ကချင်၊ရှမ်းနှင့် တရုတ်နယ်စပ်ရှိ တိုက်ပွဲရှောင်များ စားနပ်ရိက္ခာဝယ်ရန်ခက်ပြီး စားနပ်ရိက္ခာ ပိုလိုအပ်လာ
"လမ်းတွေပိတ်ထားတာတွေ ရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ စားနပ်ရိက္ခာသွားဝယ်လို့မရဘဲ စားနပ်ရိက္ခာတွေ ပိုလိုအပ်လာတာ ဖြစ်တယ်"လက်ဖက်ညွှန့်အသင်းမှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကျင်သီတံတားပျက်စီးမှုကြောင့် ဆေးကုသမည့်လူနာများနဲ့ မွေးလူနာများ သွားလာရေး အခက်ခဲ ဖြစ်ပေါ်နေ
သီပေါ နဲ့ကျောက်မဲကြား ဆက်သွယ်ထားတဲ့ ကျင်သီတံတား ပျက်စီးနေတာကြောင့် မြို့နယ် အတွင်းမှာရှိတဲ့ ဆေးကုသရမယ့်လူနာတွေနဲ့ မွေးလူနာတွေ သွားလာရေး အခက်ခဲဖြစ်ပေါ်နေတယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
အစ္စရေးလ်တို့က ဗုဒ္ဓဟူးနေ့မှာ ပါလက်စ်တိုင်း အရပ်သား ထောင်ပေါင်းများစွာ ခိုလှုံနေတဲ့ ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးအယ်ရှီဖာဆေးရုံကို ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီး ဟားမတ်စ်စစ်သွေးကြွများကို လက်နက်ချအညံ့ခံရန် တိုက်တွန်းလိုက်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်တပ်များက ဆေးရုံဝန်းအနောက်ဘက်ခြမ်းကို ကျူးကျော်စီးနင်းလိုက်ပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ မူနီယာအယ်ဘာ့ရှ်က အယ်လ်ဂျာဇီရာ ရုပ်သံကို ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး လူတွေရှိနေတဲ့ နေရာတွေကို ဖုန်မှုန့်တွေ ဝင်ရောက်လာကြောင်း၊ ဆေးရုံအထဲမှာ ပေါက်ကွဲသွားတယ်လို့ ယူဆထားကြောင်း ဆိုပါတယ်။
အစ္စရေးလ်တပ်တွေက မိနစ်အနည်းငယ်အတွင်း ဆေးရုံကိုဝင်စီးတော့မယ်လို့ ဂါဇာကမ်းမြောင်မှ အရာရှိများကို သတိပေးခဲ့ကြောင်း ဒေသစံတော်ချိန် သန်းခေါင်ယံ ၁ နာရီမတိုင်ခင်မှာ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ဂါဇာကို အစ္စရေးလ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ လူနာတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ထောင်ပေါင်းများစွာ ပိတ်မိနေတဲ့ အယ်ရှီဖာဆေးရုံမှာ အခြေအနေတွေ ပိုဆိုးလာပြီး နိုင်ငံတကာမှ အဓိကအာရုံစိုက်ရာကိစ္စ ဖြစ်လာကာ လူသားချင်းစာနာ ထောက်ထားမှုဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် တစ်ကမ္ဘာလုံးမှ တောင်းဆိုမှုများ မြင့်တက်လာပါတယ်။
ဟားမတ်စ်တို့က အယ်ရှီဖာဆေးရုံအောက်မှာ ဗဟိုစစ်ဌာနချုပ် အခြေချထားကာ ယင်းတို့ရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ဖုံးကွယ်ရန်နဲ့ ဓားစာခံများကို ထိန်းသိမ်းထားဖို့ ဆေးရုံနဲ့ မြေအောက်လှိုဏ်ခေါင်းတွေကို အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားကာ ဒါကို ဟားမတ်စ်တို့က ငြင်းချက်ထုတ်ထားပါတယ်။
အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)မှ ထုတ်ပြန်ထားရာမှာ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေး အချက်အလက်များအပေါ် အခြေခံပြီး ရှီဖာဆေးရုံရှိ ဟားမတ်စ်တို့တည်ရှိရာ နေရာတွေကို တိကျစွာ ပစ်မှတ်ထား စစ်ဆင်ရေးပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
