#World_Health
Published 12 October 2023
ပုံမှန်လေ့ကျင့်ခန်းတွေကို ပိုပြီးအချိန်ပေးပြုလုပ်လေ အခြားနေ့စဥ် လှုပ်ရှားသွားလာမှုတွေမှာ ပိုပြီးမလုပ်ချင်လေဖြစ်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။
ဝိတ်ချချင်တဲ့သူတွေဆိုရင် လေ့ကျင့်ခန်းမဟုတ်တဲ့ အခြားသော လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ သတိထားသင့်တယ်လို့ ကိုပင်ဟေဂင် တက္ကသိုလ်မှ စာတမ်းပြုစုသူ ဂျူလီမာဗယ်မန်စ်ဖဲ့လ်က ပြောပြခဲ့ပါတယ်။
ထိုလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်မယ်ဆိုရင် တစ်နေ့တာ အားအင်သုံးစွဲမှုက ထင်ထားတာထက် လျော့နည်းသွားပြီး ကိုယ်အလေးချိန်ကလည်း ထင်သလောက် ကျမှာမဟုတ်ပါဘူး။
လူတွေရဲ့ နေ့စဥ်လှုပ်ရှားမှု အတိုင်းအတာနဲ့ လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ပုံတို့ပါဝင်တဲ့ လေ့လာချက် ၂၄ ခုကို သုံးသပ်ခဲ့ကြပါတယ်။
အချိန်မှန် လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိသူတွေဟာ ပိုပြီးတော့ ပျင်းရိလွယ်ကြပြီး အခြားလှုပ်ရှားမှုတွေကို ရှောင်ရှားချင်လာကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုမျိုး ပြုမူခြင်းက လေ့ကျင့်ခန်းအစီအစဥ်ကနေ ကိုယ်အလေးချိန်ကျဆင်းဖို့ မျှော်မှန်းထားတာထက် ၂၂ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
နည်းလမ်းအရဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်လျော့နည်းသွားပြီး ကိုယ်အလေးချိန် ကျသွားစေတာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်လို့ ပင်ပန်းခဲ့တာကို နေ့စဥ်လှုပ်ရှားမှုတွေမှာ လျှော့ချခြင်းဖြင့် အစားထိုးတာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ကြပြီးနောက် ပိုမိုပင်ပန်းသွားကာ ပျင်းရိလာကြပြီး အခြားလှုပ်ရှားမှုတွေ မပြုလုပ်ကြတာ ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ခန်းတွေ ပိုမိုပြုလုပ်ပြီး အားအင်ပြန်ဖြည့်တဲ့အနေနဲ့ ပိုမိုစားသောက်ဖြစ်တာလည်း ရှိပါတယ်။
ကိုယ့်ရဲ့ လေ့ကျင့်ခန်းကို အမှန်တကယ် လုပ်ချင်စိတ်ရှိသူတွေကတော့ ဒီလိုအနားယူပျင်းရိတာမျိုးတွေ မပြုလုပ်ကြဘူးလို့ ယူဆလို့ရပါတယ်။
လေ့ကျင့်ခန်းကို အချိန်မှန်ပြုလုပ်ခြင်းက အကျိုးကျေးဇူးတွေရှိပေမယ့် ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလို့ ပြင်ပပညာရှင်များက ဆိုပါတယ်။
တစ်နေ့တာလုံးမှာ လှုပ်ရှားတက်ကြွမနေဘူးဆိုရင် ဇီဝကမ္မဖြစ်စဥ်က အမြင့်ဆုံးရောက်ပြီးမှ ပြန်ကျသွားကာ အားအင်ကိုထိရောက်စွာ အသုံးမပြုနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကိုယ်အလေးချိန်ကျရန်နဲ့ ကြံ့ခိုင်သန်စွမ်းနေစေရန် စိတ်ပါပါနဲ့ စဥ်ဆက်မပြတ် ပြုလုပ်သွားဖို့ကလည်း အရေးကြီးပါတယ်။
အိပ်စက်မှု၊ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရစားသောက်ခြင်းတို့က အတူတကွ သက်ရောက်နေစေပါတယ်။
လူတွေက လေ့ကျင့်ခန်းလုပ်ပြီးရင် မိမိကိုယ်ကို ချီးမြှင့်လေ့ရှိတာကို ဒီလေ့လာချက်က ဖော်ပြနေပါတယ်လို့ အသိအမှတ်ပြု လေ့ကျင့်ရေးဆရာမ အဲလိဇဘက်ဘာနက်စ်က ပြောပြသွားပါတယ်။
#World_Health #လေ့ကျင့်ခန်း #ဆရာမ အဲလိဇဘက်ဘာနက်စ်
#Source: New York Post
#World_Health
Published 12 October 2023
ကျန်းမာစွာ စားသောက်နေထိုင်ခြင်းဟာ ဆီးချိုရောဂါကို ထိန်းသိမ်းရန် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
စားသုံးမယ့် အစားအစာတွေက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်ပုံတွေကို နားလည်ထားရန် လိုအပ်ပါတယ်။
ဆီးချိုရောဂါရှင်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့ အလွန်အရေးကြီးပြီး မထိန်းသိမ်းနိုင်ခဲ့ပါက ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ကာ အင်္ဂါအများအပြားကို ထိခိုက်လာနိုင်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေအတွက် သင့်လျော်တဲ့ အစားအစာတွေကတော့..
