၃ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ထပ်မံ၍ ပြန်လည် လွှဲပြောင်းပေး
တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေမှုများအပေါ် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန်တိုက်ခိုက်နေ
AAအကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးခရိုင်အတွင်း ဝန်ကြီးဌာနများပိုင်ယာဉ်များအား လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ယူဆောင်သွား
၃-၁၂-၂၀၂၃ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
"လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် နှာခေါင်းစည်း Mask ကုန်စည်အသစ်တွေမှာယူဖို့ ခက်နေတယ်" နှာခေါင်းစည်းဖြန့်ချိရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published 03 December 2023
#နှာခေါင်းစည်းဖြန့်ချိရေးလုပ်ငန်း #နှာခေါင်းစည်း Mask
#tthl #Yangon _Times
၃ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံထုတ် လျှပ်စစ်အီးဗွီကားတွေကို အပြင်းအထန်ယာဉ်တိုက်မှုခံနိုင်ရည်စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မော်တော်ယာဉ်နည်းပညာနှင့်သုတေသနစင်တာမှာ မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးစိတ်ချရအောင်အတွက် အဆိုပါ ယာဉ်တိုက်ခံနိုင်ရည်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေမှာ ယာဉ်အရှေ့-အနောက်တိုက်မှု၊ ဘေးမှစောင့်တိုက်မှု၊တိမ်းမှောက်တိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ယာဉ်တည်ဆောက်ဖွဲ့စည်းမှုနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုတွေကို အကဲဖြတ်ခဲ့ကြပါတယ်။
Source CCYV+
Published 03 December 2023
ရှမ်းပြည်နယ်က ဒေသထွက်ကုန်တစ်ခုဖြစ်တဲ့ စတော်ဘယ်ရီသီးနှံကို ရန်ကုန်အပါအဝင်မြို့ကြီးတွေကမှာယူတာများပြားနေတယ်လို့ စတော်ဘယ်ရီစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 03 December 2023
#စတော်ဘယ်ရီသီးနှံ #စိုက်ပျိုးရောင်းချသူ
#YMG/NN #Yangon_Times
#World_Research
Published 03 December 2023
စကားပြောဆို ဆက်ဆံတဲ့အခါ မျက်လုံးအကြည့်က ဘယ်လောက်အရေးကြီးပြီး ပြောဆိုနေတဲ့သူနဲ့ ဘယ်လောက်အထိ ထိရောက်စွာ ဆက်ဆံနိုင်လဲဆိုတာကို ကူညီနိုင်တဲ့အပြင် လူမှုပေါင်းသင်းရေးမှာလည်း အစွမ်းထက်တဲ့ အရာ ဖြစ်နေပါတယ်။
တကယ့်လက်တွေ့ ပြောဆိုဆက်ဆံရေးမှာ မျက်လုံးချင်းကြည့်ပြီး စကားပြောဆိုပုံရဲ့ သက်ရောက်မှုကို ပထမဆုံးလေ့လာခဲ့တာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ မက်ဂေးလ်တက္ကသိုလ်မှ စိတ်ပညာရှင် ဖလော်ရန့်စ်မေရန်းက ဆိုလိုက်ပါတယ်။
လေ့လာချက် ပထမအပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်မသိကြတဲ့ သူစိမ်း ၁၅ ဦးကို မျက်နှာချင်းဆိုင် စကားပြောဆိုစေပြီး မျက်လုံးအကြည့်ပုံစံတွေကို ကြည့််ရှုခဲ့ကြပါတယ်။
မျက်လုံးစောင့်ကြည့်ကိရိယာများ၊ ရှေ့မြင်ကင်မရာတို့ အသုံးပြုကာ စမ်းသပ်ခံသူတွေက အခြားတစ်ယောက်ရဲ့ ပါးစပ်၊ မျက်လုံးတို့ကို ဘယ်လောက်အထိ အပြန်အလှန် ကြည့်ကြလဲဆိုတာကို သုတေသီများ မှတ်သားခဲ့ကြပါတယ်။
ဒုတိယအပိုင်းမှာတော့ စကားပြောဖော်ရဲ့ မျက်နှာ ဘက်အမျိုးမျိုးသို့ ကြည့်ရှုနေချိန်မှာ သူ့ကိုဘယ်လိုကြည့်ဖြစ်လဲဆိုတာကို လေ့လာကြည့်ရှုကာ နောက်ပိုင်းမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂ ဦး၊ စုစုပေါင်းအတွဲ ၇ တွဲကို လေ့လာခဲ့ပါတယ်။
