Published_ 05 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်း(အမျိုးသမီး)သည် ရိုးရာလှေ (နဂါးလှေ)မီတာ၅၀၀ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုတရုတ်၊ဒုတိယဆုအင်ဒိုနီးရှားနှင့် တတိယဆုကြေးတံဆိပ်ကို မြန်မာနိုင်ငံမှထိုက် ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေ(နဂါးလှေ)အားကစားနည်းဖြင့် မီတာ၂၀၀အမျိုး သားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ၅၀၀အမျိုးသားပြိုင်ပွဲ၊အမျိုးသမီးပြိုင်ပွဲနဲ့ မီတာ၁၀၀၀အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မီတာ၂၀၀ပြိုင်ပွဲများတွင် စတုတ္ထနေရာဖြင့်သာကျေနပ်ရပြီးယခုမီတာ၅၀၀ပွဲမှ ကြေးတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group

Published 05 October 2023
တူရကီတပ်တွေဟာ အီရတ်ပိုင်နယ်မြေထဲက တရားမဝင် ကာဒစ္စတန်အလုပ်သမားပါတီ (PKK) ချုပ်ကိုင်ထားတဲ့ နေရာတွေကို လေကြောင်းကနေ လက်စားချေတိုက်ခိုက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
PKK အဖွဲ့ဟာ တနင်္ဂနွေနေ့က တူရကီမြို့တော် အန်ကာရာမှာ ဗုံးတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။
ထိုနေ့က တူရကီ ပြည်ထဲရေးဝန်ကြီးဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ရေးသမားတစ်ဦးက အသေခံဖောက်ခွဲခဲ့ပြီး လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နောက်တစ်ဦးကတော့ ရဲတွေနဲ့ ပစ်ခတ်စဥ် သေဆုံးသွားခဲ့ပါတယ်။
အဲဒီနောက် အာဏာပိုင်များဟာ အီရတ်နဲ့ ဆီးရီးယားကြား နယ်စပ် ကာဒစ်ရှ်လူမျိုးအများစု ရှိနေတဲ့ တူရကီအရှေ့တောင်ပိုင်းမှာ သံသယရှိသူ ဒါဇင်ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အီရတ်နိုင်ငံတွင်းရှိ PKK တည်ရှိတဲ့နေရာတွေကို တူရကီတိုက်လေယာဥ်များက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖိုင်ဒန်က ရုပ်သံအစီအစဥ်မှာ ပြောကြားသွားပါတယ်။
‘’အခုအချိန်ကစပြီး အီရတ်နဲ့ ဆီးရီးယားတို့မှာရှိတဲ့ PKK ၊ YPG (PKK နဲ့ဆက်စပ်နေတဲ့ ကာဒစ်ရှ်စစ်သွေးကြွအဖွဲ့)တို့ရဲ့ အခြေခံအဆောက်အအုံတွေ၊ စက်ရုံကြီးတွေ၊ စွမ်းအင်အဆောက်အအုံတွေ အားလုံးဟာ တူရကီလုံခြုံရေးအဖွဲ့တွေရဲ့ တရားဝင်ပစ်မှတ်ဖြစ်လာပါပြီ။
အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်တွေက ပြတ်ပြတ်သားသား တုန့်ပြန်သွားမှာဖြစ်ပြီး PKK အဖွဲ့ နောင်တရစေရပါမယ်။
အခြားသော ကြားနေပါတီများအနေဖြင့် ထိုအဆောက်အအုံတွေထံကနေ ရှောင်ရှားနေကြဖို့ တိုက်တွန်းလိုက်ပါတယ်’’ လို့ ပြောကြားသွားပါတယ်။
တနင်္ဂနွေနေ့ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ တူရကီက တိုက်ခိုက်ခဲ့သလို ဗုဒ္ဓဟူးနေ့မှာလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ PKK စစ်သွေးကြွ အများအပြားကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
မနှစ်က အစ္စတန်ဘူလ်မှာ လူ ၆ ယောက်သေစေခဲ့တဲ့ ဗုံးတိုက်ခိုက်မှုမှာ နောက်ကွယ်ကပါဝင်ခဲ့တယ်လို့ သံသယရှိသူ ကာဒစ်ရှ်စစ်သွေးကြွတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားရှိ တူရကီ ထောက်လှမ်းရေးအေးဂျင့်များက သတင်းပို့ထားပါတယ်။
သံသယရှိသူ ကာဒစ်ရှ်စစ်သွေးကြွ ၂ ဦးဟာ ဆီးရီးယားကနေ ဖြတ်သန်းဝင်ရောက်လာတယ်လို့ တူရကီ ထောက်လှမ်းရေးက အခိုင်အမာဆိုထားပေမယ့် အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF)မှ မက်ဇ်လွန်းမ်အက်ဘ်ဒီက စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ မဖြတ်သွားဘူးလို့ ငြင်းဆိုထားပါတယ်။
တူရကီဟာ ဆီးရီးယားဘက်ကို တရားဝင် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်အောင် အကြောင်းပြချက်များ ရှာနေတာဖြစ်ပြီး အဆောက်အအုံ စက်ရုံတွေ၊ သယံဇာတရင်းမြစ်တွေ၊ လူနေထိုင်တဲ့မြို့တွေကို ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တူရကီ၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့မှ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ PKK ဟာ ဆယ်စုနှစ်တွေကြာအောင် တူရကီကို ဖီဆန်နေတာဖြစ်ပြီး ၁၉၈၄ ခုနှစ်ကတည်းက လူပေါင်းသောင်းချီ သေဆုံးပျက်စီးစေခဲ့ပါတယ်။
Source: DW.