(၁) အိုမီဂါ၃ဖက်တီးအက်ဆစ်ပါဝင်သောငါးများ
အဆီများတဲ့ ငါးတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၂) အချဥ်ပါဝင်သော အသီးများ
ထိုကဲ့သို့ အသီးများ စားသုံးပေးခြင်းဖြင့် ဆီးချိုဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
ဒါ့အပြင် ဗိုက်တာမင်စီက ရောဂါခုခံအားကို မြှင့်တင်ပေးကာ အရေပြားကျန်းမာရေးကို ကောင်းစေပြီး ဖျော်ရည်ထက် အသီးလိုက် စားသုံးပေးသင့်ပါတယ်။
(၃) အခွံမာသီးများ
အရေးကြီးတဲ့ အာဟာရဓာတ်များ ပါဝင်သလို အိုမီဂါ၃၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ အခြားသတ္တုဓာတ်များနဲ့ ဗိုက်တာမင်များ ပါဝင်ပါတယ်။
ဆားပါဝင်ပြီး ကြော်လှော်ထားတဲ့ အခွံမာသီးတွေတော့ မစားသုံးသင့်ဘဲ ဗာဒံသီးနဲ့ သစ်ကြားသီးတို့က ဆီးချိုအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။
(၄) အစိမ်းရောင်ဟင်းရွက်များ
ယင်းတို့ဟာ အာဟာရဓာတ်မြင့်မားပြီး ဆီးချိုအတွက် အထူးသင့်လျော်ပါတယ်။
(၅) အစေ့အဆန်များ
ထိုစားစရာစားသုံးခြင်းဖြင့် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေ လျော့ကျတာကို Nutrition ဂျာနယ်မှာ ဖော်ပြထားပြီး ဆန်ညို၊ မုယောစပါးတို့က ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။
#World_Health #ဆီးချိုဝေဒနာရှင် #အစားအစာ #Source: DoctorNDTV
၁၁ အောက်တိုဘာ ၂၀၂၃
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ဗီချစ်ချစ်ဗီမန်းကို သူ၏ ချန်တူချက်အိမ်တွင် ဓားဖြင့်ထိုးသတ်ခဲ့မှု (သတင်းဖော်ပြပေးပြီး) ဖြင့် မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲက အလိုရှိနေပြီး အဲဒီလူငယ်ဟာ အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ ချင်းရိုင်ပြည်နယ်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို တနင်္လာနေ့မှာ ရဲက ထုတ်ပြန်ခဲ့ပါတယ်။
သံသယတရားခံမှာ အသက် ၁၉နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးဆိုသူဖြစ်တယ်လို့ ထိုင်းမြို့ပြရဲဒေသခွဲအမှတ်(၂)ရဲ့ ရဲဗိုလ်မှူးချုပ် အက်တာပိုလ်အန်နူဆစ်က ထုတ်ဖော်ပြောပါတယ်။
အသက်၆၃နှစ်အရွယ် ဗီချစ်ကို ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ(၃)ချက်နှင့် သူရဲ့ ဗစ်ဟာဗါဒီရန်ဆစ်၂၀လမ်းက အိမ်မှာ တနင်္ဂနေံနေ့က သေဆုံးနေတာကိုတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
အသတ်ခံရသူဟာ အဲဒီအိမ်ကို စက်တင်ဘာ ၉ရက်နေ့က ပြောင်းရွှေ့လာပြီး တစ်ဦးတည်းနေတာဖြစ်ပါတယ်။ သံသယတရားခံဟာ စက်တင်ဘာ ၁၉ရက်ကတည်းက အဲဒီအိမ်မှာ အလုပ်လုပ်ပေးနေတာပါ။
