‘ကျိုက္ခမီရေလယ်ဘုရားပွဲတော်’ ပြန်လည်ကျင်းပမည်
‘ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်’ ကို အောက်တိုဘာ ၂၃ ရက် မှ ၂၇ ရက် အထိ ကျင်းပ သွားမှာဖြစ်ပြီး အသံမစဲ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကျင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ၂၉ ရက်သီတင်းကျွတ်လပြည့်နေ့ မနက် ၃ နာရီမှာတော့ ‘ဆွမ်းအိုးမျှောပွဲ’ကို ကျင်းပသွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်’ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်ဆု ထိုက်ထိုက်တန်တန်ရရှိ
‘အောက်တိုဘာလ(၇)ရက်မှာ ရွှေဆုရရှိတဲ့ မြန်မာပိုက်ကျော်ခြင်းအသင်းဝင်တွေနဲ့ ပြိုင်ပွဲဝင်တွေအားလုံး မြန်မာနိုင်ငံကို ပြန်လာကြမှာဖြစ်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ် နဲ့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ သွားရောက်ကြိုဆို ဂုဏ်ပြုကြမှာဖြစ်ပါတယ်’မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ်
Yangon_Times/tthl
#Local_News
#Published_ 4 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 October 2023
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ၊မဝတ လမ်းဆုံ၊တောင်မြောက်လမ်းစုံအနီးတွင်(ယနေ့နံနက်က) YBS နှင့် ချက်ဗရိုလက်အိမ်စီးကားတိုက် မှုဖြစ်စဥ်ကြောင့်ယာဥ်မောင်းသေဆုံးခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ၆ဦးအနက် ၁ဦးထပ်မံသေဆုံးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။
အောက်တိုဘာလ၄ရက် နံနက် ၂နာရီအချိန်ခန့်က မဝတ လမ်းဆုံ၊တောင် မြောက်လမ်းစုံအနီးတွင်YBS112နှင့်အိမ်စီးကားယာဥ်တိုက် မှုဖြစ်ခဲ့ပြီးဖြစ်စဥ်ကြောင့် ယာဥ်မောင်းသေဆုံးခဲ့ပြီးသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးအနက် ၆ဦးကိုနွေးထွေးကူညီမှုအသင်း၊မီးအိမ်ရှင်ကူညီရေးအသင်း၊ ဝန်းရံမှူးကူညီရေးအသင်း၊(YRO ဒဂုံခရိုင်မှူး ရိုးမ(၃)ဦးစီး)၊ ရှင်သန်ရေးကူညီမှုအသင်း တို့မှ လူနာတင် ယာဉ်(၆)စီးဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
ယင်းကဲ့သို့ဆေးကုသမှုခံယူနေသူ၆ဦးအနက် မှ ၁ဦးမှာ ယနေ့နေ့လည်ပိုင်းက ထပ်မံသေဆုံးမှုဖြစ်ခဲ့ကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဌက ပြောကြားသည်။
"၆ယောက်ထဲက ၁ယောက် နေ့လည်ပိုင်းက ထပ်မံသေဆုံးတယ်။ ယာဥ်မောင်းအပါအဝင် သေဆုံးသူ၂ဦးရှိပြီ။ သေဆုံးသွားတဲ့ယာဥ်မောင်းကတော့ အသက် ၃၇နှစ်။ကျန်တဲ့သူတွေကတော့ အသက် ၂၈၊ ၃၀ ကျော်ဝန်းကျင်အရွယ်တွေပါ"ဟုိဆိုသည်။
ယာဥ်တိုက် မှုဖြစ်စဥ်အရ YBS က လမ်းကြောင်းတည့်တည့်လာသည့်အနေအထားရှိပြီး အိမ်စီးကားက လမ်းအကွေ့ဖြစ်ကြောင်းယူဆရပြီး ယာဥ်မောင်းရှိသည့်ဘယ်ဘက်အခြမ်း ကို တည့်တည့်ဝင်တိုက် မိသည့်အနေအထားရှိကြောင်းလည်းဆိုသည်။
YBSယာဥ်မောင်းမှာလည်း ဖြစ်စဥ်နေရာနေရာတွင်မတွေ့ရှိရဘဲ ထွက်ပြေးသွားကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 4 October 2023
