#Local_News
Published_ 28 February 2023
ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေတန်ဖိုးတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ နှစ်အလိုက်သတ်မှတ်ပေးနေတာဖြစ်ပါတယ်။ ၂၀၂၂_၂၀၂၃ ခုနှစ်အတွက် အိမ်ခြံမြေတန်ဖိုးသတ်မှတ်ပေးဖို့ တင်ပြရမယ့်လျှောက်လွှာတွေကို ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ သတင်းထုတ်ပြန်ထားပါတယ်။
#Local_News #အိမ်ခြံမြေ #တင်ပြရမည့်လျှောက်လွှာ #YMG #Yangon_Media_Group
#World_Architecture
Published 28 February 2023
ဘရာဇီးလ်နိုင်ငံမှ ၇၁၀ စတုရန်းပေကျယ်ပြီး အုတ်နံရံများဖြင့် ရိုးရိုးရှင်းရှင်းဆောက်ထားတဲ့ အိမ်တစ်အိမ်ဟာ ကြပ်ညပ်နေတဲ့ဘရာဇီးလ်အိမ်လေးတွေကြားမှာ တည်ရှိနေပေမယ့် နိုင်ငံတကာဗိသုကာပြိုင်ပွဲတစ်ခုမှာ တစ်နှစ်တာအကောင်းဆုံးအိမ်အဖြစ် အသိအမှတ်ပြုခံလိုက်ရပါတယ်။
#World_Architecture #ဘရာဇီးလ် #အိမ်လေးတစ်အိမ် #အကောင်းဆုံးအိမ်ဆု #YMG #Yangon_Media_Group
#Local_News
Published_ 28 February 2023
ဖေဖော်ဝါရီလ ၂၈ရက်နေ့ မနက်ပိုင်းမှာကမ္ဘာ့ရွှေဈေး တစ်အောင်စ ကို ၁၈၁၆ ဒေါ်ဈေးတန်းနဲ့ဈေးဖွင့်လာပါတယ်။ ရန်ကုန်ရွှေအသင်းနဲ့ အစိုးရရဲ့ရည်ညွှန်းသတ်မှတ်ဈေးကတော့ ၂၁ သိန်း ၃ သောင်းကျော်သတ်မှတ်ထားပါတယ်။
#Local_News #Gold #Market_Price #ကမ္ဘာ့ရွှေဈေး #တစ်အောင်စ #YMG #Yangon_Media_Group
#Local_News
Published_ 28 February 2023
သင်္ကြန်ကာလပိတ်ရက်တွေမှာ ညောင်ဦးမြို့ရှိ ပလင်းကမ်းသာယာဆင်စခန်းကို ဖွင့်လှစ်ထားမှာဖြစ်ပြီး အပန်းဖြေရေကစားနိုင်ဖို့လည်း စီစဉ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #ပလင်းကမ်းသာယာ #ဆင်စခန်း #အပန်းဖြေ #ရေကစားနိုင် #YMG #Yangon_Media_Group
#Local_News
Published_ 28 February 2023
K လို့ခေါ်ကြတဲ့ ကတ်တမင်း မူးယစ်ဆေးတွေဟာ မြဝတီ၊ တာချီလိပ်၊ မူဆယ်စတဲ့ နယ်စပ်တွေကနေတစ်ဆင့် ပြန့်နှံ့လာပြီး အခုဆိုရင် ရန်ကုန်မြို့ရဲ့ Club ၊Bar၊ KTVတွေမှာ ခေတ်စားလာတယ်လို့ မူးယစ်ဆေးဆန့်ကျင်ရေးအဖွဲ့တွေက ပြောပါတယ်။
#Local_News #Yangon #Club #Bar #K မူးယစ်ဆေး #YMG #Yangon_Media_Group
#DailyNews
Published_ 28 February 2023
၁။ ရန်ကုန်မြို့ရဲ့ Club နဲ့ Bar တွေမှာ ခေတ်စားနေတဲ့ "K" မူးယစ်ဆေးကို ထိန်းချုပ်လုပ်ဆောင်ဖို့လိုအပ်နေ
၂။ သင်္ကြန်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်း၌ အပန်းဖြေရေကစားနိုင်ရန်စီစဉ်လျက်ရှိ
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၁၆ ဒေါ်လာပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၁သိန်း ၃ သောင်းဝန်းကျင်သတ်မှတ်
၄။ ဘရာဇီးလ်အခြေခံ လူတန်းစားရပ်ကွက်မှ အိမ်လေးတစ်အိမ် တစ်နှစ်တာအကောင်းဆုံးအိမ်ဆုရရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
