#Daily_News
Published_ 20 May 2023
၁။ ဆန်အိတ်(၁ဝဝဝ)နှင့် စပါးတင်း (၅ဝဝဝ)အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရမည်
၂။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် စီမံကိန်းများ ကူညီဆောင်ရွက်ပေးနေ ၊မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌လည်း ကူညီပေးရန်ရှိဟုဆို
၃။ မေလ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၅၈ သန်းကျော်ကုန်သွယ်ခဲ့
၄။ ရှေးဟောင်းရိုးရာ သဲဟော်ကီကစားနည်းကို မော်ရိုကိုလူမျိုးများ ဆက်လက်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 20 May 2023
- မိခင်လောင်းတစ်ဦးဟာ မီးဖွားရေးမှာ ဘယ်လောက်အသက်အန္တရာယ်နှင့်နီးကပ်ပါသလဲ...??
#Health_Matters #အန္တရာယ်ကင်းကင်းမီးဖွားရေး #ရပ်ရွာကူညီပေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် မြန်မာ့ယွန်းထည်နှင့် အနုပညာ ပစ္စည်းပေါင်း (၁၀၀) ကျော်ကို မော်စကိုမြို့တွင် မေလ၁၈ရက် မှ ဇူလိုင်လ ၂ရက်အထိ ခင်းကျင်းပြသနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ State Museum of Oriental Art နှင့် မြန်မာသံရုံး၊ မော်စကိုမြို့တို့ ကပူးပေါင်းစီစဥ်သည့်“The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်ပွဲအခမ်းအနားကို မေလ (၁၈) ရက် ဒေသစံတော်ချိန် ညနေ (၅) နာရီတွင် မော်စကိုမြို့ရှိ State Museum of Oriental Art ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြခန်းတွင် မြန်မာ့ယွန်းထည်နှင့် အနုပညာပစ္စည်းပေါင်း (၁၀၀) ကျော်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ State Museum of Oriental Art ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexander V. Sedov မှ အဖွင့်မိန့်ခွန်းအား လည်းကောင်း၊ သံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန တတိယ အာရှဌာန ဒု တိယ ညွှန်ကြားရေးမှူးချုပ် Mr. Sergei G. Tolchenov ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Dmitry Malov နှင့် ပြတိုက်၏ သုတေသနမှူးနှင့် ပြခန်းတာဝန်ခံ Mrs. Natalia Gozheva တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုများ၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ရုရှားနိုင်ငံ၌ ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသား/ကျောင်းသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
#ymg/pl
#Local_News #မြန်မာ- ရုရှားသံတမန်ဆက်ဆံရေး #(၇၅)နှစ်မြောက်အထိမ်းအမှတ်
#ယွန်းထည်နှင့်အနုပညာ #မော်စကိုတွင်ခင်းကျင်းပြသ
#YMG #Yangon_Media_Group









#Local_News
Published_ 20 May 2023
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့တော် ၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှာ မေ ၁၉ ၊ ညနေပိုင်းက ရပ်ကွက်ဈေးရှေ့ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ယောက် မိုးကြိုးပစ်ခံရလို့သေဆုံးခဲ့သည်
မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက်က ၃၀ ဈေးရှေ့က သစ်ပင်အောက်မှာ နေ့စဉ်
ဈေးရောင်းနေသူ အမျိုးသမီးကို ဈေးရောင်းနေရင်း မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။
" မနေ့က အစ်မတို့ဆီမှာ ညနေ ၄ နာရီလောက်က စမိုးရွာတယ် ။ မိုးအပြင် လေရော