စိုင်းမြတ်မိုးဟာ အိမ်ဆေးသုတ်တဲ့အလုပ်လုပ်ပေးနေတာဖြစ်ပြီး စက်တင်ဘာ ၂၅ရက်နေ့မှာ အသတ်ခံရသူရဲ့အိမ်ကို ရောက်ရှိလာတာကို စီစီတီဗွီရုပ်သံတွေမှာ တွေ့ရပါတယ်။ အဲဒီအချိန် သံအမတ်ကြီးဟောင်းဟာ သူ့ကို အိမ်ဂိတ်တံခါး ဖွင့်ပေးတာကိုလည်း စီစီတီဗွီမှာတွေ့ကြရပါတယ်။
သုံးရက်အကြာမှာ သံသယတရားခံဟာ သံအမတ်ကြီးဟောင်းဗီချစ်ကို အိမ်ရဲ့ပထမထပ်မှာ ကိုယ်ထိလက်ရောက်တိုက်ခိုင်ခဲ့ပါတယ်။ အဲဒီအခါ သံအမတ်ကြီးဟောင်းဟာ ဒုတိယထပ်အိမ်သာထဲ ထွက်ပြေးခဲ့ပါတယ်။ အဲဒီအခန်းထဲမှာ တရားခံက သူ့ကို ဓားနှင့် ခြိမ်းခြောက်ပြီး သံအမတ်ကြီးဟောင်းရဲ့ အေတီအမ်ကတ် လျှို့ဝှက်နံပါတ်ကိုတောင်းခဲ့ပါတယ်။
လျှို့ဝှက်နံပါတ်ရပြီးတဲ့အခါ တရားခံက ဗီချစ်ကို ထပ်ခါထပ်ခါဓားနှင့်ထိုးပြီးသတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တရားခံဟာ အိမ်ထဲက အဖိုးတန်ပစ္စည်းအားလုံးကို ခိုးယူသယ်ဆောင်သွားပြီး အငှားယာဉ်တစ်စီးနှင့် ထွက်ပြေးသွားခဲ့တယ်လို့ ရဲကပြောပါတယ်။
ဗီချစ်ရဲ့ မိုဘိုင်းဖုန်းတွေရော တက်ဘက်ကွန်ပျူတာတွေရော ပျောက်ဆုံးနေပါတယ်။ နောက်ပိုင်းမှာ လက်ဖရောင်းအရပ်က ဈေးဝယ်စင်တာတစ်ခုရဲ့ အေတီအမ်မှာ ဗီချစ်ရဲ့အကောင့်ထဲက ဘတ်ငွေ ထောင်ပေါင်းများစွာထုတ်ယူသွားခဲ့ပါတယ်။
အဲဒီနောက်တရားခံဟာ မိုချစ်ဘတ်စ်ကားဂိတ်ကနေ ဘတ်စ်ကားစီးပြီး မြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့ မြောက်ပိုင်းချင်းရိုင်အထိသွားခဲ့ပါတယ်။
တရားခံဟာ စက်တင်ဘာ ၂၉ ရက် မနက်၇နာရီ ၂၂မိနစ်မှာ မယ်ဆိုင်စစ်ဆေးရေးဂိတ်ကနေ မြန်မာနိုင်ငံထဲဝင်ရောက်သွားခဲ့တယ်လို့ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရဲဌာနရဲ့ အစီရင်ခံစာအရသိရကြောင်း ရဲဗိုလ်မှူးချုပ် အက်တာပိုလ်က ပြောပါတယ်။
Source BangkokPost
တရုတ်လူငယ်ပိုင်း မုန့်လုပ်အလှဆင်ပညာရှင် လျူရှင်ရူဟာ တရုတ်မြောက်ပိုင်း တီယန်ကျင်မှာပြုလုပ်တဲ့ မုန့်လုပ်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပြီး မျိုးဆက်သစ် မုန့်ဖုတ်ပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုကို ပြသသွားပါတယ်။
Published_ 11 October 2023
#Asia_Society
#မုန့်လုပ်အလှဆင်ပညာရှင် #တရုတ်လူငယ်ပညာရှင်
#Daily_News
Published_ 11 October 2023
၁။ ရွှေတိဂုံစေတီတွင် သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာအခါတော်နေ့နှင့် အဖိတ်နေ့ဆီမီး(၁၀၀၀၀)ပူဇော်ပွဲကျင်းပမည်
၂။ မလေးရှားသို့ အတည်ပြုချက်ရရှိပြီးသားရွှေ့ပြောင်းအလုပ်သမားတစ်ရက်ကို ၁၀၀ကျော်မှ ၂၀၀ ခန့်အထိ ဆက်လက်စေလွှတ်နေ၊ အလုပ်ခေါ်စာအသစ်များလာမည့်နှစ်မှ ပိုမိုရရှိမည်
၃။ ပဲခူးမြစ်ရေ ပြန်ကျလာပေမယ့် ရေဘေးသင့် ပြည်သူများကယ်ဆယ်ရေးစခန်းများတွင်သာနေထိုင်ရအုံးမည်