GACC စနစ်နှင့်မွေးမြူထားသည့်ရေထွက်ကုန်များ တရုတ်သို့တရားဝင်တင်ပို့ခွင့် ရရှိသည့်အတွက် မွေးမြူသူများတွက်ခြေကိုက် နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရေထွက်ကုန်ဈေးကွက်ကြီးမားသည့် တရုတ်နိုင်ငံသို့ GACC စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ် - မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင်တင် ပို့ခွင့်ရရှိသည့်အတွက် ဒေသခံ မွေးမြူရေးသမားများအတွက် ပိုမိုတွက်ခြေကိုက်နိုင်ကြောင်းသိရသည် ။
" အရင်ကမွေးမြူထားတဲ့ငါးတွေကို တရားဝင် တင်လို့မရဘူး။ အခု တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံတွေ အကျိုးရှိမှာပါ။ GACC စနစ်နဲ့ညီအောင် တော့ဆောင်ရွက်ရမှာပါ ။ GACCစနစ်ကပိုးမွှားကင်းစင်ဖို့ လိုပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည် ။
ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင် တင်ပို့၍ ရပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင်တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊စည်းကမ်း ချက်များနှင့်အညီ မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်သည့်အတွက် လိုအပ်သည့် စံချိန်စံညွှန်းနှင့်အညီ စဉ်ဆက်မပြတ် ပို့နိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာအတွင်း ပြည်ပသို့ ကန်ဒေါ်လာ ၂၇၆ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၇၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 04 October 2023
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက်ကာသီဟာ ဒီမိုကရက်များနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး လက်ယာစွန်းရောက် ရီပတ်ဘလစ်ကန်များက ဒေါသတကြီးဖြင့် သမိုင်းဝင်ပုန်ကန်မှု ပြုလုပ်ခဲ့ကြကာ မက်ကာသီကို အင်္ဂါနေ့က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
ဒါဟာ ဒေါ်နယ်ထရမ့် ဦးဆောင်လုနီးပါး ဖြစ်နေတဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲကို ဦးတည်မယ့် ရီပတ်ဘလစ်ကန်များကြား ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို ဖော်ပြနေပါတယ်။
၂၃၄ နှစ်သက်တမ်းရှိတဲ့ သမိုင်းထဲမှာ အောက်လွှတ်တော်ဥက္ကဌတစ်ယောက် ရာထူးမှထုတ်ပယ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး သဘောထားတင်းမာတဲ့ လက်ယာစွန်းရောက် ရီပတ်ဘလစ်ကန် လူနည်းစုဖြင့်သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အောက်လွှတ်တော်ဟာ တန်းတူညီမျှ နီးပါးလောက်အထိ ပိုင်းခြားသွားခဲ့ပြီး မက်ကာသီကို ကယ်ဆယ်ဖို့ထက် ဒီမိုကရက်တွေနဲ့ ပူးပေါင်းလာတဲ့ ရီပတ်ဘလစ်ကန် ၈ ဦးတို့ကြောင့် မက်ကာသီဟာ ရာထူးမှာ ဆက်လက်ရှိမနေနိုင်တော့တာ ဖြစ်ပါတယ်။
အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်ရှားနိုင်ရန် ဆောင်ရွက်နိုင်ခဲ့တဲ့ အသက် ၅၈ နှစ်ရှိ မက်ကာသီက ကွန်ဆာဗေးတစ်များကြား အမျက်ထွက်ခဲ့ပေမယ့် လွှတ်တော်မှ ထွက်ခွာလာချိန်မှာ မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။
