အွန်လိုင်းဈေးရောင်းချသူများ မှတ်ပုံတင်ပြီးပါက ဈေးနှုန်းမဖေါ်ပြဘဲ ဝယ်သူကို cb ခေါ်ယူရောင်းချတာမျိုး လုပ်ဆောင်ခွင့်မပြုတော့ဟုဆို
အွန်လိုင်းဈေးရောင်းချတဲ့အခါမှာ ကုန်ပစ္စည်းဈေးနှုန်းတွေကို ပွင့်လင်းမြင်သာစွာ ရောင်းချရမှာ ဖြစ်ပြီး အများပြည်သူမြင်သာတဲ့ သက်ဆိုင်ရာ ပေ့ခ်ျစာမျက်နှာကနေ ဈေးနှုန်းစုံစမ်းတဲ့ ဝယ်ယူလိုသူတွေကို cb(chat box) ကို ခေါ်ယူရောင်းချတာတွေ ခွင့်မပြုတော့ဘူးလို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာပိုက်ကျော်ခြင်းအသင်း ဂျပန်ကိုနိုင်ပြီး ဗိုလ်လုပွဲဖိုင်နယ်တက်
‘ပထမပွဲစဉ်မှာ မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံး အဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်ကို ဆက်လက်ပြီးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပါတယ်’ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းချုပ်
Yangon_Times/tthl
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 October 2023
မြန်မာနိုင်ငံသို့ အားကစားအခြေခံGolf Tourများလာရောက်လည်ပတ်နိုင်အောင်စီစဉ်ဆောင်ရွက်နေသလို တရုတ်နိုင်ငံဒေသ(၆)ခုဖြစ်သည့် ယူနန်၊ ရွှေလီ၊ ကူမင်း၊ ရှမန်၊ ပေကျင်း၊ ဟောင်ကောင်တို့မှ တရုတ်ခရီးသွား ဧည့်သည်များလာရောက်လည်ပတ်နိုင်အောင်ခရီးသွားကုမ္ပဏီများမှ စီစဉ်ဆောင်ရွက်ရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့အစီအစဉ်များဆောင်ရွက်လျက်ရှိကြောင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များအားတွေ့ဆုံစဉ် တရုတ်ခရီးသွားအဖွဲ့မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီး သည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival အား ခွင့်ပြုပေးခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ International Travel Asia Travels and Tours နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တက်ဟုန်းပြည်နယ်ရှိ Dehong Travel ကုမ္ပဏီတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တရုတ်ခရီးသွားအဖွဲ့ခေါင်းဆောင် Mr. Dao Chengfu က ‘တရုတ်နိုင်ငံ၏ လူမှု ကွန်ယက်စာမျက်နှာများတွင် မြန်မာနိုင်ငံ နှင့် ပတ်သက်သော သတင်းတုသတင်းအမှားများအား ချေဖျက်လိုသောကြောင့် ယခုခရီးစဉ်အား စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုရောက်ရှိရာတွင် လည်း တည်ငြိမ်အေးချမ်းစွာ သွားလာလည်ပတ်နိုင် သည်ကိုတွေ့ရှိရပါကြောင်း။
ယခုခရီးစဉ် ပြီးဆုံးသွားပါက မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ကောင်းမွန်သော အတွေ့အကြုံများနှင့် အေးချမ်း သာယာမှုရှိကြောင်း သတင်းစကားများဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ခရီးသွားများပိုမိုလာရောက်ရေး အတွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း’ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားခရီးသွားအဖွဲ့အနေဖြင့် ၃၀-၉-၂၀၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ မန်စီမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာပြီး ခရီးစဉ်ဒေသများသို့ သွားရောက် လည်ပတ်ကြမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ ကုမ္ပဏီများအနေဖြင့် Golf Tour များအပါအဝင် ယူနန်၊ ရွှေလီ၊ ကူမင်း၊ ရှမန်၊ ပေကျင်း၊ ဟောင်ကောင်တို့မှ တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
အိန္ဒိယနဲ့ဘာရိန်းဝယ်လက် နိုင်ငံသစ်တွေက ကနဦးကမ်းလှမ်းတာတွေရှိနေ
