Published_ 8 September 2023
စားသုံးဆီကို လက်ကားရည်ညွှန်း ဈေးထက်ပိုပေးဝယ်ရလျှင် တိုင်ကြားနိုင်ကြောင်း ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းက အသိပေး ကြေညာလိုက်သည်။
ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်အဖွဲ့ဝင် (၂၉)ဦးပါ စားသုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း၍ စီမံဆောင်ရွက်နေပြီဖြစ်သောကြောင့် စားသုံးလက်ထဲအရောက် ရောင်းချချိန် တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုသော ဈေးဖြင့်သာ ရောင်းချကြရန် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်း က ထပ်မံကြေညာခြင်း ဖြစ်သည်။
ဆီဈေးထိန်းချုပ်သည့်အနေဖြင့် ပြည်တွင်းရှိ လက်ကားကုန်သည်များ၊ ဆီဒိုင်များ၊ အရောင်းဆိုင်ကြီး များကို အဆိုပါ အစိုးရ၏ လက်ကား ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကြီးများအနေဖြင့် လက်ကား ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်ဖြစ်ပြီး စားသုံးသူလက်ထဲသို့ တစ်ဆင့်ခံ ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အထွေထွေ ကုန်ကျစရိတ်များပါ ထည့်ပေါင်းပြီး ၁၀ ရာခိုင်နှုန်းထက် အမြတ်တင်မရောင်းချကြရန် အသင်းက သတ်မှတ်ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းခွဲများရှိရာ မြို့နယ်များဖြစ် သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့် သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင်လည်း ရောင်းချပေး လျက်ရှိပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်မှ ၁ဝ ရက်ထိ စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၆ဝ ဖြစ်ကြောင်း အဆိုပါ အသင်းက သိရသည်။
စားသုံးဆီဈေးနှုန်း တည်ငြိမ် စေရေး လုပ်ငန်းအဖွဲ့ကိုအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင် သွင်း သောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော (၂၉)ဦးဖြင့် ဩဂုတ်လ ၂၈ ရက်မှ စတင်ဖွဲ့စည်းကာ ဆီတင်သွင်းသော ကုမ္ပဏီများ၏ ဆီရောင်းချရေးကို စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 8 September 2023
အသက် ၃၃ နှစ်ရှိ နာမည်ကျော်ပါဆင်နယ်ထရိန်နာ ဂျိမ်းစ်ဒီလက်ဆီက ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်စေရန် အလုပ်နေရာရှိ ထိုင်ခုံပေါ်ကနေပဲ ပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းနည်းလမ်းတွေကို ဖော်ပြထားပါတယ်။
ထိုလေ့ကျင့်ခန်းတွေထဲမှာ တင်ပါးဆုံ၊ တံကောက်ကြော၊ ဒူးဆစ်၊ ရင်ဘတ်၊ ပခုံး၊ လက်မောင်းအနောက်ကြွက်သားတို့ ပါဝင်ကြောင်း လက်ဆီက NeedToKnow.co.uk ကို ပြောကြားခဲ့ပါတယ်။
အလုပ်ခွင်မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရခြင်းက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ပါ ဖြစ်စေနိုင်တယ်လို့ လေ့လာချက်အများအပြား တွေ့ရှိထားပါတယ်။
ထရိန်နာသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ လက်ဆီကတော့ ဒီလိုမျိုး အထိုင်များတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေအကြောင်း ရှင်းပြသွားပါတယ်။
အလုပ်စားပွဲမှာ ထိုင်နေရင်းဖြင့်ပင် အဆီတွေကို လောင်ကျွမ်းစေနိုင်မယ့် နည်းလမ်းများကို ဖော်ပြသွားပါတယ်။
(၁) ထိုင်ခုံကနေ ခြေတစ်ဖက်မြှောက်ခြင်း
