#Local_News
Published_ 1 March 2023
ကရင်ပြည်နယ်မြဝတီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အောက်တိုဘာလလောက်လကစပြီး လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရလျှပ်စစ်မီးမရရှိတဲ့အတွက် ဆိုလာပြားတွေ၊ မီးစက်တွေကိုအသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်မြင့်မားလာပြီး အခြေခံကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
#Local_News #မြဝတီမြို့ #မြို့နေလူထုအခက်အခဲ #လျှပ်စစ်မီးပြတ်တောက် #YMG #Yangon_Media_Group
#Asia_Prices
Published_ 1 March 2023
လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာခြင်းနဲ့ ကုန်ကြမ်းပစ္စည်းအထောက်အပံ့ ပြတ်လတ်လာခြင်းတို့ကြောင့် ဂျပန်နိုင်ငံမှာ ပင်လယ်စာဈေးနှုန်းများ မြင့်တက်နေပါတယ်။
#Asia_Prices #Japan #ပင်လယ်စာ #YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
မတ်လအတွင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့မှာ မြူတွေကျဆင်းဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မတ်လ #လေဖိအားနည်းရပ်ဝန်း #မြူကျဆင်း#YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
အထပ်မြင့် တိုက်ခန်းနေထိုင်တဲ့သူတွေအနေနဲ့ မီးလောင်ချိန်မှာ အိမ်သော့နဲ့သံပန်းသော့တွေပျောက်နေလို့ တိုက်ခန်းတွင်းပိတ်မိပြီး သေဆုံးမှုတွေများနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #အိမ်သော့နှင့်သံပန်းသော့များ #တိုက်ခန်းတွင်း #မီးလောင်သေဆုံးမှု #YMG #Yangon_Media_Group
#Local_News
Published_ 1 March 2023
မတ်လ ၁ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၂၆ ဒေါ်လာပေါက်ဈေးရှိနေပြီး ဖေဖော်ဝါရီလ ၂၈ရက်ထက် ဈေးနှုန်းမြှင့်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာ #ပြင်ပပေါက်ဈေး #YMG
#Yangon_Media_Group
#DailyNews
Published_ 1 March 2023
၁။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၆ ဒေါ်လာနှင့်ဈေးပြန်တက်လာပြီးပြင်ပပေါက်ဈေး၂၈ သိန်း ၃ သောင်းဝန်းကျင်ပေါက်ဈေးရှိနေ
၂။ အိမ်သော့နှင့်သံပန်းသော့များ ပျောက်နေ၍ တိုက်ခန်းတွင်းမီးလောင်သေဆုံးမှုများအဖြစ်များနေ
၃။ မတ်လအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊ ဒေသအချို့၌ မြူကျဆင်းဦးမည်
၄။ လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံရှိပင်လယ်စာများ သိသိသာသာဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 March 2023
လျှပ်စစ်မီးလိုင်းတွေပြုပြင်ဖို့ရှိတဲ့အတွက် အမျိုးသားပြတိုက်(ရန်ကုန်)ကို မတ်လ(၂)ရက်မှမတ်လ(၁၅) ရက်အထိ ပြတိုက်ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #လျှပ်စစ်မီးလိုင်း #အမျိုးသားပြတိုက် #ခေတ္တပိတ်ထား #YMG #Yangon_Media_Group
#LocalNews
Published -1 March 2023
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ် လှိုင်နယ်မြေအတွင်းရှိ ဘဲကုန်းဈေးအနောက်ဘက် တွင် ယနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် လူနေအိမ် ၄-လုံးမီးထဲပါသွားပြီး ကလေးငယ်၁-ဦးနှင့် အဖိုးအို ၁-ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
"မီးက ဘာကြောင့်လောင်တာဆိုတာ မသိရသေးဘူး၊၂ နာရီ ခွဲလောက်က ဖြစ်တာ။လေဖြတ်နေတဲ့ အဖိုးတစ်ယောက် နဲ့ ၄ နှစ်ခွဲ လောက် ရှိတဲ့ ယောင်္ကျားလေးတစ်ယောက် မီးထဲပါသွားတယ်၊အခု မော်လမြိုင်ဆေးရုံကိုပို့လိုက်တယ်"ဟု ပရဟိတ အဖွဲ့တစ်ခု ဖြစ်သော ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူများနှင့်ဒေသခံလူမှုကူညီရေးအသင်းများသွားရောက် ကူညီငြိမ်းသတ်ခဲ့ကြကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group
#Local_News
Published_ 1 March 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၆ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
စေလွှတ်ခဲ့သည့် လုပ်သားများမှာ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ကုန်ထုတ်လုပ်သားသစ် ၁၈ ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ် ၁၀၇ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာလုပ်သားများမှာ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဖေဖော်ဝါရီလ တစ်လတာအတွင်း ကိုးရီးယား သမ္မတ နိုင်ငံသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၅၁၁ဦးကို စေလွှတ်နိုင်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံး၏ စာရင်းတွင်ဖော်ပြထားသည်။
