Published_ 19 October 2023
တရုတ်-ပေါင်စန်း-ထိန်ချုံး နယ်စပ်ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ စီးပွားရေး အသင်းအဖွဲ့လုပ်ငန်းရှင် (၇၄)ဦး က ပြခန်းပေါင်း (၁၂)ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရပါတယ်။
ကူမင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် အောက်တိုဘာ ၁၈ ရက်တွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပခဲ့သည့် တရုတ်-ပေါင်စန်း-ထိန်ချုံး (၈) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားများသို့ ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီဝင်နှင့် အမြဲတမ်း ဒုတိယ အုပ်ချုပ်ရေးမှူး၊ ထိန်ချုံးခရိုင်ပါတီ ကော်မတီအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး၊ ထိန်ချုံး ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ထိန်ချုံး-ဟိုချောင်-မြစ်ကြီးနားကားလမ်းနှင့် ကန်ပိုက်တီနယ်စပ်ဂိတ် အဆင့် မြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။
ထို့ပြင် ထိန်ချုံးမြို့ နိုင်ငံတကာကုန်သည်ကြီးများအသင်းနှင့် ကချင်ပြည်နယ် သီးနှံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ထိန်ချုံးခရိုင် ပြည်သူ့အစိုးရနှင့် Sichuan Zhongnonglan Agricultural Development Co.,Ltd ၊ ယူနန်ကျင်းရှင်းအထွေထွေ စိုက်ပျိုးရေးကုမ္ပဏီနှင့် ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့မှလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ အသီးသီးလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။
နယ်စပ်ကုန်စည်ပြပွဲကို အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း (၂၀) နိုင်ငံမှ ပြခန်းပေါင်း (၆၀၀) ကျော်ဖြင့် (၇) ရက်ကြာ ခင်းကျင်းပြသရောင်းချသွားမယ်လို့ သိရပါတယ်။
ymg_mnn
#Local_News
#YMG #Yangon_Times #Yangon_Media_Group


၁၉ အောက်တိုဘာ ၂၀၂၃
နိုင်ငံတကာငွေပေးချေမှု SWIFT စနစ်ထဲမှာ ယွမ်အသုံးပြုမှုအချိုးအစားဟာ သိသာစွာတိုးတက်လာပြီး ယူရိုငွေကိုကျော်ကာ ဒုတိယနေရာရောက်ရှိသွားတယ်လို့ သိရပါတယ်။ ယွမ်ရဲ့အချိုးအစား ဟာ ဩဂုတ်လမှာ ၄.၈၂ရာခိုင်နှုန်းရှိနေရာမှ စက်တင်ဘာ လမှာ ၅.၈ ရာခိုင်နှုန်းသို့ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပါတယ်။
ယွမ်ဟာ ယူရိုကို ကျော်ဖြတ်ကာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ SWIFT ငွေပေးချေမှုစနစ်သုံးတဲ့နိုင်ငံတွေအကြားမှာ ပထမဆုံးအဖြစ် ဒုတိယနေရာရောက်ရှိသွားတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာကတော့ စုစုပေါင်းရဲ့ ၈၄.၁၅ ရာခိုင်နှုန်းနှင့်ပထမနေရာမှာပဲ ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ ဩဂုတ် လက ၈၃.၉၅ ရာခိုင်နှုန်းထက်နည်းနည်းလေးတက်လာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကစပြီး အမေရိကန်ဒေါ်လာဟာ ၈၅ ရာခိုင်နှုန်းအောက်ကနေပြန်မတက်တော့တာဖြစ်ပါတယ်။ ယခုလိုအမေရိကန်ဒေါ်လာအချိုးအစားကျဆင်းမှုမျိုး ၂၀၁၈ခုနှစ် နောက်ပိုင်း တစ်ခါမျှဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူး။
တတိယနေရာကိုယူရိုက ၅.၄၃ ရာခိုင်နှုန်းနှင့်ကျဆင်းရောက်ရှိသွားပါတယ်။ ယူရိုဟာ ဩဂုတ်လက ၆.၄၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ယူရိုနောက်မှာ ဂျပန်ယန်းငွေက ၁.၄ ရာခိုင်နှုန်း၊ ဆော်ဒီရိုင်ယယ်က ၀.၅၆ ရာခိုင်နှုန်းဖြင့် အဆင့် ၄နှင့် ၅ အသီးသီးနေရာရှိနေ ကြပါတယ်။
Source: forexmart
Published_ 19 October 2023
သီတင်းကျွတ်ပွဲတော် ကာလအတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါကဲ့သို့ ပြေးဆွဲရာတွင် ရန်ကုန်_နေပြည်တော် ၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည် အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
" သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ် ။ခရီးသည်တွေအတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးတယ် ။လက်မှတ်တွေကိုလည်း အခက်ခဲမရှိအောင် ဆောင်ရွက်ပေးသွားပါမယ် "ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်_နေပြည်တော်၊ရန်ကုန်_မန္တလေး၊ရန်ကုန်_ပြည်အထူးရထားများ၏ လက်မှတ်ခနှုန်းထားများမှာ ပြောင်းလဲခြင်းမရှိဘဲ တစ်ဆင့်မြှင့်ထားသည့် မူလနှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင်ဒေသ(၁၁)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလ(၂၀)ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
မနက်ဖြန်အောက်တိုဘာလ(၂၀)ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့်ရက်များကခန့်မှန်းချက်ထုတ်ပြန်ထား သည်။
ထူးခြားသည့်အခြေအနေအဖြစ် အောက်တိုဘာမြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း “စန်ဘ” (Sanba) သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
မော်လမြိုင်မဟာမြတ်မုနိဘုရားကြီးတွင် ရွှေသားအတိ ဥသျှောင်မကိုဋ်တော်လှူဒါန်းထား
‘မော်လမြိုင်မြို့သူ၊မြို့သားတွေစုပေါင်းပြီး မဟာမြတ်မုနိဘုရားကြီး ရဲ့ ဥသျှောင်မကိုဋ်တော်ကို ရွှေစင်ရွှေသားအတိဖြင့် ပူဇော်ထားပြီး ဘုံအားလုံးကို ရွှေစင်ရွှေသား (၁)ပိသာ (၂၈)ကျပ်သားကျော်လှူဒါန်း ပူဇော်ထားတယ်’ မော်လမြိုင်မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲမှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပဈေးကွက် မရှိသည့်အပြင် တရုတ်မှ တင်သွင်းနေတာကြောင့် အာလူးစိုက်တောင်သူတွေ ဈေးကောင်းမရဖြစ်နေ
စိုက်ပျိုးရေး နည်းပညာလိုအပ်ချက်တွေကြောင့် ပြည်ပဈေးကွက်မရှိတဲ့ အာလူးကို တရုတ်မှလည်းပြန်လည် တင်သွင်းလာတဲ့အတွက် ပြည်တွင်းက အာလူးစိုက်ပျိုးတဲ့ တောင်သူတွေဟာ ဈေးကောင်းရရှိမှု မရှိဘူးလို့ ရှမ်းပြည်တောင်ပိုင်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ (၁)ဦး ဓားဖြင့် အခုတ်ခံခဲ့ရပြီး စိုးရိမ်ရ ဒဏ်ရာများရရှိကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ရက က(၁၉)၊ငါးရံ့ ချောင်းတွင် အောက်တိုဘာ (၁၉) ရက် နံနက်ပိုင်းတွင် အမျိုးသား၂ဦး ရန်ဖြစ်စကားဖြစ်ခဲ့ပြီး အမျိုးသား၁ဦး ဓားဖြင့်ခုတ်ခံရပြီး ဘယ်ဘက်နားရွက်နှင့် နောက်စေ့ပြတ်ရှပြီး စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဓါးဖြင့် အခုတ်ခံရသူ အမျိုးသားမှာ (စိုးရိမ်ရ) ဒဏ်ရာရခဲ့သောကြောင့် အခင်းဖြစ်ရာ နေရာမှ ပြည်သူ့ဆေးရုံကြီး OPD သို့ သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းမှ အရေးပေါ်သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုများနှင့် ငွေလက်ငင်း အကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး အနက် (၂) မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီးဆောင်ရွက်နေကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုလျက်ရှိသည်။
အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ် ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၂၅ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း ၁၈ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၂ ခန်း၊ Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမား ၁၁၅၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်း ကိုးခန်း၊ စာချုပ်ဆေးခန်း လေးခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမား လူနာ ၅၃၈၆၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာ ၉၁၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁၃၁၃ ဒသမ ၀၇၈ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 October 2023
တရုတ်_မြန်မာနယ်စပ်ဖြစ်သည့်မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ရက်လျှင် ပို့ကုန် ကားအစီးရေ၁၆၀ခန့် တင်ပို့နေကြောင်းမူဆယ်နယ်စပ်ကုန်သည်များထံမသိရသည်။