၄။ ကမ္ဘာ့အဆင့်မုန့်လုပ်အလှဆင်ပြိုင်ပွဲကြီးတွင် အနိုင်ရခဲ့သည့် တရုတ်လူငယ်ပညာရှင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 11 October 2023
တိုက်ကြီးမြို့အနီး အင်အား (၄.၀) အဆင့်ရှိသည့် ငလျင် အောက်တိုဘာလ(၁၁)ရက်တွင် ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ )၏ထုတ်ပြန်ချက်အရသိရသည်။
‘တိုက်ကြီးမှာ မနေ့ညအောက်တိုဘာ(၁၁)ရက်ညပိုင်းက ငလျင်လှုပ်သွားတယ်လို့ ခေါင်းကိုမူးသွားတယ်။ အိပ်နေတုန်းဆိုတော့ ဇတ်ဇတ်တောင်ခါသွားတယ်။ နှစ်ချက်လှုပ်သွားတယ်။ ခါသွားတာ။ တော်တော်လေးသိသာတယ်’’လို့ တိုက်ကြီးမြို့နယ်မှာနေထိုင်သည့်ဒေသခံတစ်ဦးကပြောသည်။
အောက်တိုဘာလ (၁၁) ရက်၊ မြန်မာစံတော်ချိန် ညသန်းခေါင်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၄၂) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့မြောက်ဘက် (၁၇)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၄၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ )မှဖော်ပြထားသည်။
စက်တင်ဘာလ၂၃ရက်တွင် တိုက်ကြီးမြို့နယ်တွင် ညနေ ၆ နာရီစတင်ပြီး ငလျင်လှုပ်ခတ်ရာတစ်ညလုံး(၆)ကြိမ်၊ စက်တင်ဘာလ၂၄ရက်မှာ ညနေစောင်းတွင် တစ်ကြိမ်၊စက်တင်ဘာလ၂၅ ရက်တွင် မနက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း(၈)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းနှင့် ယခုအောက်တိုဘာ(၁၁)ရက်တွင် တစ်ကြိမ်လှုပ်ခတ်သဖြင့် စုစုပေါင်း(၉)ကြိမ်ငလျင်လှုပ်ခတ်သက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။
ယခုလပိုင်းများတွင် ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးတို့ကို ဗဟိုပြုပြီး ငလျင်များလှုပ်ခတ်ခဲ့သလို ရန်ကုန်နှင့်အနီးဆုံးပဲခူး၌လည်း ဗဟိုပြုလှုပ်ခတ်ခြင်းများရှိခဲ့ပြီး ရန်ကုန်တိုင်းအနေဖြင့် ငလျင်သတိပြုရန်လိုအပ်ကြောင်း သိရသည်။
#Local_News #တိုက်ကြီးမြို့ #ငလျင်ထပ်မံလှုပ် #tthl #Yangon_Times
‘အာရှဖလားရရှိဖို့အတွက် တတိယပွဲစဉ်အနေနဲ့ အိမ်ရှင်တာဂျစ်ကစ္စတန်အသင်းကိုယှဉ်ပြိုင်ပြီး အုပ်စုဗိုလ်လုရမှာဖြစ်ပြီး အနိုင်ရရင် အုပ်စုဗိုလ်အနေနဲ့ ရှုံးနိမ့်ရင်အုပ်စုဒုတိယအနေနဲ့ အုပ်စုအဆင့်မှနောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်’
Published_ 11 October 2023
#Local_News
#မြန်မာဖူဆယ်အသင်း #အိမ်ရှင်တာဂျစ်ကစ္စတန်
#tthl #Yangon_Times
#Local_News
Published 11 October 2023
မလေးရှား အစိုးရမှ တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအား တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုသည့် အစီအစဉ် RTK 2.0 ဖြင့် ကိုက်ညီမှုရှိပါက တရားမဝင်မြန်မာအလုပ်သမားများအနေနဲ့လျှောက်ထားကျရန်မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တိုက်တွန်းထားကြောင်းသိရသည်။