IDF တွေက အရပ်သားတွေကို မထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဒီဆေးရုံဝန်းကြီးနဲ့ အရေးပါတဲ့နေရာတွေအတွက် အထူးလေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေနဲ့ အာရေးဗီးယားစကား တတ်မြောက်သူတွေကို တပ်ဖွဲ့ထဲမှာ ထည့်သွင်းထားကြောင်း စစ်တပ်က ဆိုပါတယ်။
အဆိုပါ ဆေးရုံဝန်းကြီးဟာ ဟားမတ်စ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှု အချက်အခြာနေရာကြီး ဖြစ်နေနိုင်ပြီး ယင်းတို့ရဲ့ ဗဟိုဌာနချုပ်တောင် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အစ္စရေးလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက CNN ကို ပြောကြားသွားပါတယ်။
အစ္စရေးလ်ရဲ့ သုံးသပ်ချက်ကို အမေရိကန် ထောက်လှမ်းရေးကလည်း ထောက်ခံထားပါတယ်။
အမေရိကန်ရဲ့ ကြေညာချက်ကြောင့် ဆေးရုံကို ဝင်ရောက်စီးနင်းဖို့ အစ္စရေးလ်ကို မီးစိမ်းပြသလို ဖြစ်သွားပြီး အဆိုပါကျူးကျော်မှုအတွက် အစ္စရေးလ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ဟားမတ်စ်တို့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်တွေက အစ္စရေးလ်တပ်များဟာ ဟားမတ်စ်တို့နဲ့ အပြင်းအထန် တိုက်ခိုက်နေခဲ့ပြီးနောက် ဂါဇာမြို့လယ်သို့ ချီတက်ကာ အယ်ရှီဖာဆေးရုံကို ဝန်းရံထားလိုက်ပါတယ်။
အနောက်ဘက်ကမ်းရိုးတန်းမှ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီး မိုင်အယ်ကေလာက အစ္စရေးလ်တို့ဟာ အရပ်သားများ၊ ဆေးဝန်ထမ်းများ၊ လူနာများအပေါ် ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ပြောပြခဲ့ပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ ဆေးရုံတွေဟာ ကာကွယ်မှုရထားတဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အယ်ရှီဖာဆေးရုံမှာ စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်နေတယ်လို့လည်း စွပ်စွဲချက်များ ပေါ်ထွက်နေတာကြောင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ရန်သူတွေကို အန္တရာယ်ပြုတဲ့ လုပ်ရပ်တွေ ပြုလုပ်စေတာကလည်း နိုင်ငံတကာဥပဒေ ကာကွယ်မှုကနေ သွေဖီနိုင်ပါတယ်။
ဆေးရုံထဲရှိ စစ်ရေးလှုပ်ရှားမှုတွေကို ၁၂ နာရီအတွင်း ရပ်ဆိုင်းရန် ဂါဇာအာဏာပိုင်များကို သတိပေးခဲ့ပေမယ့် ရပ်ဆိုင်းခြင်းမရှိခဲ့ဘူးလို့ အစ္စရေးလ်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters
#World_News
#Yangon_Times
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group

Published 15 November 2023
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအဖြစ်ထုတ်ပေးထားသည့် သက်သေခံလက်မှတ် (CI) စာအုပ်၊ ပျောက် ဆုံး ခဲ့ပါက သတ်မှတ်ထားသည့် အထောက်အထား စာရွက်စာတမ်းယူဆောင်၍ သာမန်- မြန်မာနိုင်ငံကူး(PJ)စာအုပ် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဘန်ကောက်မှ ထုတ်ပြန်ကြေညာထားသည်။