ပြည်သူ့ပါတီ(PP)နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)တို့ပူးပေါင်းပြီး ပြည်သူ့ပါတီအဖြစ်ပါတီမှတ်ပုံတင်သွားဖို့ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောပါတယ်၊၊
#Yangon_Media_Group
#World_Health
Published 28 February 2023
အမြင်အာရုံဆုံးရှုံးနိုင်တဲ့အန္တရာယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းအသစ်များကို ဗာဂျီးနီးယားကျန်းမာရေးစနစ်တက္ကသိုလ်က တွေ့ရှိခဲ့ဟန်တူပါတယ်။
မျက်လုံးသွေးကြောမက်ကူလာယိုယွင်းခြင်း၊ ဆီးချိုမျက်မြင်လွှာရောဂါ၊ မျက်ကြည်လွှာသွေးကြောပိတ်ဆို့ခြင်းတို့နဲ့ ဆက်စပ်နေတဲ့ သွေးကြောထုံးများကို ကာကွယ်နိုင်မယ့်ကိစ္စကို အာရုံစိုက်လာပါတယ်။
VEGF ပမာဏအလွန်အကျွံများပြားခြင်းကြောင့် သွေးကြောများထုံးရာကနေ သွေးကြောတွေထဲ ပုံမှန်မဟုတ်ကြီးထွားတယ်လို့ ယူဆရပါတယ်။
သွေးကြောတွေ အဆမတန်ကြီးထွားလာခြင်းကို ကာကွယ်ဖို့အတွက် နည်းလမ်းတွေရှိနေသလို လက်ရှိကုသနည်းလမ်းတွေရဲ့ ထိရောက်မှုတွေကလည်း အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာပါတယ်။
ကြီးထွားဖို့အတွက် VGF လိုအပ်မယ့် အဓိကပရိုတိန်းတစ်မျိုးကို ဖော်ထုတ်ခဲ့ကြပါတယ်။
သိပ္ပံပညာရှင်များက ဓာတ်ခွဲခန်းရှိကြွက်များရဲ့ ပရိုတိန်းကို ပိတ်ဆို့နိုင်ခဲ့ပြီး VEGF ပမာဏကိုလျှော့ချရန် လိုအပ်တဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။
စမ်းသပ်မှုအတွင်း ဘေးထွက်ဆိုးကျိုးတွေ ချက်ချင်းမပေါ်ခဲ့ပါဘူး။
မြင်လွှာအပေါ် သက်ရောက်မှုရှိမှာကို အစကစိုးရိမ်ခဲ့ကြပေမယ့် ထိုကဲ့သို့မဖြစ်ခဲ့ပါဘူး။
နည်းပညာအကူအညီဖြင့် မျက်လုံးခုခံအားဆဲလ်တွေဟာ မြင်လွှာအောက်ရှိ သွေးကြောများကြီးထွားမှုကို ထိန်းချုပ်နိုင်စွမ်း ဘယ်လိုဆုံးရှုံးနိုင်လဲဆိုတာကို ပိုမိုသဘောပေါက်လာကြပါတယ်။
ဒီနည်းလမ်းက ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်သက်သာစေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစအသစ်ဖြစ်သလို ဆေးယဉ်ပါးခြင်းပြဿနာကိုလည်း ရှောင်ရှားပြီးသားဖြစ်နေမှာပါ။
CDC ဖော်ပြချက်အရ အသက် ၄၀ နဲ့အထက် အမေရိကန်လူမျိုး ၄.၂ သန်းဟာ အမြင်အာရုံချို့ယွင်းနေကြပါတယ်။
မျက်စိကွယ်ရတဲ့အဓိကအကြောင်းအရင်းမှာ အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါအခြေအနေတွေကြောင့် ဖြစ်ပါတယ်။
#Source: The Jerusalem Post #World_Health #အမြင်အာရုံဆုံးရှုံးခြင်း #ဗာဂျီးနီးယား #YMG #Yangon_Media_Group
#World_Health
Published 28 February 2023
တိုကျိုနည်းပညာတက္ကသိုလ်က ကိုဗစ်-၁၉ရောဂါအတွက် သဘာဝကုသနည်း တွေ့ရှိခဲ့ဖွယ်ရှိကြောင်း Plos One ဂျာနယ်မှာ ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကို လက်ခံပေါင်းစပ်မယ့် ACE2 ကို ထိရောက်စွာလျှော့ချနိုင်မယ့် 5-Aminolevulinic acid (ALA) ဆိုတဲ့ သဘာဝအမိုင်နိုအက်ဆစ်ကို တွေ့ရှိခဲ့ပါတယ်။