ထိုင်ခုံအစွန်ဖျားနားမှာ ထိုင်ပြီးတော့ ခြေတစ်ဖက်မှ ပေါင်ကို ထိုင်ခုံမှလွတ်လောက်တဲ့အထိ ဖြည်းဖြည်းမြှင့်တင်ကာ ဆန့်ထားရမှာဖြစ်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းက ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိစေနိုင်ရုံမက တင်ပါးနေရာကိုလည်း သန်မာစေမှာ ဖြစ်ပါတယ်။
(၂) စုံလည်ထိုင်ခုံလှည့်ခြင်း
စားပွဲခုံအစွန်းကို လက်ဖြင့်ထိန်းကိုင်ထားပြီး စုံလည်ထိုင်ခုံကို ဟိုဖက်ဒီဖက် လှည့်ပေးရမှာဖြစ်ပါတယ်။
ဒီလိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကျောရိုးမကြီးကို သန်မာစေပြီး ဝမ်းဗိုက်နေရာကို ထိန်းညှိပေးပါတယ်။
(၃) စားပွဲခုံဖြင့်ဒိုက်ထိုးခြင်း
မတ်တပ်ရပ်အနေအထားဖြင့် စားပွဲခုံကို လက်ဖြင့်ထောက်မှီထားရပါမယ်။
ဒီနောက် စားပွဲခုံဆီသို့ ရင်ဘတ်ကိုနှိမ့်ချပြီး အဲဒီနောက် လက်ဆန့်တန်းတဲ့ အနေအထားအထိ ပြန်တွန်းရမှာဖြစ်ပါတယ်။
ဒိုက်ထိုးခြင်းက အဆီလောင်ကျွမ်းစေတဲ့အပြင် ကြွက်သားကိုလည်း တည်ဆောက်ပေးပြီး ခန္ဓာကိုယ်အထက်ပိုင်းကို တောင့်တင်းစေပါတယ်။
(၄) ထိုင်လျက်ခြေကားခြင်း
ထိုင်ခုံအစွန်းမှာ ထိုင်ပြီးတော့ ခြေထောက်နှစ်ချောင်းကို ကားလိုက်ကာ အနောက်ဘက်သို့ ကွေးလိုက်ရမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက ပေါင်၊ တင်ပါးဆုံ၊ တံကောက်ကြောတို့ကို အဓိကအလုပ်လုပ်စေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို သန်မာအောင် ပြုလုပ်ပေးပါတယ်။
(၅) ထိုင်လျက်ခြေကွေးခြင်း
ထိုင်ခွန်အစွန်းမှာ ထိုင်ပြီးတော့ ခြေထောက်ကိုကွေးလိုက်ပြီးနောက် အရှေ့သို့ ထုတ်ရမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အောက်ပိုင်းကို ကြံ့ခိုင်စေနိုင်ပြီး ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မကြာခဏ လေ့ကျင့်ခန်းပြုလုပ်ပေးတယ်ဆိုရင် အခြားနေရာကဏ္ဍတွေမှာလည်း ကောင်းစွာစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times






တရုတ်လူမျိုးတွေဟာ အားလပ်ရက်အတွင်း ကိုယ်ပိုင်ကားများဖြင့် ခရီးသွားချင်ကြတာကြောင့် တရုတ်ပြည်အတွင်း တစ်ပတ်ရစ်ကားများ ဈေးကွက်မြင့်မားနေကာ အထူးသဖြင့် တစ်လက်သုံးလျှပ်စစ်ကားများကို ဝယ်ယူလိုကြပါတယ်။
#Asia_Industry
#Published_ 7 September 2023
#YMG #Yangon_Times
၇ စက်တင်ဘာ ၂၀၂၃
ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့ သဖြင့် သစ်တောဖုံးလွှမ်းမှု သည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တယ် လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ (၇)ရက် ကြာသပတေးနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့ များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြတယ်လို့လည်းဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ နစကရဲ့ သတင်း ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်တောသစ်ပင်များပြန်လည်ထူထောင် ဖြည့်တင်းခြင်း များကို မှန်မှန်ကန် ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကို ခံကြရမှာဖြစ်လို့ သစ် တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်း သိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြ သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံ ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး ယခင် နေပြည်တော်ဒေသ၏ ရာသီ ဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အထိ တိုးမြင့်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်က သတိပေး ပြောဆိုပါတယ်။