ပြည်ပ ဈေးကွက်ခိုင်မာတာကြောင့် အခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧကထောင်ချီတိုးချဲ့စိုက်ပျိုးလာ
Yangon_Times/NN
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 October 2023
အုန်းသီးအခြေခံစားသောက်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်း၌သာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ အဆင့်မြှင့်တင်ထုတ်လုပ် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
ထုတ်ကုန်(အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုး မြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၂)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသင်တန်းအား အောက်တိုဘာ ၂ ရက် မှ ၄ ရက် အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၃၄ ဦး တက်ရောက်ကြောင်း သိရသည်။
ထိုသင်တန်းတွင် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ ပြုလုပ်ခြင်းနှင့် ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြင့် အုန်းထုတ်ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
ငွေနှင်းမှို မျိုးထုပ် ပြုလုပ်ရာမှာ အသုံးပြုရတဲ့ ကုန်ကြမ်းရှားပါး ဈေးမြင့်လာပေမယ့် စီးပွားဖြစ် စိုက်ပျိုးသူ ယခင်ထက်များလာ
ငွေနှင်းမှို မျိုးစေ့ထုပ် ပြုလုပ်ရာမှာအသုံးပြုရတဲ့ မြေသြဇာကုန်ကြမ်းဟာ လိုအပ်သလောက် မရရှိဘဲ ဈေးမြင့်လာပေမယ့် ငွေနှင်းမှိုကို စီးပွားဖြစ် စိုက်ပျိုးရောင်းချတဲ့ သူတွေကတော့ယခင်ထက် ပိုများလာတယ်လို့ ငွေနှင်းမှို မျိုးထုပ်ရောင်းချတဲ့ သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
YBS ယာဉ်လိုင်းနံပါတ်တစ်ခုကို ကုမ္ပဏီတစ်ခုသာ ပြေးဆွဲမည်
‘ YBS ယာဉ်လိုင်းတစ်ခုကို ကုမ္ပဏီတစ်ခုတည်း ပြေးဆွဲမှာဖြစ်တဲ့အတွက် ဘယ်ဘတ်စ်ကားနံပါတ်က စည်းကမ်းဖောက်ဖျက်လဲဆိုတာကို စိစစ်အရေးယူနိုင်တော့မှာဖြစ်တယ်။ ယာဉ်လိုင်း(၁၃)ခုမှ ကုမ္ပဏီမတူတဲ့ ယာဉ်အချိုသာမူလနံပါတ်တွေကနေ နံပါတ်အသစ်တွေပြောင်းလဲထားတာဖြစ်ပြီး ကျန်ယာဉ်လိုင်းတွေ(၁၀၀) ကျော်က မူလနံပါတ်တွေအတိုင်းပဲပြေးဆွဲသွားမှာဖြစ်တယ် ’ YRTCတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်
Yangon_Times/tthl
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 October 2023
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၆၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆ ခုကို ခွင့်ပြုပေးလိုက်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)က သိရသည်။
မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေသည့် လျှပ်စစ်ကဏ္ဍ၊ စက် မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့တွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ငွေကျပ် ၃၁၄,၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ်လို့လည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက် မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 3 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ ဂျပန်ပိုက်ကျော်ခြင်းအသင်းကို ရမှတ်(၂၁-၁၅)ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားကြောင်း အားကစားရေးရာနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။
ဆီမီးဖိုင်နယ်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ မြန်မာအမျိုးသားပိုက်ကျော်အသင်းမှ ဆီမီးဖိုင်နယ်ကိုအနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ဖိုင်နယ်ဗိုလ်လုပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည့် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားအသင်း တို့မှအနိုင်ရရှိသောအသင်းဖြင့်ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published 3 October 2023
မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ် တွင် လူဝင်ကြီးကြပ်ရေးဌာနမှ အထူးစစ်ဆင်ရေးအဖွဲ့၊ မလက္ကာရှေ့ဟောင်းမြို့ တာဝန်ရှိသူများနှင့် မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ တို့က မြန်မာရွေ့ပြောင်းလုပ်သား ၁၀၀ကျော် အပါအဝင် အခြား နိုင်ငံ ခြားသား ရွှေ့ပြောင်း လုပ်သားများ ကို စစ်ဆေးမှု
ပြုလုပ်ခဲ့ပြီး အထောက်အထား မပြည့် ဆုံသည့့်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ဦးအဖမ်းခံခဲ့ရကြောင်း မလက္ကာလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ချက် အရ သိရသည်။
မလေးရှား အစိုးရ က ပြည်တွင်း ရှိ တရားမဝင် နေထိုင်သူများ ကို စီမံချက် ဖြင့် ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကာ ပြီးခဲ့သည့် အောက်တိုဘာ ၁ရက် က မလက္ကာပြည်နယ် ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းဝန်းကျင်ရှိ တရားဝင် ဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းနေရာများနှင့် ဈေးဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၉၉ ဦးကို ဖမ်းဆီးစစ်ဆေး ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံရသူများတွင် မြန်မာ ၁၀၂ဦး၊ ဘင်္ဂလားဒေ့ရှ် ၆၈ ဦး၊ အင်ဒိုနီးရှား ၉ ဦး၊ နီပေါ ၁၇ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၃ ဦးတို့ပါဝင်ပြီး အဆိုပါ နေရာအနီးတဝိုက် တွင် အလုပ်လုပ်နေကြသူများ အပြင် လမ်းသွားလမ်းလာလုပ်နေကြသူတွေလည်း ပါဝင်ကြောင်း သိရသည်။
မလက္ကာလူဝင်မှုကြီးကြပ်ရေးဌာနမှာ စစ်ဆေးခံရသူများတွင် ၂၃ ဦးသည် အထောက်အထား မပြည့်စုံတဲ့အတွက် ဖမ်းဆီးထားပြီး ယင်း၂၃ဦးထဲမှာ မြန်မာအမျိုးသား ၁၆ဦးနဲ့ ဘင်္ဂလာဒေ့ရှ် ၇ဦး ပါဝင် ကြောင်း သိရသည်။
ယခု ကဲ့သို့ မလေးရှားအစိုးရ က တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား အလုပ်သမားများကိုဖမ်းဆီးမှုများ ဆက်တိုက် လုပ်နေသော်လည်း မြန်မာ နိုင်ငံ အတွင်း အလုပ်အကိုင် အခွင့်လမ်း နည်းလာတာကြောင့် မလေးရှား သို့ ပွဲစားများကနေတဆင့် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမားများ လည်း ရှိနေကာ အလုပ်အကိုင် မရရှိဘဲ အခက်ခဲ ဖြစ်ပေါ်နေမှုများ လည်း ရှိနေကြောင်း မလေးရှားနိုင်ငံ ရှိ မြန်မာလူမှုကူညီရေး အသင်းများထံ က သိရသည်။
Yangon_Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group
published 3 October 2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းရေအားလျှပ်စစ် စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဌာနမှ ထုတ်ပြန်သည့်အသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ အရသိရသည် ။
ထိုသို့အသုံးပြုရာတွင်ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဋ္ဌေးနှင့်အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် (၁၆၂.၇၇၃) ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည် ။
