#World_Health
Published 12 September 2023
လူကီးမီးယားဟာ သွေးကင်ဆာတစ်မျိုးဖြစ်ပြီး သွေးဥဆဲလ်များ ထုတ်လုပ်ရာ ရိုးတွင်းခြင်ဆီကနေ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။
သွေးဖြူဥဆဲလ်များ ထိန်းမနိုင်သိမ်းမနိုင် များပြားလာကာ ပုံမှန်သွေးဥဆဲလ်များ ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်လာပါတယ်။
ဒီရောဂါနဲ့ ပတ်သက်ပ်ြီး လူတွေလွဲမှားနေတာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) သွေးကင်ဆာကို ကူးစက်ရောဂါတစ်ခုဆိုပြီး လွဲမှားနေကြပါတယ်။
ဒီရောဂါက တစ်ဦးကနေ တစ်ဦးဆီ မကူးစက်နိုင်ဘဲ မျိုးရိုးဗီဇကြောင့်နဲ့ ပတ်ဝန်းကျင်နေထိုင်မှု အနေအထားကြောင့် ဖြစ်ပွားတာပါ။
(၂) သွေးကင်ဆာဟာ ကလေးတွေမှာသာ ဖြစ်တယ်လို့ ယုံမှားနေကြကာ တကယ်တမ်းမှာတော့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။
(၃) သွေးကင်ဆာကို ဓာတုကုထုံး တစ်မျိုးတည်းဖြင့်သာ ကုသနိုင်တယ်ဆိုတာ မဟုတ်မှန်ဘဲ ရောဂါအမျိုးအစားနဲ့ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ကိုယ်ခံအားမြှင့်တင်ခြင်းကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ပင်မစတမ်းဆဲလ် အစားထိုးခြင်းစတဲ့ နည်းလမ်းများလည်း ရှိပါတယ်။
(၄) သွေးကင်ဆာဖြစ်ရင် ဘဝအဆုံးသတ်သွားပြီလို့ ယူဆနေကြတာဟာ မှားယွင်းပြီး တကယ်တမ်းတော့ တိုးတက်လာတဲ့ ဆေးကုသမှုနည်းလမ်းများဖြင့် လုံးဝပျောက်ကင်းနေသူတွေ ရှိနေပြီဖြစ်ပါတယ်။
(၅) မိုဘိုင်းဖုန်းများလို ရောင်ခြည်ထုတ်လွှတ်တဲ့ စက်ပစ္စည်းတွေက သွေးကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မတွေ့ရှိသေးပါဘူး။
သွေးကင်ဆာနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်တွေကတော့..
(၁) သွေးကင်ဆာဆိုတာဟာ သွေးနဲ့ ရိုးတွင်းခြင်ဆီတို့မှာ သွေးဖြူဥများ ပုံမှန်ထက် ပိုမိုထွက်ရှိလာပြီး ကောင်းတဲ့သွေးဥများ လျော့ကျသွားစေကာ ကိုယ်ခန္ဓာကိုယ်မှ ရောဂါတိုက်ထုတ်မှု စွမ်းရည်နဲ့ သွေးထွက်မှုထိန်းချုပ်ခြင်းတို့ကို ထိခိုက်စေပါတယ်။
(၂) သွေးကင်ဆာ အမျိုးမျိုးရှိပြီး တစ်မျိုးချင်းစီက သူ့လက္ခဏာနဲ့သူ သူ့ကုသနည်းနဲ့သူ ဖြစ်ကြပါတယ်။
(၃) သွေးကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်း တိတိကျကျ မသိရပေမယ့် ရောဂါဖြစ်နိုင်ချေရှိတဲ့ အချက်တွေကတော့ စွမ်းအားမြင့် ဓာတ်ရောင်ခြည် အချို့သော ဓာတုပစ္စည်းများနဲ့ ထိတွေ့ခြင်း၊ မျိုးရိုးဗီဇ အကြောင်းအရင်း၊ ကိုယ်ခံအားစနစ် အားနည်းခြင်း၊ ဒေါင်းရောဂါလက္ခဏာကဲ့သို့ ကျန်းမာရေးပြဿနာများ ဖြစ်ပါတယ်။
(၄) သွေးကင်ဆာဖြစ်တဲ့အခါ အများဆုံး ခံစားရတတ်တာတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ မကြာခဏ ရောဂါကူးစက်ခံရခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဖျားနာခြင်း၊ သွေးထွက်လွယ်ခြင်း၊ အရိုးကိုက်ခဲခြင်းတို့ ဖြစ်တတ်ပြီး သွေးကင်ဆာအမျိုးအစားနဲ့ ကင်ဆာအဆင့်တို့အပေါ် မူတည်ပါတယ်။