၂၀၁၁ ခုနှစ်မှစပြီး သစ်ပင် စိုက်ပျိုးပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ရာမှာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့တဲ့အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
အဲဒါကြောင့် စိုက်ပျိုးကြသည့် သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန် လို သကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးကအလေးပေးပြောကြားခဲ့ပါတယ်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သစ်ပင်စိုက်ပျိုးပွဲသို့ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တပ်မတော် ထိပ်တန်းနှင့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အရာရှိ၊စစ်သည်နှင့် မိသားစုဝင်များ တက်ရောက်စိုက်ပျိုးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Daily_News
Published_ 7 September 2023
၁။ ရန်ကုန်အပြင် ဒေသ(၁၁)ခုကို စားအုန်းဆီပေပါများ ရည်ညွှန်းဈေး ကျပ်(၄၁၆၀)ဖြင့် ရောင်းချပေးထားဟုဆို
၂။ လေးနှစ်ပြည့် MOU လုပ်သားတွေကို ပြုလုပ်ပေးမယ့် One Stop Service အစီစဉ် အခုလ ဒုတိယအပတ် စတင်နိုင်ဖို့ ဆောင်ရွက်နေ
၃။ ဖီဖာ နိုင်ငံတကာခြေစမ်းပွဲအတွက် ထိုင်းလိဂ်နှင့် အင်ဒိုနီးရှားလိဂ်တွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးများ ရွေးချယ်ထား
၄။ တရုတ်တွင်တစ်ပတ်ရစ် လျှပ်စစ်ကားများ ဝယ်ယူချင်သူများပြားလာသဖြင့် ဈေးနှုန်းများမတည်မငြိမ်ဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 7 September 2023
ပြည်ပ ဝယ်လိုအား များခဲ့သဖြင့် ဈေးမြင့် ခဲ့သည့် ကြက်သွန်ဈေးကွက်မှာ ယခု ရက်ပိုင်းအတွင်း ဈေးပြန်ကျ ပြီး ပြည်တွင်း အရောင်းဝယ် သွက်နေတယ်လို့ ဒညင်းကုန်းဈေးရှိ ကြက်သွန်လက်လီလက်ကားရောင်းဝယ်ပြုနေတဲ့ ပွဲရုံ များထံ က သိရသည်။
ယခင် တပတ်ထက် ကြက်သွန်ဖြူ တစ်ပိသာကို ကျပ်၃၀၀ ခန့့်ပြန်ကျခဲ့ ပြီး ကြက်သွန်နီတစ်ပိသာ ကို ၅၀၀ကျပ်ခန့် ပြန်ကျလာရကြောင်း သိရသည်။
'' ကြက်သွန်နီ ကော အဖြူရော ဈေး ပြန်ကျတယ် ၊ကုန်ကတော့ အဝင် ပုံမှန်ပဲ ရှိတယ်၊အရောင်းဝယ်ကတော့လကုန်ရက်ဆိုတော့နေ့တိုင်းအရောင်းသွက်နေတယ်''ဟု မြလေးငုံ ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူကပြောသည်။
ကြက်သွန်နီ တစ်ပိသာလျှင် ကျပ်၂၈၀၀မှ၃၂၀၀ကျပ်၊ကြက်သွန်ဖြူတစ်ပိသာလျှင် (ရှမ်း)၇၄၅၀ကျပ်မှ ၉၅၀၀ကျပ်၊ကြူကုန် တစ်ပိသာလျှင် ၇၇၅၀ ကျပ် ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times
ယနေ့တစ်လီတာ လက်လီဈေး (၂၂၅၅)ကျပ် သတ်မှတ်
ယနေ့ ဈေးနှုန်းတွေဟာ MOPS ဈေးနှုန်းပေါ်မှာ အခြေခံတွက်ချက်ထားခြင်းဖြစ်တာကြောင့် ဈေးနှုန်းအပြောင်းအလဲရှိနိုင်
Yangon_Times/MY
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
ဒေသအချို့တွင် ဧရာဝတီမြစ်ရေတက်ပြီး ကမ်းပါးပြိုနေ
‘ဧရာဝတီမြစ်ရေတက်နေတဲ့အတွက် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျတာ၊မြစ်ရေဝင် ရောက်တာတွေ ဖြစ်ပွားနေပြီး ဟင်္သာတ၊ညောင်ဦး၊မြန်အောင်၊ထုံးဘို၊အင်္ဂါပူမြို့မှ ဒေသခံအချို့ကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရတယ်’ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Yangon_Times/tthl
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
ဖီဖာ နိုင်ငံတကာခြေစမ်းပွဲအတွက် ထိုင်းလိဂ်နှင့် အင်ဒိုနီးရှားလိဂ်တွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးများ ရွေးချယ်ထား