#World_News
#YMG #Yangon_Times #Yangon_Media_Group

Published 05 October 2023
ကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်မယ့် ပစ္စည်းထည့်သွင်းကုသနည်းအတွက် ဒေါ်လာ ၄၅ သန်းရန်ပုံငွေရရှိထားကာ ကင်ဆာကုသခြင်းက အလွန်လွယ်ကူလာတော့မှာ ဖြစ်ကြောင်း ရိုက်စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ဆိုပါတယ်။
ခက်ခဲစွာကုသနေရတဲ့ ကင်ဆာကုသနည်းလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ကာ အာရုံခံတုန့်ပြန်ဆောင်ရွက်ပေးတဲ့ ထည့်သွင်းပစ္စည်း နည်းပညာ ထုတ်လုပ်ဖန်တီးနိုင်ရန်အတွက် Advanced Research Projects Agency for Health မှ အကုန်အကျခံထားတာ ဖြစ်ပါတယ်။
ဆေးရုံကုတင်တွေမှာ အကြောဆေးသွင်းတာတွေ၊ ပစ္စည်းကိရိယာများဖြင့် စောင့်ကြည့်တာတွေ လုပ်မယ့်အစား ပစ္စည်းလေးတစ်ခုကို ထည့်သွင်းကာ ကင်ဆာကို အဆက်မပြတ် စောင့်ကြည့်နိုင်ပြီး ဆေးပမာဏကို တကယ့်လက်တွေ့ ထိန်းညှိပေးနိုင်မှာဖြစ်ကြောင်း ရိုက်စ်မှ ဇီဝအင်ဂျင်နီယာ အိုမစ်ဗီ့ရှ်က ပြောပြခဲ့ပါတယ်။
၃ လက်မခန့်သာရှိတဲ့ ပစ္စည်းလေးက ကိုယ်ခံအားကုသဆေးတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြည့်မီအောင် ပေးစွမ်းနိုင်မှာဖြစ်ပြီး ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ထည့်သွင်းပစ္စည်းကို အချိန်တိုအတွင်းသာ အသုံးပြုနိုင်ရန်နဲ့ ရက် ၆၀ လောက်ဖြင့် ကင်ဆာကို အမြစ်ပြတ်ကုသနိုင်ရန် သိပ္ပံပညာရှင်များ မျှော်မှန်းထားကြပါတယ်။
ဒီနည်းပညာက ကိုယ်တွင်းအင်္ဂါကင်ဆာမျိုးတွေမှာပါ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ထည့်သွင်းပစ္စည်းရဲ့ ထိရောက်မှုကို မျိုးဥအိမ်ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းမှာ ပထမဆုံးစမ်းသပ်သွားမှာ ဖြစ်ပြီး လူသားဖြင့် စမ်းသပ်မှုတွေကို ၅ နှစ်အတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုပစ္စည်းကို ကြွက်များဖြင့်စမ်းသပ်ခဲ့ရာမှာ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ နောက်ပိုင်းအဆင့်တွေကို ၆ ရက်အတွင်း ပျောက်ကင်းစေခဲ့ပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
တာတွေမြို့နယ် ကျောက်မြောင်း အထက်ရပ်ကွက်၊ သြဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်ရှိ 1 Stop Mart ဆိုင် ကို အောက်တိုဘာ ၄ရက် ညနေ ပိုင်းက အသက် မပြည့်သေးသည့် လူငယ်လေးဦး မှ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း အနီးနားရှိ ပြည်သူတွေထံ က သိရသည်။
အဆိုပါ လူငယ် လေးယောက် သည် အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန် ခန့်တွင် ဓားများ ကိုင်ဆောင်လာပြီး ဆိုင်အတွင်း သို့ ဝင်ရောက် လုယက်ရာတွင် 1 Stop Mart Control Center က ရဲစခန်းဆီ ဖုန်းဆက်အကြောင်းကြားတာကြောင့် လုံခြုံရေးတပ်ဖွဲ့ ရောက်ရှိလာချိန် တွင်ဆိုင်ဝန်ထမ်းအမျိုးသမီး များ ကို လည်ပင်းဓားထောက်ဓားစာခံ ပြုလုပ်ပြီး လွတ်မြောက်ရန် ကြိုးပမ်း သော်လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူအချို့ က ဝိုင်းဝန်း ဖမ်းဆီးပေးတာကြောင့် သုံးဦး ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