ဒီနည်းလမ်းဖြင့် အမိုင်နိုအက်ဆစ်က ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးမှာဖြစ်ပါတယ်။
ALA ကို ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ရှီတိတ်မှို၊ အာလူး၊ ပြည်ကြီးငါး၊ အမဲသား၊ ဝိုင်၊ ပဲငံပြာရည်တို့မှာ တွေ့ရှိနိုင်ပါတယ်။
WHO ရဲ့ဖော်ပြချက်အရ ကိုဗစ်-၁၉ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာလူပေါင်း ၆,၈၅၀,၅၉၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တရားဝင်အချက်အလက်များအရ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇၅၇,၂၆၄,၅၁၁ ဦးရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးပေါင်း ၁၂,၂၂၃,၁၃၅,၄၀၀ ကို ထိုးနှံထားခဲ့ပေမယ့် ကုသဆေးတော့ မရရှိခဲ့ပါဘူး။
သုတေသီတွေက လူသားဆဲလ်မွေးမြူခြင်းပြုလုပ်ကာ အချို့ကို ACE2 ဖြင့်ကူးစက်စေခဲ့ပါတယ်။
အမိုင်နိုအက်ဆစ်ဖြင့် ကုသတဲ့ဆဲလ်တွေမှာ ACE2 က သိပ်ပြီးမပျံ့ပွားတာကို တွေ့ရှိခဲ့ကြပါတယ်။
ALA ဆဲလ်တွေကနေ ပရိုတိုပေါ်ဖရင်-၉ ပြောင်းလဲသွားပုံကို သုတေသီများလေ့လာခဲ့ကြကာ ACE2 က ဇီဝနည်းလမ်းအရ ထိုဒြပ်ပေါင်းနှစ်ခုစလုံးနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်နေကြပါတယ်။
ယခုလေ့လာချက်က ကိုဗစ်လေ့လာရေးမှာ လမ်းစအသစ်ဖြစ်လာခဲ့ပြီး ယခုအခါ ALA နဲ့ ဟင်းမ်သွေးပရိုတိန်းထုတ်လုပ်မှုဖြင့် ကိုဗစ်ကုသနည်း ဖန်တီးနိုင်ဖို့ကို ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post #World_Health #ကိုဗစ်-၁၉ရောဂါ #သဘာဝအတိုင်း #သုတေသီများ #YMG #Yangon_Media_Group
#Local_News
Published_ 27 February 2023
လတ်တလောမှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုရောက်လာပြီဖြစ်တဲ့အတွက် မီးလောင်ကျွမ်းမှုတွေ ပိုမိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #အထပ်မြင့် #တိုက်ခန်းနေသူ #အရေးပေါ် #ကြိုတင်ပြင်ဆင် #YMG #Yangon_Media_Group
#World_Society
Published 27 February 2023
နီကာရာဂွာအရှေ့ပိုင်းမှ အက်ဆရာဒိုးစ်တံငါသည်ရွာမှာ အယ်လီနာမာတီနက်ဇ်နဲ့ ရွာခံအမျိုးသမီးလေးတွေဟာ ရွှံ့တွေအောက်ကနေ ချင်း၊ ကမာ၊ ခရုတွေကောက်ယူဖို့ တောတွင်းထဲသွားလာတက်အောင် သင်ယူနေကြပါတယ်။
#World_Society #နီကာရာဂွာ #ချင်းကမာ #YMG
#Yangon_Media_Group
#Local_News
Published_ 27 February 2023
ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ ဆက်တိုက်ကျဆင်းလာတဲ့ ကမ္ဘာ့ရွှေဈေးဟာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာလည်း တစ်အောင်စ ကို ၁၈၂၀ ဒေါ်ဈေးတန်းနဲ့ ဈေးဖွင့်လာပါတယ်။
#Local_News #Gold #Maket_Price # ကမ္ဘာ့ရွှေဈေး #တစ်အောင်စ
#YMG #Yangon_Media_Group
Page 1043 of 1703