#Local_News
Published_ 19 March 2023
အိန္ဒိယပညာရှင်တွေနဲ့ ပူးပေါင်းပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံရှေးဟောင်းအဆောက်အအုံ(၅)ဆူကို ရှေးမူမပျက်ပြုပြင်မွမ်းမံတာတွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်၊၊
#Local_News #အိန္ဒိယပညာရှင် #ပုဂံရှေးဟောင်းဘုရား(၅)ဆူ
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
#Local_News
Published_ 19 March 2023
EV တက္ကစီးကားဝယ်ဈေးဟာ သိန်း ၇၀၀ နီးပေမယ့် ဓာတ်ဆီဖိုးအရင်းမရှိတဲ့အတွက် EV တက္ကစီမောင်းသူတွေအဖို့ တွက်ခြေကိုက်မှာဖြစ်တယ်လို့ EV Myanmar Group မှ ကိုကျော်ကျော်ထွန်းက ပြောပါတယ်။
#Local_News #EV တက္ကစီ #ပုံမှန်ဓာတ်ဆီကား #တွက်ခြေကိုက်
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
Published 19 March 2023
ရုရှားသမ္မတဗလက်ဒီမာပူတင်ဟာ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုအဖြစ် ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ရုရှားက သိမ်းပိုက် ထားတဲ့ ဒွန်းဘတ်ဒေသက မာရီယူပူးလ်မြို့ကို သွားရောက်ခဲ့ပါတယ်။
ပူတင်ဟာ ခရိုင်းမီးယားမှာ လေယာဉ်ဆိုက်ပြီးသိပ်မကြာခင်မှာပဲ ပူတင်ဟာ ရုရှားတပ်တွေ မနှစ်ကတည်းက ထိန်းချုပ်ထားတဲ့ မာရီယူပူးလ်မြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ပူတင်ဟာ မာရီယူပူးလ်ကို ရဟတ်ယာဉ်နဲ့သွားရောက်ခဲ့ပြီး မြို့ရဲ့ ခရိုင်တော်တော်များများကို ကားမောင်းပြီးလှည့်လည် ကြည့်ရှုခဲ့ပါတယ်လို့ ကရင်မလင်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပြင် နက်ဗ်စကီမိုက်ခရို ခရိုင်မှာ ဒေသခံတွေ နှင့်လည်း ပူတင်ကစကားပြောဆိုခဲ့ပြီး မာရီယူပူးလ်ရဲ့ ပင်လယ်ကမ်းရိုးတန်းတလျောက်စစ်ဆေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သမ္မတပူတင်က နိုင်ငံတကာတရားရုံးက စစ်ရာဇဝတ်မှုတွေနှင့် ဖမ်းဝရမ်းထုတ်အပြီး နောက်တစ်ရက်မှာ ပူတင်ဟာ ယခုလို အံအားသင့်စရာ ခရီးတစ်ခုသွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
Source: WION/AFP Video
#ရုရှားသမ္မတဗလက်ဒီမာပူတင်
#ဒွန်းဘတ်ဒေသ၊မာရီယူပူးလ်မြို့
#YangonMediaGroup
#LocalNews
Published_ 19 March 2023
ဇန်နဝါရီလမှစတင်ကာမြန်မာနိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်လာမှုသည် ရာခိုင်နှုန်းအားဖြင့် ၂၁၄ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း ဧည့်သည်အရေအတွက် ၃၅,၇၂၂ ဦးဝင်ရောက်ခဲ့ပြီး၊ ယမန်နှစ်ကာလတူနဲ့ယှဉ်ပါက နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၁,၃၇၂ ဦး ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံကိုယခုနှစ်အတွင်းလာရောက်ကြသောခရီးသွားများတွင် ၁၇၈၈၄ဦးမှာလေကြောင်းမှတဆင့်ဝင်ရောက်ပြီး၊အပျော်စီးသင်္ဘောဖြင့်ဝင်ရောက်သူ၈၉ဦး၊နယ်စပ်ဂိတ်မှတဆင့်ဝင်ရောက်သူ၁၇၄၂၁ ဦးရှိကြောင်းသိရသည်။
၂၀၂၂ခုနှစ်တစ်နှစ်လုံးတွင်ပြည်ပခရီးသွားနှစ်သိန်းသုံးသောင်းကျော်ဝင်ရောက်ခဲ့ပြီး ကိုဗစ်ကာလများတွင်ခရီးသွားဆက်တိုက်လျော့ကျနေရာမှ အနည်းငယ်ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည်ကိုဗစ်ကာလမတိုင်မှီ၂၀၁၉ခုနှစ်က နိုင်ငံခြားခရီးသွားဦးရေ ၄.၃၆ သန်းဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထုတ်ပြန်ချက်များအရ သိရသည်။