ထို့အပြင် ရေအားလျှပ်စစ် စီမံကိန်းအသစ်များ စူးစမ်းလေ့လာခြင်း၊ တည်ဆောင်ပြီး ရေလှောင်တမံတွေ/ ရေအားလျှပ်စစ် စက်ရုံများနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ပြင်ဆင်ခြင်း၊ ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအတွက် လိုအပ်သည့် ပံ့ပိုးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအတွက် (၇.၁၆) ဘီလီယံ သုံးစွဲရန် လျာထားကြောင်း သိရသည် ။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနှင့် ကျပ် (၃၃၈၁.၃၂၇) ဘီလီယံအထိ သုံးစွဲထားပြီး ဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ ဘဏ္ဍာငွေ အများဆုံးအသုံးပြုခွင့် ရရှိထားပြီး ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံတွေ အဆင့်မြှင်တင်/ ပြုပြင်/ စက်နဲ့ စက်ရုံတွေ ပြင်ဆင်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း၊ ရန်ကုန် - YESC နှင့် မန္တလေး - MESC တို့ရဲ့ အသုံးစရိတ်တွေအပါ ကျပ် (၅၁၀) ဘီလီယံကျော် သုံးစွဲထား ကြောင်းသိရသည် ။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 03 October 2023
ဂျပန်နိုင်ငံမှ ပညာရှင်ကြယ်ပွင့်များ မွေးထုတ်ရာ ထိပ်တန်းအေဂျင်စီဖြစ်တဲ့ Johnny & Associates က လုပ်ငန်းအဖွဲ့ ၂ ခုကွဲသွားမှာဖြစ်ကာ အဖွဲ့တစ်ဖွဲ့က ယခင်တည်ထောင်သူမှ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း ခံခဲ့ရတဲ့သူများကို နစ်နာကြေးပေးရန် ရည်မှန်းထားပြီး ယခုအချိန်အထိ လူပေါင်း ၃၂၅ ဦးက ထိခိုက်နစ်နာခဲ့ကြောင်း ဖော်ထုတ်လာကြတယ်လို့ အဆိုပါအေဂျင်စီက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
အေဂျင်စီတည်ထောင်သူ ဂျွန်နီကီတာဂါဝါထံမှ ခွဲထွက်ကာ အမည်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ကီတာဂါဝါဟာ ၁၉၇၀ ခုနှစ်တွေကတည်းက အောင်မြင်ကျော်ကြားချင်တဲ့ လူငယ်လူရွယ် ယောက်ျားလေးရာဂဏန်းခန့်ကို အလွဲသုံးစားပြုခဲ့တယ်လို့ အမျိုးသား ဖျော်ဖြေရေး အနုပညာရှင်များသာ မွေးထုတ်ပေးတဲ့ ထိုအေဂျင်စီက ပြီးခဲ့တဲ့လက ဝန်ခံခဲ့ပါတယ်။
ကီတာဂါဝါရဲ့ တူမဖြစ်သူ ဂျူလီကေဖူဂျီရှီမာက ပြီးခဲ့တဲ့လက အေဂျင်စီဥက္ကဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ထိုကိစ္စများအတွက် တောင်းပန်လိုက်ကာ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန်နဲ့ လျော်ကြေးများ ပေးဆောင်ရန် ကတိပြုလိုက်ပါတယ်။
ဥက္ကဌအသစ် နိုရီယူကီ ဟီဂါရှီယာမာက အေဂျင်စီကို Smile-Up လို့ အမည်ပြောင်းလဲမှာဖြစ်ပြီး ကီတာဂါဝါကြောင့် နစ်နာခဲ့သူများကို လျော်ကြေးပေးရန် အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပညာရှင်ကြယ်ပွင့်များ စီမံခန့်ခွဲရေးလုပ်ငန်းများ လွှဲပြောင်းလုပ်ဆောင်ရန် သီးခြားကုမ္ပဏီတစ်ခုဖြင့် လည်ပတ်သွားမှာ ဖြစ်ပြီး ဆက်လက်လက်တွဲ လုပ်ဆောင်ချင်သူ တစ်ဦးချင်းနဲ့ အဖွဲ့များကို စာချုပ်သက်တမ်းတိုးသွားမှာ ဖြစ်တယ်လို့ ဟီဂါရှီယာမာက ရှင်းလင်းပွဲတစ်ခုမှာ ပြောပြသွားပါတယ်။
အမည်ကိုတော့ ယင်းတို့ထံမှ ဖျော်ဖြေရေးကြယ်ပွင့်များရဲ့ ပရိသတ်များကို ရွေးချယ်စေမှာ ဖြစ်ပါတယ်။
ကီတာဂါဝါရဲ့ မတရားပြုကျင့်မှုကို ၁၉၉၉ ခုနှစ်တုန်းက ပြည်တွင်းထုတ်သတင်းစာ Shukan Bunshun မှ ပထမဆုံးဖော်ထုတ်တင်ပြခဲ့ဖူးပါတယ်။
မတ်လမှာ BBC မှ ဖော်ပြပြီးနောက်မှာတော့ ထိခိုက်နစ်နာခဲ့ရသူများဟာ ထုတ်ဖော်ပြောဆိုလာကြပြီး ယခုနှစ်အတွင်း ပိုပြီးလူသိများလာပါတယ်။
ဒီကိစ္စအကြောင်း ကုမ္ပဏီကသိရှိတယ်လို့ ပြီးခဲ့တဲ့လက ကြေညာပြီးနောက် အဓိကကုမ္ပဏီကြီး ဒါဇင်ခန့်ဟာ ယင်းတို့ရဲ့ အနုပညာရှင်တွေနဲ့ စာချုပ်သက်တမ်း အဆုံးသတ်တော့မယ်လို့ ဆိုခဲ့ကြပါတယ်။
ဖူဂျီရှီမာက ကီတာဂါဝါရဲ့ ဆွေမျိုးသားချင်း ဖြစ်တဲ့အတွက် Johnny & Associatess ကို အဆုံးသတ်ဖို့က သူ့ရဲ့တာဝန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျွန်နီကီတာဂါဝါရဲ့ လက်စလက်နအားလုံးကို ဒီလောကကနေ ဖယ်ရှားချင်နေပြီလို့ ဖော်ပြသွားပါတယ်။
Source: NDTV.
#World_News
#YMG #Yangon_Times #Yangon_Media_Group
Page 1044 of 2002