#Local_News
Published_ 2 December 2023
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးက စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အလုပ်အကိုင်အခွင့်အလမ်း ၇၀၀ ကျော်ရရှိမည့် လုပ်ငန်းသစ် ၃ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပတဲ့အစည်းအဝေးသို နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ပြီး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးတွင် စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတိုမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်၃ ခုကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၀ဒသမ၁၈၀ သန်းနှင့် ငွေကျပ် ၃၁၃,၀၉၂ဒသမ၉၇၀ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၇၄၄ ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၈ဒသမ၄၉ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ဒသမ၄၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိပါတယ်။
#Local_News #စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ #မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် #ymg_mnn #Yangon_Media_Group
#Local_News
Published_ 2 December 2023
ဗီယက်နမ်နိုင်ငံ၌ နိုဝင်ဘာ (၂၅)ရက်မှ(၃၀)ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ (၅၁) ကီလိုတန်းအတိုက်ပြိုင်ပွဲ နှင်းသက်ဝေ က ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး နိုဝင်ဘာ(၃၀)ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု၊ စုစုပေါင်းဆုတံဆိပ် (၁၄)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်းသိရပါတယ်။
မြန်မာအသင်းအနေဖြင့် Male multiple training-01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်(၁)ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု ရရှိခဲ့ပါတယ်။
ထို့ပြင် Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Pair machete form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့်ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်(၁)ခု ရရှိခဲ့ပါတယ်။
Male yin Yan sword form team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့ပြီး၊ ၅၄ ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက် ကြေးတံဆိပ်ဆု(၁)ခု၊ female self-defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင် ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင် ငွေတံဆိပ်ဆု(၁)ခု ရရှိခဲ့ပါတယ်။
Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြေဖူးတို့က ငွေတံဆိပ်(၁)ခု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
#Local_News #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ #ရွှေတံဆိပ်(၂)ခု #ဆုတံဆိပ်ပေါင်း(၁၄)ခုရရှိ #ymg_mnn #Yangon_Media_Group
Published 02 December 2023
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ရရှိတဲ့ ဗိုက်တာမင်ဒီက ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။
အရိုးနဲ့သွား ကျန်းမာရေး၊ ရောင်ရမ်းခြင်း၊ ကိုယ်ခံအားစနစ်တို့ကို ထိန်းသိမ်းဖို့အတွက် မရှိမဖြစ်အရာ ဖြစ်ပါတယ်။
အမေရိကန် အနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းမှ လေ့လာချက်ပြုလုပ်ရာမှာ နှလုံးကျန်းမာရေး ပြဿနာရှိနေတဲ့ လူ ၆၃၂ ဦးကို စမ်းသပ်ခဲ့ပြီး လူအများစုဟာ လိုအပ်တဲ့ ဗိုက်တာမင်ဒီ အလုံအလောက်ရရှိဖို့ ဖြည့်စွက်စာတွေ များစွာသုံးစွဲနေရကြောင်း တွေ့ရှိခဲ့ပါတယ်။
အစောပိုင်း လေ့လာချက်များအရ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကို တွေ့ရှိထားပါတယ်။
