#Local_News
Published 17 January 2024

ပုဂံဇုန်ဘုရားသန့်ရှင်းရေးလုပ်ငန်းများ ဧရိယာသုံးခုတွင် ၁၀၀ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ကျန်ဧရိယာများအားဆက်လက်ဆောင်ရွက်‌နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။

 

အဆိုပါ ပုဂံဇုန် (၁၁) ခုလုံးရှိ ဘုရားများတွင် ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇူလိုင် (၄)ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဧရိယာသုံးခုတွင် ၁၀၀ ရာခိုင်နှုန်း ရှင်းလင်းဆောင်ရွက်ပြီးစီးကာ ကျန်ဧရိယာ သုံးခုကို ထပ်မံဆောင်ရွက်နေရာတွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ကျန်ဧရိယာ ငါးခုကိုလည်း ဆောင်ရွက်လျှက်ရှိကာ ၂၀၂၄ ခုနှစ် (၆) လပိုင်းတွင် အပြီးဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

ဘုရားများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်၂၀၂၃ ခုနှစ် ဇူလိုင် (၄)ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဘုရားများအပေါ်၌ ပေါက်နေသည့် ပေါင်းမြက်များ၊ ညောင်ပင်များ၊ လိုဏ်ဂူအတွင်းပိုင်းရှိ ဘုရားဆင်းတုတော်များ၏ သန့်ရှင်းရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဘုရား၊ စေတီ၊ ပုထိုးများ၏ ပေ (၂၀) ပတ်လည်ရှိ ရှေးဟောင်းအဆောက်အအုံများကို အနှောင့်အယှက်ဖြစ်စေသည့် အပင်များကိုလည်း ခုတ်ထွင်ရှင်းလင်းရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News #ပုဂံဇုန်ဘုရားသန့်ရှင်းရေးလုပ်ငန်း #ရာနှုန်းပြည့်ပြီးစီးပြီဖြစ် #YMG/NN #Yangon_Times