာရပ်သင်တန်းများအလိုက် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် တက္ကသိုလ်နေ့သင်တန်း ဝင်ခွင့်ရသူများ၏ စာရင်းကို နိုဝင်ဘာ(၇) ရက်က စတင်ထုတ်ပြန်ကြေညာပေးလျှက်ရှိပြီး တက္ကသိုလ်များကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနက် အချက်လက် မပြည့်စုံသူများကို ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံလျှောက်ထားနိုင်ရန် လျှောက်လွှာတွင်ပါရှိသည့် လိပ်စာများအတိုင်း ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ကာလျှောက်ထားသူများအနေဖြင့် မိမိအမှတ်မှီနိုင်သည့် ကျောင်း၊ မိမိလျှောက်ထားသည့် ကျောင်း၏ ကျောင်းသား လက်ခံနိုင်မှုများနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှု အခြေအနေများကို သေချာစွာလေ့လာ စုံစမ်းပြီးမှသာလျှောက်ထားကြရန် လိုအပ်ကြောင်း သိရသည်။
#Local_News #တက္ကသိုလ် #ကျောင်းအပ်လက်ခံ #YMG/NN #Yangon_Times
#Local_News
Published 9 November 2023
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်သုံးခုကို ရေဖြန့်ဝေပေးနိုင်မည့် ရေဂါလံ ၂သိန်းဆံရေစုကန်ကို သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက် ယမုံနာလမ်းရှိ သာ/၁ရေစက်ဝန်းအတွင်း တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏သတင်းထုတ်ပြန်ချက်အရသိရသည်။
အလျား ၈၀ ပေ အနံ၄၀ပေ နှင့် အနက် ၁၀ ပေရှိပြီး ရေတွန်းစက်များထားရှိရန် အတွက်အလျား၃၀ပေ အနံ ပေ၂၀ကျယ်သည့် ရေတွန်းစက်ရုံကိုလည်း တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ ရေတွန်းစက်ရုံသည် လဂွန်းပြင်ရေပေးဝေ ရေးစခန်းမှ ဖြန့်ဖြူးသည့် ရေအားကို သိုလှောင်ပြီး သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို ဖြန့်ဖြူးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်နေသည့်
ယခုရေစုကန်တည်ဆောက်မှုကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစုကန်အတွင်း လူနှင့်အခြား အရာဝတ္ထုများ မကျစေရန် ကာရံထားရှိရေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#Local_News #မြို့နယ်သုံးခု #ရေဂါလံ၂သိန်းဆံ့ #ရေစုကန် #YMG/LW #Yangon_Times
#Local_News
Published_ 09 November 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌(၂)ရက်တာကျင်းပသွားရန်ရှိကြောင်း သာသနာရေးဦးစီးဌာနမှသိရသည်။
အဆိုပါ အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲ မတိုင်မီ ညှိနှိုင်းအစည်းအဝေးပွဲများလည်း နိုဝင်ဘာလ(၃၀)ရက်မှဒီဇင်ဘာလ(၃)ရက်အထိကျင်းပမည်ဖြစ်ပြီး ပန္နရသမအစည်းအဝေးပွဲကို ဒီဇင်ဘာလ (၄)ရက်မှ(၅)ရက်အထိနှစ်ရက်တာ ကျင်းပသွားမည်ဟုဆိုသည်။
အစည်းအဝေးပွဲကြီးသို့ တက်ရောက်မည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများကို ပင့်လျှောက်စာများ ဖြင့်ပင့်လျှောက်ထားကြောင်းနှင့် ပင့်လျှောက်စာအချိန်မီမရောက်ရှိပါက ကျင်းပမည့်နေ့ရက်များအတိုင်း ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်ပါရန် သာသနာရေးဦးစီးဌာနက ဖိတ်ကြားထားသည်။