ဗိုက်တာမင်ဒီဟာ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေကနေလည်း တွေ့ရှိနိုင်ပါတယ်။
အရိုးဖွဲ့စည်းမှုအတွက် အလွန်အရေးကြီးကာ အရိုးတစ်ရှူးများ ကြီးထွားသန်မာစေရန် ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့ကို အားဖြည့်ပေးပါတယ်။
ဗိုက်တာမင်ဒီအများစုကို အသားအရေနဲ့ နေရောင်ခြည် ထိတွေ့ချိန်မှာ ရရှိတာဖြစ်ပြီး အဆီဆဲလ်တွေထဲမှာ ထိန်းသိမ်းထားပါတယ်။ ဗိုက်တာမင်ဒီ နည်းပါးနိုင်ခြေရှိတဲ့ သူတွေကတော့ မသန်မစွမ်းလူနာများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မြောက်နဲ့ တောင်ဝင်ရိုးစွန်းတို့မှာ နေထိုင်တဲ့သူများ ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းခြင်းနဲ့ အရိုးကွဲအက်ခြင်းတို့လည်း ဖြစ်နိုင်ခြေများပါတယ်။
အသားညိုသူတွေဟာ ခရမ်းလွန်ရောင်ခြည် စုပ်ယူမှုအားနည်းတာကြောင့် ဗိုက်တာမင်ဒီရရှိမှု နည်းပါးတတ်ပါတယ်။
နွေရာသီလိုကာလမျိုးမှာ ၁၀ မိနစ်ခန့် နေရောင်ခြည်ထိတွေ့ခြင်းဖြင့် လိုအပ်တဲ့ ဗိုက်တာမင်ဒီပမာဏ ရရှိနိုင်ပါတယ်။
ဆောင်းရာသီလို ချမ်းအေးတဲ့အချိန်မှာတော့ နေ့ခင်းဘက်မှာ အချိန် ၂ နာရီလောက် နေရောင်ခြည်ထိတွေ့မှသာ လိုအပ်တဲ့ ပမာဏရရှိမှာ ဖြစ်ပါတယ်။
ကလေးငယ်များ အရိုးဖွံ့ဖြိုးတဲ့အချိန်မှာ ဗိုက်တာမင်ဒီ လုံလောက်စွာ ရရှိဖို့အရေးကြီးပြီး ချို့တဲ့ပါက အရိုးပျော့ခြင်း၊ ခြေခွင်ခြင်းတို့အထိ ဖြစ်တတ်ပါတယ်။
ဗိုက်တာမင်ဒီ ခဏတာချို့တဲ့ခြင်းက ရောဂါအပြင်းအထန် မဖြစ်တတ်ပေမယ့် ကြာရှည်စွာ ချို့တဲ့ပါက ကယ်လ်စီယမ်ချို့တဲ့ခြင်း၊ ဟော်မုန်းမညီမျှခြင်းတို့ ဖြစ်တတ်ပါတယ်။
ထိုကနေ အရိုးကြွပ်ဆတ်ခြင်း၊ အရိုးပွခြင်း၊ ကြွက်သားအားနည်းခြင်း၊ အဆစ်အမြစ်တောင့်တင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ကာလကြာရှည်စွာ ဗိုက်တာမင်ဒီ ချို့တဲ့လာတဲ့အခါ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ကင်ဆာရောဂါအချို့၊ အာရုံကြောရောဂါများ၊ ရောဂါကူးစက်မှုများ၊ ကိုယ်ဝန်ဆောင်အခက်အခဲများ ဖြစ်လာနိုင်ပါတယ်။
ဗိုက်တာမင်ဒီပါဝင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာငါးများ၊ ကြက်ဥအနှစ်၊ ဒိန်ခဲ၊ အမဲသားအသည်း၊ မှိုများ၊ နို့၊ ကွေကာ၊ ဖျော်ရည်များ ဖြစ်ပါတယ်။
Source: New York Post
#World_Health
#Yangon_Times #YMG_News #Yangon_Media_Group
ဒါဟာ ပိုင်ဆိုင်ခွင့်အတွက် တောင်းဆိုတာမဟုတ်ဘဲ ပြန်လည်ပေါင်းစည်းခြင်းသဘောသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
#World_Culture
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
၁ ဒီဇင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ မြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှု
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေးလုပ်ဆောင်နေမှုများ
တိူ့နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
#Published 01 December 2023
၁။ စက်သုံးဆီ ဓါတ်ဆီ တစ်လီတာ ကျပ် ၃၀၀ ကျော် ဈေးမြင့်တတ်
၂။ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်အနီး ဘင်္ဂလားပင်လယ်အော်ထဲ၌ ဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်၊ မြန်မာပြည်ထဲတော့ မဝင်နိုင်ဟုခန့်မှန်း
၃။ မူဆယ်၌ ပုဂ္ဂလိကဆန်ဆိုင်အချို့နှင့် နယ်စပ်ကုန်သွယ်ရေးမှ ဆန်များလျော့ဈေးဖြင့် ရောင်းချပေးနေပြီး တရုတ်မှ စက်သုံးဆီနှင့် စားကုန်များကို အားပြုနေရဟုဆို
၄။ အင်္ဂလိပ်တို့ ကိုလိုနီချဲ့စဥ်သိမ်းယူခဲ့ကာ ဗြိတိန်ပြတိုက်၌ ပြသထားသော အမွေအနှစ်ပစ္စည်းများကို ပြန်လည်အပ်နှံရန် နိုင်ငံအများ အပြားတောင်းဆိုလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲတွေကြောင့် ဘုရားဝန်းများ ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက် စစ်ဘေးရှောင် နေထိုင်သူတွေ အနေနဲ့ ယခင်နေရပ်ကို ပြန်သွားကျသလို အချို့မှာလဲ ဘေးကင်းရာ ဆွေမျိုးများစီ သွားရောက်နေထိုင် ကျတယ်လို့ ဒေသခံများထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 1 December 2023
ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများအား တရားမဝင်စေလွှတ်မှုကြောင့် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဉပဒေဖြင့် တရားစွဲဆိုထားသည့်အမှု ၃၃၇မှု အတွက် လူပုဂ္ဂိုလ် (၅၇၅) ဉီးရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါအမှုများမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဗီဇာအတုပြုလုပ်၍ စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆို ထားသူဉီးရေ (၈) ဉီး၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၃၈၄) ဉီး စုစုပေါင်း (၃၉၂) ဉီးနှင့် အမှုပေါင်း (၂၂၈) မှုဖြစ်ကြောင်းသိရသည်။
ထို့ပြင် အခြားနိုင်ငံများသို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ (၁၈၃) ဉီးနှင့် အမှုပေါင်း (၁၀၉) မှုရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားလာသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်သားစုဆောင်းခြင်း ၊ စေလွှတ်ခြင်း ၊ ဝန်ဆောင်ခံများကောက်ခံခြင်းစသည့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လက်ခံရရှိသော တိုင်ကြားစာအမျိုးအစားအလိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စိစစ်ဆောင်ရွက်ပြီး တရားစွဲဆိုရန် အကျုံးဝင်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဉပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာတရားရုံးများက စီရင်ချက်ချမှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်သားများ လိမ်လည်လှည့်ဖျားခြင်းခံရမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 1 December 2023
တန်ဆောင်တိုင်ပွဲတော်အတွင်းရှမ်းပြည်တောင်ပိုင်းသို့ ခရီးသွား ငါး သောင်းခန့် ဝင်ရောက်ပြီး ကျန်ဒေသများ၌လည်း ယခင်နှစ်ကထက်ပိုမိုများပြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကာလအတွက် ကမ်းခြေဒေသများတွင်လည်း ခရီးစဉ်များ၊ ဟိုတယ်ဘိုကင်ယူထားမှုများကို ဖျက်သိမ်းခဲ့ကြသဖြင့် ခရီးသွားဦးရေ မှာ အနည်းငယ် လျော့ကျသွားသော်လည်း ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက များပြားခဲ့သည့်အပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ထက် ပို၍ များပြားလာကြောင်း သိရသည်။
'ရှမ်းပြည်နယ်တောင်ပိုင်းတန်ဆောင်တိုင်ကတော့ ခရီးသွားငါးသောင်းလောက်လာလည်ပတ်ကြတယ်။ကျန်တဲ့ပုဂံတို့ ကမ်းခြေတို့လည်းလာကြပါတယ်မနှစ်ကထက်များတယ်၊ 'ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် ကလော၊ညောင်ရွှေစသည့်ဒေသများတွင်လည်း ခရီးသွားများပြားခဲ့သည့်အပြင်တောင်ကြီးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ရာနိုဝင်ဘာ ၂၁ရက်မှစတင်၍ ခရီးသွားများစတင်ဝင်ရောက်လာပြီး ၂၄ရက်မှစတင်၍ အခန်းပြည့်သည်အထိဧည့်သည်များပြားခဲ့ကြောင်းသိရသည်။
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း အများပြည်သူများမှာ ကမ်းခြေအပါအဝင် ဒေသအများစုသို့ လည်ပတ်ကြရန် ကြိုတင်ဘိုကင်တင်ခြင်းများလုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်အောက်တိုဘာနောက်ဆုံးပတ်အတွင်းကဖြစ်ပွားနေသည့်အခြေအနေများကြောင့် ခရီးစဉ်အချို့ဖျက်သိမ်းခြင်းများရှိခဲ့သည့် မှန်းဆချက်ထက်နည်းပါးခဲ့ရကြောင်း ၊သို့သော် ယနှစ်ကာလတူထက်မူ ခရီးသွားပိုမိုများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တုရင်တောင်စွယ်တော်မြတ် စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီး အုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူ ဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီး ဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက်ဘုရားလှ ဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ရှေးဟောင်း နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှု များပြားလာခဲ့ကြောင်း သိရပြီး တန်ဆောင်တိုင် ရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူ များ စည်ကားများပြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 01 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၄) ရပ်ကွက်၊ (၉) လမ်း (ရွှေပုဇွန်ဘေး) တိုက်အမှတ် ၇၄ တွင်နေထိုင်သူ ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးအား နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီကျော်ခန့်က သတ်သွားသူ ၂ ဦးကို ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“တစ်ယောက်ကို သာကေတမှာ မိတယ်၊နောက်တစ်ယောက်ကို ဘိုကလေးမှာ မိတယ်။နှစ်ယောက်လုံးမှာ တက်တူးတွေ ထိုးထားတယ်။အခုအသေးစိတ် စစ်ဆေးနေတုန်းပါ၊တစ်ယောက်ယောက်က အခကြေးငွေ ပေးပြီးတော့ လုပ်ကြံခိုင်းတဲ့ အခြေအနေမျိုးလို့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသူမှာ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဝင်း ဆိုသူ ဖြစ်ပြီးအဆိုပါ အမှု ဖြစ်စဉ်အပေါ် လမ်းမတော် မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှု ဖြင့် အမှုဖွင့် ထားပြီး လူသတ်မှု ကျူးလွန်သွားသူကို ရှာဖွေ စုံစမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
"ကယားမှ ညောင်ရွှေကို တိုက်ပွဲရှောင်ကလေးငယ် ၆၀၀အတွက် ကျောင်းဝတ်စုံစာအုပ် ခဲတံ အစရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကို အလှူရှင်တွေနဲ့ ညောင်ရွှေလူမှုကူညီရေးအဖွဲတွေ စုပေါင်းလှူနေတယ်"(ညောင်ရွှေမြို့နယ်ရှိ လူမှုကူညီရေးအဖွဲမှ ကိုသက်ပိုင်စိုး)
Yangon_Times/tthl
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 1 December 2023
၆ ဘီးကုန်ကား ဘရိတ်ပေါက်၍ ဆိုင်ကယ်ကိုတိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဆရာဝန်အမျိုးသားသေဆုံးပြီး ကုန်ကားယာဉ်နောက်လိုက် ဒဏ်ရာရရှိသည့် ဖြစ်စဉ်တစ်ခု မော်လမြိုင်မြို့မှာ ယမန်နေ့ညနေက ဖြစ်ပွားခဲ့ကြောင်း ပရဟိအဖွဲ့များထံမှသိရသည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်၌ မော်လမြိုင်မြို့ ကျိုက္ခမီပတ်လမ်းမကြီးနှင့် တက္ကသိုလ်ပတ်လမ်းထိပ် VeVe အချိုရည်ကုမ္ပဏီရှေ့တွင်၁၂ ဘီးကုန်ကားယာဉ်လာနေသည်ကို ရပ်စောင့်ပေးနေသည့် ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားတစ်ဉီးကို ဘရိတ်ပေါက်သွားသည့် ၆ ဘီးယာဉ်က နောက်မှဝင်တိုက်ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ သေဆုံးသွားကြောင်းသိရသည်။
'သူက ဆိုင်ကယ်ကိုရပ်ပြီး၁၂ဘီးကားလာတာရပ်စောင့်ပေးနေတုန်း နောက်ကနေ ခြောက်ဘီးကားက ဝင်တိုက်သွားတာပါ၊ နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတာ၊ သေဆုံးသူကဆရာဝန်ပါ၊ ၆ဘီးယာဉ်နောက်လိုက်ဒဏ်ရာရပါတယ် 'ဟု Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမျိုးသားမှာ နေရာတွင် ပင်သေဆုံးသွားသည့်အတွက် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိကူညီခဲ့ပြီးယင်း ဖြစ်စဉ်၌ ၆ ဘီးက ယာဉ်နောက်လိုက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူနာကို လိုအပ်သည်များပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ဘိုဘိုဝင်းအဖွဲ့ လူနာတင်ယာဉ်နှင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် သေဆုံးသူဒေါက်တာစိုးကိုလွင်ကိုမူ ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ဆေးရုံကြီး OPD ကို ပို့ဆောင်ပေးပြီး ရင်ခွဲရုံအထိပါ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 01 December 2023
#Yangon_Times #YMG_News #Yangon_Media_Group



Page 1013 of 2057