မိုးကြိုးရော ပါတယ် ။ ဘယ်နေရာကို ပစ်လဲတော့ ပထမ မသိလိုက်ဘူး။ ဒါပေမယ့် ဒီနေ့ မနက်ပိုင်းကြားလိုက်တာ ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို မိုးကြိုးပစ်သွားပြီး သေဆုံးသွားတယ်လို့ ကြားရတယ် " လို့ မြောက်ဒဂုံက နယ်မြေခံ ပြည်သူတစ်ယောက်က ပြောပါသည်။
မေလ၁၉ရက်နေ့ညနေပိုင်းကရန်ကုန်တစ်မြို့လုံးမိုးရွှာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုကြိုးပစ်ခြင်းများဖြစ်ပွါးခဲ့ပြီး သစ်ပင်နှင့်အိမ်ခေါင်မိုးများကြိုးပဲ့ပျက်စီးမှုများရှိခဲ့ကြောင်းပရဟိတ ကူညီရေးအသင်းများမှသိရသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
မိုခါမုန်တိုင်း၏ သက်ရောက်မူကိုကြုံတွေရသည့် ဒေသများမှ အသေးစား ၊ အလတ်စား၊အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းများပြန်ပတ်နိုင်ဖို့အတွက် AYA micro lone အရေးပေါ်ချေးငွေ (Emergency ချေးငွေ)လျှောက်ထားနိုင်ကြောင်း AYA ဘဏ်မှ ထုတ်ပြန်ထားသည်။
ယင်းသို့ချေးငွေလျှောက်ထားရတွင် အာမခံအပေါင်ပစ္စည်းဖြင့်လျှောက်ထားခြင်းအပြင်
အာမခံမဲ့ ၊ အပေါင်းပစ္စည်းမဲ့လျှောက်ထားခြင်းကိုပါ လျှောက်ထားနိုင်ပြီးဖြစ်ကြောင်းသိရသည်။
အာမခံအပေါင်ပစ္စည်းမဲ့ဖြင့်လျှောက်ထားမည်ဆိုပါက အများဆုံး ကျပ်သိန်း ၁၀၀ အထိလျှောက်ထားနိုင်မှာဖြစ်ပြီး ချေငွေသက်တမ်း အများဆုံး ၂နှစ်လျှောက်ထားနိုင်ကြောင်းသိရသည်။
ချေးငွေသက်တမ်း တစ်နှစ်အတွက် အတိုးနူန်း တစ်နှစ်လျှင် ၁၀ ဒဿမ ၅ရာခိုင်နူန်း ဖြစ်ပြီး ချေးငွေသက်တမ်းနှစ်နှစ်အတွက်အတိုးနူန်းမှာ တစ်နှစ် လျှင် ၉ ရာခိုင်နူန်းဖြစ်ကြောင်း AYA ဘဏ်မှထုတ်ပြန်ထားပါသည်။အသေးစိတ်အချက်အလတ်များသိလိုပါက AYA ဘဏ်ခွဲများတွင်စုံစမ်းနိုင်ကြောင်းသိရသည်။
ymg/ynzw
#Local_News #မုန်တိုင်းသင့်ဒေသများ #SME/MSEMချေးငွေများထုတ်ချေး
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
လမည့်ဇွန်လ ၁ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့်စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှထုတ်ပြန်ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါစနစ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်၍ သွင်းကုန်ကြေညာလွှာတင်သွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ရုံးချီန် အတွင်း Help Desk Section (01-379429) သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ထားသည်။
ymg/ynzw
#Local_News #ကုန်စည်လိုင်း #Automatic Licensing
#YMG #Yangon_Media_Group

#World_Politics
Published_ 20 May 2023
အိန္ဒိယဝန်ကြီးချုပ်'နရန်ဒရာမိုဒီ'နဲ့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'တို့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီမာမှာပြုလုပ်မယ့် G7 အဖွဲ့ခေါင်းဆောင်များထိပ်သီးအစည်းအဝေးရဲ့ ပြင်ပတွေ့ဆုံမှုအဖြစ် မေလ ၂၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။
မေလ ၂၁ ရက်နေ့အထိ ပြုလုပ်မယ့် G7 နှစ်စဉ်ထိပ်သီးအစည်းအဝေးကို မိုဒီတက်ရောက်မှာဖြစ်သလို တတိယအကြိမ်မြောက် ၄ နိုင်ငံခေါင်းဆောင်များအစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
အိန္ဒိယနဲ့ဂျပန်ဝန်ကြီးချုပ်တို့ဟာ ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍအသီးသီးမှ အိန္ဒိယ-ဂျပန်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်မယ့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။