'' သြဘာလမ်း က 1 Stop Mart မှာ ဓါးပြ တိုက် ခံရတာ ဟုတ်တယ်၊အခု ဓါးပြတိုက်တဲ့ ကောင်လေးတွေပဲ အဲ့ ဆိုင် ကို ပထမ တစ်ခေါက်က လာပြီး ဆိုင်က ပစ္စည်းတွေ ယူသွားတယ်၊အဲ့တုန်းက မမိ လိုက်ဘူး၊အခု ဒုတိယ တစ်ခေါက်မှာ ဖမ်းမိတာပါ၊ဝန်ထမ်း အစ်မကတော့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရတာ တော့ မရှိဘူး၊ ကျောက်မြောင်းက 1 Stop Mart မှာ ခိုးတဲ့ သူတွေလည်း မကြာခဏ မိတယ်''ဟု ကျောက်မြောင်း ကျားကွက်သစ်လမ်းရှိ 1 Stop Mart ဆိုင်မှ ဝန်ထမ်းတစ်ဦး က ပြောသည်။
ဖမ်းဆီးရမိသူများမှာ တာမွေ မြို့နယ်ထဲမှ ဖြစ်ပြီး သီဟဝင်း (၁၅ နှစ်)၊ ကောင်းခန့်ဖြိုး (၁၅ နှစ်)နဲ့ လမင်းအောင် (၁၅ နှစ်) တို့ သုံးဦးဖြစ်ကာ တစ်ဦးကထွက်ပြေးလွတ်မြောက်လျက်ရှိကြောင် သိရသည်။
အဆိုပါ ဓါးပြ တိုက်ခံ ရမှု နှင့် ပက်သက်ပြီး သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ ထွက်ပြေး လွတ်မြောက်သွားသူ ကိုလဲ လိုက်လံ ရှာဖွေဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 05 October 2023
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(ပထမအဆင့်) အတွက် စုစည်းလေ့ကျင့်မှု များကို လာမည့် အောက်တိုဘာ (၇) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်း နှင့် နိုင်ငံတကာ ခြေစမ်းပွဲ စဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေတဲ့ ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူ လည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။
2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း) နှင့် အောက်တိုဘာ ၁၇ရက် (အဝေးကွင်း) တို့တွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ygm_mnn
#local_sport
#YMG #Yangon_Media_Group

Published 05 October 2023
ခြေချောင်းများကြားနဲ့ နားရွက်အနောက်တို့ကို ပွတ်တိုက်ဆေးကြောခြင်းဖြင့် ထိုနေရာတဝိုက်ရှိ အရေပြားကို ကျန်းမာစေကြောင်း ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှ လေ့လာစမ်းသပ်ခဲ့ပါတယ်။
လူ့အရေပြားပေါ်မှာ နေထိုင်တဲ့ အဏုဇီဝပိုးမွှားများက ခြောက်သွေ့၊ စိုစွတ်၊ အဆီပြန်တဲ့ အရေပြားနေရာတွေမှာ ကွဲပြားစွာ အသက်ရှင်နေထိုင်ကြပါတယ်။
အရေပြားဆိုတဲ့ အင်္ဂါက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကာကွယ်ပေးသလို ရောဂါခုခံရာတံတိုင်းအဖြစ်လည်း လုပ်ဆောင်ပါတယ်။
ထိခိုက်ဒဏ်ရာတွေနဲ့ ပိုးမွှားကူးစက်မှုတို့ကို လျှော့ချပေးတဲ့အပြင် ရေဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးခြင်း၊ အပူချိန်ထိန်းညှိပေးခြင်း၊ ဗိုက်တာမင်ဒီ ထုတ်လုပ်ခြင်းတို့လည်း ဆောင်ရွက်ပေးပါတယ်။
သက်ကြီးရွယ်အို အဖိုးအဖွားတွေက နားရွက်အနောက်နေရာတွေ၊ ခြေချောင်းကြားတွေ၊ ချက်နေရာတို့ကို ပွတ်တိုက်ပေးဖို့ ပြောကြားလေ့ရှိကြပါတယ်။
