Published 29 April 2023
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးတို့ကို ယနေ့ ဧပြီလ ၂၉)ရက်က သွားရောက်ဖူးမျှော်ကြည်ညိုပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေ မေးမြန်း လျှောက်ထားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ အား ယနေ့ဧပြီလ(၂၉)ရက် နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။
အဲဒီနောက် ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများနှင့် ဆွမ်းကိစ္စ များ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးထားသည်များကို ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ တင်ပြမှုတွေအပေါ် နစက ဥက္ကဋ္ဌက ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး တို့ အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထား မှာကြားခဲ့တယ်လို့ သိရှိရပါတယ်။
#ymg/knl
#ဗန်းမော်ဆရာတော်ဘုရားကြီး
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး
#Health_Matters
Published_ 29 April 2023
- ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုကြီးမားလာနေတာကို ဘယ်လိုဟန့်တားကာကွယ်နိုင်မလဲဆရာ??
#Health_Matters #ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 29 April 2023
ပြည်တွင်းရွှေဈေးကို ဈေးကစားဖို့ရည်ရွယ်ပြီး သိန်း ၃၀ ကျော်နဲ့ အရောင်းအဝယ်ပြုလုပ်ပါ စသုံးလုံးဌာနက စုံစမ်းအရေးမယ်လို့ ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းရန်ကုန်တိုင်းရွှေအသင်းကပြောဆိုအပြီး ညနေပိုင်းမှာ ရွှေဈေးဟာ ၂၉သိန်းအောက်ကိုပြန်ကျသွားတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲမှ သိရပါတယ်။
#ရွှေဈေး #အရောင်းအဝယ် #စသုံးလုံးဌာန #အရေးယူမယ်
#YMG #Yangon_Media_Group
#World_Health
Published 30 April 2023
ပြည်နယ်အများအပြားမှာ အပူလှိုင်းများမြင့်တက်လာတာနဲ့အမျှ ကျန်းမာရေးအတွက် သင့်လျော်တဲ့အာဟာရရရှိဖို့ မဖြစ်မနေဂရုစိုက်ရမှာဖြစ်ပါတယ်။
ရေဓာတ်ပြည့်ဝစေတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှ အီလက်ထရိုလိုက်ပမာဏကို ထိန်းညှိပေးကာ အပူလျှပ်ခြင်းကင်းဝေးအောင် ကူညီပေးနိုင်ပါတယ်။
ဖရဲသီး၊ သရက်သီးတွေလို ရာသီစာအသီးအနှံတွေ များများစားခြင်းဖြင့် အစာချေလွယ်ခြင်း၊ ရေဓာတ်ထိန်းသိမ်းပေးခြင်း၊ ဇီဝကမ္မဖြစ်စဉ်မြှင့်တင်ပေးခြင်းတို့ကို ကူညီပေးပါတယ်။
သရက်သီးနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာ ဘယ်လောက်စားသင့်လဲဆိုတာ မေးစရာတွေရှိပါတယ်။
စားသောက်ပြီးတဲ့အခါ သရက်သီးစားခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိနေပါတယ်။
အာဟာရပညာရှင်'မန်ပရိကယ်လ်ရာ'က နေ့လယ်စာစားအပြီးမှာ သရက်သီးစားသင့်တဲ့အကြောင်း အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
"အစာစားတဲ့အခါ အစာအိမ်ထဲရောက်ကာ အစာချေခြင်းဖြစ်စေပါတယ်။ အဲဒီမှာ သည်းခြေရည်၊ အစာချေအင်ဇိုင်း၊ အစာအိမ်အက်ဆစ်တို့ဖြင့် အစာကိုချေဖျက်ပါတယ်။ တစ်ခါတရံမှာ အစာချေအင်ဇိုင်းတွေ ပုံမှန်မထုတ်လုပ်နိုင်တော့ဘဲ အစာမကြေဖြစ်ကာ ဗိုက်ပွခြင်းဖြစ်စေပါတယ်" လို့ ပြောပြခဲ့ပါတယ်။
သရက်သီးထဲမှာ အမိုင်လေ့စ်၊ ပရိုတီအေ့စ်၊ လိုင်ပေ့စ်တို့လို အစာချေအင်ဇိုင်းများပါဝင်ကာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီဓာတ်တို့ကို ဖြိုခွဲပေးကာ အစာမကြေခြင်းကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် အူလမ်းကြောင်းလှုပ်ရှားမှုနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။
ဗိုက်တာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝကာ ဆီးချိုကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားမြှင့်တင်ပေးတဲ့ အာဟာရဓာတ်များလည်းပါဝင်ပြီး နှလုံးနဲ့မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
Source: India Today
#YMG#Yangon_Media_Group
#Local_News
Published_ 29 April 2023