ထိုသို့တင်ပို့ရာတွင်လက်ရှိတွင်ရေထွက်ကုန်ပစ္စည်း၊ပဲ၊ရော်ဘာ၊စားသောက်ကုန်များကိုအဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
" ဒီလမှာ တစ်ရက်ကို ပို့ကုန်ကားစီးရေ၁၅၀ကနေ၁၆၀လောက်နေ့စဉ်သွားနေပါတယ်။ဆန်နဲဆန်ကွဲတော့နဲတယ်။ကျန်ကုန်တွေများတာပေါ့ "ဟု မူဆယ်ဆန် ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဌဦးမင်းသိန်းက ပြော
သည်။
ထို့အပြင်လာမည့် လအတွင်း၌ ပြည်တွင်း၌စပါးလှိုင်လှိုင်ပေါများချိန် ဖြစ်သောကြောင့် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ပိုမိုလာနိုင်ပါက ပို့ကုန်ရငွေပိုမိုရရှိလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုက်တည်၊ကျိုင်းတုံစသည့်နယ်စပ်ကုန်သွယ်ရေးများမှကုန်သွယ်မှူပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ်ဧပြီ၁ရက်မှ အောက်တိုဘာ၆ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်းပေါင်း ၁၁၈၆.၄၀၂၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်းပေါင်း ၉၀၅.၃၂၈ ဒေါ်လာ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်းပေါင်း၂၀၉၁.၇၃၀သန်းရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ စုစုပေါင်းတင်ပို့မှုများတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် တန်ဖိုးကန်ဒေါ်လာ သန်းပေါင်း၉၅၆.၈၅၁၊သွင်းကုန်တန်ဖိုး ကန်ဒေါ်လာသန်းပေါင်း၃၈၃.၉၄၄ဒေါ်လာ ကုန်သွယ်မှုပမာဏစုစုပေါင်း ကန်ဒေါ်လာသန်းပေါင်း
၁၃၄၀.၇၉၅သန်းရရှိခဲ့ပြီး မြန်မာ_တရုတ် နယ်စပ် ကုန်သွယ်ရေးများ၌ အများဆုံးကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။
မူဆယ်(105)မိုင်မှ တရုတ်နိုင်ငံသို့ ဆန်၊ဆန်ကွဲ၊ပဲမျိုးစုံ၊ပဲတီစိမ်း၊ပြောင်း၊ကြံ၊ဖရဲ၊သခွှားမွှေးများတင်ပို့ရှိလေ့ရှိပြီးတရုတ်နိုင်ငံဘက်မှလည်း ဆောက်လုပ်ရေး၊ဆေးဝါး၊စားကုန်သောက်ကုန်၊လျှပ်စစ်၊အိမ်သုံးကုန်နှင့်စက်ပစ္စည်းများ တင်သွင်းလျှက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published-19 October 2023
အရှေ့တောင်အာရှချန်ပီယံ ရွှေတံဆိပ်ဆုများရှင် မြန်မာ့လက်ရွေးစင် အလေးမ အားကစားသမားဟောင်း ဦးစန်းမြင့် (ဗိုလ်ကြီးစန်းမြင့်- ငြိမ်း) အသက် (၇၂) နှစ်သည် ယမန်နေ့က (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးစန်းမြင့်သည် ၁၉၇၇ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု (၁၃) ခုအား ဆွတ်ခူးရယူပေးနိုင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။
၎င်းအတွက် နာရေးကူညီထောက်ပံ့ငွေ ၅၀၀၀ဝဝိ/- (ကျပ်ငါးသိန်းတိတိ) ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကိုယ်စား အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
JLPT ဂျပန်ဘာသာ စာမေးပွဲအတွက် သိသင့်သည့်အချက်များကို စာမေးပွဲကျင်းပရေး ကော်မတီမှ ရှင်းလင်းမည်
‘ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) နဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို စာမေးပွဲဖြေဆိုသူတွေ သိရှိနိုင်ရန်အတွက် JLPT စာမေးပွဲ ကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှ ဂျပန်စာသင်တန်းကျောင်းတွေကို အွန်လိုင်းကနေ ရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးသွားမယ်’ JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
Yangon_Times/tthl
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်ကာလအတွက် ကားအငှား ကြိုတင်ငှားရမ်းမှု များပြားနေပြီး ပုဂံဟိုတယ်များလည်း ဘိုကင်ပြည့်နေ
'အကုန်လုံး ပြည့်ကျပ်နေပြီ ပုံဂံဟိုတယ် ဘိုကင်တစ်လုံးမှမရတော့ဘူး ' ရွှေပင့်ကူဘုရားဖူးလုပ်ငန်း မှကိုမျိုးမင်းလတ်
Yangon_Times/NN
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group
Page 1022 of 2002