"G7 ဥက္ကဌနေရာကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။ G7 ထိပ်သီးအစည်းအဝေးထံ ဖိတ်ကြားခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။
အိန္ဒိယကိုလာရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အမြဲအမှတ်တရဖြစ်နေမှာပါ။
ကျွန်ုပ်လက်ဆောင်ပေးလိုက်တဲ့ ဗောဓိပင်ကို ဟီရိုရှီမာမှာ စိုက်ပျိုးတဲ့အတွက် ဝမ်းသာမိပါတယ်။
ဒီသစ်ပင်ကြီးထွားသလိုမျိုး အိန္ဒိယ-ဂျပန်ဆက်ဆံရေးလည်း ကြီးထွားလာမယ်လို့ ယုံကြည်ပါတယ်" လို့ ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။
ဟီရိုရှီမာရှိ မဟတ္တမဂန္ဒီရဲ့ရုပ်တုကိုပြသခဲ့ပြီး ယနေ့ထိတိုင် ဟီရိုရှီမာဆိုတဲ့စကားလုံးကို တစ်ကမ္ဘာလုံးက ထိတ်လန့်နေကြတယ်လို့ ပြောပြခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ကို လက်ဆောင်ပေးလိုက်တဲ့ ဗောဓိပင်ကို ဟီရိုရှီမာမှာ စိုက်ထားတယ်ဆိုတာသိရတော့ အလွန်ကျေနပ်မိကြောင်း၊ ဒီကိုရောက်လာတဲ့သူတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အရေးပါပုံကို သိရှိနားလည်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဒီဟာ ဂျပန်၊ ပါပူဝါနယူးဂီနီ၊ ဩစတြေးလျ ၃ နိုင်ငံခရီးစဉ်ပထမအကျော့အဖြစ် သောကြာနေ့က ဟီရိုရှီမာသို့ ရောက်ရှိခဲ့ပြီး စေ့စပ်ဆွေးနွေးမှုပေါင်း ၄၀ ကျော် ပါဝင်ရန်မျှော်မှန်းထားပါတယ်။
G7 အဖွဲ့မှာ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်တို့ပါဝင်ကာ အိန္ဒိယက ဧည့်သည်နိုင်ငံအဖြစ် တက်ရောက်နေတာဖြစ်ပါတယ်။
ဟီရိုရှီမာဆိုတဲ့စကားလုံးကို ယနေ့ခေတ်မှာ ကမ္ဘာကကြောက်ရွံ့နေကြကြောင်း၊ ဂန္ဒီရဲ့ရုပ်တုကို ထုတ်ဖော်ပြသခွင့်ရခဲ့ကြောင်း၊ ယနေ့ဆိုရင် ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်မှုနဲ့ အကြမ်းဖက်မှုတွေကို ခံစားနေရကြောင်း ဝန်ကြီးချုပ်မိုဒီက ဟီရိုရှီမာသို့ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။
Source: WION
#World_Politics #အိန္ဒိယဝန်ကြီးချုပ် #ဗောဓိပင် # ဟီရိုရှီးမား #စိုက်ပျိုးခြင်း #ငြိမ်းချမ်းရေးအမှတ်တရ #ဂျပန်ဝန်ကြီးချုပ်
#YMG #Yangon_Media_Group

#World_Health
Published_ 20 May 2023
လူတစ်ယောက် သွေးပေါင်ချိန်မြင့်တက်လာတာကို သွေးတိုးရောဂါလို့သတ်မှတ်ပါတယ်။
ပုံမှန်သွေးပေါင်ချိန်က ၉၀/၆၀ မီလီမီတာမာကျူရီနဲ့ ၁၂၀/၈၀ မီလီမီတာမာကျူရီကြားရှိကာ ၁၄၀/၉၀ ထက်များရင်တော့ သွေးပေါင်ချိန်တိုးတယ်လို့ သတ်မှတ်ပါတယ်။
သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း မထိန်းချုပ်နိုင်ခြင်းကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းစတဲ့ နှလုံးသွေးကြောရောဂါများ အဓိကဖြစ်ပွားနေရပါတယ်။
သွေးကြောများကျဉ်းသွားတာကြောင့် စီးဆင်းရပိုမိုခက်ခဲလာကာ သွေးပေါင်ချိန်တက်လာပါတယ်။
ဒီကနေ သွေးကြောများထိခိုက်စေကာ နှလုံးဖောက်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ကျောက်ကပ်ထိခြင်း၊ အာရုံကြောထိခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း ဖော်တစ်အက်စ်ကော့ဆေးရုံ နှလုံးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာ'ဆန်ဂျေးကူမာ'က ဆိုပါတယ်။
သွေးတိုးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံများကြောင့် ဖြစ်တတ်ပါတယ်။
များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ဘဲ ညနေခင်းမှာ ခေါင်းကိုက်ခြင်း၊ အားစိုက်ရတဲ့အခါ အသက်ရှူကျပ်ခြင်း၊ အရေးအပေါ်အခြေအနေတို့ ဖြစ်တတ်ပါတယ်။
သွေးတိုးရောဂါထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကတော့...