CIပျောက်ဆုံးသွားသည့် မြန်မာအလုပ်သမားများအနေဖြင့် အခက်ခဲမဖြစ်စေရေးနှင့်အထောက်အထားခိုင်လုံစွာ ဖြင့် နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရေးအတွက် သာမာန်
နိုင်ငံကူးလက်မှတ် ကို စိစစ်ထုတ်ပေးရန်လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်ထားရာတွင် (CI)စာအုပ်မိတ္တူ၊ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာနှင့်၊ ၎င်း ထောက်ခံစာအား အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ဆိုချက်၊ ထိုင်းနိုင်ငံဆိုင်ရာ- မြန်မာသံရုံးမှ (CI)စာအုပ်ပျောက်ဆုံးကြောင်း ထောက်ခံစာမူရင်း၊ Work Permit ၊ နိုင်ငံသားစီစစ်ရေးကဒ်(မူရင်း)၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အား ယူဆောင်၍ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/၀)နှင့်(၁၁၇/၁)တွင် ယာဉ်တစ်စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲလမ်းလယ်ကျွန်း အုတ်တန်းအား ဝင် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်း၏သတင်းထုတ်ပြန် ချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ရက် နံနက် ၈နာရီ ၄၅ မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၅ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်(၁)စီးသည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအုတ်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ များကို ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
15 November 2023
မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်း၍တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင်သဘောထား ထုတ်ဖော်ပြောကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်က" တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ အခြေအနေပို၍ပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း၊
မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း "ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
လူတွေရဲ့ နှာခေါင်းပေါက် ၂ ပေါက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်အနံ့ခံအာရုံ ရှိနေနိုင်ပြီး သပ်သပ်စီ လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်း မကြာသေးမီက လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
ဒါဟာ ဦးနှောက်ရဲ့ ရှုပ်ထွေးပုံနဲ့ အာရုံကြောကွန်ရက်ကနေ အနံ့အာရုံတွေကို ဘယ်လိုလုပ်ဆောင်လဲဆိုတာကို သိရှိစေပါတယ်။
လူတွေရဲ့ ဦးနှောက်က နှာခေါင်းပေါက် ၂ ခုကနေ ဝင်လာတဲ့ အနံ့အာရုံတွေကို ကွဲပြားစွာ သိရှိပြီး အနံ့တစ်ခုရယ်လို့ သိရှိအောင် ပေါင်းစပ်ပေးတယ်လို့ ယခင်သုတေသနကို အခြေခံပြီး လေ့လာခဲ့ပါတယ်။