တိုက်စစ်မှာကစားမယ် တိုက်စစ်မှူးတွေအနေနဲ့ ထိုင်းလိဂ်မှာကစားနေကြတဲ့ အောင်သူ ၊ သန်းပိုင်၊ အီစိုးနဲ့ အင်ဒိုနီးရှား လိဂ်မှာကစားနေတဲ့ ဝင်းနိုင်ထွန်းတို့ ပါဝင်လာ
Yangon_Times/MY
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
လေးနှစ်ပြည့် MOU လုပ်သားတွေကို ပြုလုပ်ပေးမယ့် One Stop Service အစီစဉ် အခုလဒုတိယအပတ် စတင်နိုင်ဖို့ ဆောင်ရွက်နေ
MoU/ U-Turn စနစ်နဲ့ ထိုင်းနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်မယ့် မြန်မာအလုပ်သမားတွေအတွက် မြဝတီမြို့နဲ့ ကော့သောင်းမြို့များတို့မှာ ပြုလုပ်ပေမယ့် One Stop Service အစီစဉ်ကို အခုလ ဒုတိယအပတ်မှာ စတင်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
ရန်ကုန်အပြင် ဒေသ(၁၁)ခုတွင် စားအုန်းဆီဈေး သက်သာစွာရောင်းပေးထား
‘မုံရွာအတွက်က အခုပထမဦးဆုံးအကြိမ်အဖြစ် ရည်ညွှန်းလက်ကားဈေးအတိုင်း စားအုန်းဆီပေပါ (၁၇၀)ရရှိထားတာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ် တစ်ပိဿကိုကျပ်(၄၀၀) အမြတ်(၂)ရာခိုင်နှုန်းပေါင်းပြီးကျပ် (၄၇၀၀) (၄၈၀၀)ဝန်းကျင်နဲ့ ပြန်ရောင်းပေးသွားမှာဖြစ်တယ်’ မုံရွာမြို့အခြေစိုက် ဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 7 September 2023
#YMG #Yangon_Times
Published_ 7 September 2023
မြဝတီ ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ကို စက်တင်ဘာ ၂ရက်မှ ၄ ရက် အထိ ပို့ကုန်၊သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ၁၅ဒသမ၅၁၃ သန်း အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံ ပိုင်သတင်းစာ ၏ ထုတ်ပြန်ကြေညာချက် အရ သိရသည်။
ပို့ ကုန်တင်ပို့ မှု အနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ငရုတ်၊ဂေါ်ဖီ၊နှမ်း၊ကြက်သွန်နီ၊ကွမ်းရွက်၊ကွမ်းသီးခြောက်နှင့်ရေထွက် ပစ္စည်းများ ဖြစ်သည့် ခုံး၊ကဏန်း၊ငါးမြွေထိုး ငါးခွေးလျှာ ၊ငါးကြင်းဆီဖောင်းတို့ကို အမေရိကန်ဒေါ်လာ ၃ဒသမ ၁၄၂သန်းဖိုးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
သွင်းကုန်ပစ္စည်းများအနေဖြင့်တိရိစ္ဆာန်အစာ၊စက်ဘီး၊စက်ဘီးပိုပစ္စည်း၊အဝတ်အထည်၊စာရေး ကိရိယာများ ၊ကားအပိုပစ္စည်း၊ဆောက် လုပ်ရေး လုပ်ငန်းသုံးပစ္စည်း စက်ဆီ၊ချောဆီ၊အိမ်သုတ်ဆေး၊လျှပ်စစ်ပစ္စည်း၊အလှကုန်ပစ္စည်း၊ဆေးဝါးပစ္စည်းများ၊ဖိနပ်၊သစ်သီးမျိုစုံ၊အိမ်သုံးပစ္စည်းများလူသုံးကုန်ပစ္စည်းများ၊ဓါတ်မြေသြဇာနှင့်ငါးဖမ်းပစ္စည်း စသည့် တို့ ကို ၁၂ဒသမ၃၇၁သန်းဖိုး
တင်သွင်းနိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။
လက်တလောတွင် ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင် ကျယ်စွာ ဆောင်ရွက်လာတာကြောင့်စားသောက်ကုန်ကုန်ကြမ်းဝယ်လိုအားမြင့်တတ်ကြောင်းထု့ိကြောင့်ပုတ်သိုးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ နှင့် ကုန်စိမ်းပို့ ကုန်များ ကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး အတွက် လိုင်စင်ထုတ်ပေးခြင်း၊ကုန်ပစ္စည်း စစ်ဆေးမှု များ ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လတွင်လည်း မြဝတီ အာရှလမ်း မြေပြိုကျမှု ဖြစ်ခဲ့သော်လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန် မှပို့ကုန်၊သွင်းကုန်အမေရိကန်ဒေါ်လာ ၅၅သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
Page 1014 of 1939