နေပြည်တော်၊ စက်တင်ဘာ - ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနှင့် ရုရှားနှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထားသည့် သဘော တူညီချက်  များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်ရေး အသေးစိတ်ဆွေးနွေးသွားမယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ  ပူတင်က မော်စကို ကိုရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။

putinumal

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညပိုင်းတွင် မော်စကို မြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာ -ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည် လည်း ခိုင်မြဲ သော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်နေတယ်လို့ ဗိုလ်ချုုပ်မှူးကြီးကပြောပါတယ်။

ထို့နောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ်  ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြား ရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်မှုများနှင့် အခြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင် ဝန်ကြီး ဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက် ကြပါတယ်။

#ymg/knl