#World_Politics
Published_ 1 May 2023
နာမကျန်းဖြစ်သဖြင့် အများပြည်သူရှေ့ ၂ ရက်ကြာမထွက်ခဲ့ရတဲ့ တူရကီသမ္မတ'ရီဆပ်တာယစ်အာဒိုဂန်'ဟာ ကြာသပတေးနေ့က ပြန်လည်ရောက်ရှိလာပြီး ရုရှားနိုင်ငံဆောက် နျူကလီးယားဓာတ်အားပေးစက်ရုံအကြောင်း ဖော်ပြတဲ့အွန်လိုင်းအခမ်းအနားမှာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ စကားပြောဆိုခဲ့ပါတယ်။
#World_Politics #နာမကျန်းဖြစ်နေသည့်တူရကီသမ္မတ #ဗီဒီယိုရုပ်သံ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ဆေးရုံကြီး ကိုးထပ်ဆောင်ကို အောက်ဆီဂျင်ဖြန့်ဝေပေးတဲ့ Stationမှာ မီးလောင်ကျွမ်းမှုဧပြီလ (၃၀)ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပုသိမ်ရှိ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်၊၊
#Local_News #အပူချိန်မြင့် #ပုသိမ်ဆေးရုံ #အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station #မီးလောင်ကျွမ်းခဲ့ #ထိခိုက်ဒဏ်ရာရသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
စစ်ပွဲများနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေဘိုဆန်ဈေး မြင့်တက်နေပေမယ့် ယခုလအတွင်းမှာ ဈေးပြန်ကျလာနိုင်တယ်လို့ ဆန်ကုန်သည်များအသင်းကပြောပါတယ်။
#Local_News #ဒေသတည်ငြိမ်မှုမရှိ #ရွှေဘိုဆန် #ဆန်ကုန်သည်အသင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 1 May 2023
၁။ ဒေသတည်ငြိမ်မှု မရှိသော်လည်း ရွှေဘိုဆန်ဈေး ပြန်ကျလာမည်ဟု ဆန်ကုန်သည်အသင်းပြေ
၂။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၃။ အပူချိန်မြင့်၍ ပုသိမ်ဆေးရုံရှိ အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station မီးလောင်ကျွမ်းခဲ့ ၊ ထိခိုက်ဒဏ်ရာရသူ မရှိဟုဆို
၄။ နာမကျန်းဖြစ်နေသည့် တူရကီသမ္မတ ပူတင်နှင့်ဗီဒီယိုရုပ်သံတွင် ပြောဆိုကာလူရှေ့ ပြန်လည်ပေါ်ထွက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 May 2023
ရန်ကုန်မြို့နဲ့ အနီးဆုံးမြို့နယ်ဖြစ်တဲ့ ဒလမြို့နယ်တွင် သောက်သုံးရေကန်များခမ်းခြောက်လာတာကြောင့် ရပ်ရွာ ဒေသခံများ ပူးပေါင်းပြီး ရေကန်တွေပြည်လည်တူဖော်နေတယ်လို့ ဒေသခံတွေက YMG ကိုပြောပါတယ်။
#Local_News #အပူရှိန်မြင့်လာခြင်း #ဒလမြို့ #ရေကန်များခမ်းခြောက်
#YMG #Yangon_Media_Group
#Loacl_News
Published_ 1 May 2023
ခရီးသည်တင် ကားပေါ် တက်အိပ်နေသည့် အမျိုးသား ၁ဦး သေဆုံးမှု မန္တလေးတွင် ဖြစ်ပွါးကြောင်း "မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး) မှသိရသည်။
မေလ ၁ ရက်နေ့ နံနက် ၂ နာရီကျော်က မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၂လမ်း သီရိမန္တလေးကားကွင်းထဲရှိ ကမ္မရာဇာ ခရီးသည်တင် ကားပေါ်မှာ တက်အိပ်နေသည့် အသက်၃၀ ခန့်အ ရွယ်အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်စဉ်ပွါးခဲ့ကြောင်းသိရသည်။