ymg/ppk
#Yangon-Media-Group
#MyanmarNews
Published 19 march 2023
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက ဖိလစ်ပိုင်ကို အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
အုပ်စု (C)၏ ဒုတိယပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ယနေ့ (မတ်လ ၁၉ရက်) မြန်မာ ယူ - ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ - ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ပွဲချိန်(၁၄)မိနစ်တွင် ဦးဆောင်ဂိုးပေးခံရသော်လည်း (၂) ဂိုးပြန်သွင်းခဲ့သဖြင့် ပထမပိုင်း အပြီးတွင် (၂-၁)ဂိုးဖြင့် ပွဲကိုပြန်လည် ဦးဆောင်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက တတိယဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် အုပ်စု (C) တွင် ဒုတိယနေရာရရှိခဲ့ပြီး အဆင့် သတ်မှတ်ချက်အတွက် မနက်ဖြန် (မတ် ၂၀) တွင် အုပ်စု (D)မှ ဒုတိယနေရာရသည့် လာအိုအသင်းနှင့် ကစားရပါမယ်။
ထို့နောက် ၂၁ ရက်တွင်လည်း နောက်ဆုံးပွဲစဉ် တစ်ပွဲကိုဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။.
#Yangon_Media_Group
#LocalNews
Published-19 March 2023
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ထောက်ရှာပင်နှင့်မန်း ရေနံမြေများတွင် ရေနံတွင်းသစ်များတူးဖော်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန က သိရသည်။
ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် တွင်းအမှတ် (၈၈၃) ၊ မန်းရေနံမြေတွင် တွင်းအမှတ် (၆၇၁) တို့ကို အသစ်တူးဖော်ခဲ့သည့်အပြင် ထောက်ရှာပင်ရေနံမြေတွေင် တွင်းအမှတ် BK-3901 ၊ တွင်းအမှတ် PK-3902 ၊ တွင်းအမှတ် PK-4801 တို့ကိုလည်း ကောင်း၊မန်း ရေနံမြေတွင် တွင်းအမှတ် (၆၇၁) ကိုလည်းကောင်း ထပ်မံတူးဖော်ဦးမည် ဖြစ်ကြောင်း သိရသည်။
ထောက်ရှာပင်ရေနံမြေတွင် တွင်းအမှတ် (၈၈၃)ကို နေရှင်နယ် ၅၅ / ၈ တွင်းတူးစက်ဖြင့် ရည်မှန်း အနက်ပေ ၃၆၅၀ သို့ရောက်ရှိရန် တူးဖော်ခဲ့ကာ ရေနံစိမ်းထုတ်ယူနေခြင်း ဖြစ်ကြောင်း ၊ မန်းရေနံမြေတွင် အသစ်တူးဖော်ရန် လျာထားသည့် တွင်းအမှတ် (၆၇၁) မြေနေရာ၌ ZJ7L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၈၀၀၀ အထိတူးဖော်ကာ ပဒေါင်းကျောက်စဉ်စုအတွင်းရှိ သဲကြောမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ စမ်းသပ်တူးဖော် ထုတ်လုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် ရေနံထွက် ပစ္စည်းများ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း ထုတ်လုပ်မှုတိုးတက်ရေးစီမံချက်ဖြင့် ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-19 March 2023
LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးခု ထပ်မံရောက်ရှိကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။