ဒါဟာ ထိရောက်မှုရှိမရှိ သိရှိနိုင်ရန် ကွန်ပျူတာဆိုင်ရာ ဇီဝတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ကိသ်ခရန်ဒေါလ်နဲ့ အဖွဲ့က ကျောင်းသားကျောင်းသူများဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
ဘွဲ့ရဘွဲ့ကြို ကျောင်းသား ၁၂၉ ဦးတို့ကို ထိုခန္ဓာကိုယ်နေရာများကနေ တို့ဖတ်စယူခိုင်းခဲ့တဲ့အပြင် ခြေသလုံးနဲ့ လက်တို့မှလည်း တို့ဖတ်စယူခိုင်းခဲ့ပါတယ်။
လက်ဖျံနဲ့ ခြေသလုံးတို့ဟာ ရေချိုးတဲ့အချိန်မှာ ပွတ်တိုက်မှု ပိုများတာကြောင့် ထိုနေရာများမှ အဏုဇီဝသက်ရှိပိုးမွှားများဟာ ပိုမိုကျန်းမာနေပါတယ်။
အဏုဇီဝသက်ရှိတွေက ကျန်းမာမှုမရှိဘဲ ပျက်စီးတဲ့ဘက် ရောက်လာတယ်ဆိုရင် အရေပြားရောဂါများ ဖြစ်လာနိုင်ပါတယ်။
သေချာစွာ ဆေးကြောသန့်ရှင်းခြင်းဖြင့် အရေပြားပေါ်မှ ပိုးမွှားများ ကျန်းမာလာနိုင်ကာ မိမိရဲ့ အရေပြားကျန်းမာရေးလည်း တိုးတက်လာနိုင်မယ်လို့ ခရန်ဒေါလ်က အကြံပြုခဲ့ပါတယ်။
ဒီသုတေသနက အရေပြားပေါ်မှ အဏုဇီဝသက်ရှိတွေကို လေ့လာတာ ပထမဆုံးဖြစ်ကြောင်းလည်း ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times #Yangon_Media_Group
စာအုပ်ပေါင်း ၅ ထောင်ကျော် စုစည်းတင်ပြထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်အရောင်းပွဲကို ကင်ညာဆိပ်ကမ်းမြို့ မွမ်ဘာဆာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၇ ပတ်လုံး ကမ်းကပ်ပြသထားပြီး စာပေဝါသနာရှင်များ အတွက်တော့ လေ့လာသင်ယူရန် အခွင့်အလမ်းကောင်း ဖြစ်နေပါတယ်။
#World_Literature
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 4 October 2023
၁။ ရွှေတံဆိပ်ဆုပိုက်ပြီး ပြန်လာမည့် မြန်မာပိုက်ကျော်ခြင်းအသင်းကို ကြိုဆိုဂုဏ်ပြုမည်
၂။ (၃)နှစ်ဆက်တိုက် မကျင်းပဖြစ်သည့် ‘ကျိုက္ခမီရေလယ်ဘုရားပွဲတော် နှင့် ဆွမ်းအိုးမျှောပွဲ’ ပြန်လည်ကျင်းပမည်
၃။ ထိုင်းသို့ မြန်မာ့ကော်ဖီအစိမ်း တင်ပို့တာရပ်ဆိုင်းထား
၄။ ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ်အရောင်းပွဲသင်္ဘောကြီး ကင်ညာဆိပ်ကမ်းမြို့တွင် ဆိုက်ကပ်ထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကားဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ပြည်တွင်းထုတ်လုပ်မှု ပိုများလာပါက ဆက်လက်ကျဆင်းနိုင်
တစ်လအတွင်း ကားတစ်စီးကို အမျိုးအစားအလိုက် သိန်းတစ်ရာကနေတစ်ထောင်ခန့် အထိဆက်လက်ကျဆင်း
Yangon_Times/NN
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာလှေလှော်အသင်း မီတာ၂၀၀ပွဲတွင် အာရှအဆင့်(၄)ဖြင့် ကျေနပ်ခဲ့ရ၊မီတာ၅၀၀ ထပ်ပြိုင်မည်
ရိုးရာလှေ(နဂါးလှေ)မီတာ၂၀၀အမျိုးသားပြိုင်ပွဲမှာ ပထမတရုတ်၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄)ရရှိခဲ့ကာ မြန်မာအမျိုးသမီး မီတာ၂၀၀ လှေလှော်အသင်းမှာ ပထမတရုတ် ၊ဒုတိယထိုင်း၊ တတိယအင်ဒိုရရှိခဲ့ပြီး မြန်မာဟာ စတုတ္ထနေရာအဆင့်(၄) ရရှိခဲ့ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 October 2023
ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့တွင် ကျင်းပမည့် အာရှပစိဖိတ် အိမ်ခြံမြေ ကွန်ဗေးရှင်း နှင့်ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ချုပ်(FIABCI - Thai)နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)မှ တက် ရောက်ရန်အောက်တိုဘာလ ၄ရက်(ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထိုင်းနိုင်ငံသို့ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၅ရက် မှ ၆ ရက်ထိဘန်ကောက် မြို့၊The Berkeley ဟိုတယ်တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်၏ ဖိတ် ကြားချက်အရ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)ဥက္ကဌ ဦးခင်မောင်သန်းမှ ဦး ဆောင်၍ အသင်းသူ၊အသင်းသား တစ်ရာကျော်မှ ပထမဦးဆုံးအကြိမ် ပါဝင်တက်ရောက် ရန် ရန်ကုန်မြို့မှထွက်ခွာသွားသည်။
“FIABCI လို့ခေါ်တဲ့ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် ဟာ ၁၉၅၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဌနဲ့အသင်းသားများကိုတရားဝင်ဖိတ်ကြားခဲ့ပါတယ်။
ဒါဟာမြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနဲ့အသင်းသားများအတွက် အများကြီးအကျိုးရှိသလိုအခွင့်အလမ်း ကောင်းတခုလည်းဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုတွေအပြင် နိုင်ငံတကာ နဲ့လည်း ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနေတာကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်"ဟုဦးခင်မောင်သန်းကဆိုသည်။
ယင်းနှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာမှ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင်များ၊အိမ်ခြံမြေဆိုင်ရာမန်နေဂျာများတက်ရောက်ကြမည်ဖြစ်ပြီးထိပ်တန်းကမ္ဘာ့အိမ်ခြံမြေရောင်းဝယ်ရေးသမားများနှင့်လည်း နှီးနှောဖလှယ်ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)အနေဖြင့် အာဆီယံအိမ်ခြံမြေအသင်း (ARENA) သို့ ၂၀၁၆ခုနှစ်ဩဂုတ်လ ၂၆ရက်တွင်အာဆီယံ ရှစ်နိုင်ငံနှင့် MoU ရေးထိုး၍ဝင်ရောက်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် MRESAကိုပြင်သစ်နိုင်ငံနိုက်စ်မြို့ အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်မှ အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ကော်ဖီစေ့တင်ပို့မှု ဈေးမတည်ငြိမ်၍ ထိုင်းသို့ မြန်မာကော်ဖီအစိမ်း တင်ပို့ခြင်းရပ်ဆိုင်း
အခုနှစ်ရာသီချိန်မှာတော့ ပင်လယ်ရေကြောင်းလိုင်းကသာ အဓိက တရားဝင်တင်ပို့ဖို့သာရှိပေမယ့် သက်ဆိုင်ရာက ဖြေလျော့တာတွေ လုပ်ပေးရင်လည်း တောင်သူတွေ တွက်ခြေကိုက်နိုင်ပြည်တွင်းကော်ဖီ သောက်သုံးမှု မြင့်တက်မလာသေးတာကြောင့် ပြည်ပတင်ပို့တာ လျော့ချရင်အခက်အခဲရှိနိုင်ပါတယ်။
Yangon_Times/NN
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1042 of 2002