#World_Heritage
Published 6 June 2023
နိုင်ဂျာအရှေ့မြောက်ပိုင်းက သဲကန္တရရှည်လျားတဲ့ခရီးက လာရောက်တဲ့ဧည့်သည်အတွက် ဆာဟယ်မှာရှိတဲ့ အံ့ဩစရာမြင်ကွင်းဖြစ်နေပြီး ဆား၊ ရွှစေးတွေ၊ ကျောက်တုံးတွေပေါ်မှာ ဝိုင်းရံထားတဲ့ ဆာဟာရသဲတွေနဲ့ တည်ထားတဲ့ရွာတွေရှိပါတယ်။
#World_Heritage #နိုင်ဂျီးရီးယားဆာဟာရ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
မုန်တိုင်းဘေးသင့်ပြည်သူများတွေအတွက် လှူဒါန်းဖို့ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတ၊သဘင်ရန်ပုံငွေဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံမှာ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်၊၊
#Local_News #အွန်လိုင်းမှအလှူငွေများဆက်ဝင်နေ #မုန်တိုင်းဘေးသင့်ပြည်သူများ #YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
ရန်ကုန်နဲ့ မြို့ကြီးတချို့က စက်သုံးဆီ အရောင်းဆိုင်တချို့မှာ စက်သုံးဆီ စျေးတွေမြင့်တက်နေပြီး တစ်ရက်အတွင်း တစ်လီတာကိုငွေကျပ် ၁၀၀ ခန့်စျေးမြင့်တက်လာတယ်လို့ ပြည်တွင်းစက်သုံးဆီဆိုင်များကို မေးမြန်းချက်အရသိရပါတယ်။
#Local_News #စက်သုံးဆီဈေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 6 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၆ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၈၆၁ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၆၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ်(၆၄)ဦးထပ်တွေ့
#YMG #Yangon_Media_Group
#Daily_News
Published_ 6 June 2023
၁။ ကိုဗစ်လူနာသစ် (၆၄) ဦး ထပ်တွေ့ရှိ ပြီး ရာခိုင်နှုန်းဖြင့် ၀ ဒသမ ၉၃ ရာခိုင်နှုန်းရှိနေ
၂။ စက်သုံးဆီဈေးတစ်ရက်အတွင်း တစ်လီတာကို ငွေကျပ်၁၀၀ နီးပါးစျေးမြင့်တက်
၃။ မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ရံပုံငွေဖျော်ဖြေပွဲမှကျပ်သိန်း(၁၅၀၀)ခန့်ရရှိနေပြီဖြစ်၊ အွန်လိုင်းမှအလှူငွေများဆက်ဝင်နေဆဲဟုဆို
၄။ နိုင်ဂျီးရီးယားဆာဟာရမှ ပျောက်ဆုံးနေသော ကန္တာရမြို့များ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 6 June 2023
State Administration Council (SAC) chairman Senior General Min Aung Hlaing and wife Daw Kyu Kyu Hla, council members of SAC, Union Ministers and other Senior Government officials and military officials attended and paid respect to the final rites ceremony of the Chairman of the State Sangha Maha Nayaka Committee (SSMNC) Bhamo Sayadaw on 6 June today.