(၅) ရောဂါစောစီးစွာ ရှာဖွေတွေ့ရှိပြီး ကုသခြင်းက သွေးကင်ဆာဖြစ်ပွားသူတွေမှာ အသက်ရှင်နိုင်ချေ သိသိသာသာ တိုးတက်စေပါတယ်။
#World_Health #သွေးကင်ဆာ #ယုံမှားသံသယ
Source: DoctorNDTV
#Local_News
Published-12 September 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦး ကိုစက်တင်ဘာလ ၁၂ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့ကြောင်းသိရသည်။
ယခု စက်တင်ဘာလအတွင်း တောင်ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သား (၁၄၂)ဦးကို စက်တင် ဘာလ ၅ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့်ဘစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။
အဆိုပါအလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်းသိရသည်။
#Local_News #ကုန်ထုတ်လုပ်သားသစ် # EPS စနစ်
#Yangon-Times/PP
Published 12 September 2023
မူရှ်တက်မိုဟာမက်နဲ့ ခွဲစိတ်ရေးအဖွဲ့ဟာ ခွဲစိတ်မှုတစ်ခု ပြုလုပ်စဥ် မမျှော်လင့်တဲ့ ဖြစ်ရပ်ဆန်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပြီး ၁၀ လသားအရွယ် ကလေးတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲမှာ သန္ဓေသားတစ်ခုကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဆန်းက နားလည်ဖို့ခက်ခဲပေမယ့် အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ ရပါတယ်။
ထိုကလေးဟာ အချိန်ကြာရှည်စွာ ဗိုက်နာခြင်းဝေဒနာကို ခံစားနေရတာကြောင့် မိဘတွေက ပါကစ္စတန်မှ ဆာဒီကဘက်ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ပါတယ်။
စမ်းသပ်မှု အများအပြား ပြုလုပ်ပြီးနောက် ကလေးရဲ့ဝမ်းဗိုက်မှာ အကျိတ်တစ်ခုတွေ့ရှိကာ ခွဲစိတ်ကုသပြီး သက်သာအောင် လုပ်ပေးနိုင်မယ်လို့ ဆေးကုသမှုအဖွဲ့က ယုံကြည်ခဲ့ကြပါတယ်။
ခွဲစိတ်မှုပြုလုပ်တဲ့အခါမှာ ရင်ခွင်ပိုက်အရွယ်ကလေးရဲ့ ဗိုက်ထဲမှာ မွေးကတည်းက အကျိတ်ဖြစ်ပေါ်နေပြီး အလွန်အမင်း နာကျင်စေတာဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ခွဲစိတ်မှုက လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်ခဲ့ပေမယ့် နောက် ၂ နာရီလောက် ကြာတဲ့အခါမှာတော့ ဒါဟာ အကျိတ်မဟုတ်ဘဲ သန္ဓေဖြစ်တည်မှုအဆင့်အတွင်း ကလေးရဲ့ဗိုက်ထဲမှာ နောက်ထပ်အမြွှာသန္ဓေသားတစ်ခုက ပိတ်မိနေတာဖြစ်ကြောင်း၊ ဒါကို သန္ဓေသား မပေါ်လွင်ခြင်းလက္ခဏာလို့ ခေါ်ဆိုကြောင်း ခွဲစိတ်ဆရာဝန်ကြီးရဲ့ ပြောကြားချက်ကို The Sun က ဖော်ပြခဲ့ပါတယ်။
ကလေးရဲ့ ဝမ်းဗိုက်နာကျင်ခြင်းကို သက်သာစေဖို့ နည်းလမ်းအမျိုးမျိုးဖြင့် ကုသခဲ့ပေမယ့် တစ်ခုမှ ထိရောက်မှုမရှိခဲ့ဘူးလို့ ကလေးရဲ့အဖေက ထုတ်ဖော်ပြောပြခဲ့ပါတယ်။
ဒီလိုမျိုးဖြစ်ရပ်က မွေးဖွားမှု ၅ သိန်းမှာ ၁ ယောက်နှုန်းခန့် ဖြစ်နိုင်ချေရှိတယ်လို့ ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
ဟန်ဂေရီနိုင်ငံတွင်ငွေကြေးဖောင်းပွမှုပြဿနာဖြေရှင်းရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဖြစ်မနေလျှော့ချရေး အစိုးရမှထုတ်ပြန်ကြေညာ