ဒီအတွက် ဦးနှောက် အီလက်ထရုတ်အစားထိုးခြင်း ခံယူနေတဲ့ ဝက်ရူးပြန်လူနာ ၁၀ ဦးကို ပန်ဆယ်ဗေးနီးယားတက္ကသိုလ်၊ ဘားရိုးအာရုံကြောတက္ကသိုလ်၊ အိုဟိုင်ယိုပြည်နယ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ထဲထဲဝင်ဝင် လေ့လာခဲ့ကြပါတယ်။
စမ်းသပ်ခံသူတွေကို အနံ့ ၃ မျိုး၊ သန့်စင်သောလေတို့ဖြင့် ထိတွေ့စေခဲ့ကာ နှာခေါင်းပေါက် တစ်ခုချင်းစီနဲ့ နှစ်ပေါက်စလုံး တပြိုင်တည်းအနေအထားတို့ဖြင့် ရှူခိုင်းခဲ့ပါတယ်။
အနံ့တစ်ခုတည်းကိုပဲ နှာခေါင်းပေါက် တစ်ခုချင်းစီကနေ ရှူခိုင်းခဲ့ရာမှာ ဦးနှောက်လှုပ်ရှားမှု အလားတူပေမယ့် ပုံစံထပ်တူကျတာမျိုး မဟုတ်ခဲ့တာကြောင့် အတိုင်းအတာတစ်ခုထိ ကွဲပြားတာကို ညွှန်ပြနေပါတယ်။
ဒါ့အပြင် နှာခေါင်း ၂ ပေါက်စလုံးကနေ အနံ့ရှူသွင်းခိုင်းရာမှာ ဦးနှောက်လှုပ်ရှားမှု သိသာစွာကွဲပြားနေတာကို တွေ့ရှိခဲ့ပြီး နှစ်ဖက်စလုံးက အမြဲတမ်းတော့ တူညီစွာ လုပ်ဆောင်မနေဘူးလို့ ယူဆနိုင်ပါတယ်။
နှာခေါင်းပေါက်နှစ်ခုစလုံး အသုံးပြုတာက အနံ့ကို ပိုမိုလျင်မြန်ထိရောက်စွာ သိရှိစေနိုင်ပြီး မျက်လုံးနှစ်လုံး၊ နားနှစ်ပေါက် အသုံးပြုသလို အားသာချက်မျိုး ရရှိစေနိုင်ပါတယ်။
Source: WION
#World_Health
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 15 November 2023
ဆေးလိပ်အစားထိုး vape ကို ၁၀ နှစ်တာ သောက်သုံးလာတဲ့ မစ်ဆူရီမှအမျိုးသားဟာ အတွင်းအင်္ဂါများ ချို့ယွင်းသွားခဲ့ပြီးနောက် တီထွင်ကြံဆတဲ့ နည်းလမ်းဖြင့် ရင်သားအစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ကာ အသက်ဆက်ရှင်နေပါတယ်။
အသက် ၃၄ နှစ်အရွယ် ဒေဗီဘောင်ဝါကို ချီကာဂိုမှ အနောက်မြောက်ပိုင်း ဆေးစင်တာမှာ မေလက ခွဲစိတ်ပြုလုပ်ခဲ့ပါတယ်။
သူဟာ အသက် ၂၁ နှစ်အရွယ်မှာ စီးကရက်တွေ စတင်သောက်သုံးခဲ့ကာ ၂၀၁၄ ခုနှစ်မှာ vape ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။
တစ်နေ့ကို စီးကရက်တစ်ထုပ်နဲ့ ညီမျှတဲ့ vape တစ်တောင့်ကုန်အောင် သောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက တုပ်ကွေးကူးစက်ခဲ့ကာ ဆူဒိုမိုနတ်စ်ဘက်တီးရီးယား မျိုးကွဲတစ်မျိုး ကူးစက်ခဲ့ပြီး ပဋိဇီဝဆေးယဥ်ပါးမှုကြောင့် ရောဂါသက်သာဖို့ ခက်ခဲနေခဲ့ပါတယ်။
အဆုတ်တွေက တဖြည်းဖြည်းနဲ့ အရည်ပျော်လာပြီး စိန့်လူးဝစ်မှ ဆရာဝန်များက သူ့ကိုကယ်တင်လို့ မရတော့ဘူးလို့ ထင်လာကြပါတယ်။
ဒီနောက် ဘောင်ဝါကို ချီကာဂိုဆေးရုံသို့ ရွှေ့ပြောင်းခဲ့ကာ လက်ရှိအခြေအနေဖြင့် အဆုတ်အစားထိုးခွဲစိတ်မှုကို ခံနိုင်ဖွယ်မရှိတာကြောင့် ရောဂါကူးစက်မှုကို ရှင်းလင်းရန် အဆုတ်နှစ်ခုစလုံးကို ဖယ်ရှားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဆုတ်တွေကို ဖယ်ရှားပြီးနောက် ပြင်ပလူလုပ်အဆုတ်ဖြင့် အသက်ဆက်ရှင်အောင် ဖန်တီးခဲ့ကာ ရင်ခေါင်းထဲမှာ နှလုံးနေရာချော်မထွက်သွားစေရန် ရင်သားအစားထိုးမှု ပြုလုပ်ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုနဲ့ အလှအပရေးရာ ခွဲစိတ်မှုတို့ကို ထိရောက်စွာ ပေါင်းစပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုအစားထိုးမှုက အလုပ်ဖြစ်ခဲ့ပြီး ၂၄ နာရီအတွင်း အစားထိုးမယ့် အဆုတ်တွေကို ရှာတွေ့ခဲ့ကာ အဆုတ်အစားထိုးခြင်းနဲ့ ရင်သားအစားထိုးခြင်းတို့ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။