လေ့လာချက်ကို သုံးသပ်ရာမှာ မျက်နှာကိုကြည့်ရှုချိန်ထက် အဝေးကိုကြည့်ချိန်က ပိုများနေပါတယ်။
မျက်နှာကို ကြည့်ချိန်မှာလည်း ပါးစပ်နဲ့ မျက်လုံးနားတဝိုက်ကိုသာ ကြည့်ရှုတာများပြီး အမှန်တကယ် မျက်လုံးချင်းကြည့်ပြောတာမျိုး ရှားပါးခဲ့ပါတယ်။
အများဆုံးကတော့ အပြန်အလှန် မျက်လုံးကနေ ပါးစပ်ကို ကြည့်ရှုတာပဲ ဖြစ်ပါတယ်။
စမ်းသပ်ခံသူတွေကြား အမှန်တကယ် စိတ်ပါဝင်စားစွာ ကြည့်ရှုပြောဆိုချိန်က ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
ဒီထက်ပိုဆိုးတာက မျက်လုံးချင်းကြည့် ပြောဆိုချိန်က ၃.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
လူတွေကြား ပြောဆိုဆက်ဆံမှုမှာ တစ်ယောက်မျကလုံး တစ်ယောက်ကြည့်ပြီး ပြောဆိုတဲ့အချိန်က အရေးကြီးနေပြီး အကြည့်ပုံစံအမျိုးမျိုးဖြင့် ကြည့်ရှုခြင်းက ပေးချင်တဲ့ သတင်းစကားကို ပြောဆိုရာမှာ အသုံးဝင်နိုင်ဖွယ် ရှိနေပါတယ်။
သုတေသနအဖွဲ့ကတော့ ထိုလေ့လာချက်ကို ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပုံစံဖြင့် ထပ်မံလေ့လာသွားဦးမယ်လို့ ဆိုပါတယ်။
#World_Research #မျက်လုံးချင်းကြည့်ပြောဆိုခြင်း #သုတေသီများလေ့လာ #Source: WION
တောင်ကိုရီးယားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် လူတွေက ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေလာကြရာ အကုန်အကျ သက်သာပြီး အလေးချိန်နဲ့ချိန်ရောင်းတဲ့ တစ်လက်ကျအထည်ဆိုင်တွေကို စိတ်ဝင်စားလာကြပါတယ်။
#Asia_News
Published 02 December 2023
#ငွေကြေးဖောင်းပွမှု #တောင်ကိုရီးယား
#Yangon_Times #YMG_News #Yangon_Media_Group
၂ ဒီဇင်ဘာ ၂၀၂၃
--တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ) နှင့် မြန်မာနိုင်ငံ တပ်မတော်(ရေ)တို့မှ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်
-မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည် ထပ်မံလွှဲပြောင်းပေး
-၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ
-လောက်ကိုင်တွင်သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လာသူများအား MNDAA မှ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 02 December 2023
၁။ ကျပ်သိန်း ၅၀၀၀ ဆုကြီးကို ရန်ကုန်မြို့မှ သက်ကြီးပင်စင်စားဦးလေးကြီး စတင်ဆွတ်ခူး
၂။ ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအသင်းရွှေနှစ်ဆုအပါအဝင် ဆု ၁၄ ဆုဆွတ်ခူးရရှိ
၃။ လားရှိုး-သီပေါကို ဆက်သွယ်ထားသည့် စဉ့်အင်တံတား ကျိုးကျသွားသောကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်နေဟုဆို
၄။ ငွေကြေးဖောင်းပွမှုမြင့်မားလာသဖြင့် တောင်ကိုရီးယားတွင် တစ်ပတ်နွမ်းအထည်ဆိုင်များ၌ ဝယ်ယူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်မြောက်ပိုင်း သီပေါ လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ စဉ့်အင်တံတားဟာ ဒီဇင်ဘာ ၁ရက်နေ့ ညနေပိုင်းက တိုက်ပွဲများကြောင့် ကျိုးကျခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published 02 December 2023
#လားရှိုး-သီပေါ #ပြည်ထောင်စုလမ်းမကြီး #စဉ့်အင်တံတားကျိုးကျ
#YMG/LW #Yangon_Times
Page 1011 of 2057