ဟန်ဂေရီနိုင်ငံမှာ မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန်အတွက် ပြီးခဲ့တဲ့လက စားသောက်ကုန်ဈေးနှုန်း မဖြစ်မနေ လျှော့ချရန် ချမှတ်ခဲ့ကာ ပြည်သူတွေက နေထိုင်ရေးစရိတ်များ လျှော့ချနိုင်ဖို့ နည်းလမ်းများ ရှာဖွေနေကြပါတယ်။
#World_Crisis
#Published_ 11 September 2023
#YMG #Yangon_Times
၁၁ စက်တင်ဘာ ၂၀၂၃
မြန်မာနိုင်ငံက ရုရှားရင်းနှီးမြှပ်နှံမည့်သူတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ပြီး ကုန်သွယ်ရေး လမ်းကြောင်းအသစ်တွေကို ဖန်တီးဖို့ ထောက်ပို့နှင့်သယ်ယူပို့ဆောင်ရေးစင်္ကြံတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးမြထွန်းဦးက ပြောကြားတယ်လို့ ရုရှား RIA သတင်းက ရေးသားလိုက်ပါတယ်။
“ စိုက်ပျိုးရေးထုတ်ကုန်တွေနှင့် စားသောက်ကုန်တွေကို ကျွန်တော်တို့ ထုတ်လုပ်ပြီး ဥရောပအာရှ Eurasian ဈေးကွက်ကို တင်ပို့နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ရင်းနှီးမြှပ်နှံသူတွေကို မြန်မာနိုင်ငံလာပြီး ကျွန်တော်တို့ရဲ့လယ်ယာထွက်ကုန်တွေကို လာရောက်အကဲဖြတ်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” လို့ ရုရှားနိုင်ငံမှာကျင်းပနေတဲ့ (၈)ကြိမ်မြောက် အရှေ့ဒေသစီးပွားရေးဖိုရမ်မှာ ဗိုလ်ချူပ်ကြီး မြထွန်းဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနှင့်အိန္ဒိယအကြား မြောက်တောင်စင်္ကြံတစ်ခုတည်ဆောက်ခြင်းဖြင့် ဒေသအတွင်း ကုန်သွယ်ရေးတွေ တိုးတက်လာလိမ့်မယ်လို့ လည်း ဗိုလ်ချူပ်ကြီးမြထွန်းဦးကပြောပါတယ်။ အဲဒီကမှတစ်ဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့်ရုရှားတို့အကြား ကုန်သွယ်ရေးလမ်းကြောင်း တွေနှင့် ထောက်ပို့အချိတ်အဆက်တွေပိုအားကောင်းလာလိမ့်မယ်လို့လည်း သူကဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းမှာဖော်ပြ ထားပါတယ်။
#Daily_News
Published_ 11 September 2023
၁။ အခုရက်ပိုင်းအတွင်း ဒေသအသီးသီးရှိ ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးစထိုးပေးတော့မည်
၂။ အရင်းနှီးနည်းပြီး ရောင်းလွယ် ဝယ်လွယ်တာကြောင့် ဆိတ်မွေးမြူသူ များလာ
၃။ မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း လုပ်ငန်းစဉ်(၆)မျိုး ရာနှုန်းပြည့်ပြီးစီး၊(၉)ခု ဆက်လက်ဆောင်ရွက်နေ
၄။ ဟန်ဂေရီနိုင်ငံတွင် ငွေကြေးဖောင်းပွမှုပြဿနာ ဖြေရှင်းရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မဖြစ်မနေ လျှော့ချရေး အစိုးရမှ ထုတ်ပြန်ကြေညာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 11 September 2023
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မန္တလေး-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၇/ဝ)နှင့် ၂၁၈/၁)ကြားတွင် စက်တင်ဘာ ၁၁ရက် နံနက် ၈နာရီ ၄၀ အချိန်ခန့် HIJET ယာဉ် မှအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ သူ ၂ဦးသေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံ က သိရသည်။