အဆိုပါ အစီစဉ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်အထိဆောင်ရွက်ပေးမှာ ရှိပြီး RTK 2.0 အစီစဉ် ဖြင့် ကိုက်ညီမှုရှိပါက မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
မလေးရှား အစိုးရ၏ RTK 2.0 အစီအစဉ်သတ်မှတ်ချက်များတွင်တရားဝင်အလုပ်ရှင်ရှိသူ၊မလေးရှားအဖွဲ့အစည်းများ၏ သံသယစာရင်းနှင့်အမည်ပျက်စာရင်းတွင် မပါဝင်သူ၊ အနည်းဆုံး သက်တမ်း ၁၈ လ ရှိသည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ၊ ကျန်းမာရေး ကောင်းမွန်ကြောင်း လက်မှတ်ရှိသူတို့ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီးနေထိုင်ခွင့်အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါကမှတ်ပုံတင်မူရင်း၊အိမ်ထောင်စုဇယားမိတ္တူတို့ ကိုယူဆောင်ကာ မြန်မာသံရုံးသို့ လာရောက်လျှောက်ထားရန် မြန်မာသံရုံးမှ တိုက်တွန်းထားခြင်း ဖြစ်သည်။
လက်ရှိတွင် မလေးရှား အစိုးရ အနေဖြင့် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသား အလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီးနေတာကြောင့် တရားမဝင် မြန်မာအလုပ်သမား အချို့လဲဖမ်းဆီးခံရမှုများရှိနေသဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အနေဖြင့်ယခု ကာလအတွင်း အသွားအလာ ဂရုပြုကြပါရန်နှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက နိုင်ငံကူး လက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာယူဆောင်သွားရန်ကိုလည်း မြန်မာသံရုံးက သတိပေးထားထုတ်ပြန်ထားသည်။
#Local_News #မလေးရှားနိုင်ငံ #RTK 2.0 အစီအစဉ် #YMG/LW #Yangon Times
#Local_News
Published_ 11 October 2023
သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆန်စပါးများကို တင်း(၁၀၀)လျှင်အခြေခံရည်ညွှန်းစပါးဈေးနှုန်းကျပ် (၇၅၀၀၀၀)သတ်မှတ်လိုက်သည်ဟု တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ အောက်တိုဘာ(၁၀)ရက်၌ထုတ်ပြန်လိုက်သည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးအပေါ်တွင်ဖြစ်ရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင် ရောက်နေရင်တော့ ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်ဟုဆိုသည်။
အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိပြီး အဖျင်း၊ မှော်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိုကျပ်(၇၅၀၀၀၀) သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခုသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည်၂၀၂၃ခုနှစ်မိုးစပါးနှင့်၂၀၂၄ ခုနှစ်နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချဖို့အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်ရုံးတွေဖြစ်စေ၊ အသင်းချုပ်ရုံးကိုဖြစ်စေ ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
