#World_Sports
Published 30 January 2023
ပင်လယ်ကမ်းခြေမရှိတဲ့ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ လူလတ်တန်းနဲ့ အထက်တန်းလူတန်းစားများကြား ကမ်းခြေသောင်ပြင်တင်းနစ်အားကစား ကျော်ကြားနေပါတယ်။
#Yangon_Media_Group
#Local_News
Published _30 January 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ အခုရက် ပိုင်းအတွင်းမိုးရွာပြီး ညပိုင်းအချိန်တွေအေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 January 2023
မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်တဲ့ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကနေ အခြားတိုင်းနှင့်ဒေသမှ သွားရောက်မယ့်သူတွေကို BorderPass စာအုပ်ပြုလုပ်ပေးဖို့အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဗီယင်နာမြို့အခြေစိုက် United Nations အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များက ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပတဲ့ အထွေထွေညီလာခံများ၊ အစည်းအဝေး များတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_30 January 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က ကျောက်စိမ်းတွင်းဟောင်း၏ ကမ်းပါးပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသည့် ရခိုင်တိုင်းရင်းသား၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ ၄ ဦးက ကျင်းတစ်ခုတည်းတွင် လေးပေကျင်းတူးနေကြစဉ် ပေ ၁၀၀ ကျောခန့် အမြင့်ရှိသည့် တွင်းဟောင်းမြေစာပုံ ကမ်းပါးက ပြိုကျပိမိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"မြေကြီးပိတာတွေကို ဖယ်ထုတ်ပြီး ဝှေခါ သုဿာန်ကို သယ်တယ်။ အဲဒီမှာ သဂြိုလ်လိုက်ကြတယ်"ဟု မြတ်ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 January 2023
ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ယခုလဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းဖုန်းအော်ပရေတာများမှ ထပ်မံအသိပေးထားသည်။
ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြန်လည်စစ်ဆေးကြရန် လိုအပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖုန်းဆင်းကတ်များ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တွင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 31 January 2023
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်းကျန်းဝိဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အက်ဆူစီရင်စု၊ ရှာယာခရိုင်မှာ ဇန်နဝါရီ ၃၀ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက်၇နာရီ ၄၉မိနစ်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ရှားသွားပါတယ်။ ငလျင်ကြောင့် အခုထက်ထိ ထိခိုက်သေဆုံးသူမရှိသေးဘူးလို့ တရုတ်နိုင်ငံ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန် ပါတယ်။
ငလျင်ဟာ အနက် ၅၀ကီလိုမီတာကနေ လှုပ်ရှားသွားတာဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့ ရှာယာခရိုင်က ၁၄၁ကီလိုမီတာအကွာ အယ်လားမြို့မှာ ဗဟိုပြုလှုပ်ရှားခဲ့တာပါ။
ငလျင်လှုပ်ရှားရာနေရာကို ယာဉ်၁၅စီးနှင့် ကယ်ဆယ်ရေးသမား ၇၀ တို့ရောက်ရှိနေကြပါတယ်။ လျှပ်စစ်ဖြန့်ဖြးရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။
ဆင်းကျန်းရထားဌာနကလည်း ရထားလမ်းတစ်လျောက် ရထားလမ်းတွေ၊တံတားတွေ၊ဥမင်လှိုဏ်ခေါင်းတွေနင့် အချက်ပြစနစ်တွေ ပျက်စီးခဲ့မှုရှိမရှိ စစ်ဆေးလျက်ရှိနေတယ်လို့ CCTV ကသတင်းပေးပို့ပါတယ်။
Source: CCTV+
#Xinjiang_Uygur_earthquakes
#China_ Xinjiang_Uygur_earthquakes
#China
.
#Local_News
Published_ 30 January 2023
ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၃၀ ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်အပါတ်ထက် ၁၀ ကျပ်လျော့ကျခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်းသိရသည်။ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၇၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်းသိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _30 January 2023
ထိုင်းနိုင်ငံ ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC) တွင် ထိန်းသိမ်းထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပြီးနောက် ရက်ပိုင်းအတွင်း ပြန်ပို့မည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
၎င်းတို့က ဇန်နဝါရီလ ၂၈ ရက်တွင် နေရပ်ပြန်လိုကြောင်း ထိန်းသိမ်းရေးစခန်းအတွင်း၌ ဆန္ဒပြခဲ့ကြသည့်အတွက် ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးတင်အောင်က IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ထိန်းသိမ်းထားသူ ၆၀၀ ဦးအနက် ဖေဖော်ဝါရီလ ၂ ရက်တွင် လူ ၂၂၀ ဦးကို ပြန်ပို့ပေးမည် ဖြစ်ပြီး ကျန်သူများအား ဖေဖော်ဝါရီလ ၈ ရက် နှင့် ၁၅ ရက်တို့တွင် ပြန်ပို့မည် ဖြစ်ကြောင်း ၊ ကော့သောင်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1025 of 1641