ပြီးခဲ့သည့်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေးကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ နောက်ဆုံး ကျင်းပခဲ့ပြီး ယခု၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးပွဲကို ပြန်လည်ကျင်းပမည်ကြောင်း သိရသည်။
#Local_News #နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ #အစည်းအဝေးပွဲ #tthl #Yangon_Times
#World_News
Published 09 November 2023
ဘော့စ်တွန်အထက်ပိုင်းနဲ့ ဗာဂျီးနီးယားမြောက်ပိုင်းတို့ရှိ အဆင့်မြင့်တိုက်ခန်းတွေမှာ ပြည့်တန်ဆာလုပ်ငန်းကွန်ရက်ကြီး ပြုလုပ်နေတဲ့ လူ ၃ ဦးကို အမေရိကန် အစိုးရရှေ့နေများက ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပါတယ်။
ယင်းတို့ထံလာနေတဲ့ ဖောက်သည်တွေထဲမှာ ရွေးကောက်ခံနိုင်ငံရေးသမားများ၊ နည်းပညာနဲ့ ဆေးဝါးဆိုင်ရာအမှုဆောင်များ၊ ရှေ့နေများ၊ ပရော်ဖက်ဆာများ၊ စစ်အရာရှိများလည်း ပါဝင်နေပါတယ်။
ထိုကွန်ရက်ကနေ ချမ်းသာပြီး အဆက်အသွယ်ကောင်းရှိကြတဲ့ ဖောက်သည်တွေကို ဘော့စ်တွန်ရှိဖက်ဒရယ်အစိုးရ ရှေ့နေများက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
သူတို့ရဲ့အဆိုအရ အာရှအမျိုးသမီးအများစုဟာ လိင်ကုန်ကူးမှုမှတဆင့် ခေါင်းပုံဖြတ်ခံနေရပြီး အဆိုပါအမျိုးသမီးများနဲ့ လိင်ပိုင်းဆိုင်ရာပျော်ပါးဖို့အတွက် ဖောက်သည်များက တစ်နာရီကို ဒေါ်လာ ၆၀၀ အထိ ပေးကြရပါတယ်။
မာဆာချူဆက်မှ အသက် ၄၁ နှစ်အရွယ် ဟန်လီ၊ အသက် ၃၀ အရွယ် ဂျွန်မြောင်လီ၊ ကယ်လီဖိုးနီးယားမှ အသက် ၆၈ နှစ်အရွယ် ဂျိမ်းစ်လီတို့ကို ပြည့်တန်ဆာလုပ်ငန်း ဦးစီးဆောင်ရွက်နေတယ်လို့ စွပ်စွဲထားပြီး အမျိုးသမီးများအား တရားမဝင် လိင်ပိုင်းဆိုင်ရာကိစ္စမှာ ပါဝင်လာအောင် ခရီးသွားလာရန် သွေးဆောင်ဖြားယောင်းပြီး ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးထားပါတယ်။
စုံစမ်းစစ်ဆေးမှုက အခုမှ စတင်နေဆဲဖြစ်ကာ မာဆာချူဆက်၊ ဗာဂျီးနီးယား၊ ကယ်လီဖိုးနီးယားတို့ရှိ တည်နေရာတွေမှာ ရှာဖွေရေးဝရမ်းထုတ်ပြီးနောက် တရားဥပဒေ စိုးမိုးရေးမှ နောက်ထပ်သက်သေ အထောက်အထားများ စုဆောင်းနေကြောင်း အမေရိကန်ယာယီရှေ့နေ ဟို့ရှ်လက်ဗီက ပြောကြားသွားပါတယ်။
ထိုရှာဖွေမှုတွေထဲမှာ လုပ်ငန်းလည်ပတ်နေတဲ့ ပြည့်တန်ဆာအိမ်များ၊ တွေ့ရှိထားတဲ့ ဘဏ္ဍာရေးစာတမ်းများ၊ ငွေသားများနဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ အမျိုးသမီးများ ပါဝင်ပါတယ်။
ဒီလုပ်ငန်းကို ဆောင်ရွက်နေတဲ့ လူတွေနဲ့ ထိုလုပ်ငန်းလည်ပတ်အောင် အားပေးနေတဲ့ လူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ အစိုးရ၊ ပြည်နယ်၊ ဒေသခံတာဝန်ရှိသူများနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လက်ဗီက သတင်းမီဒီယာရှင်းလင်းပွဲမှာ ကတိပြုသွားပါတယ်။
