Published 28 December 2023
မက်ဒီတာရေးနီးယန်း အစားအသောက်ပုံစံက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းအပေါ် အကျိုးရှိစေတယ်လို့ အီတလီမှ လေ့လာတွေ့ရှိထားပါတယ်။
အမျိုးသားများ မျိုးမအောင်တဲ့ပြဿနာ အကြောင်းအရင်း အမျိုးမျိုးနဲ့ အစားအသောက်ပုံစံက ဘယ်လောက်လွှမ်းမိုးနေသလဲဆိုတာကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
မက်ဒီတာရေးနီးယန်း စားသောက်ပုံစံလိုမျိုး မရှိမဖြစ် စားသောက်ပစ္စည်းအမျိုးမျိုး ပါဝင်တဲ့ ပုံစံဟာ အမျိုးသားတွေအတွက် သင့်လျော်တယ်လို့ သုတေသီများ ယူဆကြပါတယ်။
မက်ဒီတာရေးနီးယန်း စားသောက်ပုံစံမှာ အဆိပ်အတောက် ပြယ်စေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ များစွာပါဝင်ပါတယ်။
မျိုးပွားနိုင်စွမ်း လျော့နည်းနေတဲ့ အမျိုးသားအယောက် ၅၀ ကို အော်ဂဲနစ်အစားအစာ ၈၀ ရာခိုင်နှုန်းပါဝင်တဲ့ စားသောက်မှုပုံစံဖြင့် စမ်းသပ်ခဲ့ပါတယ်။
ကောက်ပဲသီးနှံများ၊ သွေးတွင်းသကြားဓာတ် နည်းစေတဲ့ အစားအစာများ၊ မြက်စားအသားများ၊ ပင်လယ်မှဖမ်းယူရရှိတဲ့ ပင်လယ်စာများ၊ အစိမ်းရောင်အရွက်များနဲ့ အနီရောင်အသီးများ ပါဝင်ပါတယ်။
ပြည့်ဝဆီများအစား ကျန်းမာရေးအတွက် သင့်လျော်တဲ့ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးများ အသုံးပြုပါတယ်။
ထိုပုံစံအတိုင်း ၃ လကြာအောင် စားသုံးစေခဲ့ကာ သုံးသပ်ခဲ့ကြပါတယ်။
ထိုအခါမှာ အမျိုးသားတွေမှာ တက်စ်တိုစတီရုန်း ကျားဟော်မုန်းပမာဏ သိသိသာသာ မြင့်တက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
ကာဗိုဟိုက်ဒရိတ် ၃၅ ရာခိုင်နှုန်း လျှော့စားတဲ့သူတွေက သုတ်ပိုးပျက်စီးမှု လျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်မှု အတိုင်းအတာက မကြီးမားပေမယ့် ကျန်းမာရေးအတွက် ကိုက်ညီတဲ့ အစားအစာတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးပုံကို ဖော်ပြနေပါတယ်။
အာဟာရတွေက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အကျိုးရှိစေပြီး သင့်တင့်မျှတစွာ ကိုယ်အလေးချိန်ကျဆင်းခြင်းက လူတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကိုပါ သိသိသာသာ ပြောင်းလဲစေတာကို လော့စ်အိန်ဂျလိစ်မှ အာဟာရပညာရှင် အီယာနာမူလ်စတိုင်းက ပြောပြသွားပါတယ်။
ဗိုက်တာမင်တွေ၊ သတ္တုဓာတ်တွေ၊ ပိုလီဖီနောလ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ အစားအစာတွေဟာ သုတ်ပိုးများ ပျက်စီးခြင်းမှ ကာကွယ်ပေးဖို့အတွက် အရေးပါပါတယ်။
ဒီတွေ့ရှိချက်တွေက တစ်ကမ္ဘာလုံးရှိ သုတ်ပိုးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နေထိုင်စားသောက်မှုပုံစံတွေက မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်ပုံတွေကို ဖော်ပြနေပါတယ်။
Source: New York Post
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times