#Local_News
Published 17 January 2024

 

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ City Taxi ယာဉ်အစီးရေငါးသောင်း‌ကျေ ာ်ရာခိုင်နှုန်းအားဖြင့် ၈၆% ဘေးနှစ်ဖက် အဝါရောင်လိုင်း စတစ်ကာတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

 

အဆိုပါ City Taxi ယာဉ်များတွင် အဝါရောင်ဘေး Sticker ကပ်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ (၁၅) ရက်အထိ ခန့်မှန်းယာဉ်အစီးရေ ၅၀၀၀၀ အထိပြီးစီးနေပြီဖြစ်ကြောင်း ၊ ထိုသို့တပ်ဆင်ပြီးစီးမှုသည် ရာခိုင်နှုန်းအားဖြင့် လက်ရှိအချိန်အထိ ၈၆ % တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီးအဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန်ရှိသော City Taxi ယာဉ်များအားလုံး ဇန်နဝါရီ (၃၁) ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက လာမည့်ဖေဖော်ဝါရီ (၁) ရက်မှစတင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၆) အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း YRTC မှ အသိပေးထားသည်။

 

City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ဘေးစတစ်ကာတပ်ဆင်စေခြင်းဖြစ်သည်။

 

ထို့အပြင် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ City Taxi ယာဉ်များဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း စတစ်ကာကပ်ရန် ညွှန်ကြားထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ကြောင်း သိရသည်။

 

#Local_News #City_Taxiယာဉ် #စတစ်ကာတပ်ဆင်ပြီး #YMG /NN #Yangon_Times