#Local_News
Published 19 January 2024


 ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း အင်းတကော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဇန်နဝါရီ ၁၉ ရက် နံနက် ၂နာရီ ၅၀မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အင်းတကော်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၅မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် စက်သုံးဆီဆိုင် အမျိုးသားဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

"ဆီသိုလှောင်ကန်အတွင်းကို ဆီဘောက်ဆာကနေ ၉၂ ဓါတ်ဆီထည့်နေတဲ့ အချိန် အလုပ်သမားတစ်ဦးက တယ်လီဖုန်းအသုံးပြုလိုက်တဲ့အတွက် မီးလောင်တာလို့ပြောတယ်"ဟု အင်းကော်မြိုခံ တစ်ဦးကပြောသည်။

 

ေ-သဆုံး သူမှာ အသက် ၂၀ ဝန်းကျင်ရှိပြီး အင်းတကော်မြို့အနီးရှိ နိုင်သာယာကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

#Local_News #စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် #အမျိုးသားတစ်ဦး ေ-သဆုံး #YMG/LW #Yangon_Times