အဆိုပါ ကမ္မရာဇာ ခရီးသည်တင် ကားသည်မန္တလေး-ပခုက္ကူ-ကမ္မ-ပြင်ဦးလွင်ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်ပြီး သေဆုံးသည့် အမျိုးသားမှာ ကားပိုင်ရှင်နဲ့ဆွေမျိုးနီးစပ်တော်သူလို့လည်း ဒေသခံတွေက ပြောသည်။
သေဆုံးသည့် အမျိုးသားမှာ အသက်၃၀ခန့်အရွယ် သာရှိပြီး ဘာကြောင့် သေဆုံးလည်းဆိုတာကို တော့ မသိရသေးကြောင်း "မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး) မှသိရသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာမြန်မာU22ဘောလုံးအသင်းရဲ့အုပ်စုပွဲစဉ်တွေကိုတိုက်ရိုက်ပြသသွားမယ်လို့သိရသည်။
မြန်မာU22ဘောလုံးအသင်းအုပ်စုပွဲစဉ်တွေကိုမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့MRTV HD နဲ့MRTV Sports ရုပ်သံလိုင်းတွေမှာတိုက်ရိုက်ပြသသွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းဟာအရှေ့တီမောအသင်း၊အင်ဒိုနီးရှားအသင်း၊အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့နှင့်တစ်အုပ်စုတည်းယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရုပ်သံတိုက်ရိုက်ထုတ်လွင့်ပြသမှုအနေဖြင့်မေလ၂ရက်နေ့ညနေလေးနာရီတွင်အရှေ့တီမောအသင်း၊မေလ၄ရက်နေ့ညနေလေးနာရီတွင်အင်ဒိုနီးရှားအသင်း၊မေလ၇ရက်နေ့ညနေခုနှစ်နာရီတွင်ကမ္ဘောဒီယားအသင်းနှင့်မေလ၁၀ရက်နေ့ညနေလေးနာရီတွင်ဖိလစ်ပိုင်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားကြပုံများကိုထုတ်လွှင့်သွားမည်ဖြစ်သည်။
မြန်မာU22ဘောလုံးအသင်းမှာအသင်းသား၂၀ပါဝင်ပြီးတော့နာမည်ကျော်တိုက်စစ်မှုးဟိန်းထက်အောင်၊ချစ်အေး၊အောင်သီဟ၊စွမ်းထက်နှင့်ဥက္ကာနိုင်တို့ပါဝင်တဲ့အပြင်ရတနာပုံကလပ်ဂိုးသမားပြည့်ဖြိုးသူနဲ့ဧရာဝတီကလပ်ဂိုးသမားဟိန်းထက်စိုးတို့ကပါဝင်ယှဉ်ပြိုင်သွားမည်ဟုသိရသည်။
ကမ္ဘာဒီးယားနိုင်ငံတွင် မေလ ၆ ရက် မှ ၁၇ ရက်အထိ ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ မြန်မာနိုင်ငံမှအုပ်ချုပ်ရေးအဖွဲ့ ၅၆ ဦး၊ အုပ်ချုပ်နည်းပြအဖွဲဝင် ၁၀၄ ဦး၊ အမျိုးသားအားကစားသမား ၁၉၈ ဦး၊ အမျိုးသမီး အားကစားသမား ၁၄၃ ဦးစုစုပေါင်း ၅၀၁ ဦးက အားကစားနည်း ၂၁ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး စက်ရုံမှအပြန် ကားလမ်းဖြတ်ကူးစဉ် YBS ကားက ဝင်တိုက်၊ တက်ကြိတ်မိပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ၃၀ရက်ညနေ ၅နာရီအချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်၃လမ်းမကြီး၊ ပုလဲလမ်းဆုံအနီး လမ်းဖြတ်ကူးစဉ်မီးပွိုင့်ကွေ့ကြော ကားလမ်းအလယ်တွင် ရပ်နေရာ တစ်ဖက်ကွေ့ကြောမှ မီးပွိုင့်ဖြတ်လာသော YBS ၉၂မီနီဘတ်စ်က လမ်းဖြတ်ကူးသူအမျိုးသမီးအား ဝင်တိုက်မိကာ ဦးခေါင်းကိုတက်ကြိတ်မိ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
"စက်ရုံကအပြန် ၃ယောက် လမ်းဖြတ်ကူးတာမှာ ၁ ယောက်က ကျန်ခဲ့တာ
လမ်းလေးခွဆုံတာမီးပွိုင့်ဖြစ်တာ ကြောင့် တစ်ဖက်ကွေ့ကြောကမီးပွိုင့်ဖြတ်လာတဲ့လိုင်းကားက ရပ်ထားတဲ့လိုင်းကားကိုကျော်တက်မောင်းတာမှာရပ်နေတဲ့ အမျိုးသမီးကို တိုက် မိတာလို့ မျက် မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရသိရတယ်"ဟု ပုလဲအရန် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ မုံရွာဇာတိဖြစ်ပြီး အသက်၂၀ ကျော်အရွယ်ခန့်ကာ မဂ်လာဒုံမြို့နယ်တွင် သူမ၏အဒေါ်နှင့်နေထိုင်ခြင်းဖြစ်ကြောင်း၊သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှမေဓာဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #အမျိုးသမီးတစ်ဦး #YBS ကားကဝင်တိုက် #ဦးခေါင်းပွင့်ထွက်ဒဏ်ရာ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
မေ ၁ ရက်၊ ယနေ့နံနက် ၆ နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် မြို့ပတ်လမ်းထောင့်၌ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
"ဦးခေါင်းမှာ ၃ လက်မလောက်နက်တဲ့ ဒဏ်ရာတွေ့ရတယ်။ တခြားခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ရဘူး။
ဦးခေါင်းကို ရိုက်ပြီး သတ်သွားတဲ့ ပုံစံမျိုးတော့ ယူဆရတာပေါ့။
မိသားစုနဲ့တော့ အခုထိအဆက်အသွယ် မရသေးဘူး“ ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသား၏ ပုံသဏ္ဍာန်မှာ နားဖောက်ထားခြင်း၊ နောက်ကျောတွင် တက်တူးထိုးထားခြင်း၊ ယာလက်တွင် မိုးကြိုးသွား တက်တူးထိုးထားခြင်း၊ ဘယ်နံရိုးပေါ်တွင် ဂျိုကာပုံတက်တူးထိုးထားခြင်းများရှိကာ ခန့်မှန်း အရပ်မှာ ၅ ပေ ၈ လက်မ ဝန်းကျင်ရှိပြီး အသားဖြူ၍ ခန္ဓာကိုယ်အနည်းငယ်ဝကြောင်း သိရသည်။
သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/ppk
#Local_News #မန္တလေး #ဦးခေါင်းထိခိုက်ဒဏ်ရာ #လမ်းပေါ်သေဆုံးနေသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ချောင်းသာကမ်းခြေဟိုတယ်တစ်ခု၏ ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု တစ်ခု ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းက သိရသည်။
ပင်လယ်မှရေကူးပြီးပြန်လာသော သူငယ်ချင်း အမျိုးသား ၃ ဦးတို့ တည်းခိုနေသည့် ကမ်းခြေဟိုတယ်ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးကြစဉ် အသက် ၂၈ နှစ်အရွယ် မောင်နိုင်မျိုးလွင် (ခ) နောင်နောင် ဆိုသူမှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားမှုအပေါ် သက်ဆိုင်ရာက စစ်ဆေးရာတွင် 200 KVA ထရန်စဖော်မာ (မီတာအမှတ်- ECA006382) ၏ 400 ဗို့ Main Panel မှတစ်ဆင့် ဟိုတယ်အတွင်းသို့ သွယ်တန်းထားသော Underground Cable ပေါက်ပြဲကာ လျှပ်စစ်စီးကူး၍ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ၏ အလောင်းကို ချောင်းသာဆေးရုံသို့ ပို့ဆောင်ကာ တာဝန်ရှိ တိုက်နယ်ဆရာဝန်မှ PM-အမှတ် (4/2023)ဖြင့် လက်ခံ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ချောင်းသာနယ်မြေစခန်းမှ သေမူသေခင်းအမှတ်စဉ် (3/2023) ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Local_News #ချောင်းသာကမ်းခြေ #ရေချိုးခန်း #ရေချိုးသူတစ်ဦးဓာတ်လိုက်