ဟန်လီနဲ့ ဂျွန်မြောင်လီတို့ဟာ ကိုရီးယားလူမျိုးတွေဖြစ်ပြီး မာဆာချူဆက်မှာ အမှုစစ်ဆေးကြားနာပြီးနောက် တရားသူကြီးက ဖမ်းဆီးထိန်းသိမ်းဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဟန်လီရဲ့ရှေ့နေနဲ့ ခုခံသူဘက်မှ အခြားရှေ့နေများက မှတ်ချက်မပြုသေးပါဘူး။
တရားစွဲဆိုမှုမှတ်တမ်းများအရ ဟန်လီဦးဆောင်တဲ့ တရားခံတွေဟာ ကိမ်းဘရစ်ဂျ်၊ ဝါးတားတောင်း၊ မာဆာချူဆက်၊ ဖဲဖက်စ်၊ တိုင်ဆန်စ်၊ ဗာဂျီးနီးယားတို့မှာ အဆင့်မြင့်တိုက်ခန်းများကို ပြည့်တန်ဆာအိမ်များအဖြစ် အသုံးပြုနေကြတယ်လို့ သိရပါတယ်။
အာရှအမျိုးသမီးများနဲ့ ချိန်းဆိုဖို့အတွက် ဝက်ဘ်ဆိုက် ၂ ခုကနေ ကြော်ငြာကြပြီး ဧည့်သည်တွေက သူတို့ရဲ့ သက်သေခံကတ်ပြားတွေ၊ အလုပ်ရှင်အမည်တွေကို ဖြည့်စွက်ကြရပြီး အမေရိကန်အစိုးရက ထိုဝက်ဘ်ဆိုက်တွေရဲ့ ဒိုမိန်းတွေကို သိမ်းဆည်းထားပါတယ်။
အဆိုပါ ပြည့််တန်ဆာကွန်ရက်ထဲမှာ ဖောက်သည်ပေါင်း ရာနဲ့ချီရှိနေနိုင်တယ်လို့ အာဏာပိုင်များက ယုံကြည်နေကြပါတယ်။
ဧည့်သည်တွေထဲမှာ နိုင်ငံရေးသမားများ၊ နည်းပညာနဲ့ ဆေးဝါးဆိုင်ရာ အမှုဆောင်များ၊ ဆရာဝန်များ၊ စစ်အရာရှိများ၊ ပရော်ဖက်ဆာများ၊ ရှေ့နေများ၊ စီးပွားရေးအမှုဆောင်များ၊ သိပ္ပံပညာရှင်များ၊ စာရင်းကိုင်များ ပါဝင်တယ်လို့ အစိုးရရှေ့နေများက ပြောပြသွားပါတယ်။
#World_News #နိုင်ငံရေးသမား #တစ်နာရီဒေါ်လာ၆၀၀ #အထက်တန်းလွှာပြည့်တန်ဆာ
Source: Reuters
#World_Knowledge
Published 09 November 2023
ယောက်ျားတစ်ယောက်အနေနဲ့ မကောင်းတဲ့ အကြောင်းအရာ အချက်အလက်တစ်ခုကို အခြားလူတွေထံမှာ မျှဝေထုတ်ဖော်ဖို့ ခက်ခဲတယ်လို့ ခံစားနေရတာဟာ အဆန်းမဟုတ်ပါဘူး။
မကောင်းတဲ့ သတင်းတွေကို ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ ဘယ်လိုမျှဝေထုတ်ဖော်သလဲ ဆိုတာကို ကာနေဂီမယ်လွန်တက္ကသိုလ်မှ လေ့လာနှိုင်းယှဥ်ခဲ့ပါတယ်။
အမျိုးသားတွေဟာ မကောင်းတဲ့ သတင်းတွေကို အမျိုးသမီးတွေလောက် မျှဝေလေ့ မရှိဘူးလို့ Experimental Social Psychology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် အကြောင်းအရာ ထုတ်ဖော်ပြောပြချင်တဲ့စိတ် ပိုများရတာဟာ မျှဝေချင်တဲ့ အကြောင်းအရာရဲ့ သဘောသဘာဝအပေါ်လည်း မူတည်ကြောင်း ဒေါက်တာ အယ်ရင်ကာဘိုနေးက ပြောပြသွားပါတယ်။
မျှဝေထုတ်ဖော်တဲ့ အကြောင်းအရာရဲ့ နောက်ဆက်တွဲအကျိုးတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ် သက်ရောက်ပုံ မတူညီပါဘူး။
လူပေါင်းတစ်ထောင်ကျော်ကို သုတေသန ပြုလုပ်ခဲ့ရာမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် မကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြခြင်းမရှိဘဲ ထိန်းသိမ်းထားတတ်တာကို တွေ့ခဲ့ကြပါတယ်။
ဒါဟာ အမျိုးသားတွေက ဘေးနားကလူတွေ ဘယ်လိုထင်မြင်ကြမလဲဆိုတာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာချက်အရ သုံးသပ်ရပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသမီးတွေကတော့ ထုတ်ဖော်ဖွင့်ချလိုက်မှ နေသာထိုင်သာ ရှိသွားကြပါတယ်။
