Published 28 December 2023 

 
အရေပြားအောက်မှာထည့်ပြီး ခန္ဓာကိုယ်ထဲက အီလက်ထရွန်နစ် ပစ္စည်းတွေကို အားသွင်းနိုင်မယ့် ကြိုးမဲ့အားသွင်းပစ္စည်းတစ်မျိုးကို သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်ကြပါတယ်။ 
 
ထိုပစ္စည်းတွေကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ကျေနပ်လောက်တဲ့ ရလဒ်မျိုး ရရှိခဲ့ကြပါတယ်။ 
 
လူသားတွေမှာလည်း အလားတူအောင်မြင်မှုမျိုး ရရှိပါက ခန္ဓာကိုယ်ထဲထည့်သွင်းတဲ့ ဆေးပစ္စည်းတွေမှာ ဘက်ထရီတွေ ကြိုးတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး။ 
 
အီလက်ထရွန်နစ် စက်ပစ္စည်းအများစုက တပ်ဆင်ထားတဲ့ ဘက်ထရီတွေရဲ့ အားသွင်းနိုင်စွမ်းမှာ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ကြိုးမဲ့အားသွင်းပစ္စည်းတွေ လိုအပ်တာ ဖြစ်ပါတယ်။ 
 
စက်ပစ္စည်းတွေကို ခန္ဓာကိုယ်ပြင်ပမှ အားသွင်းစနစ်နဲ့ ချိတ်ဆက်တဲ့အခါ ရောဂါပိုးကူးစက်မှု သိသိသာသာ များပါတယ်။ 
 
ဒါကြောင့် သိပ္ပံပညာရှင်တွေက အရေပြားအောက် ထည့်သွင်းနိုင်အောင် ဖန်တီးလာကြတာဖြစ်ပြီး အဆိုပါကြိုးမဲ့ဆားကစ်ပြားတွေက ဇီဝနည်းအရ ပျက်စီးနိုင်ကာ တစ်ရှူးပုံသဏ္ဍာန်အတိုင်း ပြောင်းလဲနိုင်ပါတယ်။ 
 
အဆိုပါ လျှပ်စစ်သိုလှောင်ပစ္စည်းတွေက လျှပ်စစ်စွမ်းအင်အနေဖြင့် သိုလှောင်ထားနိုင်မှာ ဖြစ်ပါတယ်။ 
 
ထိုပစ္စည်းကို ဆေးပစ္စည်းနဲ့ ချိတ်ဆက်လိုက်တဲ့အခါ စွမ်းအင်က ပတ်လမ်းကနေဖြတ်ပြီး လျှပ်သိုပစ္စည်းသို့ စွမ်းအင်အဆက်မပြတ် ပေးနေမှာ ဖြစ်ပါတယ်။ 
 
ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ကြိုးမဲ့ပစ္စည်းက ၁၀ ရက်လောက်အထိ ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ၂ လအတွင်းဆွေးမြေ့ပျောက်ကွယ်သွားပါတယ်။ 
 
စွမ်းအင်ကြာရှည်စွာ ပေးနိုင်ဖို့အတွက် မြှင့်တင်သွားလို့ရနိုင်တဲ့ အခွင့်အလမ်း ရှိနေပါတယ်။ 
 
ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အားမသွင်းရတဲ့ ထိုပစ္စည်းတွေကနေ အချို့သောဆေးများ ထုတ်လုပ်လာတာကို မြင်တွေ့ရပြီး ဒီအတွက် စက်အပိတ်အဖွင့် လုပ်နိုင်မယ့်လုပ်ဆောင်ချက်ကို ဖန်တီးရဦးမှာ ဖြစ်ပါတယ်။ 
 
စက်ပစ္စည်းအရွယ်အစားနဲ့ အပြည့်အဝ ဇီဝပျက်စီးခြင်း ရရှိဖို့အတွက်တော့ နောက်ထပ်သုတေသန ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ 
Source: WION 
#World_Technology
#Yangon_Media_Group
#YMG_News #Yangon_Times