မက်သာသီကို ရာထူးမှဖယ်ရှားရန် မဲဆန္ဒပြုဖို့ဦးဆောင်ခဲ့တဲ့ ဖလော်ရီဒါမှ ကွန်ဆာဗေးတစ် မတ်ဂေ့ဇ်က ရီပတ်ဘလစ်ကန် လူနည်းစုဖြင့်သာ မက်ကာသီကို ဖယ်ရှားနိုင်မယ်လို့ စွန့်စားခဲ့တာ ဖြစ်ပါတယ်။
မက်ကာသီက ဆန့်ကျင့်ဘက်ကတိပေးပြီး အားလုံးဖြစ်ပျက်လာတဲ့အချိန်မှာ ဆုံးရှုံးသွားရတာဖြစ်ကြောင်း၊ ဘယ်သူမှ သူ့ကိုမယုံကြည်တော့ကြောင်း ဂေ့ဇ်က ပြောပြသွားပါတယ်။
အစိုးရဘတ်ဂျက်နဲ့ ပတ်သက်လို့ ယခုနှစ်အစောပိုင်းက ဘိုင်ဒင်နဲ့ သဘောတူညီထားတဲ့ သုံးစွဲမှုကန့်သတ်ချက်များအပေါ် ပြန်လည်ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေကလည်း မက်ကာသီကို ကျေနပ်တာ မဟုတ်ပါဘူး။
နောက်ထပ် ဥက္ကဌအသစ် မတက်သရွေ့ ယာယီဥက္ကဌက အောက်လွှတ်တော်ကို ရပ်နားထားမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေက ဥက္ကဌအသစ်နေရာအတွက် မဲဆန္ဒပြုရွေးချယ်မယ့် ကိုယ်စားလှယ်လောင်း တင်သွင်းရန် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Source: NDTV
#World_Politics
#YMG #Yangon_Times #Yangon_Media_Group
Published 04 October 2023
စားစရာရောင်းချသူများ၊ စားသုံးသူများအနေနဲ့ အစားအစာများ ထုပ်ပိုးခြင်း၊ စားသုံးခြင်း၊ သိုလှောင်ခြင်းတို့ ပြုလုပ်တဲ့နေရာမှာ သတင်းစာစက္ကူ အသုံးပြုခြင်းကို ရပ်တန့်ဖို့ အိန္ဒိယအစားအစာ ဘေးကင်းစိတ်ချရေးနှင့် စံချိန်စံနှုန်းအာဏာပိုင်များ (FSSAI)က သတိပေးတိုက်တွန်းလိုက်ပါတယ်။
ဒီလိုမျိုး သတင်းစာစက္ကူ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးအန္တရာယ်များ အဖြစ်များလာတဲ့အချိန်မှာ အခုလို သတိပေးချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
စားသောက်ကုန် လုပ်ငန်းတွေမှာ သတင်းစာစက္ကူ ဆက်လက်အသုံးမပြုရန် အရေးကြီးကြောင်းကို FSSAI စီအီးအို ကာမယ်လာဗာဒါနာရာအိုက အလေးပေး ဖော်ပြသွားပါတယ်။
သတင်းစာစက္ကူတွေမှာ အသုံးပြုတဲ့ မင်ရည်တွေမှာ ဇီဝသတ္တိကြွပစ္စည်းများ ပါဝင်ပြီး စားစရာတွေကို ကူးစက်လာနိုင်ကာ စားသောက်မိပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။
ဒါ့အပြင် ပုံနှိပ်ရာမှာ အသုံးပြုတဲ့ မင်ရည်တွေမှာ ခဲလိုမျိုး အန္တရာယ်ရှိ ဓာတုပစ္စည်းများနဲ့ သတ္တုပစ္စည်းများလည်း ပါဝင်ပါတယ်။
သတင်းစာကို ဖြန့်ဝေချိန်မှာ ပတ်ဝန်းကျင်နေရာအမျိုးမျိုးနဲ့ ထိတွေ့ရတာကြောင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ အခြားရောဂါပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်ပြီး စားစရာများသို့ ရောက်ရှိလာနိုင်ကာ အစားအစာနဲ့ ပတ်သက်တဲ့ ဖျားနာရောဂါများ ဖြစ်လာနိုင်တယ်လို့ FSSAI က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုပြဿနာတွေ ဖြေရှင်းရန်အတွက် ၂၀၁၈ ခုနှစ်မှာ FSSAI က အစားအစာ ဘေးကင်းရေးနှင့် ထုပ်ပိုးမှုစံနှုန်း ကွပ်ကဲရေးစည်းမျဥ်းများကို ချမှတ်ခဲ့ကာ အစားအစာ ထုပ်ပိုးရေးနဲ့ သိုလှောင်ရေးတို့ ပြုလုပ်ရာမှာ သတင်းစာစက္ကူနဲ့ အလားတူပစ္စည်းများ အသုံးမပြုရန် တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပါတယ်။