- အငန်လျှော့စားပါ
တစ်နေ့ကို ဆား ၂.၅ - ၃.၀ ဂရမ်အထိ လျှော့ချစားသုံးသင့်တယ်လို့ ဒေါက်တာဆန်ဂျေကူမာက ပြောပြပါတယ်။
- ကိုယ်လက်လှုပ်ရှားပြုလုပ်ပါ
တစ်နေ့တာအတွင်း ခန္ဓာကိုယ်လှုပ်ရှားသွားလာပြီး တက်ကြွအောင်နေထိုင်သင့်ပါတယ်။
တစ်နေ့ကို မိနစ် ၃၀ မျှ လေ့ကျင့်ခန်းလုပ် လမ်းလျှောက်ခြင်းဖြင့် သွေးပေါင်ချိန်ထိန်းသိမ်းထားနိုင်ပါတယ်။
- လုံလောက်စွာအိပ်စက်ပါ
တစ်နေ့ကို ၈ နာရီအိပ်စက်ခြင်းဖြင့် နှလုံးကိုကျန်းမာစေပြီး လေဖြတ်ခြင်းအန္တရာယ်ကိုလျှော့ချပေးပါတယ်။
- အဆင့်ဆင့်ထုပ်ပိုးထားသောစားစရာများ ရှောင်ရှားပါ
ဒီလိုအစားအစာတွေမှာ နှလုံးသွေးကြောရောဂါများဖြစ်စေနိုင်တဲ့ ဆားနဲ့သကြားပါဝင်မှုမြင့်မားပါတယ်။
အချိန်ကြာကြာကြော်ထားတဲ့စားစရာတွေဟာလည်း ဆားနဲ့သကြားတို့ဟာ နေ့စဉ်လိုအပ်ချက်ထက်ပိုမိုများပြားစွာပါဝင်နေပါတယ်။
- ကိုယ်အလေးချိန် ပုံမှန်စစ်ဆေးပါ
ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ သွေးပေါင်ချိန်တက်လာနိုင်တာကြောင့် ပုံမှန်လေးစစ်ဆေးသွားဖို့အကြံပြုပါတယ်။
- စိတ်ဖိစီးမှုကိုလျှော့ချပါ
စိတ်ဖိစီးမှုဖြစ်ရခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းရဲ့ အဓိကသော့ချက်ပါပဲ။
နှလုံးခုန်နှုန်းရုတ်တရုတ်မြင့်တက်ပြီး သွေးဖိအားများစေပါတယ်။
ဖိစီးမှုနာတာရှည်ဖြစ်လာရင်တော့ သွေးတိုးရောဂါဖြစ်လာစေပါတယ်။
အိမ်မှာပဲမိမိဘာသာ သွေးပေါင်ချိန်တိုင်းတာမယ်ဆိုရင် ကဖင်း၊ အဖျော်ယမကာများ မသောက်ထားရမှာဖြစ်သလို ဆေးလိပ်သောက်ခြင်း၊ မတိုင်းတာခင် မိနစ် ၃၀ အလိုမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ ရှောင်ရှားရမှာဖြစ်ပါတယ်။
Source: India Today
#World_Health #သွေးပေါင်ချိန်များခြင်း #ဘယ်လိုထိန်းချုပ်ကြမလဲ
#YMG #Yangon_Media_Group
#World_Health
Published_ 20 May 2023
သတင်းဆိုးများသာ ကြည့်ရှုနေရသူတွေထက်စာရင် စိတ်ညစ်စရာသတင်းများ မြင်တွေ့ပြီးနောက် ကြည်နူးစရာသတင်းကောင်းများ မြင်တွေ့ရတဲ့အခါ မကောင်းတဲ့ခံစားချက်များ ပြေလျော့စေပြီး လူသားချင်းစာနာမှုအကျိုးတရားအကြောင်း ပိုမိုယုံကြည်လာစေတယ်လို့ သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
စမ်းသပ်ပါဝင်သူပေါင်း ၁,၈၀၀ ကို အဖွဲ့အမျိုးမျိုးခွဲခြားလိုက်ပါတယ်။
အဖွဲ့အားလုံးကို ၁ မိနစ်မှ ၃ မိနစ်ကြားရှိ အမျိုးမျိုးသော သတင်းဆိုး သတင်းကောင်းတွေကို ကြည့်ရှုစေခဲ့ပါတယ်။
သတင်းဆိုးတွေချည်းသာ ကြည့်ရှုရတဲ့သူတွေဟာ မကောင်းတဲ့စိတ်ခံစားချက် သိသိသာသာမြင့်မားလာသလို ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ သိသိသာသာလျော့နည်းလာကာ လူ့ဘောင်အဖွဲ့အစည်းအပေါ် အပျက်သဘောခံယူချက် ပိုများလာစေပါတယ်။
သတင်းဆိုးနဲ့ သတင်းကောင်းကြည့်ရတဲ့သူတွေကတော့ မကောင်းတဲ့စိတ်ခံစားချက် အတော်အသင့်လျော့နည်းစေကာ ကောင်းမွန်တဲ့စိတ်ခံစားချက် သိသိသာသာ မြင့်တက်လာစေပါတယ်။