#YMG #Yangon_Media_Group
#World_Health
Published_ 1 May 2023
ယခုနှစ်အစောပိုင်းကတည်းက ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးမှုများ ၉၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီလိုသေဆုံးမှုနှုန်းကျဆင်းသွားတဲ့အတွက် အလွန်အားတက်မိပါတယ်လို့ WHO အကြီးအကဲ'တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယဲဆပ်စ်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်ကရှိနေဆဲဖြစ်ပြီး လူတွေနဲ့အတူရှိနေမှာဖြစ်ကာ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ နောက်ဆက်တွဲဆိုးကျိုးများ စီမံဖို့လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။
အချို့နိုင်ငံတွေမှာ သေဆုံးမှုမြင့်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၄ ပတ်အတွင်း ဒီရောဂါကြောင့်လူပေါင်း ၁၄,၀၀၀ ခန့်သေဆုံးထားပါတယ်။
XBB.1.16 မျိုးဗီဇကွဲအသစ်ထွက်ပေါ်လာကာ ဗိုင်းရပ်စ်က ကူးစက်နေဆဲဖြစ်ပြီး ကူးစက်သေဆုံးမှုလှိုင်းအသစ်များ ဖြစ်ပေါ်လာစေပါတယ်။
WHO နည်းပညာပိုင်းဦးဆောင်သူ 'မာရီယာဗန်ကာခို့ဗ်'က အခုဆိုရင် XBB မျိုးကွဲများဟာ ကမ္ဘာတဝှမ်းမှာလွှမ်းမိုးနေတယ်လို့ ဆိုပါတယ်။
မျိုးဗီဇကွဲက ကူးစက်နိုင်စွမ်းမြင့်မားလာကာ ခုခံအားမတိုးတဲ့အနေအထားမြင်နေရပြီး ကာကွယ်ဆေးထိုးထားသူများ ယခင်ကကူးစက်ဖူးတဲ့သူများလည်း ပြန်လည်ကူးစက်နိုင်ပါသေးတယ်။
ဒီလိုဆင့်ကဲပြောင်းလဲမှုတစ်ခုချင်းစီအကြောင်း သိရှိဖို့နဲ့ ဗိုင်းရပ်စ်အကြောင်းစောင့်ကြည့်နိုင်အောင် နောက်ထပ်စမ်းသပ်မှုများပြုလုပ်ဖို့ လိုအပ်ကြောင်း ဆိုပါတယ်။
ထိုကနေမှ ကာကွယ်ဆေးဖန်တီးခြင်းနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်ရန်ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ရောဂါကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အဖြစ် အဆုံးသတ်ပြီဖြစ်ကြောင်း မကြာမီကြေညာနိုင်ဖို့ WHO က မျှော်လင့်နေပါတယ်။
ကူးစက်သူ ၁၀ ယောက်မှာ ၁ ယောက်နှုန်းဖြင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာပေါ်ပေါက်နိုင်တာကြောင့် လူသန်းပေါင်းများစွာဟာ နာတာရှည်စောင့်ရှောက်မှုလိုအပ်လာနိုင်ပါတယ်။
Source: WION
#World_Health ##ကိုဗစ်ရောဂါ #သေဆုံးမှုနှုန်း(၉၅)ရာခိုင်နှုန်းလျော့ကျ #ဗိုင်းရပ်စ်ဆက်လက်တည်ရှိ #WHO
#YMG #Yangon_Media_Group
Page 1032 of 1777