#Local_News
Published_ 26 April 2023
ဆန်ဈေးကစားသူတွေနဲ့ အွန်လိုင်းကသတင်းမှား ထုတ်လွှင့်သူတွေကိုအရေးယူမယ်လို့ ဆန်စပါးအသင်းချုပ်က ကြေငြာအပြီးမှာ အရေးပေါ်အစည်းအဝေးတွေပြုလုပ်နေတယ်လို့ ဝါးတန်းဆန်ကုန်စည်ဒိုင်က သိရပါတယ်။
#Local_News #ဆန်ဈေးကွက် #အရေးပေါ်အစည်းအဝေး
#YMG #Yangon_Media_Group
#World_Animal
Published 26 April 2023
တရုတ်အလယ်ပိုင်း ဟီနန်ပြည်နယ်မြို့တော်ကျန်ကျောင်းရှိ တိရိစ္ဆာန်ရုံတစ်ခုမှာ ရှားပါးဘင်္ဂလားကျားဖြူပေါက် ၆ ကောင်မွေးဖွားခဲ့ကာ အကောင်ရေပိုမိုတိုးပွားလာပြီ ဖြစ်ပါတယ်။
#World_Animal #ရှားပါးကျားဖြူပေါက် #တရုတ်တိရိစ္ဆာန်ရုံ #အထူးဂရုစိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
မြန်မာနိုင်ငံကို မေလလယ်မေလ(၁၅)ရက်နဲ့ (၁၈) ရက်လောက်ရောက်မှ မုတ်သုန်လေစတင်ဝင် ရောက်လာမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မေလ #မုတ်သုန်စဝင် #မုတ်သုန်မိုးဦးစွာရွာ
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ရန်ကုန်တိုင်းအပါအဝင်မြို့ကြီးတချို့တွင် နောက်နှစ်ရက်အတွင်းမိုးရွာသွန်းဖို့ အခြေအနေမရှိသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့စဉ်မိုးလေဝသခန့်မှန်းချက်တွေအရ သိရပါတယ်။
#Local_News #ရန်ကုန် #မိုးမရွာနိုင်သေး
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ဧပြီလအတွင်း ကိုဗစ်ပိုးတွေ့သူတွေအနည်းငယ်ပြန်မြင့်လာပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ပိုးတွေ့ရှိသူများ စာရင်းထုတ်ပြန်ရာမှာ ဧပြီလ ၁၉ ရက်မှ ၂၅ ရက် ခုနှစ်ရက်တာအတွင်းပြည်တွင်းပြည်ပမှ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂၉၇ ဦးရှိခဲ့တယ်လို့ သိရပါတယ်၊၊
#Local_News # ကိုဗစ်ပိုးတွေ့ရှိ #ကိုဗစ်စည်းကမ်း #ပြန်လိုက်နာရတော့မည်
#YMG #Yangon_Media_Group
#Daily_News
Published_ 26 April 2023
၁။ ခုနှစ်ရက်တာအတွင်း ပြည်တွင်းပြည်ပမှ ကိုဗစ်ပိုးတွေ့ရှိသူ(၂၉၀)ကျော်ရှိခဲ့၊ ကိုဗစ်စည်းကမ်းများ ပြန်လိုက်နာရတော့မည်ဟုဆို
၂။ ရန်ကုန်တွင် နောက်နှစ်ရက်အတွင်း မိုးမရွာနိုင်သေး
၃။ မြန်မာနိုင်ငံကို မေလလယ်ကျော်မှ မုတ်သုန်စဝင်မည်၊ တောင်ပိုင်းဒေသများ၌ မုတ်သုန်မိုးဦးစွာရွာမည်
၄။ ရှားပါးကျားဖြူပေါက်(၆)ကောင် တရုတ်တိရိစ္ဆာန်ရုံတစ်ခုတွင် မွေးဖွားသဖြင့် အထူးဂရုစိုက်စောင့်ရှောက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 25 April 2023
ရန်ကုန်မြိုရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ဒလမြို့နယ်ဟာ မြေစိုက်ရေကန်တွေကိုသာ အဓိကအားထားနေရတာဖြစ်ပါတယ်။လက်ရှိမှာ ရာသီဥတုစံချိန်တင် ပူပြင်းနေတာ မိုးရွာသွန်းမယ့်အခြေအနေမရှိသေးတာကြောင့် မြေစိုက်ရေကန်တွေရေခမ်းခြောက်နေတယ်လို မြိုနေဒေသခံတွေက YMG ကိုပြောပါတယ်။
#Local_News #ရာသီဥတုပူပြင်း #ဒလ #သောက်သုံးရေပြတ်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
သထုံအပါအဝင် ဒေသ(၄)ခုတွင် နေ့အပူချိန်များမြင့်တက်နေပြီး ဧပြီလ(၂၅)ရက်ရရှိသောနေ့အပူချိန်များအရ အမြင့်ဆုံးအပူချိန် စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်၊၊