ထုတ်ဖော်ဖွင့်ပြောခြင်းဟာ ဒီဂျစ်တယ်ခေတ်မှာလည်း အဖြစ်များလာပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ထုတ်ဖော်ပြောကြားလာကြကာ လူမှုပေါင်းသင်းရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ ကောင်းတဲ့သတင်းတွေကို ထုတ်ဖော်ပြောပြချင်တဲ့စိတ်ကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အတူတူပဲ ဖြစ်နေပါတယ်။
#World_Knowledge #အမျိုးသား #အမျိုးသမီး #ထုတ်ဖော်ချပြလေ့မရှိ #Source: WION
#World_Health
Published 09 November 2023
အင်ပျဥ်ယားနာတွဟာ အဖြစ်များတဲ့ အရေပြားရောဂါဖြစ်ပြီး နီမြန်းယားယံတတ်တဲ့ အကွက်တွေ ဖြစ်ပါတယ်။
အပူအစပ်များ၊ အပူအအေး မတည့်ခြင်း၊ အလှကုန်ပစ္စည်းများ၊ ဆပ်ပြာမှုန့်၊ စိတ်ဖိစီးမှုအလွန်များပြားခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုကြောင့်လည်း အင်ပျဥ်ကွက်များ ဖြစ်တတ်တာကို သိရှိထားဖို့လိုတယ်လို့ ကိုလိုရာဒိုဆေးတက္ကသိုလ်မှ အရေပြားရောဂါ ပရော်ဖက်ဆာ ဝစ်တနီဟိုက်က ပြောပြလိုက်ပါတယ်။
၂၀၁၈ လေ့လာချက်အရ အင်ပျဥ်ကွက်များ ကြာရှည်ခံစားရသူတွေဟာ စိတ်ဖိစီးမှုမြင့်မားပြီး ပိုမိုယားယံတတ်ကြတယ်လို့ တွေ့ရှိဖူးပါတယ်။
ဖိစီးမှုကြောင့် ဖြစ်ပေါ်တဲ့ ယားနာတွေဟာ များသောအားဖြင့် အနီရောင် ပန်းရောင်အဖုလေးများဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်၊ မျက်နှာ၊ လက်တို့မှာ အဖြစ်များပါတယ်။
အချို့လူတွေမှာ နှုတ်ခမ်း၊ မျက်ခွံတို့ ရောင်ရမ်းခြင်းတို့ပါ ဖြစ်တတ်ပါတယ်။
အဖုသေးလေးတွေကစလို့ အဖုအပိန့်ကြီးတွေအထိ အစုလိုက်အပြုံလိုက် ဖြစ်တတ်ပြီး အချို့လူတွေမှာ ပူစပ်ပူလောင်ပါ ခံစားရတတ်ပါတယ်။
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ တုန့်ပြန်တဲ့အနေနဲ့ ဖိစီးမှုဟော်မုန်း ကော်တီဆောလ်နဲ့ ဟစ္စတမင်းအပါအဝင်း အခြားဒြပ်ပေါင်းများ ထုတ်လုပ်ပေးပါတယ်။
ဖိစီးမှုကြောင့်ဖြစ်တဲ့ ယားနာတွေဟာ ကြာရှည်မဖြစ်တတ်ဘဲ ဖိစီးမှုအခြေအနေ ပြေလျော့သွားတာနဲ့ ၂၄ နာရီအတွင်း သက်သာသွားတတ်ပါတယ်။
အင်ပျဥ်ယားနာ ဖြစ်တဲ့အခါ ရောင်ရမ်းခြင်းနဲ့ နီမြန်းယားနာခြင်းတို့ကို သက်သာအောင် Benadryl ၊ Zyrtec ၊ Cortisone တို့လို သောက်ဆေးတွေ အသုံးပြုနိုင်ပါတယ်။
ပါးလွှာတဲ့ အရေပြားနေရာတွေဟာ ကုသရလွယ်ကူပေမယ့် ထူထပ်တဲ့နေရာတွေကတော့ လိမ်းဆေးတွေက သိပ်ပြီးမထိရောက်ပါဘူး။
အင်ပျဥ်ဖြစ်တဲ့နေရာတွေမှာ ကြပ်တဲ့အဝတ်အစားတွေ၊ အပူဒဏ်တို့ကို ရှောင်ရှားသင့်ပြီး ဒါတွေက ဖိအားဖြစ်ပြီး ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။
ဖိစီးမှုကြောင့်ဖြစ်တဲ့ ယားနာအင်ပျဥ်တွေ တာရှည်နေတယ်ဆိုရင်တော့ ပညာရှင်များနဲ့ တိုင်ပင်ဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပြီး ယားနာအင်ပျဥ် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဖိစီးမှုလျှော့ချနိုင်မယ့် နည်းလမ်းများကတော့..
