#Local_News
Published-13 May 2023
မြန်မာနိုင်ငံသားတစ်ဦးကို အလုပ်ရမည်ဆို၍ ပွဲစားကကားဖြင့်ခေါ်ယူကာ ရင်းဂစ် ၄၀၀ ယူပြီး ကားပါကင်၌ထားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
ယင်းမြန်မာနိုင်ငံသားက အလုပ်ရမည်ဟုဆိုသဖြင့် ဂျိုဟိုးမြို့မှ ကွာလာလမ်ပူမြို့သို့ ပွဲစားကားဖြင့်လိုက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘာတူးကစ်လူနေအိမ်များရှိရာ ကားပါကင်တွင် ပွဲစားကရင်းဂစ် ( ၄၀၀)ယူ၍ ကားဆီထည့်ရန် သွားမည်ဖြစ်သောကြောင့် ယင်းနေရာတွင် ခဏစောင့်ရန်ပြောပြီး လိမ်လည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက်ပြန်ပေါ်မလာသဖြင့် ၎င်းမြန်မာနိုင်ငံသားမှာ ကားပါကင်၌ပင်တစ်ညလုံးနေခဲ့ရကြောင်းသိရသည်။
နောက်နေ့နံနက်တွင်ယင်းကားပါကင်မှမြန်မာနိုင်ငံသားတစ်ဦးက နှလုံးလှအဖွဲ့ဖုန်းနံပါတ်ပေး၍ဆက်သွယ်အကူအညီတောင်းခံလာသည့်အတွက် မေလ ၁၂ ရက်တွင် ရုံးသို့သွားရောက်ခေါ်ယူခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သိရသည်။
မိမိတို့မြန်မာနိုင်ငံသားအချင်းချင်း ဒုက္ခရောက်အောင်မလုပ်ကြရန်လည်း အဆိုပါအသင်းကမေတ္တာရပ်ခံထားသည်။
#ymg/pl #Local_News #မလေးရှား #အလုပ်သွင်းပေးမည်ဟုပွဲစားကငွေလိမ်လည်
#YMG #Yangon-Media-Group
#Local_News
Published_ 13 May 2023
အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ မေလ ၁၂ ရက်က တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များလည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင် ရွက်ရန် ၊စည်းစနစ်တကျရှိသည့် နေထိုင်လုပ်ကိုင်မှုရှိရေး၊ ပညာရည်မြင့်မားရေးနှင့်ကျန်းမာကြံ့ခိုင်ရေးတပ်မတော်သားများအားလုံးအနေဖြင့်အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရန် တို့ကို နစက ဥက္ကဌက ပြောကြားခဲ့သည်။
ယင်းအပြင်တပ်များကို ဦးဆောင်နေသည့် တပ်မှူးကြီးများနှင့် တပ်မှူးများအနေဖြင့် မိမိတို့လက်အောက်တပ်များကို အမြဲမပြတ် ကြည့်ရှုစစ်ဆေး၍ ဆင့်ကဲဆင့်ကဲကွပ်ကဲမှုများဖြင့် လိုအပ်သည်များကို ကြပ်မတ်ခြင်း၊ ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်နေမည်ဆိုပါက တပ်များ အနေဖြင့် အမြဲအသင့်ဖြစ်နေမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ စည်းစနစ်တကျ နေထိုင် စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်းလည်း ပြောကြားခဲ့သေးသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရန်နှင့် ယခုအခါ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ကာ ၎င်းတို့အသက် မွေးဝမ်းကျောင်း အတွက် လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားသွားကြောင်း သိရသည်။
#ymg/pl #Local_News #အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများ # ဥပဒေနှင့်အညီဆောင်ရွက်ရန်လို #YMG #Yangon_Media_Group
#World_Health
Published 13 May 2023
လူလတ်ပိုင်းတွေကြား ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဗိုက်ရွှဲသူတွေများလာပါတယ်။
ဒါ့အပြင်လူအများစုဟာ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်ကျွတ်ခြင်းခံစားနေကြရပါတယ်။
ဒါကြောင့် ဗိုက်ပူခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကြား သွယ်ဝိုက်စွာဆက်စပ်နေတာကို သိကြပါသလား။
ကယ်လီဖိုးနီးယားမှ အစာအိမ်ဆိုင်ရာ ပါရဂူဒေါက်တာ'ပါလာနီယာပန်မန်နစ်ကမ်'က အင်ဆူလင်ကဲ့သို့ ကြီးထွားခြင်း(IGF-1)ဟော်မုန်းက ဆံပင်ကျွတ်ခြင်းနောက်ကွယ်က အကြောင်းအရင်းဖြစ်နိုင်ကြောင်း အင်စတာဂရမ်မှာ ဝေမျှသွားပါတယ်။
IGF-1 ဟော်မုန်းက ဆံပင်အမြစ်သို့သွေးစီးဆင်းမှုကိုမြှင့်တင်ရန်နဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန်အရေးကြီးကြောင်း ဒေါက်တာကပြောပြပါတယ်။