စားစရာ ရောင်းချသူများအနေဖြင့် စားသုံးသူများရဲ့ ကျန်းမာရေးကို ရှေးရှုပြီး သင့်တင့်တဲ့ ထုပ်ပိုးမှုပုံစံများ ကျင့်သုံးပေးဖို့ ရာအိုက တိုက်တွန်းလိုက်ပါတယ်။
Source: India Today
#World_Health
#Published_ 04 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 4 October 2023
တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ အင်ဒိုနီးရှားပိုက်ကျော်ခြင်းအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှသိရသည်။
ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းကို (၂၁-၁၃)၊(၂၄-၂၂)ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကိုရယူနိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲတွင်ဂျပန်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ ခက်ခက်ခဲခဲနိုင်ခဲ့သလို အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာက နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ရွှေဆုရရှိခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 04 October 2023
ဆူရှီ၊ ဆာရှီမီနဲ့ ငါးအစိမ်းလိုက်စားရတဲ့ ဟင်းပွဲတွေဟာ များသောအားဖြင့် စားသုံးရန် ဘေးကင်းစိတ်ချရပေမယ့် ထိုငါးတွေထဲက ဘက်တီးရီးယားတွေဟာ ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိကာ ကိုယ်ခံအားမကောင်းတဲ့သူတွေမှာ ကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်ပါတယ်။
နော်ဝေးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ဒေါက်တာ ဟေဂျောင်ယီက ပင်လယ်စာများထဲမှ အေရိုမိုနက်စ် ဘက်တီးရီးယား အမျိုးမျိုးကို လေ့လာခဲ့ပါတယ်။
အပူပေးခြင်း၊ ဘက်တီးရီးယားသတ်ခြင်း နည်းလမ်းများ မပြုလုပ်ဘူးဆိုရင် ဘက်တီးရီးယား ကူးစက်နိုင်ချေက သိသိသာသာ မြင့်တက်လာပါတယ်။
ပင်လယ်စာအစိမ်း၊ မကျက်တကျက်များနဲ့ ဆက်စပ်ပြီး လစ်ထရီယာ မိုနိုဆိုက်တိုဂျင်းတွေက လူသိအများဆုံး ရောဂါဘက်တီးရီးယားများ ဖြစ်ပါတယ်။
ဒါပေမဲ့ အေရိုမိုနက်စ် ကူးစက်ဖြစ်ပွားနိုင်ချေတွေက သိပ္ပံပညာရှင်တွေအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်နေပါတယ်။
အေရိုမိုနက်စ်အကြောင်း သိရှိရန်အတွက် နော်ဝေးဈေးကွက်ထဲက အသင့်ရရှိနိုင်တဲ့ ငါးများကို လေ့လာခဲ့ပါတယ်။
တော်သင့်ရုံ စီမံပိုင်းခုတ်ထားတဲ့ ငါးတွေမှာ အေရိုမိုနက်စ် ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ဖို့ အာမခံချက်မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
တနည်းအားဖြင့် ဆိုရရင် ဆူရှီ၊ ဆာရှီမီ၊ ငါးမီးခိုးကြပ်တိုက်တွေကို ပြုလုပ်တာဟာ ဘက်တီးရီးယားကြီးထွားမှုကို မကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အေရိုမိုနက်စ် မျိုးကွဲအများစုဟာ ရောဂါဖြစ်ပွားနိုင်ပြီး ဘေးအန္တရာယ်အမျိုးမျိုး ရှိနေပါတယ်။