ဒါ့အပြင် လူတွေအပေါ် အပြုသဘောဆောင်တဲ့ အမြင်များသိသိသာသာများလာစေကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
စိတ်ပျက်စရာသတင်းတွေကြောင့် စိတ်ခံစားချက်နဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးများသက်ရောက်နိုင်ပုံကို သုတေသီများမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် စိတ်ကျန်းမာရေးထိခိုက်စေကာ ပူပန်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ စိုးရိမ်မှု၊ စိတ်ဓာတ်ကျမှုတို့ ဖြစ်စေနိုင်ကြောင်း အကြိမ်ကြိမ်လေ့လာထားပါတယ်။
သတင်းကောင်းတွေက သတင်းဆိုးကြောင့်ခံစားရတာတွေကို သက်သာစေနိုင်တယ်လို့ ယူဆလို့ရနေပါတယ်။
ရယ်မောစရာသတင်းထက်စာရင် ကြင်နာတဲ့လုပ်ရပ်သတင်းတွေဟာ သူများတွေရဲ့ကောင်းကျိုးနဲ့ပတ်သက်ပြီး ယုံကြည်မှုဖြစ်စေတယ်လို့ စမ်းသပ်သူများမှာ တွေ့ရှိရပါတယ်။
သတင်းမီဒီယာတွေအနေနဲ့ အရေးကြီးကိစ္စရပ်များအတွက် ပိုပြီးတော့ အပြုသဘောဆောင်ပြီး ဖြေရှင်းပေးဖို့ဦးတည်နေတဲ့ အသုံးအနှုန်းများဖြင့် ထည့်သွင်းဖော်ပြဖို့မျှော်လင့်ကြောင်း သုတေသီများကဆိုပါတယ်။
အဆိုးထဲကနေ ကောင်းတာတွေကို ရွေးထုတ်နိုင်မယ့် သတင်းတွေဖော်ပြခြင်းဖြင့် ကမ္ဘာကြီးနဲ့လူသားတွေက အခြေခံအားဖြင့် ကောင်းမွန်တယ်လို့ သိရှိစေကာ ဒါဟာစိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါတယ်လို့ နိဂုံးချုပ်ဖော်ပြသွားပါတယ်။
Source: The Jerusalem Post.
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို လေကြောင်းခရီးစဉ်တွေ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News #မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ရခိုင်ဒေသ #လေကြောင်းခရီးစဉ်များ
#YMG #Yangon_Media_Group
#World_Exhibition
Published_ 19 May 2023
ကမ္ဘာကြီးပူနွေးလာမှု အန္တရာယ်များကို နားလည်စေချင်ရုံသာမက တစ်ဦးချင်းစုပေါင်းလုပ်ဆောင်ရမယ့်အရာများကို သိရှိစေမည့် ရာသီဥတုအရေးပေါ်ပြခန်းအသစ်ကို ပဲရစ်မြို့ရှိ ဆီတဲဒက်စ်ဆိုင်းယန့်စ်မှာ အင်္ဂါနေ့က ဖွင့်လှစ်လိုက်ပါတယ်။
#World_Exhibition #ရာသီဥတုပြောင်းလဲမှု #ရာသီဥတုအရေးပေါ်ပြခန်းကြီး# ပဲရစ်တွင်ဖွင့်လှစ်ပြသ #YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကိုထပ်မံစစ်ဆေးခဲ့ရာမေလ(၁၈)ရက်အထိစာရင်းတွေအရ ဒေသ(၁၁)ခုတွင် ဒေသခံပြည်သူ(၅၄)ဦးသေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာသေဆုံးသူ(၁၄၅)ဦးအထိရှိလာသလို လူနေအိမ်နဲ့အဆောက်အဦ(၁)သိန်း(၈)သောင်း (၆)ထောင်ကျော်ထိခိုက်ပျက်စီးခဲ့တယ်လိုနစကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #မိုခါမုန်တိုင်း #ဒေသခံပြည်သူ #လူနေအိမ်နှင့်အဆောက်အဦး
#YMG #Yangon_Media_Group
Page 1042 of 1817