အင်ဆူလင်အလုပ်မလုပ်တဲ့အခါ IGF ကလည်း အလုပ်မလုပ်တော့ကာ ဆံပင်ကြီးထွားမှုလျော့နည်းသွားတယ်လို့ ပြောပြခဲ့ပါတယ်။
အင်ဆူလင်က ပန်ကရိယမှထုတ်တဲ့ အရေးကြီးဟော်မုန်းဖြစ်ပြီး သွေးတွင်းရှိဂလူးကို့စ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။
အသည်း၊ အဆီနဲ့ ကြွက်သားများမှာ ဂလူးကို့စ်ကိုသိုလှောင်ရန်ကူညီပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတိန်းများရဲ့ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးပါတယ်။
IGF က သွေးထဲမှာသဘာဝအတိုင်းတွေ့ရတဲ့ ဟော်မုန်းဖြစ်ပြီး တစ်ရှူးနဲ့ အရိုးကြီးထွားမှုတို့မှာ ပါဝင်ပါတယ်။
သူ့ရဲ့အခန်းကဏ္ဍက ဆံပင်မွေးညင်းပေါက်များဖွံ့ဖြိုးစဉ် ဆဲလ်တိုးပွားမှုနဲ့ ရွှေ့ပြောင်းခြင်းတို့ကို ထိန်းညှိပေးပါတယ်။
အမျိုးသားတွေရဲ့ ခါးအတိုင်း ၉၀ စင်တီမီတာအထက်၊ အမျိုးသမီးတွေမှာ ၈၀ စင်တီမီတာအထက်ဆိုရင် ဗိုက်ပူတယ်လို့ယူဆပြီး ၉၀ ရာခိုင်နှုန်းလောက်က ဆံပင်ကျွတ်ခြင်းခံစားနေရတယ်လို့ ဆိုပါတယ်။
အာဟာရပြည့်တဲ့ အစားအစာအပြင် တစ်ပတ်ကို လေ့ကျင့်ခန်း ၁၅၀ မိနစ်မျှ လုပ်ဆောင်ခြင်းဟာလည်း အင်ဆူလင်အလုပ်လုပ်ဖို့ လွန်စွာအရေးကြီးပါတယ်။
ဆံပင်ကျွတ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုက ဟော်မုန်းမညီမျှခြင်းဖြစ်ကြောင်း၊ ပိုလျှံတဲ့အဆီက DHT ဟော်မုန်းပမာဏမြင့်မားစေကာ မွေးညင်းပေါက်များကျဉ်းစေပြီး ဆံပင်ကျွတ်စေပါတယ်လို့ နယူးဒေလီမှ ဒေါက်တာ'နက်ဗ်ယာဟန်ဒါ'က ပြောပြပါတယ်။
ဒါ့အပြင် စိတ်ဖိစီးမှုကလည်း ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းတစ်ခုဖြစ်ပြီး ဗိုက်ရွှဲနေခြင်းဟာ နာတာရှည်ဖိစီးမှုဖြစ်စေတဲ့ လက္ခဏာဖြစ်ပါတယ်။
Source: India Today #World_Health #ဗိုက်ပူခြင်း #ဆံပင်ကျွတ်ခြင်း
#YMG #Yangon_Media_Group
Published_ 12 May 2023
နိုင်ငံမတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများနည်းပါးခြင်းကြောင့် အာရှနိုင်ငံများအတွင်းရှိသည့် မြန်မာနိုင်ငံ နှင့် Level တူနိုင်ငံများတွင် မြန်မာနိုင်ငံ ၏ ဂျီဒီပီမှာ နိမ့်ကျလျက်ရှိကြောင်း နစက ဥက္ကဌက ပြောသည်။
မေလ ၁၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တွေ့ဆုံစဉ် ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ အရေးကြီးပြီး ကုန်ကြမ်းများရှိမှသာ ကုန်ထုတ်လုပ်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်၍ သွင်းအားစုများဖြစ်ကြသည့် လျှပ်စစ်၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးနှင့် အခြား ပစ္စည်းများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်ငွေကြေးများ၊လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရာဘာ၊ လက်ဖက် စသည့် စက်မှုသီးနှံများကိုစိုက်ပျိုးကြရာကော်ဖီနှင့် လက်ဖက် အပါအဝင် ဒေသတွင်းဖြစ်ထွန်းသည့်သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း သူက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားကြောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် နေရာများစွာရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
ယင်းအပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန်နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသ ထွက်အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။
ymg/pl
#Local_News
Published_ 12 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၂ ရက်နေ့ည ၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၁၀၀၉၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၆၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #ကိုဗစ် #ပိုးတွေ့လူနာအနည်းငယ်ကျဆင်း
#YMG #Yangon_Media_Group
#World_Climate
Published 12 May 2023