သထုံ ၊ဘီးလင်း ၊သိမ်ဇရပ် ၊ရွှေကျင်တို့တွင် နေ့အပူချိန်များ စံချိန်သစ်တင်ခဲ့သည်ဟု ဆိုသည်၊၊
သထုံတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း (၅၆)နှစ်က အမြင့်ဆုံးအပူချိန်(၄၀.၃)ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ဧပြီလ(၂၅)ရက်တွင် စံချိန်သစ်အနေဖြင့်(၄၁.၀)ဒီဂရီစင်တီဂရိတ် ရှိခဲ့သည်၊၊
ဘီးလင်းတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၈)နှစ်က အမြင့်ဆုံးအပူချိန် (၄၁.၄)ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာမှ ဧပြီလ(၂၅)ရက်တွင်စံချိန်သစ်အနေဖြင့်(၄၁.၇)ဒီဂရီစင်တီဂရိတ်ရှိခဲ့ခြင်းဖြစ်သည်၊၊
သိမ်ဇရပ်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍လွန်ခဲ့သောနှစ်ပေါင်း(၅၈)နှစ်က အမြင့်ဆုံးအပူချိန် (၄၂.၅)ဒီဂရီစင်တီဂရိတ်ရာမှဧပြီလ(၂၅)ရက်တွင်စံချိန်သစ်အနေ ဖြင့်(၄၃.၀)ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်၊၊
ရွှေကျင်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၉)နှစ်က အမြင့်ဆုံးအပူချိန် (၄၂.၄)ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ဧပြီလ(၂၅)ရက်တွင် စံချိန်သစ်အနေဖြင့်(၄၂.၇)ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #သထုံအပါအဝင်ဒေသ(၄)ခု #အမြင့်ဆုံးအပူချိန်စံချိန်သစ်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
မေလ(၆)ရက်တွင်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတက်ရောက်ရန်ဖိတ်ကြားခံရသည့်စာရင်းတွင်ပါဝင်သည့် ထုတ်လုပ်ရေးနှင့်အနုပညာရှင်၊အတတ်ပညာရှင်(၇၅၇)ဦးရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှနာယကများ၊အမှုဆောင်များ၊အကဲဖြတ်အဖွဲ့ဝင်များ၊အကယ်ဒမီဆုရရှိပြီးသည့်အနုပညာရှင်အတတ်ပညာရှင်စုစုပေါင်း(၉၂)ဦး၊အကယ်ဒမီမရသေးသည့်အနုပညာရှင်(၄၃၀)ဦး၊အကယ်ဒမီမရသေးသည့်အတတ် ပညာရှင်(၂၃၅)ဦး စုစုပေါင်း(၇၅၇)ဦးကို ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားသည်၊၊
အဆိုပါဖိတ်ကြားခံရသူများအနေဖြင့် ဧပြီ(၂၆)ရက်မှ (၂၈)ရက်အထိအကယ်ဒမီဆုပေးပွဲဖိတ်ကြားလွှာတွေမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလာရောက်ထုတ်ယူရမည်ဖြစ်သည်ဟုဆိုသည်၊၊
ယခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအကယ်ဒမီပေးပွဲကိုပြန်ကြားရေးဝန်ကြီးဌာနမှကြီးမှူး၍ နေပြည်တော်၊လဟာပြင်ကဇာတ်ရုံ၌ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် ဖွင့်ပွဲတွင်နည်းပညာမြင့် 3D Projection Mappingဖြင့်ဖွင့်လှစ်ရန်ဆောင်ရွက်ထားမှု၊LEDတပ်ဆင်မှုများ၊ဖျော်ဖြေရေးစင်မြင့်တည်ဆောက်မှုများ၊မီးအလှဆင်မှုများ၊နေရာထိုင်ခင်းနှင့်လေအေးပေးစက်စီစဉ်ဆောင်ရွက်မည့်အခြေအနေများ၊မီဒီယာဇုန်သတ်မှတ်ထားမှု၊မီးရူးမီးပန်းများပစ်ဖောက်မည့်အခြေအနေ၊မုခ်ဦးများတည်ဆောက်မှုတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ကြည့်ရူ့စစ်ဆေးခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အကယ်ဒမီဆုပေးပွဲ #ထုတ်လုပ်ရေးနှင့်အနုပညာရှင်အတတ်ပညာရှင်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်းကားဂိတ်၌ ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ၏ဂျပ်ဖာများအတွင်းမှ ငွေကျပ် ၁၀၀၉သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကသိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်၂ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တွင် Super Custom အမျိုးအစားမော်တော်ယာဥ်ဖြင့် ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ အောင်ကျော်ဇော(ခ)စစ်မင်းချန့်အားစစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့်စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၀၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို ဧပြီလ၂၄ရက်က သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့်အောင်ကျော်ဇော(ခ)စစ်မင်းချန့်(၃၂)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက် များကို ဖော်ထုတ်လျက်ရှိကြောင်းလည်းသိရသည်။
#ymg/pl
#Local_News #မန္တလေး #စိတ်ပြောင်းဆေးဝါး(Happy Water)
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ကနေဒါနိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်နိုင်မည့် ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံရေးဝန်ကြီးဌာနကသိရသည်။
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းက၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်ညနေ၂နာရီ၃၀မိနစ်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့စဥ်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက် မှုအခြအနေများကို ဆွေးနွေးအသိပေးခဲ့ပြီးဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ မမြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #ကနေဒါနိုင်ငံ #မြန်မာသံအမတ်ကြီး #မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
အခြေခံပညာအတန်းများဖြစ်သည့်KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းများကိုဧပြီ(၂၇)ရက်မှာထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရသည်၊၊
အောင်စာရင်းများထုတ်ပြန်ပေးပြီးတဲ့နောက် မေလထဲတွင်ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်သွားဖို့ရှိသည်ဟုဆိုသည်၊၊
"အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေ ဧပြီလ(၂၇)ရက်မှာ ထုတ်ပြန်မယ်ဆိုတာဟုတ်ပါတယ်၊၊KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေပါ၊၊မေလထဲမှာကျောင်းအပ်နှံတာပြန်လက်ခံသွားမှာဖြစ်ပါတယ်"ဟုအခြေခံပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးက YMGကိုပြောသည်၊၊
ကျောင်းတွင်းစစ်စာမေးပွဲများတွင်အောင်မြင်သူများရောကျရှုံးသူများပါ မေလထဲတွင်ကျောင်းပြန်လည်အပ်နှံရမည်ဖြစ်သည်ဟုဆိုသည်၊၊
နှစ်စဥ်မြန်မာနိုင်ငံတွင် ဇွန်လအတွင်းကျောင်းများပြန်ဖွင့်လှစ်လေ့ရှိပြီး မေလကနေဇွန်လအတွင်းကျောင်းအပ်နှံရေးလက်ခံရေးရက်သပ္ပါတ်များသတ်မှတ်ပြီး ကျောင်းသားသစ်များပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အခြေခံပညာကျောင်း #စာမေးပွဲအောင်စာရင်း
#YMG #Yangon_Media_Group
Page 1040 of 1777