ကျန်းမာရေး ကောင်းမွန်သူတွေမှာ အေရိုမိုနက်စ်က ကိစ္စမရှိပေမယ့် တွေ့ရှိချက်များအရ စားသောက်ကုန် ထုတ်လုပ်ရေးများအနေဖြင့် ထိုဘက်တီးရီးယားများကို ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။
ဒီအတွက် အာဏာပိုင်များမှ တင်းကြပ်စွာ ထိန်းသိမ်းကွပ်ကဲပေးဖို့က အရေးကြီးနေပါတယ်။
ငါးမွေးမြူရေးနေရာတွေမှာ စောင့်ကြည့်တိုင်းတာခြင်း၊ ကာကွယ်ဆေးအသုံးပြုခြင်း၊ ပညာပေးခြင်းတို့ဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အေရိုမိုနက်စ် ဘက်တီးရီးယားတွေဟာ ပင်လယ်ထဲမှာ အခြားဘက်တီးရီးယားထံမှ မျိုးရိုးဗီဇများနဲ့ ဖလှယ်လေ့ရှိပြီး ဆေးယဥ်ပါးနိုင်တဲ့ အန္တရာယ် ရှိနေတတ်ပါတယ်။
ထိုဘက်တီးရီးယားမျိုး ရှိနေတဲ့ ငါးတွေကို စားမိတဲ့လူတွေထံသို့ ရောဂါကူးစက်လာတတ်ပါတယ်။
ဒါကြောင့် ပဋိဇီဝဆေးယဥ်ပါး ဘက်တီးရီးယားများ ပျံ့ပွားမှု တိုက်ဖျက်နိုင်ရန်နဲ့ ပြည်သူ့ကျန်းမာရေး တိုးတက်စေရန် သားငါးများရဲ့ ကျန်းမာရေး၊ စားစရာထုတ်လုပ်ရေးနဲ့ ပတ်ဝန်းကျင်တွေမှာ ကြည့်ရှုစောင့်ရှောက်ရမယ့် နည်းလမ်းများ ချမှတ်သင့်တယ်လို့ နော်ဝေးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ အန်နီတာနော်ဒန် ဂျေကော့ဆန်က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 04 October 2023
#YMG #Yangon_Times #Yangon_Media_Group
အာရှအားကစားပွဲကျင်းပရာ ဟန်ကျိုးတွင် စက်ရုပ်များဖြင့် အလိုအလျောက်ကားပါကင်ထိုးပေးသည့်စနစ် ကျင့်သုံး
အာရှအားကစားပြိုင်ပွဲများ လက်ခံကျင်းပနေတဲ့ ဟန်ကျိုးမြို့မှာ ကားပါကင်ခက်ခဲတဲ့ ပြဿနာများ ဖြေရှင်းနိုင်ရန် ဆန်းသစ်တီထွင်တဲ့ နည်းလမ်းကို အသုံးပြုနေပါတယ်။
#Asia_Innovation
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
'၂၀၂၃ခုနှစ် လှပသောပန်းများနှင့်လပြည့်နေ့ 'နိုင်ငံဖြတ်ကျော်ဆောင်းဦးပွဲတော်ပဒေဿအကအလှ ဖျော်ဖြေတင်ဆက်ပွဲ(မြန်မာနိုင်ငံခရီးစဉ်)တွင် ယူနန်-မြန်မာအနုပညာရှင်တွေမှ သီချင်း၊အက၊အလှတွေဖျော်ဖြေခဲ့ပါတယ်"
ယူနန်-မြန်မာအနုပညာရှင်များပါဝင်သည့်'လှပသောပန်းများနှင့်လပြည့်နေ့'ဆောင်းဦးပွဲတော်ဖျော်ဖြေပွဲကျင်းပ
Yangon_Times/tthl
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 3 October 2023
၁။ ကားခပိုတောင်းသည့် စည်းကမ်းပျက် YBS များကို ယာဉ်လိုင်းနံပါတ် ပြောလိုက်သည်နှင့်ချက်ချင်းအရေးယူနိုင်အောင် စီစဉ်ထားဟုဆို
၂။ ငွေနှင်းမှို မျိုးစေ့ထုပ် ပြုလုပ်ရာမှာအသုံးပြုရတဲ့ ကုန်ကြမ်းရှားပါး ဈေးမြင့်လာပေမယ့် စီးပွားဖြစ် စိုက်ပျိုးသူ ယခင်ထက်များလာ
၃။ ပြည်ပလိုအပ်ချက် များပြားသည့်အတွက် ယခုနှစ်ထောပတ်သီးဈေးကွက်ကောင်းနိုင်
၄။ အာရှအားကစားပွဲ ကျင်းပရာဟန်ကျိုးတွင် စက်ရုပ်များဖြင့် အလိုအလျောက်ကားပါကင်ထိုးပေးသည့် စနစ်ကျင့်သုံး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 03 October 2023