- လေ့ကျင့်ခန်းနဲ့ အားကစားများ
- ကွန်ပျူတာ၊ ဖုန်း၊ ဆိုရှယ်မီဒီယာ အသုံးပြုချိန် ကန့်သတ်ခြင်း
- ယောဂ၊ ထိုက်ချိ၊ အသက်ရှူလေ့ကျင့်ခန်း ကျင့်ကြံခြင်း
- တရားထိုင်ခြင်း
- မိတ်ဆွေအပေါင်းအသင်းနဲ့ လမ်းလျှောက်ထွက်ခြင်း
- သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း
- ရုပ်သံအစီအစဥ် နားထောင်ခြင်းတို့ ဖြစ်ပါတယ်။
#World_Health #စိတ်ဖိစီးမှုကြောင့်ဖြစ် #ယားနာအင်ပျဥ် #Source: New York Post
၈ နိုဝင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းပြဿနာ၏အစမှာ မူးယစ်ဆေးဝါးဖြစ်သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နှင်းရေးနှင့် ယင်းအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
နိုဝင်ဘာ ၈ရက် က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(ကာ/လုံ)မှာ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာ၏အစ မှာ မူးယစ်ဆေးဝါးပြသနာပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့်အသက်ဆက်ခဲ့ကြောင်း၊ အဆိုပါလမ်းစဉ်ဖြင့် မူးယစ်ဆေး ထုတ်လုပ်၊ သယ်ဆောင် ရောင်းချမှုကို ကာကွယ်ခဲ့ကြောင်း၊ လောင်းကစားကဲ့သို့ တရား မဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း” ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို နစကသတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဲဒီအတွက် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုလိုက်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်မြင့်မား ရေးကိုဆောင်ရွက် သွားရမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဟူ၍နှစ်မျိုးရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော်လည်း မိမိတို့နိုင်ငံ၏သမိုင်း ကြောင်းအရ ပြည်တွင်းသောင်းကျန်းမှုများကို နှိမ်နှင်း ခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယခုထက်စွမ်းရည် တိုးတက် မြင့်မားရေးဆောင်ရွက်သွားရမည်ဖြစ်တယ် လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုပါတယ်။
ချင်းရွှေဟော်ဒေသ မှ တိမ်းရှောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
MNDAA သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှရရှိသည့် အကျိုး အမြတ်များကိုခံစားလိုပြီး ယင်းတို့၏အာဏာကို တည်ဆောက်လိုခြင်းကြောင့် ယခု ဖြစ်စဉ်များဖြစ်ပွားသည်ကိုတွေ့ရှိရတယ်လို့ ဗိုလ်ချုပ်မှူးကြီး က ကာ/လုံအစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။
လောက်ကိုင်ဒေသနှင့် ပတ်ဝန်းကျင်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၀၆ ခုနှစ်မှစ၍ ကြီးမားသည့် မူးယစ် ဆေးဝါးဖြစ်စဉ် ၁၈ ခုရှိပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၈၂ ကြိမ်၊ တရားခံပေါင်း ၁၄၀ ဦး၊ ကာလတန်ဖိုးငွေ ၇၁ ဒသမ ၅၉ ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အဆိုပါမူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို သိရှိခြင်းကြောင့် MNDAA အဖွဲ့အနေ ဖြင့် လောက်ကိုင်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။
-ymg/knl
Page 1047 of 2056