#YMG
#Bhamo_Sayadaw
#Senior_General_Min_Aung_Hlaing



Published 6 June 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို ဇွန် ၆ ရက် ညနေပိုင်းတွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နစက ကောင်စီဝင်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပါတယ်။
ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်ကြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီးအတွက် ရေစက်ချ အမျှအတမ်းပေးဝေကြပြီး သီရိလင်္ကာဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဘာသာ ရေး အဖွဲ့အစည်းများမှ ပေးပို့တဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေကို သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးကဖတ်ကြား ခဲ့ကြ ပါတယ်။
ရှေးဦးစွာ နေရာ ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ် မီးပူဇော်ရန် အစီအစဉ်အလိုက်ကျင်းပလျက်ရှိနေပါတယ်။
#ymg/knl
#YangonMediaGroup
#ဗန်းမော်ဆရာတော်ဘုရားကြီး







#Local_News
Published_ 6 June 2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန်လ(၉)ရက်နေ့မှာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ ထုတ်ပြန်ကပ်ထားမှာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ Website မှာလည်း ထုတ်ပြန်ကြေညာထားမှာဖြစ်ပါတယ်၊၊
#Local_News #တက္ကသိုလ်ဝင်အောင်စာရင်းအသံလွှင့်ကြေညာ
#YMG #Yangon_Media_Group
#Local_News
Published_ 6 June 2023
နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဗန်းမော်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံလွန်တော်မူခြင်းအတွက် သီရိလင်္ကာ၊ တရုတ်၊ ထိုင်း၊ ဂျပန်နှင့်နီပေါနိုင်ငံရှိ အဖွဲ့အစည်းများမှဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်၊၊
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်၊ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ၊ထိုင်းသံဃာ့ကောင်စီဥက္ကဌ ဆရာတော်၊ ယူနန်ဗုဒ္ဓဘာသာအဖွဲ့၊ ဂျပန်ဗုဒ္ဓဘာသာ ညီလာခံအဖွဲ့၊ မြန်မာတရုတ်ဗုဒ္ဓဘာသာယဥ်ကျေးမှုမြှင့်တင်ရေးအဖွဲ့၊ နီပေါဘိက္ခုနီအသင်း၊ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီး အပါအဝင်ပြည်တွင်းပြည်ပမှအဖွဲ့အစည်း(၁၆)ဖွဲ့တို့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဈာပနအခမ်းအနားကို ဇွန်လ(၆)ရက်နေ့လည်ပိုင်းတွင် ကျင်းပခဲ့ပြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သာသနာတော်အတွက်ဆုံးရှုံးမှုဖြစ်၍ အထူးပင်ဝမ်းနည်းကြောင်း လျှောက်ထားခဲ့သည်၊၊
ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနအခမ်းအနားနှင့်အရိုးဓာတ်ပြာတော် ရေမျှောအခမ်းအနားကိုနိုင်ငံတော် အဆင့်ဖြင့်လျော်ညီစွာ ကျင်းပလျက်ရှိပြီး TV Channelများတွင်လည်း တိုက်ရိုက်ပြသလျက်ရှိကြောင်း သိရသည်၊၊



#ymg/tthl #Local_News #သီရိလင်္ကာ၊တရုတ်၊ ထိုင်း၊ ဂျပန်၊ နီပေါ #ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ #YMG #Yangon_Media_Group
Published 6 June 2023
Pope Francis sends a condolence message to the final rites ceremony of the Chairman of the State Sangha Maha Nayaka Committee (SSMNC) Bhamo Sayadaw today.
Cardinal Charles Maung Bo, Archbishop of the Catholic Episcopal Church of Myanmar, read out the condolence message from Pope Francis.
The final rites ceremony of the Sayadaw which commences at on 6 June (today) and ashes will be set adrift into the water at 5.30 am on 7 June at Mandalay.
-ymg/knl

#Local_News
Published_ 6 June 2023
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ဘင်္ဂလားဒေ့ရှ်မှကူညီကယ်ဆယ်ရေးပစ္စည်းနှင့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်ရေယာဥ်ဖြင့်
ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူ များအားကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်၊၊
ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဥ် BNS SOMUDRA JOY(F-28)မှ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ပို့ဆောင်ပေးခဲ့ပြီး လာရောက်လှူဒါန်းသည့် ပစ္စည်းများတွင်ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ငရုတ်သီးမှုန့်၊ နနွန်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါးပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် (၁၂၀) တန်ခန့်ရှိသည်ဟုဆိုသည်၊၊
ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်၊၊
အဆိုပါ ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်ဖြင့်ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးနှင့် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊
#ymg/tthl #Local_News #ဘင်္ဂလားဒေ့ရှ်မှကယ်ဆယ်ရေးပစ္စည်း #ရန်ကုန်သို့ပို့ ဆောင် #YMG #Yangon_Media_Group
#World_News
Published 6 June 2023
ရုရှားအတွက် သူလျှိုအလုပ်လုပ်ပေးခဲ့တဲ့ FBI အေးဂျင့်ဟောင်း'ရောဘတ်ဟန်ဆန်'ကို ဇွန်လ ၅ ရက်နေ့က အမေရိကန်ရှိ လုံခြုံရေးတင်းကြပ်စွာချထားတဲ့အကျဉ်းထောင်ထဲမှာ သေဆုံးနေတာ တွေ့ရှိခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများ ပြောကြားလိုက်ပါတယ်။
ဟန်ဆန်ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေမှာ အတွင်းရေးအကျဆုံးလျှို့ဝှက်ချက်အချို့ကို ရုရှားထံ ပေးပို့ခဲ့ပါတယ်။
ဟန်ဆန်က ၁၉၈၅ မှာ ဆိုဗီယက်ထောက်လှမ်းရေးထံ လျှို့ဝှက်ဆက်သွယ်ဖို့ ကိုယ်တိုင်ကမ်းလှမ်းခဲ့ပါတယ်။
အစိုးရလျှို့ဝှက်ချက်များကို လဲလှယ်ကာ ဆိုဗီယက်နဲ့ နောက်ပိုင်းရုရှားအစိုးရတို့ရှိ အမေရိကန်စပိုင်များရဲ့ အချက်အလက်များကိုလည်း ပေးပို့ခဲ့ပါတယ်။
ထိုသို့လုပ်ပေးတဲ့အတွက် စိန်တွေနဲ့ ဒေါ်လာသိန်းချီရရှိခဲ့ပါတယ်။
သူဟာ FBI ရဲ့အဓိကကျတဲ့ နယူးယော့ခ်တန်ပြန်ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံခြားသူလျှိုများကို ဖမ်းဆီးရန် တာဝန်ပေးအပ်ခံရပါတယ်။
အမေရိကန်ရှိ ရုရှားအေးဂျင့်တွေကို စုံစမ်းရင်းနဲ့ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်နိုင်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဝါရှင်တန်အပြင်ဘက် ဗာဂျီးနီးယားဆင်ခြေဖုံးရှိ ရုရှားတာဝန်ရှိသူများနဲ့ သတင်းစကားဖလှယ်ခဲ့တဲ့အတွက် နောက်ဆုံးမှာဖမ်းမိသွားခဲ့ပါတယ်။
နောက်တစ်နှစ်အကြာမှာတော့ သူဟာ လွတ်ငြိမ်းချမ်းသာခွင့်မရဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
အသက် ၇၉ နှစ်ရှိ ဟန်ဆန်ဟာ တနင်္လာနေ့အစောပိုင်းက ခန္ဓာကိုယ်တုန့်ပြန်မှုမရှိတော့ကြောင်း ကိုလိုရာဒို ဖလော်ရန့်စ်ရှိ လုံခြုံရေးတင်းကြပ်တဲ့ အမေရိကန်အကျဉ်းထောင်က ထုတ်ပြန်ခဲ့ကာ ခဏအကြာမှာ သေဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။
အရင်က ဟန်ဆန်ကို သမိုင်းမှာ အန္တရာယ်အပေးနိုင်ခဲ့ဆုံးသူလျှိုအဖြစ် FBI က သတ်မှတ်ခဲ့ဖူးပါတယ်။
FBI ကိုမရောက်ခင်က ချီကာဂိုမှာ ရဲဝန်ထမ်းဖြစ်ခဲ့ပြီး ၁၉၇၆ မှာ FBI ကိုဝင်ရောက်ခဲ့ပါတယ်။
နောက် ၉ နှစ်အကြာမှာ တန်ပြန်ထောက်လှမ်းရေးဌာနမှာ နေရာတစ်နေရာရခဲ့ပြီး ကုလသမဂ္ဂမှာ ဆိုဗီယက်အရာရှိတွေကို ခြေရာခံခေါ်ယူရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဟန်ဆန်ဟာ ရေမွန်ဂါစီယာအမည်ဖြင့် ဆိုဗီယက်တွေထံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရုရှားအစိုးရထံပေးပို့ခဲ့တဲ့ အမေရိကန်အချက်အလက်တွေထဲမှာ အမေရိကန်နျူကလီးယားစစ်ပွဲအစီအစဉ်များ၊ ထောက်လှမ်းရေးခြေရာခံဆော့ဖ်ဝဲ၊ ရုရှားရှိ အမေရိကန်သတင်းပေးတွေအကြောင်းပါ ပါဝင်ခဲ့ပါတယ်။
သူက အယူဝါဒဆိုတာထက် ငွေကြေးနဲ့ ပရိယာယ်ကြောင့် ဒီလိုလုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။
သူလျှိုလုပ်ခဲ့စဉ် ဒေါ်လာ ၁.၄ သန်းငွေသားနဲ့ စိန်များရရှိခဲ့ပါတယ်။
၂၀၀၂ မေလမှာ သေဒဏ်ရှောင်လွှဲချင်တာကြောင့် သူလျှိုပြစ်မှု ၁၅ မှုအပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
သူ့ကိုတရားစီရင်စဉ် သူလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် အရှက်ရမိကြောင်း ပြောကြားခဲ့ပါတယ်။
Source: WION #World_News #သူလျှိုလုပ်ပေးခဲ့သည့်FBIအေးဂျင့်သေဆုံး
#YMG #Yangon_Media_Group
Page 1018 of 1817