မြန်မာနိုင်ငံ၏ပထမဦးဆုံး တေးရေး၊တေးဆိုပြိုင်ပွဲကြီးဖြစ်သည့် ‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊ တေးသီချင်းပြိုင်ပွဲကြီး’၏Grand Final Top Finalistပြိုင်ပွဲဝင်(၁၂)ဦးကို စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်း အနားကျင်းပပေးခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’သည်ရွှေသံလွင်မီဒီယာမှ ပထမဦးဆုံးကိုယ်ပိုင် စီစဉ်ထုတ်လုပ်သည့် ပြိုင်ပွဲကြီးဖြစ်ပြီး Grand Final Top Finalistများကိုစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာလ(၃)ရက်တွင် ရွှေထွဋ်တင်၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး၏ ပရော်ဂျက်ဒါရိုက်တာ ဒေါ်နန်းမောက်လောက်ဝ်ဆိုင်က‘‘Soသီချင်းဆိုပြိုင်ပွဲနဲ့ပတ်သက်လို့ ကျွန်မတို့တေးရေး၊တေးဆိုGrand Finalကို ရောက်လာတဲ့အချိန်မှာ ရင်ထဲမှာ ပီတိဖြစ်ရပါတယ်။
စာနယ်ဇင်းညီအစ်ကိုမောင်နှမတွေကတက်တက်ကြွကြွနဲ့ အားလုံး စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်ပြီးမှတ်တမ်းယူပေးတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်။
ပွဲဖြစ် မြောက်ရေး အတွက်ကူညီပေးကြတဲ့သူတွေတစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။
အခုလိုကိုယ်ပိုင် သံစဉ်၊ တေးရေး၊တေးဆိုနဲ့ ပတ်သက်တာကို မြန်မာပြည်မှာပထမဦးဆုံးကြိုးစားပြီးတော့အရဲစွန့်ပြီးတော့ လုပ်ခဲ့ တာပါ။ တာဝန်အရမ်းကြီးပါတယ်။ ကျွန်မတို့ကလုပ်ရတဲ့ownerဆိုပေမယ့် တကယ့်တကယ်တမ်း လုပ်ရတဲ့ အခါမှာ ပညာရှင်တွေ တိကျတဲ့အဖြေရဖို့အတွက် ကောင်းမွန်သောကလေးတွေ၊ကောင်းမွန်သော အနုပညာရှင် တွေ၊ ကောင်းမွန်သောတေးရေးတွေဖြစ်လာဖို့အတွက်ကို အများကြီးမျှော်မှန်းပါတယ်။
ဒီလိုမျိုးဆောင်ရွက်ရတဲ့ အခါမှာ ကျွန်မတို့ နိုင်ငံကလူတွေတစ်ယောက်မှမညံ့ဘူးဆိုတာ ပြချင်ပါတယ်။ ဒါကြောင့်မို့ Make in Myanmar စစ်စစ် ဖန်တီးတယ်၊သီဆိုတယ်၊အောင်မြင်မှုကိုရနိုင်ဖို့အတွက်ကို အများကြီးအထောက်အပံ့ပေးနိုင်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်”ဟု နှုတ်ခွန်းဆက်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’၏ Grand Finalကိုတက်ရောက်လာကြသည့် Finalistပြိုင်ပွဲဝင်များကတော့တေးရေးပြိုင်ပွဲဝင်များဖြစ်သည့်(၁)အားဗုန်၊(၂)သော်ဇင်လတ်၊(၃)ဉာဏ်လင်းထွဋ်၊(၄)ထည်ဝါ၊ (၅)မှုန်ကြီး၊(၆)ပင်လယ်အေးနှင့်တေးဆိုပြိုင်ပွဲဝင်များဖြစ်သည့်(၁)ပုလဲဖြူစင်အေး၊(၂)Bwe(ဘွဲ) ၊(၃) Anonimus ၊(၄)MOANA၊(၅)ဉာဏ်လင်းထက်၊(၆)မောင်သုတို့ဖြစ်ပြီး Grand Finalသို့တက်လှမ်းလာသည့် အဆိုပါပြိုင်ပွဲဝင်များကို စာနယ်ဇင်းနှင့်မိတ်ဆက်ပေးခဲ့သည်။
‘Soကိုယ်ပိုင်သံစဉ် တေးရေး၊တေးဆို၊တေးသီချင်းပြိုင်ပွဲကြီး’၏ ရည်ရွယ်ချက်သည်ဂီတလောကတွင် တေးရေး ဂီတမျိုးဆက်သစ်များ၊တေးဆိုဂီတမျိုးဆက်သစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နှင့်ပြိုင်ပွဲကြီးကို Channel9၊Sky Net Music Channel၊ Shwe FMတို့တွင်ထုတ်လွှင့်ပေးလျက်ရှိကြောင်းနှင့် အောက်တိုဘာလ(၇)ရက်တွင် Grand Finalပွဲ ကျင်းပသွားမည်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 1043 of 2002