ကုမ္ပဏီတစ်ခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး ယနေ့ ဧပြီလ ၂၉ ရက် နံနက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ယင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်ရှိ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်း၏ နေအိမ်မှ SUZUKI SWIFT ကားဖြင့် ထွက်လာစဉ် လူငယ် ၂ ဦးက သေနတ်ဖြင့် လေးချက်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ စစ်တက္ကသိုလ်အပတ်စဉ် (၃၁) မှ အသက် ၅၅ နှစ်အရွယ် အငြိမ်းစား တပ်မတော်အရာရှိ ဦးရဲမင်းသန်း ဆိုသူ ဖြစ်ကြောင်း၊သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကားရှေ့မှန်တွင် ကျည်ဖောက်ရာ ၂ ချက်၊ ကားဘေးမှန်တွင် ကျည်ဖောက်ရာ ၂ ချက်ကို တွေ့ရပြီး ဦးရဲမင်းသန်း၏လက်ယာဘက်ရင်ဘတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။
#ymg/pl
#Yangon_Media_Group
#Local_News
Published_ 30 April 2023
ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးမှာနှုန်းထားနှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #92 #စက်သုံးဆီနှုန်းဈေးအကျဘက်ရှိ
#YMG #Yangon_Media_Group
#Health_Matters
Published_ 29 April 2023
- မြန်မာနိုင်ငံမှာရော အဲဒီပြဿနာဘယ်လောက်အတိုင်းအတာထိရှိနေပါသလဲ??
#Health_Matters #ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 29 April 2023
၁။ ရွှေဈေးသိန်း ၃၀ ကျော်နဲ့ အရောင်းအဝယ်ပြုလုပ်ပါက စသုံးလုံးဌာနမှ အရေးယူမယ်လို့ ထုတ်ပြန်အပြီး ရွှေဈေး၂၉ သိန်းအောက်ချက်ချင်းပြန်ကျ
၂။ မေလဆန်းမှာဆန်ဈေးပြန်ကျမည်ဟုဆန်ကုန်သည်အသင်းခန့်မှန်း
၃။ ယခုနှစ်အတွင်းအနုပညာရှင်များ ကွယ်လွန်ခြင်းများပြားနေ၊ ဧပြီလအထိ(၇)ဦး ထက်မနည်းကွယ်လွန်ခဲ့
၄။ ပေကျင်းနိုင်ငံတကာ နျူကလီးယားစွမ်းအင်ပြပွဲတွင် တရုတ်နျူကလီးယားဓာတ်ပေါင်းဖိုအကြီးစားပုံစံကို အဓိကထားပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 29 April 2023
မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်လိုက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ယင်း၏ သံအမတ်ခန့်အပ်လွှာကို တရုတ်သမ္မတ ရှီကျင့်ဖျင် ထံ ပေးအပ်လိုက်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေ က ၎င်း၏ခန့်အပ်လွှာကို ဧပြီလ ၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဧပြီလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
#ymg/pl #Local_News #ဦးတင်မောင်ဆွေ #တရုတ်သမ္မတ
#YMG #Yangon_Media_Group
#Health_Matters
Published_ 29 April 2023
- ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ပြဿနာတွေဟာ ကမ္ဘာလုံးဆိုင်ရာ စိတ်ပူပန်စရာအဖြစ် ဘာကြောင့်ဆက်ရှိနေတာလဲဆရာ ??
#Health_Matters #ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်
#Dr.KML #YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#Local_News
Published- 29 April2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ ကော့ခိုက် မွန်စုအနောက်ပိုင်းတွင်ယနေ့နံနက်ကအသက် ၁၁နှစ်အရွယ် ကလေး ၁ဦးကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
ဧပြီလ ၂၉ ရက် နံနက်၈ နာရီ ၅မိနစ်ခန့်တွင် စက်ဘီးစီးလာသော ကလေးငယ်ကို ဆောင်းဘောက်စ်များ တင်ဆောင်လာသော ကားမှ ကျော်တက်ခဲ့ရာတွင် ဆောင်းဘောက်စ်များနှင့် မလွတ်ဘဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"စက်ဘီးစီးလာတဲ့ကလေးကို ကားက ကျော်တတ်တာမှာဘောက်စ်တွေနဲ့ မလွတ်ဘဲ ကလေးကို တိုက်မိသွားတာပါ"ယင်းအသင်း တာဝန်ရှိသူက ပြောသည်။
ယင်းကြောင့် မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့သည့််အတွက်သွားရောက်ခဲ့ရာတွင် ကလေးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာများရရှိ၍ မုဒုံပြည်သူ့ဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေးငယ်မှာ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သူ ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် မောင်ဝေယံမျိုး ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #မုဒုံ #ကားတိုက်ခံရ၍သေဆုံး
#YMG #Yangon-Media-Group
Page 1035 of 1777