#Local_News
Published_5 January 2024

မိုင်းဖုန်းဆရာတော်ကြီး၏သက်တော်(၆၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပလျက်ရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စုရှိ ပါဆာရွာ လွန်းလိန်းသာသနာ့နယ်မြေ၌ကျင်းပနေခြင်းဖြစ်သည်။

 

မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲအစီအစဥ်များမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ 

 

နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။


နံနက် ၉ နာရီတွင် ပူတာအိုစေတီတော်အတွင်းသို့ ကျောက်တုံးကျောက်ခဲ့များထဲ့လှူဒါန်းခြင်း။

 

နံနက် ၁၁ နာရီနှင့် ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်မြင့်တွင် မိုင်းဖုန်းဆရာတော်တရားဟောခြင်း။

 

ညနေ ၆ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း။

 

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။

 

နံနက် ၁၁ နာရီအချိန်တွင် ဆရာတော်သက်တော် ၆၀ ပြည့် စေတီတော်အား ထီးတော်တင်လှူခြင်း။

 

ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်တွင် မိုင်းဖုန်းဆရာတော်တရားဟောခြင်း။

 

ညနေ ၆ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ဘုရားဝတ်တက်ခြင်း။

 

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် လွန်းလိန်းစေတီတော်တွင် ဘုရားဝတ်တက်ပြီး ပန်းခြံတွဲတွင် ဆွမ်းကပ်လှူဒါန်းခြင်း။

 

နံနက် ၉ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား ကံဇာတာထပ်မဂ်လာပြုခြင်း

 

ညနေ ၃ နာရီအချိန်တွင် ပန်းခြံတရားဟောစင်မှ မိုင်းဖုန်းဆရာတော်အား ဝေါယာဥ်ဖြင့် ရေသွန်းမဏ္ဍာပ်သို့ ပင့်ဆောင်ခြင်း။

 

(မိုင်းဖုန်းဆရာတော်၏ မွေးနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ မိုင်းဖုန်းဆရာတော် စကားမပြောပါ)

 

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နှီးဘုရားကျောင်းတွင် မိုင်းဖုန်းဆရာတော်အား လာရောက်ကန်တော့ခြင်းများပါဝင်ကြောင်း သိရသည်။

 

မိုင်းဖုန်းဆရာတော်ဘုရား၏ မွေးနေ့ပွဲကာလအတွင်း စတုဒီသာလှူဒါန်းနိုင်‌ပြီး  ကန့်သတ်ထားသောပွဲခင်းအတွင်း စျေးရောင်းဝယ်ခြင်းမပြုလုပ်ရန်နှင့် စျေးရောင်းရန်နေရာကို ဝမ့်မိုင် လွန်းစိုင်းရှိ ဗုဒ္ဓဂယာမဟာဗောဓိစေတီဝင်းဖက်တွင် သတ်မှတ်ထားပေးကြောင်း သိရသည်။

 

#Local_News #မိုင်းဖုန်းဆရာတော်ကြီး #သက်တော်(၆၀)ပြည့်မွေးနေ့ကျင်းပ #tthl #Yangon_Times