Published 27 March 2023
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်တဲ့ တပ်မတော်(ကြည်းရေလေ)မိသားစုတွေက ယနေ့ မတ်လ ၂၇ရက်နေ့၊( ၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဂါရဝပြုကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။
တပ်မတော်အငြိမ်းစားအရာရှိကြီးတွေဟာ မိမိတို့၏ မိဘဆရာတွေဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြု ကန်တော့လျက်ရှိပါကြောင်း၊ ၊ဗုဒ္ဓဘာသာအစဉ်အလာ နှင့်အညီယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့်ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်း တစ်ခုပင်ဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂါရဝပြုစကားပြောကြားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစား တပ်မတော်အရာရှိကြီးများ ကိုယ်စားနိုင်ငံတော်သမ္မတ(ငြိမ်း) ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါ ဒစကားများပြန်လည်ပြောကြားခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#၇၈နှစ်မြောက်တပ်မတော်နေ့
#YangonMediaGroup
#LocalNews
Published_ 27 March 2023
မတ်လ၂၇ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂၁၂၀ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ၂၀၁၄ ကျပ်အတက်နှုန်းထားဖြင့် ဈေးပြန်တက်လာ ကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#World_Entertainment
Published 25 March 2023
နယူးယော့ခ်မြိုရှိ အမွှာတာဝါနှစ်ခုကြား ကြိုးတန်းလျှောက်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးကြာမြင့်ပြီဖြစ်ပေမယ့် 'ဖီလစ်ပီတစ်'က ဆက်ပြီးကြိုးတန်းလျှောက်ဖို စဉ်းစားနေဆဲဖြစ်ပါတယ်။
#YMG#Yangon_Media_Group
Published 27 March 2023
လေယာဉ်ပျံကိုရူးသွပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံက အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင်က လေယာဉ်ပျံတစ်ခါမျှမစီးဖူး သော်လည်း သူ့ရဲ့အိမ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးဒီဇိုင်းနှင့် တည်ဆောက်ခဲ့ပါတယ်။
သူဟာ ခရတ်ပေါင် ဆိုတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ သူဟာ သူတစ်သက်တာ လုံးစုဆောင်းလာခဲ့တဲ့ ဒေါ်လာ နှစ်သောင်းခန့်ကိုအသုံးပြုပြီး ကွန်ကရစ်နှင့်ပြုလုပ်ထားတဲ့ လေယာဉ်ပျံအိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ပျံအိမ်ကလေးဟာ တောင်ပံတွေ၊အမြီး၊ လေယာဉ်ဆင်းဂီယာနှင့်အင်ဂျင်တွေပါ ပုံစံထုတ်တပ်ဆင်ထားပါတယ်။ သူ့ရဲ့အိမ်ဟာ နာမည်ကျော် အန်ကာဝပ်ဘုရားကျောင်းတော်ကြီးတည်ရှိရာ ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ယိမြို့အနီးမှာတည်ရှိပါတယ်။
Source AFP
#လေယာဉ်ပျံစွဲလမ်းသူကမ္ဘောဒီးယားအမျိူးသား
#ဂျက်လေယာဉ်အိမ်
#YangonMediaGroup
#LocalNews
Published_ 27 March 2023
ပြည်တွင်းမှာ ဆန်စပါးဈေးတွေမြင့်တက်လာလို့ ပြည်ပကိုဆန်နဲ့ဆန်ကွဲတွေတင်ပို့ရာမှာ ခွဲတမ်းအကန့်အသတ်စနစ် (Quota)နဲ့တင်ပို့ဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 27 March 2023
မဟာသင်္ကြန်ကာလအတွင်း YRTC အောက်မှာရှိတဲ့ YBS ယာဉ်လိုင်းတွေထဲက လမ်းကြောင်းတူယာဉ်လိုင်းအချို့ ခေတ္တရပ်နားမှာဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေတဲ့ခရီးသွားပြည်သူတွေ အခက်အခဲ မရှိအောင်စီစဉ်ထားတယ်လို့ YRTC ကသိရပါတယ်။
