#Local_News
Published_ 17 January 2024


တရုတ်နိုင်ငံမှ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်အဖြစ် ရန်ကင်းလေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ LED မီး၊ ကျောင်းသုံးနှင့် အားကစားသုံးပစ္စည်းများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကြီးမှူး၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ခံကျင်းပသည့် “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) သို့ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ မှတ်စုစာအုပ်၊ LED မီး စသည့်အားကစားနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်လာကတည်းက မြန်မာနိုင်ငံတွင် မူလတန်းနှင့် အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်းနှင့် ဆေးရုံ ၂ ရုံ စသည့် ပြည်သူ့လူနေမှုဘဝအကျိုးပြုစီမံကိန်းပေါင်း ၂၀ ကျော် ကူညီတည်ဆောက်ပေးခဲ့ပြီး မေတ္တာဖြင့်လှူဒါန်းမှုများကြောင့် လူပေါင်းသိန်းချီက အကျိုးခံစားရစေခဲ့သည်ဟု ဆိုသည်။

 

ဖောင်ဒေးရှင်းသည်  မြန်မာနိုင်ငံ၌ ပိုမိုများပြားသော ပြည်သူ့လူနေမှုဘဝ အကျိုးပြုစီမံကိန်းများ ဖော်ဆောင်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန်အတွက် တက်ကြွစွာ အကျိုးထမ်းဆောင်သွားမည်ဖြစ်သည်။ 

 

ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) မှ ဆရာ၊ ဆရာမများက တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဂရုပြုမှုနှင့် ကူညီထောက်ပံ့မှုတို့အား ကျေးဇူးတင်ရှိကြောင်း၊ ယခုလှူဒါန်းသောပစ္စည်းများကို အကျိုးရှိစွာ အသုံးချသွားကာ ကျောင်းသားကျောင်းသူများ စာကြိုးစား၍ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရန် အားပေးပြီး မြန်မာ-တရုတ် ချစ်ကြည် ရေးလက်ဆင့်ကမ်းရန်အတွက် ခိုင်မာသောအခြေခံ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #ကျောင်းသုံးနှင့်အားကစားသုံးပစ္စည်းများလှူဒါန်း #tthl #Yangon_Times