လပေါင်းများစွာ အထူးကြပ်မတ်ကုသခဲ့ပြီးနောက် ဘောင်ဝါဟာ စက်တင်ဘာလမှာ ဆေးရုံကဆင်းခဲ့ပါတယ်။
အဆုတ်တွေကို ဖယ်ရှားပြီး အသက်ဆက်ရှင်အောင် ခွဲစိတ်နိုင်ခဲ့တဲ့ နည်းပညာကို အလွန်နာမကျန်းဖြစ်နေတဲ့ လူနာတွေမှာ အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုကိစ္စမှာ vape အသုံးပြုတာက အဓိကပါဝင်ပတ်သက်နေကာ အီလက်ထရွန်နစ် စီးကရက်သောက်သုံးခြင်းအကြောင်းကို သတိပြုသွားရမှာ ဖြစ်ပါတယ်။
နယူးယော့ခ်မှာ ၂၀၁၉ ခုနှစ်က vape ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
Source: New York Post.
#World_Health
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၄ နိုဝင်ဘာ ၂၀၂၃
အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် နစက ကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai အား ၁၄-၁၁-၂၀၂၃ ရက်နေ့ ၁၀၀၀ နာရီတွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံစဉ် “ပြည်ထောင်စုဝန်ကြီး နှင့် သံအမတ်ကြီးတို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း” ဖြင့် နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
အာရပ်အစ္စလာမ် အထူးပူးတွဲထိပ်သီး အစည်းအဝေးကနေ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေး၊ နှစ်နိုင်ငံဖြေရှင်းခြင်းနည်းလမ်း အသုံးပြုရေးတို့နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ကြောင်း အရှေ့အလယ်ပိုင်း နိုင်ငံရေးသုံးသပ်သူများက ဆိုပါတယ်။
#World_Politics
#ဂါဇာပဋိပက္ခ #အာရပ်အစ္စလာမ် #မွတ်ဆလင်နိုင်ငံခေါင်းဆောင်များ #ထိပ်သီးအစည်းအဝေး
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၄ နိုဝင်ဘာ ၂၀၂၃
၁၄-၁၁-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲဖြစ်စဉ်များနှင့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ ဆရာ၊ဆရာမများနှင့် ကလေးသူငယ်များအား အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီး၍ လူသားတံတိုင်းအဖြစ်ခေါ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်ကို မီဒီယာများသို့ဖြန့်ဝေပေးခဲ့ရာ ယင်းကို မူရင်းအတိုင်းအပြည့်အစုံဖော်ပြပေးပါသည်။
-ymg/knl
#Daily_News
Published_ 14 November 2023
၁။ EV စင်းလုံးငှားတက်စီများကို ရန်ကုန်-ဖျာပုံအပြင် ချောင်းသာ၊ ငွေဆောင်တို့ကိုလည်း
ငှားရမ်းနိုင်ဟုဆို
၂။ တန်ဆောင်တိုင် ပွဲတော်အတွက် တောင်ကြီးနှင့်ကလော၌ ဟိုတယ်ဘိုကင်များ ပြည့်နေ
၃။ မူဆယ်တွင် တရုတ်ဘက်မှ ရောင်းချပေးမှုကြောင့် စက်သုံးဆီပြတ်တောက်မှု မရှိဟုဆို
၄။ ဂါဇာပဋိပက္ခနှင့်ပတ်သက်၍ အာရပ်နှင့် မွတ်ဆလင်နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 1039 of 2056