ယင်းကို Essential Motor Co.,Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၈ ရက်က ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိတွင် Charging Station များကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင်ရှိ နေပြည်တော် စီလမ်းဆုံ ယာဉ်ရပ်နားစခန်း၊(၁၁၅) မိုင်ရှိ (ဖြူး)ယာဉ်ရပ်နား စခန်း၊ မိုင်တိုင်(ဝ/၀)ရှိ အမှတ်(၃) တိုးလ်ဂိတ် တို့တွင် Earth Renewable Energy Co.,Ltd အနေဖြင့်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌ Myanmar Brilliance Auto Co.,Ltd က လည်းကောင်း ၊ သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd ကလည်းကောင်း၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd ကလည်းကောင်း၊ ရန်ကုန်ဘူတာကြီးအနီး၌ Essential Motors Co.,Ltd ကလည်းကောင်း အသီးသီးဆောက်လုပ်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လျှပ်စစ်သုံး ယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 19 March 2023
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့၊ ဂင်ဒိတ်ကုန်းကျေးရွာအနီး ရန်ကုန်- ပြည်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၁/၃ နှင့် ၁၀၁/၄ ကြား၌ ယနေ့ မတ်လ ၁၉ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဆိုင်းအဖွဲ့ကားတစ်စီး နောက်ဘီကျွတ်ထွက်ကာ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် လိုက်ပါလာသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်းလှလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
အဆိုပါ ဆိုင်းအဖွဲ့မှာ "ဇော်ဇော်ဗိုလ်"ဆိုင်းအဖွဲ့ဖြစ်ပြီး ပေါင်းတည်မြို့သို့သွားရောက်ရန် ထွက်ခွာလာစဥ် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်းလည်း သိရပါတယ်.
#Yangon_Media_Group
Published 19 March 2023
ကိုလိုနီခေတ်က မြစ်ဖျားခံခဲ့တဲ့ အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုတွေကို ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ယနေ့မတ်၁၉ ရက်မှာကျရောက်တဲ့ ၄၉နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
“ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများမှာ ကိုလိုနီခေတ်မှ ဒဏ်ရာဒဏ်ချက်များကို ကုစားကာ ရုန်းထလိုသောစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကို တည်ဆောက် ခဲ့ကြ သောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်ကို နမူနာယူကာ မိမိတို့နိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး နှင့်လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက် သင့်ပြီ ဖြစ်ပါသည်” လို့ သဝဏ်လွှာမှာဆက်လက်ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကို အဖျက်အမှောင့်ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ်၏ သမိုင်းအစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှတယ်လို့လည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာမှာ သတိပေးပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေကို ကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောဆိုပါတယ်။
