#Local_News
Published_ 17 March 2023
ရန်ကုန်တိုင်းမှာ အခုနှစ်ဇန်နဝါရီလ (၁)ရက်မှ မတ်လ (၁၆)ရက်အထိ မီးလောင်ကျွမ်းမှု(၆၉)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့်လူ(၇)ဦး သေဆုံးကာ(၃၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ သိရပါတယ်၊၊
#Local_News #မီးလောင်ကျွမ်းမှု #လူ(၂၈)ဦးသေဆုံး
#YMG #Yangon_Media_Group
#Asia_Automobile
Published 16 March 2023
တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်ရှိ ဒေါင်ဖန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဟာ သူတိုရဲ့ကားမော်ဒယ်လ်အချိုကို ဈေးနှုန်း ၄၀ ရာခိုင်နှုန်းကျော်အထိလျှော့ချကာ ဝယ်ယူသူများ ကားအသစ်ဝယ်ချင်အောင် ဆွဲဆောင်နေပါတယ်။
#Asia_Automobile #ဒေါင်ဖန် #လျှော့ဈေး(၄၀)ရာခိုင်နှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
သင်္ကြန်ကာလတွေမှာ အိမ်ခြံမြေအရောင်းအဝယ်အေးမှာဖြစ်သလို ပိတ်ရက်တွေကြောင့် ရုံးကိစ္စ၊ ပါမစ်ကိစ္စ၊ ဂရမ်ကိစ္စတွေလည်းဆောင်ရွက်နိုင်ဦးမှာ မဟုတ်ဘူးလို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေထံမှ သိရပါတယ်၊၊
#Local_News #အိမ်ခြံမြေ #အရောင်းအဝယ်အေး
#YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
မတ်လ ၁၇ရက်နေ့မနက်ပိုင်းမှာ ၂၈ သိန်း ၉ သောင်းနီးပါးအထိပေါက်ဈေးရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာလည်းတစ်အောင်စကို ၁၉၁၇ ဒေါ်လာနဲ့ ဈေးဖွင့်လာတယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်ဈေး #အရောင်းအဝယ်မရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 17 March 2023
သင်္ကြန်ကာလမှာ မန္တလေးမှာရှိတဲ့ပင်းယ၊ အင်းဝယဉ်ကျေးဇုန်၊ ပုဂံယဉ်ကျေးမှုဇုန်၊ မြောက်ဦးယဉ်ကျေးမှုဇုန်တွေ ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မန္တလေး #ပုဂံနှင့်မြောက်ဦး #ပျူမြို့ဟောင်း
#YMG #Yangon_Media_Group
#DailyNews
Published_ 17 March 2023
၁။ သင်္ကြန်ကာလမန္တလေး၊ ပုဂံနှင့်မြောက်ဦးယဉ်ကျေးဇုန်များ၊ ပျူမြို့ဟောင်းများဖွင့်လှစ်ထားမည်၊ ပြတိုက်များပိတ်မည်
၂။ ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၉ သောင်းနီးပါး ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်မရှိ
၃။ သင်္ကြန်ကာလအိမ်ခြံမြေအရောင်းအဝယ်အေးမည်၊ သင်္ကြန်ပြီးမှအရောင်းအဝယ်ပြန်ဖြစ်မည်ဟုဆို
၄။ ဒေါင်ဖန်မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ကားမော်ဒယ်လ်အချို့ကို လျှော့ဈေး(၄၀)ရာခိုင်နှုန်းကျော်လျှော့ချပြီး ဆွဲဆောင်မှုများလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 17 March 2023
ရန်ကုန်မြို့မှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ လုယက်မှုခင်းတချို့ကြောင့်တက္ကစီအငှါးယာဉ်မောင်းနဲ့ခရီးသည်တွေအကြားမှာ လုံခြုံရေးအာမခံချက်မရှိသလို ဖြစ်နေတယ်လို့ တက္ကစီယာဉ်မောင်းတချို့က ပြောပါတယ်။
#Local_News #ဒုစရိုက်မှု #ခရီးသည်နှင့်ယာဉ်မောင်း #ယုံကြည်မှုပျက်ပြား #YMG #Yangon_Media_Group
#Local_News
Published-17 March 2023
ကိုရီးယားသမ္မတနိုင်ငံရှိ ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်ဂဟေ လုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် မြန်မာဂဟေလုပ်သား ၃၃ဦးကို ဒုတိယအကြိမ်အဖြစ် မတ်လ ၁၇ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
