#Local_News
Published_ 18 January 2024

တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတိုက ပူးတွဲတတိယရရှိကြသည်။


တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊  အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊  အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်‌မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

#Local_News #ပိုက်‌ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times