အဆိုပါ HIJET အဖြူရောင်ယာဉ် မောင်းနေစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွှန်းပေါ်သို့တိမ်းမှောက်ခဲ့ တာကြောင့် ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်း အပါအဝင် အမျိုးသား၄ဦးနှင့်အမျိုးသမီး၄ဦး အနက် ယာဉ်မောင်း အမျိုးသားနှင့်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၃ဦး မှာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား၁ဦးနှင့်အမျိုးသမီး တစ်ဦးမှာ စိုးရိမ်ရအခြေနေ ရှိကြောင်း သိရသည်။
အခင်းဖြစ်သည့် နေရာ သို့ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG #Yangon_Times
Published_ 11 September 2023
‘ကမ္ဘာ့ခရီးသွားနေ့’အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသူစာရင်းကို စက်တင်ဘာလ ၁၁ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Facebook Pageတွင် ထုတ်ပြန်ကြေညာလိုက်ပြီး စက်တင်ဘာလ (၂၇)ရက်နေ့တွင်နေပြည်တော်တွင်ကျင်းပမည့် ‘ကမ္ဘာ့ခရီးသွားနေ့’တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ခရီးသွားနေ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြုပ်နှံမှုမြှင်တင်ပေးရေး ခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်နှစ်သိမ့်ဆု(၁၅)ဆုကို ရွေးချယ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ဆုရရှိသွားသူများကတော့ ပထမဆု ဦးအောင်မြတ်မင်း(မာရဝိဇယရုပ်ပွားတော်ပုံ)၊ဒုတိယဆု ဦးမြင့်သန်း(ဓာတ်တော်တောင်အတွင်းဆွမ်းလောင်းလှူခြင်းပုံ)၊တတိယဆု ဦးကျော်ဇာမင်း (အရမ်းလှပသော ဦးပိန် တံတားကြီး၏နံနက်ခင်းနေထွက်ချိန်အလှပုံ)များဖြင့်ဆုများရရှိခဲ့သည်။
နှစ်သိမ့်ဆု(၁၅)ဆုကိုတော့ ဂုတ်ထိပ်တံတား၊ဒီဇင်ဘာပန်းပွဲတော်(ပြင်ဦးလွင်) ၊ဖိုဝင်တောင်ဂူဘုရားအလှ၊ ယင်းနက်လူမျိုး၊တောကျယ်ရေတံခွန်၊တိမ်ပင်လယ်၊ပတ္တူပေါက်ကျေးရွာရူခင်းနှင့်တိုင်းရင်းသူများ(အောင်ပန်း)၊ဇွဲကပင်တောင်နှင့်ကျောက်ကလပ်၊ပြင်ဦးလွင်မီးပုံးပျံပွဲတော်၊ဘုရားပွဲဆီမီးထွန်းအလှ၊အညာရက်ကန်း၊ ကမျှော ကင်းဆိပ်ကမ်း (ထားဝယ်)၊ပုဂံအလှစသည့်ပုံများကိုရိုက်ကူးဖန်တီးခဲ့ကြသော ဓာတ်ပုံဆရာများရရှိခဲ့သည်။
ဆုရွေးချယ်ခံရသူများအနေဖြင့် ဆုရွေးချယ်ခံရသောဓာတ်ပုံများအတွက် (300dpi)CDပုံများနှင့် ဆုရရှိသူ၏ဓာတ်ပုံ၊ ကိုယ်ရေးအကျဉ်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးရုံးသို့ (၃)ရက်အတွင်း ပေးပို့ရန်နှင့် အချိန်မီမပို့နိုင်ပါကပယ်ဖျက်နိုင်ကြောင်းနှင့် ပထမ၊ဒုတိယ၊တတိယဆုရသူများအနေဖြင့် ဆုချီးမြှင့်အခမ်းအနားသို့မပျက်မကွက်တက်ရောက်ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
ဝယ်ယူသူမရှိသဖြင့် ရှမ်းပြည်နယ်မှ ဂေါ်ဖီထုပ်စိုက်တောင်သူတွေ ဆိုးရွားစွာ အရှုံးပေါ်နေ
ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် ဝယ်ယူသူမရှိဖြစ်နေတဲ့အတွက် ရှမ်းပြည်နယ်က ဂေါ်ဖီစိုက် တောင်သူတွေ ဆိုးရွားစွာ အရှုံးပေါ်နေတယ်လို့ ရှမ်းပြည်နယ် အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
ဒေသ(၁၆)ခုတွင် စားအုန်းဆီဈေး ကျပ်၅၀၀၀မကျော်ဘဲ ရောင်းရန်ရှိ
‘ အခုရရှိလာတဲ့ စားအုန်းဆီ ပေပါ၇၀ကို လက်လီဆိုင်တွေကို ခွဲပြီးရောင်းချပေးမှာဖြစ်သလို ပြည်သူလူထုကို ကျပ်၅၀၀၀မကျော်တဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းချပေးမှာဖြစ်တယ်’
ထားဝယ်မြို့ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published 11 September 2023
ထိုင်းနိုင်ငံ တာ့ခရိုင် အနီး ကံဖယ်ဖစ် မြို့နယ် အတွင်း ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု တွင် အလုပ်လုပ်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျသည့် မြန်မာ အလုပ်သမား ကို ဆေးရုံ သို့ ပို့ဆောင် မပေးဘဲ လမ်းဘေးရှိ ချောင်းထဲ ကိုပစ်ထားခဲ့သည့် ထိုင်းလင်မယား နှစ်ဦး ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်း တွင် အမှု ဖွင့်တိုင်ကြား ထားကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများကိုကူညီပေးသည့် အလုပ်သမားအဖွဲ့အစည်းထံက သိရသည်။
အဆိုပါ ထိုင်းလင်မယားနှစ်ဦး မှာ မြန်မာအလုပ်သမား ၁၀ဦး၏ ထိုင်းပန်းရံ အလုပ်သမားခေါင်းဆောင် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမားတစ်ဦးခေါင်မိုးပေါ်က ပြုတ်ကျ သဖြင့် ဆေးခန်း ပို့ပေးမည် ဟုဆိုကာ ကားဖြင့် ခေါ်ဆောင်သွားပြီး ချောင်းထဲ ကို ပစ်ခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။
''ခေါင်မိုးပေါ်က ပြုတ်ကျတော့ အလုပ်သမား ကောင်လေးက အသက်ရှိသေးတယ်လို့ သိရတယ်၊ ဆေးရုံ ပို့ပေးမယ် ဆိုပြီးတော့ ချောင်းထဲ ကို ပစ်ခဲ့တာ ၊ရှာတွေ့တော့ အသက်မရှိတော့ဘူးသေဆုံးတဲ့ မြန်မာ ကောင်လေးက အသက်၃၀ ဝန်းကျင် လောက် ရှိပြီ ''ဟုရွှေ့ပြောင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးသူဦးခိုင်ကြီးက ပြောသည်။
ယင်း ပြစ်မှု ကျူးလွန်ခဲ့သည်ဆိုသော အဆိုပါ ထိုင်းလင်မယားနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊အမှုမှန် ပေါ်ပေါက်ရေးနှင့် ထိုင်းလင်မယားနှစ်ဦး ကို ဖမ်းဆီးနိုင်ရန် အတွက် ထိုင်းအာဏပိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း(၆)မျိုး ပြီးစီး
‘ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ မွမ်းမံထိန်းသိမ်းဖို့ လမ်းညွှန်ချက်လုပ်ငန်းစဉ် (၁၅)မျိုးရှိတဲ့အနက် နန်းတော်တောင်ဘက် အသစ်ခင်းထားတဲ့ ကြမ်းခင်းတွေမှာ အသံမမြည်စေရေး ပြုပြင်ဆောင်ရွက်မှုစတဲ့ လမ်းညွှန်ချက်လုပ်ငန်းစဉ်(၆)မျိုး(၁၀၀)ရာခိုင်နှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၉)မျိုးကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ’ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Page 1009 of 1939