#YMG#Yangon_Media_Group
#Local_News
Published_ 27 March 2023
ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ (၁၄)ရက်ကြာကျန်းမာရေးစစ်ဆေးမှုနဲ့ဆေးကုသမှုခံယူနေတယ်လို သိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 27 March 2023
၁။ဗန်းမော်ဆရာတော်ဘုရားကြီးထိုင်းနိုင်ငံဘန်ကောက်တွင်(၁၄)ရက်ကြာဆေးကုသမှုခံယူနေ
၂။သင်္ကြန်ကာလ YBS ယာဉ်လိုင်းအချို့ရပ်နားထားမည်
၃။ ဆန်ကို အကန့်အသတ်စနစ်(Quota)နဲ့ ပြည်ပပို့ရန်ပြောင်းလဲသတ်မှတ်
၄။အသက်(၇၃)နှစ်ထိတိုင် ကြိုးတန်းလမ်းလျှောက်ချင်သေးသည့် ပြင်သစ်ကြိုးတန်းလမ်းလျှောက်သမား... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 27 March 2023
အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ တရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကျော် နေထိုင်ခဲ့မှုကို အဆုံးသတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဂျက်မားပြန်လာတာကို တရုတ်စီးပွားရေးလုပ်ငန်းတွေကို အလေး အနက်ထားလာတဲ့သဘော ထင်ဟပ်နေတယ်လို့ လုပ်ငန်းရှင်အသိုက်အဝန်းကရှုမြင်ထားကြပါတယ်။
တရုတ်ရဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို (၂)နှစ်ကြာ ဥပဒေအရနှိမ်နှင်းမှုတွေပြုလုပ်အပြီးမှာ တရုတ်ရဲ့ လူသိအများဆုံး လုပ်ငန်းရှင် ပြန်လာခြင်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ်စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးရာမှာ အထောက်အကူဖြစ် စေကောင်းဖြစ်စေနိုင်ပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဂျက်မားပြန်လည်ရောက်ရှိလာတာတွေကို မတ် ၂၇ ရက်နေ့ တနင်္လာနေ့ မနက်က စပြီး ပြောဆိုရေးသားမှုတွေ တွေ့လာကြရတာဖြစ်ပါတယ်။ အဲဒီနောက် အလီဘာဘာကပိုင်ဆိုင်တဲ့ ကျောင်းတစ်ကျောင်း ကို သူသွားရောက်ခဲ့တဲ့သတင်း တောင်တရုတ်နံနက်ခင်းသတင်းစာက ဖော်ပြကာ အတည်ပြုပေးခဲ့ပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ဉာဏ်ရည်တုနှင့်မောင်းနှင်တဲ့ ChatGPTလိုမျိုးကိစ္စတွေကို ကျောင်းမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် သူဟာ တစ်နေ့နေ့မှာ စာသင်တဲ့အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အဆိုပါ ယွန်ဂူကျောင်းရဲ့ တရားဝင် WeChat အကောင့်ကနေ ဖော်ပြထားပါတယ်။
အဲဒီကျောင်းကို ဂျက်မားနှင့် အခြားသော အလီဘာဘာတည်ထောင်သူတွေက သူတို့ရဲ့ ဇာတိမြေ ဟန်ကျိုးမှာ ၂၀၁၇ခုနှစ်တုန်းက တည်ထောင်ပေးခဲ့ကြတာဖြစ်ပါတယ်။
မားဟာ တရုတ်ကို ပြီးခဲ့တဲ့အပတ်ကတည်းက ပြန်ရောက်လာတာဖြစ်တယ်လို့ အဲဒီအကြောင်းသိသူနှစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ရုံး ဝန်ကြီးချုပ်အသစ် လီရှန်းက ဂျက်မား တရုတ်ပြည်မကြီးကိုပြန်လာခြင်းဟာ လုပ်ငန်းရှင်တွေအကြား စီးပွားရေးအရစိတ်ချယုံကြည်မှုတွေတိုးပွားလာစေမှာကို အထောက်အကူပြုလိမ့်မယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ကတည်းက သူက ဂျက်မားကို ပြန်လာဖို့ခေါ်နေတာဖြစ်ကြောင်း အဲဒီ အကြောင်းသိတဲ့ သတင်းအရင်းအမြစ်(၅)ခုက ရိုက်တာကိုပြောပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်လီရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဂျက်မားပြန်လာတာ သေချာသလားဆိုတာကိုတော့ ရိုက်တာက ချက်ခြင်းတပ်အပ်မပြောနိုင်သေးပါဘူး။