#ymg/mt #Local_News #EPS #Worker #ကိုရီးယားနိုင်ငံ
#YMG #Yangon-Media-Group
#Local_News
Published_ 1 March 2023
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင် ပန်းချီကား ၉၆ ကား ထားရှိမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရသည်။
မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက်တစ်လုံးတွင် လေးချပ်စီ)ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်း၌ ထည့်သွင်းထားရှိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များက ပန်းချီကားများ ရေးဆွဲလျက်ရှိရာ ယခုအခါ ပထမအကြိမ်ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲပြီးပြီ ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့ တွင် ရေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt #Local_News #မာရဝိဇယ #ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #ဂန္ဓကုဋိတိုက် #ပန်းချီ #Myanmar Arts Center #YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
နေပြည်တော်တွင် စနစ်ကျလယ်ယာမြေ ၁၃၂၀၀ ဧကကျော် ဖော်ထုတ်ကာ တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီး၍ ဖေဖော်ဝါရီလ ၂၇ ရက်က တောင်သူများထံပြန်လည်ပေးအပ်ပြီး နောက် စုစုပေါင်း စနစ်ကျလယ်ယာမြေ ၁၃၂၀၀ ဧကကျော် ရှိလာခြင်းလည်း ဖြစ်သည်။
စနစ်ကျလယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးကို တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို၏ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #နေပြည်တော် #လယ်ယာမြေ #ဂွေးပင်စံပြ
#YMG #Yangon_Media_Group
#Local_News
Published_ 1 March 2023
ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းနှီးမတည်ငွေ ထုတ်ချေးပေးမည်ဟု နစက ဥက္ကဌက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဆွေးနွေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အချိန်လိုအပ်ချက်ကြောင့် အခက်အခဲရှိမှုနှင့်ဆိပ်ခံတံတားတည်ဆောက်ပေးရန်၊ ကုန်သွယ်မှုအတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများဖောက်လုပ်ပေးရန်၊ ကမ်းရိုးတန်းသွားကုန်သွယ်ရေးသင်္ဘောများ ပြေးဆွဲပေးရန်၊ ဘဏ်စနစ်များကို ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ရန်တို့ကိုလည်း တင်ပြခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအတွက် စက်မှုဇုန်များ ခွင့်ပြုဆောင်ရွက်ပေးရန်၊ နွေစပါးစိုက်ပျိုးမှုနည်းပါးသောကြောင့် စိုက်ပျိုးရေရရှိရေးလုပ်ဆောင်ပေးရန်၊ မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ သွင်းအားစုနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန်နှင့် ဆီစက်လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများ လိုအပ်လျက်ရှိကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ဆားလိုအပ်ချက်များ ပိုမိုများပြားလာသည့်အတွက် ဆားကောင်းဆားသန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီပေးရန် နှင့် အခြား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့ကြကြောင်း သိရသည်။
"လိုအပ်တဲ့ရင်းနှီးမတည်ငွေတွေကို ထိုက်သင့်တဲ့အတိုးနှုန်းနဲ့ထုတ်ချေးပေးလျက်ရှိပါတယ်။ လက်ရှိ တင်ပြချက်တွေမှာပါတဲ့ ရင်းနှီးမတည်ငွေတွေကိုလည်း သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထုတ်ချေးပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ စနစ်တကျဆက်သွယ်ဆောင်ရွက်ပေးစေလိုပါတယ်"ဟု နစက ဥက္ကဌ က အဆိုပါ တင်ပြချက်များအပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် နစက ဥက္ကဌက ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လျှပ်စစ်နှင့်လောင်စာဆီသုံးမြစ်ရေတင်လုပ်ငန်းများကို ပြုလုပ်ထားရှိပြီးဖြစ်သော်လည်း စိုက်ဧက ယခုထက်ပိုမိုအကျိုးပြုနိုင်မည့် မြစ်ရေတင်လုပ်ငန်း၊ ချောင်းရေတင်လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
#ymg/mt #Local_News #ရခိုင်ပြည်နယ် #MSME #လုပ်ငန်းရှင်များ
#နစက #YMG #Yangon_Media_Group
Page 1011 of 1673