ယခုအကြိမ်စေလွှတ်ခဲ့ခြင်းမှာ ဒုတိယမြောက်အကြိမ်ဖြစ်ပြီး Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သားများရောက်ရှိခဲ့ရာတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိမှ ကြိုဆို၍လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ ရက်ကလည်း မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် Samsung Heavy Industries တွင် လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #ဂဟေလုပ်သား #ကိုးရီးယား #ထပ်မံစေလွှတ် #YMG #Yangon-Media-Group
Published 17 March 2023
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Xi Jinping သည် ရုရှားနိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်မယ်လို့ ရုရှားမီဒီယာ တွေကရေးသားကြပါတယ်။
ခရီးစဉ်အတွင်းမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့်သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တဲ့အပြင် နိုင်ငံတကာ နယ်ပယ်တွင် ရုရှား-တရုတ် ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းလာမှုအပေါ် အမြင်ချင်းဖလှယ်ရန်လည်း စီစဉ်ထား တယ်လို့သိရပါတယ်။
ထို့အပြင် အရေးကြီးတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ရုရှား မီဒီယာတွေကဖော်ပြရေးသားကြပါတယ်။
Source: Agencies
#ရုရှား_တရုတ်ဆက်ဆံရေး
#ပူတင်_ရှီ_တွေ့ဆုံမှု
#Local_News
Published_ 17 March 2023
ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တရုတ်ကြားဝင်ဆောင်ရွက်ပေးမှုကို FPNCC ကြိုဆိုထောက်ခံကြောင်း မတ်လ (၁၅) ရက် မှ (၁၆) ရက်ထိ “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေး အပြီးတွင် FPNCC က ထုတ်ပြန်လိုက်သည်။
FPNCC အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်း အစည်းအဝေးတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း၊ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် ပေးခဲ့သော နှောင်ကြိုးမဲ့အကူအညီများ အပေါ်လည်း တရုတ်အစိုးရကို ကျေးဇူးအထူးတင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း FPNCC အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
#ymg/mt #Local_News #ပဋိပက္ခ # FPNCC #YMG
#Yangon_Media_Group
#Local_News
Published_ 17 March 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊(၇)စျေးလမ်းမကြီးပေါ်တွင် မတ် ၁၆ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
မတ်လ ၁၇ ရက်နေ့ ၈ နာရီခန့်က သာကေတမြို့နယ်၊ (၇)စျေးလမ်းမကြီးပေါ်ရှိ အ.ထ.က(၂)ရှေ့တွင် Taxi တစ်စီးမှလမ်းဘေးတွင် ရပ်ထားသည့်ကားအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။
ဝင်တိုက်မိသည့် အရှိန်ကြောင့် Taxi ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ကြပြီးနောက် ဦးခေါင်းကွဲနှင့် ခန္ဓာကိုယ်တွင် ပွန်းပွဲဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြသည်။
ဒဏ်ရာရှိသူယာဉ်မောင်းအား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/ppk #Local_News #သာကေတ #ကားအတွင်းညပ် #YMG
#Yangon-Media-Group
#Local_News
Published_ 17 March 2023
EV လျှပ်စစ်ကားမှာပါဝင်တဲ့ အားသိုလှောင်စနစ်ဟာ အား ၁၀၀ ရာခိုင်နှုန်းအပြည့်သွင်းပြီးရင် မိသားစုငါးယောက်ရှိတဲ့ နေအိမ်တစ်လုံးကို လျှပ်စစ်မီးငါးရက်ပေးနိုင်တယ်လို့ EV Myanmar Group မှ ကိုကျော်ကျော်ထွန်း က ymg ကို ပြောပါတယ်။
#Local_News #EV လျှပ်စစ်ကား #အင်ဗာတာ
#YMG #Yangon_Media_Group
Page 1031 of 1703