#Local_News
Published 16 January 2024

MG EV ကား မီးလောင်ကျွမ်းမှု ကူးစက်မီးကြောင့်ဖြစ်ကြောင်း MG Myanmar က ယနေ့ ထုတ်ပြန်လိုက်သည်။

 

ဖြစ်စဉ်မှာ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း ၉နာရီကျော်ဝန်းကျင်ခန့်တွင် ကူးစက်မီးလောင်မှု ဖြစ်စဉ်အတွင်း MG Myanmar မှ တရားဝင်တင်သွင်းရောင်းချပေးခဲ့သော MG EV ကားတစ်စီးသည် တဆင့်ကူးစက်မီး လောင်ကျွမ်းခံခဲ့ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမူ ဖြစ်စဉ်အတွင်း MG EV ပိုင်ရှင်သည် MG Myanmar ၏ သက်ဆိုင်ရာဝန်ထမ်းထံသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားခဲ့ရာ သတင်းရရှိသည်နှင့်တပြိုင်နက် မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်၍ မီးကူးစက်လောင်ကျွမ်းခံရသော MG EV ကား၏ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ပေးပြီး အခြားလိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းဆိုသည်။

 

အဆိုပါ MG EV ယာဉ်ပိုင်ရှင်၏အတည်ပြုချက်နှင့် မြေပြင်စစ်ဆေးမူအရ MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်သာဖြစ်ပြီး MG EV ကား၏ အားသွင်းစနစ်နှင့် နည်းပညာချို့ယွင်းချက်တို့ကြောင့် လောင်ကျွမ်းခဲ့ခြင်းမဟုတ်ကြောင်း MG Myanmar မှ ဆိုသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ MG EV ကြောင့် မီးလောင်ကျွမ်းသည်ဟူ၍ လူမှုကွန်ယက် Social Media များတွင် မဟုတ်မမှန်သတင်းများရေးသားပြောဆိုနေကြသည်မှာ (လုံးဝ) မှန်ကန်မှုမရှိပါကြောင်း အသိပေးပြောကြားလိုသည်ဟု MG Myanmar မှ ထုတ်ပြန်ထားသည်။

 

#Local_News #MG_EVကား #မီးလောင်ကျွမ်းမှုဖြစ် #MG_Myanmarထုတ်ပြန် #YMG /NN #Yangon-Times