မော်စကို၊၂၀၂၅ခုနှစ် စက်တင်ဘာ၂၅

မြန်မာနိုင်ငံတွင် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ်  ပြန့်ပြန့် အသုံးပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက်   တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများကို စက်တင်ဘာ ၂၅ ရက်က မော်စကိုတွင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် မှာကြားပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့ RADISSON COLLECTION  ဟိုတယ်၊ Conference Hall ၌ ကျင်းပတဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်  နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တု နည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်း  သွားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး ရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု   နိုင်အောင်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးက မှာကြားခြင်းဖြစ်ပါတယ်။

Youth5

ဉာဏ် ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာဆောင်ရွက်   သွားဖို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံတွင် နျူကလီး ယား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု နိုင်ရေးဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။

နျူကလီးယား နှင့် ဓာတ်ရောင်ခြည်နည်းပညာ ကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး  ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နျူကလီးယား အခြေခံ အဆောက်အအုံ တည် ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်လိမ့်မယ်လို့ လည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။

အဲဒီနောက်ရုရှားနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြား လျက်ရှိတဲ့ သင်တန်းသားများထဲမှကိုယ်စားလှယ်သင်တန်းသားများက သိပ္ပံနည်းပညာ ဆိုင်ရာဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါဆွေးနွေးတင်ပြမှုတွေနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တက်ရောက် လာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းဆွေးနွေခြင်းနှင့် အကြံပြုခြင်းတွေကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါတယ်။

အဆိုပါ သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဒုတိယဝန်ကြီးများ၊တာဝန်ရှိ   သူ  များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသည့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါတယ်။

#ymg/knl

youth6