အာတိတ်စက်ဝိုင်းအတွင်းရှိ နော်ဝေးနိုင်ငံ ဆဗယ်ဘာ့ကျွန်းတွေမှာ ရေခဲမြစ်များအရည်ပျော်တဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေကြရပါတယ်။
#World_Climate #နော်ဝေးဆဗယ်ဘာ့ကျွန်း #ရေခဲများမြန်ဆန်စွာအရည်ပျော်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၁၂ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၂၅ ဒေါ်လာပေါက်ဈေးရှိနေပြီး ဈေးဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဈေးဆက်လက်မြင့်တက်နေ #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြေရှိပြီး ဆိုက်ကလုန်းမုန်တိုင်း သက်ရောက်မှုကြောင့် မြောက်ဦးဒေသအမွေအနှစ်တွေတော့ ထိခိုက်နိုင်ခြေနည်းနိုင်တယ်လို့ သိရပါတယ်၊၊
#Local_News #ရခိုင်ကိုဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင် #မြောက်ဦးအမွေအနှစ်
#YMG #Yangon_Media_Group
#Local_News
Published_ 12 May 2023
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံကို လွတ်လပ်စွာပဲတင်သွင်းခွင့်ကာလ ကို ၂၀၂၄ မတ်လ အထိ တိုးမြှုင့်သတ်မှတ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
#Local_News #အိန္ဒိယအစိုးရ #ပဲတင်သွင်းခွင့်ကာလတိုးမြှင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 12 May 2023
၁။ အိန္ဒိယအစိုးရက လွတ်လပ်စွာ ပဲတင်သွင်းခွင့်ကာလတိုးမြှင့်သတ်မှတ်
၂။ ရခိုင်ကို ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ပေမည့် မြောက်ဦးအမွေအနှစ် ထိခိုက်နိုင်ခြေနည်းနိုင်ဟုဆို
၃။ ကမ္ဘာ့ရွှေဈေး ၂၀၂၅ ပေါက်ဈေးရှိနေပြီး ဈေးဆက်လက်မြင့်တက်နေ ရန်ကုန်ရွှေအသင်း ၂၃သိန်း၆သောင်းကျော်ရည်ညွှန်းသတ်မှတ်
၄။ နော်ဝေးဆဗယ်ဘာ့ကျွန်းများတွင် ရေခဲများမြန်ဆန်စွာအရည်ပျော်ခြင်းပြဿနာနှင့် ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 12 May 2023
မော်ဒယ်နိမ့် YBS ဘတ်စ်ကားဟောင်းတွေအစား လျှပ်စစ်ဘတ်စ်ကား (EV Bus)တွေ အစားထိုးပြေးဆွဲနိုင်အောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ YRTC မှ သိရပါတယ်၊
#Local_News #မော်ဒယ်နိမ့် YBS ဘတ်စ်ကား #လျှပ်စစ်ဘတ်စ်ကားများအစားထိုးပြေးဆွဲ
#YMG #Yangon_Media_Group
Published 12 May 2023
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူတွေ မုန်တိုင်းဘေးလွတ်ရာနေရာတွေဖြစ်တဲ့ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန် ရောက်ရှိလာကြတယ်လို့ ဒေသခံ ပြန်/ဆက်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီကျေးရွာတွေကတော့ ပန်းတင်ကျွန်း ၊ ဖောင်းခါး ၊ ခေါင်းလောင်းတူ၊ ကုလားရောင်၊ ဂျီပြင်၊ ညောင်ပင်ဆိပ်၊ နတ်ကန်နှင့် ပြင်ကြီးကျေးရွာတွေဖြစ်ကြပြီး ယာယီခိုလှုံရေးစခန်းတွေဖြစ်တဲ့ တောင်ကုတ်မြို့ပေါ်ရှိ အထက(၄)ဂူတာကျောင်း၊ သိမ်တောင်ဘုရားကြီးကျောင်းတိုက်၊ အာလိန်ငါးဆင့် ကျောင်းတိုက်နှင့် ဝိသုတာရာမကျောင်းတိုက်များတွင် သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနှင့်အဖွဲ့အစည်းတွေက စီစဉ်နေရာချထားပေးတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အချို့ကျေးရွတွေကတော့ ကျေးရွာတွေမှာရှိတဲ့ Cyclone Shelter များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံလျက်ရှိကြောင်းလည်းသိရှိရပါတယ်။
တောင်ကုတ်မြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းအတွက် အသိပညာပေးနှိုးဆော်ခြင်း ၊ ယာယီခိုလှုံမည့် စခန်းများသတ်မှတ်ထားခြင်း ၊ Command Post အဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါးများ စုဆောင်းထားရှိခြင်း၊ အရေးပေါ် ဆေးကုသရေး နေရာများ သတ်မှတ်ထားရှိခြင်းများဖြင့် ကြိုတင်ပြင်ဆင်ထားရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Photo-IPRD
-ymg/knl
#Mocha_Cyclone
#မိုခါဆိုင်ကလုန်း_ရခိုင်ပြည်နယ်_မြန်မာ
Page 1013 of 1776