#Local_News
Published 18 January 2024


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်မှုအရ သိရသည်။

 

နံနက် ၁နာရီ ဝန်းကျင်ခန့်က လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဉီးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁နာရီ ၄၀ မိနစ်ခန့်က  မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

"ရွှေတောင်ရိုးကားဂိတ်ကားခြံမှာ လောင်တာ မီးလောင်ချိန်ကကြာပြီး မီးများတယ် လူထိခိုက်မိတယ်တော့ မကြားဘူး တန်ဆာပို့ရမယ့်ကုန်ပစ္စည်းတွေ  မီးထဲပါသွားတယ်တော့ကြားတယ် သေချာတော့မသိဘူး"ဟု မြို့ခံပြည်သူတစ်ဦးကပြောသည်။ မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #ရေအေးကွင်းရပ်ကွက် #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times