လွတ်လပ်ရေးရရှိပြီးနောက် ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့တဲ့ မတ်လ (၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
Ymg/knl
#(၄၉)နှစ်မြောက်မွန်ပြည်နယ်နေ့
#နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
Published 19 March 2023
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လာမယ့် အင်္ဂါနေ့မှာ သူ့ကိုဖမ်းဆီးလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း မတ်၁၈ရက်က ပြောကြားလိုက်ပြီး သူ့ကိုထောက်ခံသူတွေအနေနှင့် ဆန္ဒပြပွဲတွေ စတင်ကြဖို့ လှုံ့ဆော်လိုက်ပါတယ်။
အဆိုပါကိစ္စဟာ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ပေါက်ကြားလာတာဖြစ်တယ်လို့ ထရမ့်က ကိုးကားလိုက်ပြီး သူ့ရဲ့ Truth လူမှုပလက်ဖောင်းမှာ သူကရေးသားလိုက်ပါတယ်။ “ ဦးဆောင်ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်းနှင့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်းဟာ လာမယ့်အပတ် အင်္ဂါနေ့မှာ ဖမ်းဆီးခံရပါလိမ့်မယ်။ ကန့်ကွက်ဆန္ဒပြကြ။ နိုင်ငံကိုပြန်ဆောင်ယူကြ” လို့ သူကရေးသားခဲ့ပါတယ်။
ထရမ့်နှင့် နှစ်ပေါင်းများစွာအကြာက ဇာတ်လမ်းရှုပ်ခဲ့တဲ့ စက်ဖနီကလစ်ဖို့အမည်ရင်းရှိတဲ့ စတုန်းမီဒန်နီယယ်ကို ထရမ့်က ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် သူတို့ကိစ္စတွေလူသိရှင်ကြားမလုပ်ဖို့ နှုတ်ပိတ်တဲ့အနေနှင့် ဒေါ်လာ တစ်သိန်း သုံးသောင်းပေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးရေးတွေက အာရုစိုက်ထားကြပါတယ်။
တရာလိုရှေ့နေတွေဟာ ဒီအမှုနှင့်ပတ်သက်လို ထရမ့်ကို တရားစွဲဖို့သင့်မသင့် ချိန်ဆနေကြပါတယ်။
တကယ်လို့ မန်ဟန်တန်ဒိစတြိတ်ရှေ့နေရုံးက ထရမ့်ကို စွဲချင်တင်ခဲ့မယ်ဆိုရင် အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုနှင့် ပထမဆုံးတရားစွဲခံရတဲ့ အမေရိကန်သမ္မတဖြစ်လာတော့မှာပါ။
တကယ်လို မန်ဟန်တန်တရားသူကြီးက သူ့ကိုစွဲချင်တင်ခဲ့ရင် သူ့အမှုသည်အနေနှင့် အမှုကိုရင်ဆိုင်လိမ့်မယ်လို့ ထရမ့်ရှေ့နေက စီအင်န်ဘီစီရုပ်သံကိုပြောပါတယ်။
ထရမ့်က ဒင်နီယယ်နှင့် ဇာတ်လမ်းရှုပ်ခဲ့တယ်ဆိုတဲ့အပေါ်ငြင်းဆိုထားပါတယ်။
စာလုံးကြီးတွေနှင့်ရေးထားတဲ့ ပို့စ်မှာ ထရမ့်က “ အကျင့်ပျက်ခြားပြီးအကြီးအကျယ်နိုင်ငံရေးလုပ်စားနေတဲ့ မန်ဟန်တန် ဒိစတြိတ်ရှေ့နေများရုံးဆီက တရားမဝင်ပေါက်ကြားလာမှု” လို့ရေးသားထားပါတယ်။
ဗုဒ္ဒဟူးနေ့တုန်းက ဒန်နီယယ်ဟာ အမှုစွဲရှေ့နေတွေနှင့်တွေ့ဆုံခဲ့ပြီး “လိုအပ်လာရင် သက်သေအဖြစ်ထွက်ဆိုပေးမယ်” လို့ ကတိပေးခဲ့တယ်လို့ သူမရဲ့ရှေ့နေ ချားလ်စ် ဘရူးစတားကပြောပါတယ်။
ဒီလစောစောပိုင်းတုန်းက ဒိစတြိတ်ရှေ့နေ အယ်ဗင်ဘရက်ရဲ့အဖွဲ့နှင့် ထရမ့်ကိုတွေ့ဖို့အခွင့်အရေးပေးခဲ့ပေမယ့် ထရမ့်က သူ့ကိုယ်သူ အပြစ်ရှိသလိုဝန်ခံတဲ့သဘောသက်ရောက်နိုင်လို့ ရှောင်ရှားခဲ့ပါတယ်။
ဒီလိုဖိတ်ခေါ်ခြင်းဟာ သူ့ကိုတရားစွဲတော့မယ်ဆိုတာ သေချာသလောက်ဆိုတဲ့သဘောပဲလို့ ကျွမ်းကျင်သူတွေက ပြောဆိုနေကြပါတယ်။
Source WION
#သူ့ကိုဖမ်းရင်ဆန္ဒပြကြဖို့ထရမ့်ပြော
#ဒေါ်နယ်ထရမ့်#စတုန်းမီဒန်နီယယ်လ်
#YangonMediaGroup
Page 1028 of 1703