အလီဘာဘာရော တရုတ်နိုင်ငံတော်ကောင်စီရော ပြီးတော့ တရုတ်အစိုးရအဖွဲ့ဆီကရော ယခုကိစ္စအပေါ် မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမရှိသေးကြောင်းလည်း ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source: Reuters
#အလီဘာဘာတည်ထောင်သူဂျက်မားတရုတ်ပြည်ပြန်ရောက်
#ဂျက်မားတရုတ်နိုင်ငံပြန်လည်ရောက်ရှိ
#YangonMediaGroup
#LocalNews
Published_ 27 March 2023
မတ်လ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့်ခေတ္တာပိတ်ထားတဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)၊(၂)ကို မတ်လ ၂၆ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ မြဝတီမြို့ဒေသခံတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 27 March 2023
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတစ်စီးတို့ လမ်းကွေ့တစ်ခု၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် အိမ်စီးကားပေါ်မှ ယာဉ်မောင်း နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၂၆ ရက်၊ ညနေ ၄ နာရီခွဲက ကျောက်တော်မြို့နယ်ဘက်မှ မောင်းနှင်လာသော ခရီးသည် ၄၀ ဦးဝန်းကျင် လိုက်ပါစီးနင်းလာသည့် ရွှေရည်ဆုဝေ ခရီးသည်တင်ယာဉ်နှင့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာဘက်မှ မောင်းနှင်လာသော တိုယိုတာ အမျိုးအစား အိမ်စီးကားတို့ ကျောက်တော်မြို့နယ်ရှိ ကွမ်းအုံချောင်းကျေးရွာအနီး၌ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း ဒေသခံကူညီရေးအဖွဲ့တစ်ခုမှ အသင်းသားတစ်ဦးက ဆိုသည်။
"မျက်နှာချင်းဆိုင်တိုက်မိပြီး ခရီးသည်တင်ယာဉ်က လမ်းပေါ်ကို တုံးလုံးကြီးမှောက်လဲသွားတယ်။ အိမ်စီးကားက ခေါင်းပိုင်းတစ်ခြမ်းထိပြီး ကားပေါ်က ယာဉ်မောင်းကတော့ ပွဲချင်းပြီး သေဆုံးပါတယ်” ဟု ကျောက်တော်အခြေစိုက် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့မှ အသင်းသားတစ်ဦးက ဆိုသည်။
ခရီးသည်တင်ယာဉ်မှာ လမ်းပေါ်သို့ မှောက်လဲကျခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးနှစ်ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူယာဉ်မောင်းအား ကျောက်တော်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 27 March 2023
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ၂၂ ဦး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတ်လ ၂၇ ရက်တွင် ရဲဗလတံဆိပ် ချီးမြှင့်လိုက်ကြောင်းနစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ကြောင်းနှင့် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်)နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(ရဲဗလတံဆိပ်)တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်တိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ကို)ကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ကြီးတစ်ဦး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်(ရဲဗလတံဆိပ်)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးတစ်ဦး၊ရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး၊မီးသတ်ဦးစီးဌာန ဦးစီးအရာရှိတစ်ဦး အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ၂၁ ဦး ၊ပဲခူးတိုင်းဒေသကြီးမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး တစ်ဦး၊ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၀ ဦးတို့အား ချီးမြှင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
Page 1015 of 1704