#Local_News #အခြေခံရည်ညွှန်းစပါး #ဆန်စပါး #tthl #Yangon_Times
ပဲလိပ်ပြာဝယ်လိုအားကောင်းနေပြီး ကုန်အဝင်နည်းလာတဲ့အတွက်ကုန်သည်တွေ အနေနဲ့ဈေးပြိုင်ပေး ဝယ်နေရတယ်လို ရှမ်းပြည်အောင်ပန်းမှ ကုန်သည်တွေကပြောပါတယ်။
Published_ 11 October 2023
#Local_News
#ပဲလိပ်ပြာ #ရှမ်းပြည်အောင်ပန်း
#YMG/LW #Yangon_Times
#Local_News
Published_ 11 October 2023
အဆုတ်ကင်ဆာရောဂါအထိဖြစ်ပွားနိုင်သည့် ပဲသွေး၊ ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်များ၌ဖော်မလင်သုံးစွဲနေသူအချို့အား ထိရောက်စွာအရေးယူရန်လိုအပ်ကြောင်း စားသုံးသူရေးရာကျွမ်းကျင်သူဦးဗအုပ်ခိုင်က ပြောသည်။
"ပဲသွေး၊ခေါက်ဆွဲ၊ချက်နို့ဆီ၊ မုန့်ဟင်းခါးဖတ်တွေမှာတောင် ဖော်မလင်တွေပါတတ်တယ်။ ဖော်မလင်တွေက စားသုံးသူတွေရဲ့ ရိုးတွင်းခြင်ဆီကိုအဆိပ်သင့်တာနဲ့ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်တယ်။ အရမ်းအန္တရာယ်ကြီးတဲ့အတွက် ဒါတွေကို ထိထိရောက်ရောက်အရေးယူပေးသင့်ပါတယ်" ဟု ၄င်းကဆက်ပြောသည်။
အဆိုပါ ဖော်မလင်ကို အစားအသောက်များကြာရှည်ခံစေရန် စားသောက်ကုန်ထုတ်လုပ်သူအချို့က ထည့်သွင်းသုံးစွဲနေခြင်းဖြစ်ကြောင်း၊ ဖော်မလင်ဒဏ်ကို အသက်ကြီးသူများနှင့်ကလေးသူငယ်များမှာ ခံနိုင်ရည်နည်းတဲ့အတွက်ပိုထိခိုက်နိုင်သည့်အပြင် ကိုယ်ဝန်ဆောင်သေန္ဓသားထိခိုက်ခြင်းလည်းဖြစ်စေနိုင်ကြောင်း သိရသည်။
ဖော်မလင်သည်ရေတွင် ဖော်မယ်ဒီဟိုက် အငွေ့ပျော်ဝင်နေသည့် အရည်ဖြစ်ပြီး ပြည်ပနိုင်ငံအများစု၌ ကြမ်းခင်းဆေး၊ သုတ်ဆေးသစ်သားဘုတ်ပြား ဓါတ်ခွဲခန်းသုံး ပစ္စည်းများ ထုတ်
လုပ်ရာတွင် အသုံးပြုလေ့ရှိပြီး အငွေ့၌ပင် အန္တရာယ်များပြားသည့်အတွက် လုပ်ငန်းခွင်အန္တရာယ်အနေဖြင့် အထူးဂရုပြုကြလေ့ရှိကြောင်း သိရသည်။
#Local_News #ကင်ဆာရောဂါ #ပဲသွေး #ချက်နို့ဆီ #မုန့်ဟင်းခါးဖတ် #NN #Yangon_Times
ပဲခူးမြစ်ရေဟာ ယခင်ထက် ၁ပေလောက်လျော့ကျလာပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲရှိနေတာကြောင့် ရေဘေးသင့် ပြည်သူများအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက်နေထိုင်ရအုံးမယ်လို့ လူမူကူညီရေး အသင်းတွေထံက သိရပါတယ်။
Published_ 11 October 2023
#Local_News
#ပဲခူးမြစ်ရေ ပြန်ကျ #ပြန်လည်ထူထောင်ရေးလုပ်ငန်း #ကယ်ဆယ်ရေးစခန်း
#YMG/ LW #Yangon_Times
Page 1033 of 2002